(၃)လမှ(၆)လအတွင်း လျှပ်စစ်မီးအမြန်လင်းနိုင်သော နည်းလမ်းကို ပြတ်ပြတ်သားသား ဆုံး ဖြတ် အကောင်အထည်ဖော်ရန် ကျွမ်းကျင်သူများ အကြံပြု
1686
အေဝိုင်အီး (NP News) - ဇန်နဝါရီ ၁၄
လျှပ်စစ်မီးမလောက်မင အလှည့်ကျသုံးနေရ သောပြည်သူများအတွက် သုံးလမှ(၆)လ အတွင်း ထပ်တိုးမဂ္ဂါဝပ်(၁၃၀ဝ)ခန့် မြန်မြန်ရရှိပြီး လျှပ်စစ် မီးမှန်မှန်ပေးနိုင်သော နည်းလမ်းများရှိထားသဖြင့် မှန်ကန်သောဆုံးဖြတ်ချက်၊ စိတ်စေတနာနှင့် ကိုယ်ကျိုးမဖက်ဘဲ အပင်ပန်းခံကြိုးစားအားထုတ်ပေးခြင်းသာလိုအပ်ကြောင်း လျှပ်စစ်လောကမှ ထိပ်တန်း ပုဂ္ဂိုလ်များက သုံးသပ်ပြောကြားသည်။
တစ်ရက်လျှင်(၁၂)နာရီထက်မနည်း လျှပ်စစ် မီးသုံးစွဲခွင့်မရသော ပြည်သူများအတွက် လျှပ်စစ်မီး မြန်မြန်ရရှိရေးဖြေရှင်းနည်းအကြောင်းကို NP News က ဇန်နဝါရီပထမပတ်အတွင်း လေ့လာစုံစမ်းမေးမြန်းထားမှု၌ အမည်မဖော်လိုသော ထိပ်တန်းလျှပ်စစ်တာဝန်ရှိသူများက ဖွင့်ဟပြောကြားလာခြင်းမျိုးဖြစ်သည်။ အထူးသဖြင့် လျှပ်စစ်မီး အပြည့်အဝနီးပါး ပြန်လည်ရရှိလာရေးအတွက် (၃)လမှ (၆)လအတွင်း ရေတိုအစီအစဉ်နှင့် သုံးနှစ်အ တွင်း မဖြစ်မနေလုပ်ဆောင်ရမည့် အစီအစဉ်ဟူ၍ ထောက် ပြပြောကြားလာကြခြင်းမျိုးဖြစ်ပြီး ယင်းအ တွက် တည်ဆဲအုပ်ချုပ်သူများဘက်မှ စိတ်စေတနာသာလျှင် အရေးကြီးကြောင်းဆိုသည်။
"ပထမတစ်ဆင့်က သာကေတမှာ (၂၅၀)အထိုင်နဲ့ သီလဝါက(၅၀ဝ) စုစုပေါင်း(၇၅၀) အရင် လုပ်ရမယ်။ ရန်ကုန်က LNG နဲ့ပဲပြန်ပြီး လင်းအောင်လုပ်မယ်ဆိုရင် (၃)(၄)လအတွင်းဖြစ်နိုင် တယ်။ စက်တွေက ရှိပြီးသား။ ပြန်မသယ်ရသေးဘူး။ တူကီယဲက အဲဒီသင်္ဘောကြီးပြန်သွားပြီဆိုတော့ ဒီ ကောင်မဟုတ်ရင်လည်း နောက်တစ်စင်းရအောင် ပြန် ရှာရမှာပေါ့။ ဒါကလည်း ရှာရမခက်ပါဘူး။ အများ ကြီးပဲ။ ကျွန်တော်တို့ခေါ်သွင်းလိုက်ရင် တရုတ်တွေ အများကြီးရှိတာပဲ။ အဓိကက လုပ်၊ ဒီဈေးကို ငါ သဘောတူပြီဆိုတဲ့ ဆုံးဖြတ်ချက်ပဲ။ ဒီကာလမှာလျှပ် စစ်ထုတ်ရောင်းမယ့်သူကို ဖိတ်ခေါ်ရမယ်။ ထိုင်ပြီး ဈေးဆစ်နေဖို့မလိုဘူး။ အခုလုပ်နေတာက ထိုင်ပြီး ဈေးဆစ်နေတာ။ မလုပ်နိုင်တဲ့ဈေးနှုန်းရောက်တော့မှ ကျပ်ငွေနဲ့ဝယ်မယ်ဆိုပြီးဖြစ်တာ။ သီလဝါနဲ့ သာ ကေတသာ တကယ်ဆုံးဖြတ်ချက်ချပြီး တကယ်ပြန် လုပ်ရင် (၃)လနဲ့ (၆)လအတွင်းမှာ တကယ်ဖြစ်တယ်။ ဈေးနှုန်းကိစ္စကိုကြောက်ရင် စက်မှုဇုန်တွေနဲ့ လုပ်ငန်း ရှင်တွေကိုပဲရောင်းလိုက်။ ဟိုတယ်လုပ်ငန်းရှင်၊ စက်မှုဇုန်လုပ်ငန်းရှင် ဒါတွေကိုပဲရောင်းလိုက်။ ဘယ် လိုရောင်းမလဲဆိုတဲ့ နည်းလမ်းလည်းရှိတယ်"ဟု လျှပ် စစ်ဝန်ကြီးဌာနတွင် ထိပ်တန်းရာထူးတစ်ခု ထမ်း ဆောင်ခဲ့ဖူးသူ ပညာရှင်တစ်ဦးက NP News ကို ပြောသည်။
LNG ဖြင့်လည်ပတ်နိုင်သော လျှပ်စစ်ဓာတ် အားပေးရေးစက်ရုံအဖြစ် သီလဝါတွင် မဂ္ဂါဝပ်(၅၀ဝ) ရှိထားပြီး သာကေတတွင် မဂ္ဂါဝပ်(၂၅၀)ရှိထား ကြောင်း၊ အဆိုပါနှစ်ခုလုံးကို ပြန်လည်လည်ပတ် စေမည်ဆိုပါက ရန်ကုန်မြို့ရှိ စက်မှုဇုန်များအတွက် လိုအပ်နေသော မဂ္ဂါဝပ်(၁၀ဝဝ)နီးပါးကို ဝင်ရောက် ခုမိကာမိဖြစ်စေမည်ဖြစ်သည်။ စက်မှုဇုန်များသို့ ပေး နေသော လျှပ်စစ်မီးကိုမူ ရန်ကုန်မြို့နေ ပြည်သူများ အတွက် ပေးအပ်ပါက(၄)နာရီလာ၊ (၈)နာရီပျက် နှစ်ကြိမ်စာကို ထိန်းကျောင်းစေနိုင်ပြီး (၈)နာရီလာ၊ (၄)နာရီပျက်ဟုသောလမ်းကြောင်းသို့ ပြန်ပြောင်း သွားနိုင်ခြေရှိကြောင်း သိရသည်။ တစ်နိုင်ငံလုံး (၁၇၀ဝ)မဂ္ဂါဝပ်ခန့်သာထုတ်လုပ်နိုင်ချိန်တွင် ယင်း အထဲမှ ရန်ကုန်တစ်ခုတည်း၏သုံးစွဲမှုသည်(၁၂၀ဝ)ထက်မနည်းရှိထားကြောင်း၊ အဆိုပါ(၁၇၀ဝ)ခန့်ကို သီလဝါနှင့် သာကေတ လျှပ်စစ်ဓာတ်အားပေးရေးမှ မဂ္ဂါဝပ်(၇၅၀) သာ ထပ်ပေါင်းနိုင်ပါက မဂ္ဂါဝပ် (၂၄၅၀)အထိ ရှိလာမည်ဖြစ်သည်။ ထိုပမာဏသည် လွန်ခဲ့သောအစိုးရများလက်ထက်က ဖြန့်ဝေပေး ခဲ့သော မဂ္ဂါဝပ်(၃၀ဝဝ)နီးပါးကို နီးစပ်လာခဲ့ပြီဖြစ် သဖြင့် လက်ရှိခေတ်အနေအထားနှင့် တည်ငြိမ်မှုရှိ သောမြို့များကို စနစ်တကျခွဲဝေပေးမည်ဆိုပါက ရာနှုန်းပြည့်မဟုတ်လျှင်ပင် (၇၅)ရာခိုင်နှုန်းထက် မနည်း လျှပ်စစ်မီးပေးထားနိုင်မည့် သဘောလည်းဖြစ် သည်။ "LNG သင်္ဘောကို ပြန်ခေါ်လာဖို့က Deposit အနည်းဆုံး(၆)လစာ သွင်းရမယ်။ အဲဒီအ တွက် ဒေါ်လာသန်း(၂၀ဝ)လောက်တော့ လိုမယ်မှန်း ထားတယ်။ ဒါက ပြန်ယူလို့ရတဲ့ ပိုက်ဆံ။ ကိုယ့်ဘက် က အပြီးပေးလိုက်ရတာမဟုတ်ဘူး။ လစဉ်သုံးစွဲခ ကိုတော့ လစဉ်ပေးချေရမှာပေါ့။ အစိုးရဘက်က စဉ်း စားရမှာက အဓိကနှစ်ချက်ရှိတယ်။ လျှပ်စစ်မီးဈေး နှုန်းနဲ့ ဒေါ်လာပေးချေနိုင်မှုပဲ။ ဈေးနှုန်းကိစ္စကတော့ အားလုံးလည်း သဘောပေါက်နေကြပြီဖြစ်သလို စက်မှုဇုန်တွေ၊ ဟိုတယ်တွေ၊ အိမ်ရာနဲ့ ကွန်ဒိုတွေ၊ နိုက်ကလပ် ဘားတွေကို အဓိကဦးတည်ထားပြီး ရောင်းရင် ပြည်သူလည်းမထိခိုက်ဘူး။ သူတို့ကို ပေးတဲ့လျှပ်စစ်မီးကို ပြည်သူတွေအတွက် ပြန်ပေးရုံပဲ။ ဒေါ်လာနဲ့ရှင်းဖို့ကိစ္စကလည်း အစိုးရက ဒေါ်လာနဲ့ မပေးချင်ရင် ကုမ္ပဏီကို Export-Import တစ်ခုခု ပြန်လုပ်ခွင့်ပေးလိုက်ပါ၊ သူတို့နည်းနဲ့ သူတို့ ပြန်ရှင်း သွားလိမ့်မယ်။ လုပ်နည်းတွေ ရှိပါတယ်။ အဓိကက စိတ်စေတနာနဲ့ ဆုံးဖြတ်ချက်ပဲ"ဟု အဆိုပါပုဂ္ဂိုလ်က ပြောသည်။
ဇန်နဝါရီ(၇)ရက်က ကျင်းပခဲ့သော လျှပ်စစ်နှင့် စွမ်းအင်ကော်မရှင် အစည်းအဝေးအတွင်း၌ ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက LNG ဖြင့် လျှပ်စစ်မီးလင်းရေးအကြောင်း ထည့်သွင်းပြောဆိုခဲ့သည့်အတွက် သီလဝါနှင့်သာကေတရှိ လျှပ်စစ်ဓာတ် အားပေးရေးလုပ်ငန်းများ ပြန်လည် လည်ပတ်လာရေး အလားအလာကောင်းသွားပြီဟု ဆိုနိုင်သည်။ ယင်း အတွက်လည်း နိုင်ငံတော်အကြီးအကဲဘက်က စဉ်းစားချက်များရှိနေသည့်အပြင် ထိုက်သင့်သောငွေ ကြေးကိုလည်း ချထားပေးရန် အလားအလာရှိနေသည်ဟု ကြားသိရသည်။
"ကျွန်တော်ကြားတာတော့ LNG က တော်တော်လေး တွန်းတွန်းတိုက်တိုက်လုပ်နေတယ်။ အတိုင်းအတာတစ်ခုအထိ ဘတ်ဂျက်ပေးဖို့လည်း ဆုံးဖြတ်လိုက်ပြီ။ ထုတ်ကိုထုတ်ပေးလိမ့်မယ်။ LNG က လုပ်ငန်းစဉ်တွေက နည်းနည်းခက်တယ်။ နိုင်ငံခြားမှာ ဝယ်တဲ့နေရာ၊ သယ်တဲ့နေရာ၊ ထားသိုတဲ့နေရာ ပြီးရင် အရည်ကနေ Gas ပြောင်းတဲ့ နေရာ၊ Gas ဖြစ်သွားရင် မီးစက်ကအရန်သင့်ရှိတယ်။ အရည်ကနေ Gas ပြောင်းတဲ့စက်ကလည်း အရန်သင့်ရှိတယ်။ အရည် သယ်လာရင် ကပ်ဖို့ဆိပ်ခံတံတားကလည်း အရန်သင့်ရှိတယ်။ အရည်သယ်လာပြီးရင် သယ်လာတဲ့အရည်တွေကို ပြန်ပြောင်းထည့်ဖို့ Floating Storage ကလည်း ညှိနှိုင်းတာ လက်ရှိကုမ္ပဏီကလည်း ပေးသုံးမယ်။ အဖိုးအခတော့ရှိတယ်။ အရည်ကနေ ဂက်စ်ပြောင်းလိုက်ရင် Facility က မဂ္ဂါဝပ်(၁၀ဝဝ)အထိ လုပ်လို့ရတယ်။ ပထမအကြိမ်သူတို့စမ်းတာ (၅၀ဝ)လောက်စမ်းဖို့လုပ်နေတယ်လို့ ခိုင်ခိုင်မာမာသိရပါတယ်။ ဘယ်လောက်မြန်မလဲဆိုတာပဲ။ ပေးမှာသေချာရင် Supply လုပ်တဲ့သူကရောက်လာမှာပဲ။ ရောက်လာရင် မှန်မှန်ပေးနေရမှာ။ LNG ကတော့ ခုနပြောသလို (၃)လအတွင်းဖြစ်တဲ့ဟာ။ ပိုက်ဆံပေးရင် အခုထဲက စပြီးကောက်လုပ်လိုက်ရင် (၃)(၄)လနဲ့လည်း ဖြစ်ရင်ဖြစ်သွားမှာ။ ဘာလို့လဲဆိုတော့ သူတို့ စက်တွေက ရပ်ထားရတာကြာပြီ။ အမြဲတမ်းတော့ သတိထားပြီးလုပ်တော့လုပ်ပေးမယ်။ အနည်းဆုံး(၁)လ လောက်တော့ ပြင်ဆင်ဖို့လိုတယ်။ တကယ်ခွင့်ပြု လိုက်ပြီး တကယ်လုပ်ပေးလိုက်ရင် ဖြစ်သွားမှာ"ဟု အခြားသော လျှပ်စစ်ဆိုင်ရာကျွမ်းကျင်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။ သို့သော်လည်း လျှပ်စစ်မီးလင်းရေးအတွက် LNG သင်္ဘောကို ပြန်လည်ခေါ်ယူရေး အပါအဝင် ပုံမှန်သုံးစွဲနိုင်ရေးတွင် နှစ်စဉ်ဒေါ်လာ သန်းရာချီ ကုန်ကျနေလိမ့်မည်ဖြစ်သဖြင့် သာမန် လုပ်ငန်းရှင်တစ်ဦးထက် အချိတ်အဆက်ကောင်းသော လုပ်ငန်းရှင်များကသာ ဦးဆောင်လုပ်ကိုင်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ခန့်မှန်းသည်။ စနေနံဖြင့်စပြီး ဗုဒ္ဓဟူးနံဖြင့်ဆုံးသော နာမည် ပိုင်ရှင် လုပ်ငန်းရှင်တစ်ဦးက သီလဝါနှင့် သာကေတရှိ လျှပ်စစ်ဓာတ်အားပေးရေးစက်ရုံများ ပြန်လည် လည် ပတ်ရေးကို ဦးဆောင်လှုပ်ရှားနေပြီဟုလည်း စီးပွားရေးအသိုင်းအဝိုင်းအတွင်း၌ သတင်းများထွက်ပေါ်နေ သည်။
"LNG ဝယ်ဖို့အတွက် တစ်နှစ်ကို ဒေါ်လာ တစ်ဘီလျံလောက်လိုမယ်။ အဲဒါက LNG ဖိုးသက်သက်ပဲ။ အမှန်အတိအကျပြောရရင် လက်ရှိပေါက် ဈေးနဲ့က သန်း(၇၀ဝ)ကျော်လောက်လိုတယ်။ တစ်လကို ဒေါ်လာသန်း(၆၀)လောက်ပေါ့။ (၅၀ဝ)မဂ္ဂါဝပ်လောက်ကို ကောင်းကောင်း လည်လို့ရတယ်လေ။ သီလဝါရယ်၊ သာကေတရယ်က (၇၅၀)ဆိုပေမယ့် (၅၀ဝ)ပဲစလည်ဦးမှာ။ (၇၅၀)အကုန်လည် လနိုင်တယ်။ ဒါပေမဲ့ အစိုးရရဲ့ဘတ်ဂျက်ပေါ့။ (၅၀ဝ)စာလည်ရင်တော့ တစ်နှစ်ကို သန်း(၇၀ဝ)လောက်အပြင် တချို့နေရာတွေမှာ ဒေါ်လာနဲ့ပေးချေဖို့ တစ်ဖက်က တောင်းဆိုတော့ (၁)ဘီလျံမကျော်ဘူးပေါ့။ ဒုန်းဒုန်းချပေးမယ်ကွာဆို ဒီအလုပ်ကဖြစ်သွားမှာ။ ပိုက်ဆံကရှိတယ်။ ဒါပေမဲ့သုံးမယ်၊ မသုံးဘူးပဲ။ တစ် ခုတည်းသုံးတာမဟုတ်ဘူးလေ။ တခြားနေရာတွေလည်း သုံးရဦးမှာ။ (၁)ဘီလျံကို မျက်စိစုံမှိတ်ပြီး အရေးကြီးတယ်လို့လည်း ခံယူတယ်၊ ဒီဟာမှလုပ်မပြရင် Image ကျနိုင်တယ်ဆိုပြီး သူလုပ်ချင်တဲ့ အခု (၂၀၂၅) က တော်တော်အရေးကြီးတဲ့ကာလလည်းဖြစ်တဲ့အတွက် ဒါကတော့ရအောင်လုပ်မယ်ဆိုရင် ဒါကိုသေချာလုပ် ရမှာ။ သိထားဖို့က ဒီ(၁)ဘီလျံသုံးလိုက်ရတာဟာ သဲထဲရေသွန်ချတာမဟုတ်ဘူး။ အဲဒီ (၁)ဘီလျံ ပေးလိုက်လို့ ထွက်လာတဲ့လျှပ်စစ်က ပိုက်ဆံပြန်ရ တာ ပဲ။ အလကားပေးတာတစ်ခုမှမပါဘူး။ အကုန်လုံး ပိုက်ဆံပြန်ကောက်တာ"ဟု လုပ်ငန်းရှင်က သုံးသပ် ပြောကြားသည်။
သီလဝါနှင့် သာကေတမှ လျှပ်စစ်မီး မဂ္ဂါဝပ် (၇၅၀)သာ ထွက်ရှိလာပါက ပြည်သူလူထု၏ နေ့စဉ် ဘဝအတွင်းသို့ သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချလျှင်ပင် ကန့်ကွက်မည့်သူမရှိစေနိုင်ဘဲ အသိအမှတ် ပြုမှုကိုပင် တည်ဆဲအစိုးရက ရရှိသွားနိုင်မည့်သဘောတွင် ရှိနေသည်။ ပြည်သူလူထုနားလည်ထားမှုတွင် လျှပ်စစ်မီးဖြတ်တောက်ထားသည်ဆိုသောအချက်ဖြစ်ပြီး အမှန်တကယ်တွင် လျှပ်စစ်မီး လုံလုံလောက်လောက်ပေးနိုင်ရန် ရှိမနေခြင်းပင် သို့မဟုတ် ထုတ်လုပ်ထားနိုင်ခြင်းမရှိမှုသာဖြစ်ကြောင်း နားလည်စေသင့်ပြီလည်း ဖြစ်သည်။
ယင်းပြင် လျှပ်စစ်ဓာတ်အားလိုင်းများ ဖျက် ဆီးခံထားရခြင်းဆိုသော အကြောင်းပြချက်သည် ရာနှုန်းပြည့်မှန်ကန်နေခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အား ဖြန့်ချိမှုစနစ်တစ်ခုလုံး၏(၂၀)ရာခိုင်နှုန်း အောက် တွင်သာရှိသော ပြဿနာမျိုးဖြစ်နေသည်ကို နား လည်စေသင့်ပြီဟု ကျွမ်းကျင်သူတို့က ဆိုသည်။ လျှပ်စစ်မီးရရှိရေး ရေတိုနောက်ထပ် အစီအစဉ် တစ်ခုအဖြစ် ရွှေလီနှင့် လောပိတ ရေအားလျှပ်စစ် ထုတ်လုပ်ရေးစက်ရုံများကို အပြည့်အဝပြန်လည် လည်ပတ်နိုင်စေရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း လည်း ပြောသည်။
"ရွှေလီက မဂ္ဂါဝပ် (၄၀ဝ)၊ လောပိတက (၂၀ဝ)။ (၂၄)အမြောက် (၇)နဲ့ (၃၆၅)ရက်လုံး လည်ပတ်လို့ရတဲ့ စက်ရုံတွေပါ။ မြန်မာပြည်က အကြီးဆုံး ရဲရွာက(၈၀ဝ)လောက် ရှိပေမယ့် နှစ်လုံးပဲ မောင်းလိုက်၊ သုံးလုံးပဲ မောင်းလိုက်နဲ့ အပြည့်အဝလည်လို့ မရဘူး။ လောပိတက သွားပြင်ဖို့ ခက်နေတာ။ အရပ်သားဝတ်နဲ့ သွားကြည့်လိုက်၊ တစ်ယောက် ကြည့်လိုက် နှစ်ယောက်ကြည့်လိုက်နဲ့ ပြင်ဖို့အတွက် အချိန်ယူနေရတာ။ လောပိတက လိုင်းသုံးလိုင်းဆွဲ ထားတာမှာ နှစ်လိုင်း အချိုးခံထားရတယ်။ ဒါကို ပြင်နိုင်ရင် (၂၀ဝ) ပြန်ရမယ်။ ရွှေလီလည်း သွားပြင် နေပြီကြားတယ်။ ဘယ်လောက်အထိ ပြင်ခွင့်ရမလဲ မသိဘူး။ သူရရင် (၄၀ဝ) ရမယ်။ ရေအားကောင်းတော့ (၂၄) နာရီအပြည့်လည်လို့ရတယ်။ နှစ်ခုလုံးကို လုံခြုံရေးသာပေးနိုင်ရင် မဂ္ဂါဝပ်(၆၀ဝ) လောက် ထွက်လာမယ်။ ရေတိုအစီအစဉ်မှာ ဒါတွေကိုပြင်ရမယ်။ အဓိကက လုံခြုံရေးပဲ" ဟု လျှပ်စစ်ဝန်ကြီးဌာနတွင် ထိပ်တန်းတာဝန်ထမ်းဆောင်ခဲ့ဖူးသူက ပြောသည်။
လက်ရှိအချိန်တွင် ရွှေလီနှင့် လောပိတတို့မှ လျှပ်စစ်ဓာတ်အားရရှိမှု ပြတ်လပ်သွားခဲ့သဖြင့် ရန်ကုန်-မန္တလေး-နေပြည်တော်အပါအဝင် မြို့ပြအသီးသီး၌ အလှည့်ကျလျှပ်စစ်မီးရရှိမှုမျိုးသာ ရင်ဆိုင်နေရခြင်းလည်း ဖြစ်သည်။ ကယားပြည်နယ်မှ အကြမ်းဖက်သမားများက လောပိတ ရေအားလျှပ် စစ်ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို နှောင့်ယှက်ဖျက်ဆီးခြင်းများပြုလုပ်နေပြီး တာဝါတိုင်များကို ချိုး၍ သံတိုသံစအဖြစ် ရောင်းချစားသောက်ခြင်းများအထိ ပညာမဲ့စွာပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။ အကယ်၍ ရွှေလီနှင့် လောပိတတို့မှ လျှပ်စစ်မီးသာ ရရှိခဲ့မည်ဆိုပါက လက်ရှိထုတ်လုပ်ရရှိနေသော မဂ္ဂါဝပ်(၁၇၀ဝ)နီးပါးအပေါ် ထပ်ပေါင်း၍ မဂ္ဂါဝပ် (၂၃၀ဝ) အထိ ရှိလာမည်ဖြစ်သည်။ ယင်းအတွက်လည်း နယ်မြေလုံခြုံရေးအချိန်ယူရန် သုံးလမှ ခြောက်လအတွင်းသာ လိုအပ်သည်ဟုဆိုသည်။
"ခက်တာက တာဝါတိုင် ငါးတိုင်လောက်မှာ လုံခြုံရေးတစ်ဖွဲ့ဆိုပြီး ထားလို့မရပြန်ဘူး လေ။ ဒီကောင်တွေက ဘယ်အချိန်လာချိုးမယ်မှ မသိနိုင်တာ။ လုံခြုံရေးမယူဘဲ ဒီဘက်ကသွားပြင်ရင်လည်း ပြန်လာလို့တောင် အိမ်မရောက်သေးဘူး။ ဒီကောင်တွေကလာပြီး ဖျက်ဆီးကြဦးမှာ"ဟု ၎င်းက ပြောသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်သည် လက်ရှိကာလ၌ စုစုပေါင်းအားဖြင့် မဂ္ဂါဝပ်(၂၀ဝဝ)ကျော်သာလိုအပ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် မူဝါဒစနစ်တကျရေးဆွဲ၍ လျှပ်စစ်မီးပေးခြင်းကို စီမံခန့်ခွဲသင့်သည်ဟု ကျွမ်းကျင်သူတို့က ထောက်ပြသည်။ အထူးသဖြင့် လာမည့်သုံးလမှ ခြောက်လအတွင်း LNG မှ မဂ္ဂါဝပ်(၇၅၀)၊ ရွှေလီနှင့် လောပိတမှ မဂ္ဂါဝပ်(၆၀ဝ) တို့ကိုသာ ရရှိခဲ့မည်ဆိုပါက ရှိရင်းစွဲ ထုတ်လုပ်မှု မဂ္ဂါဝပ်(၁၇၀ဝ)နီးပါးနှင့်ပေါင်းစပ်လျှင် မဂ္ဂါဝပ်(၃၁၀ဝ)နီးပါး ပြန်လည်ရရှိလာမည်လည်း ဖြစ်သည်။
ယင်းပမာဏသည် လက်နက်ကိုင်တိုက်ပွဲများ မရှိဘဲ တည်ငြိမ်အေးချမ်းနေသော အဓိက စီးပွားရေး မြို့တော်၊ အုပ်ချုပ်ရေးမြို့တော်များသို့ လျှပ်စစ်မီးပေးရန် လုံလောက်မှုထက်ပို၍ ကျော်လွန်နေပြီလည်း ဖြစ်သည်။ အခြားသော ဒုတိယတန်းစား၊ တတိယ တန်းစားမြို့များအတွက်လည်း ပိုလျှံလျှပ်စစ်များထဲမှ စနစ်တကျပြန်လည်ခွဲဝေခြင်းဖြင့် လူထု၏စိတ်သော ကကို ဖြေဖျောက်ပေးရာရောက်မည်လည်းဖြစ်သည်။
"လျှပ်စစ်မီးနဲ့ နိုင်ငံရေး-စီးပွားရေးပေါ်လစီကို တွက်ကြည့်ပေါ့ဗျာ။ သေချာတွက်ချက်ကြည့်ရင် ဒေါ်လာတစ်ဘီလျံသုံးလိုက်ရလည်း နိုင်ငံရေးအရ မရှုံးသလို စီးပွားရေးအရလည်း မရှုံးနိုင်ပါဘူး။ လူထုလက်ခံမှုလည်း အတိုင်းအတာတစ်ခုအထိ ရနိုင်တာပေါ့" ဟု လုပ်ငန်းရှင်က တွက်ချက်ပြသည်။ သုံးနှစ်အတွင်း လျှပ်စစ်မီးပိုမိုရရှိရေးအစီအစဉ် အတွက်လည်း ရုရှားထံမှ မဂ္ဂါဝပ်(၃၀ဝ)ခန့်ရှိသော နျူကလီးယားလျှပ်စစ်သင်္ဘော သုံးစင်းထက်မနည်းကို ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများတွင်ကပ်၍ အသုံးပြုလေ့လာနိုင်ကြောင်း၊ တရုတ်နိုင်ငံထံမှလည်း သဘာဝ ဓာတ်ငွေ့ဖြင့်ဖြစ်စေ၊ ကျောက်မီးသွေးဖြစ်စေ၊ အခြား သော လျှပ်စစ်ထုတ်လုပ်မှုတစ်ခုခုဖြစ်စေ စာချုပ်ချုပ်ဆို၍ လုပ်ငန်းဖော်ဆောင်ထားသင့်ပြီဟု ဆိုသည်။ ယင်းကဲ့သို့ ရေတို(၆)လနှင့် ကာလလတ်(၃)နှစ် အဖြစ် အကုန်အကျခံလုပ်ဆောင်နေစဉ်အတွင်း ဧရာဝတီမြစ်ပေါ်၌ ရေနိမ့်တမံ(၄)ခုမှ (၁၆)ခုအထိ တိုးချဲ့တည်ဆောက်၍ လျှပ်စစ်မီးရရှိရေးကို ပြင်ဆင် နေသင့်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် (၂၀၃၀) အတွက် လျှပ်စစ်မီးအမှန်တကယ် လိုအပ်ချက်သည် မဂ္ဂါဝပ် (၁၅၀ဝဝ)ဖြစ်ပြီး ယင်းအတွက် စက်တပ်ဆင်အား မဂ္ဂါဝပ်(၃၀ဝဝဝ)အထိ ကြိုတင်ပြင်ဆင်ထားရန် လိုအပ်နေကြောင်းလည်း ကျွမ်းကျင်သူတို့က ထောက်ပြပြောကြားသည်။
zawgyi version
(၃)လမွ(၆)လအတြင္း လွ်ပ္စစ္မီးအျမန္လင္းႏိုင္ေသာ နည္းလမ္းကို ျပတ္ျပတ္သားသား ဆုံး ျဖတ္ အေကာင္အထည္ေဖာ္ရန္ ကြၽမ္းက်င္သူမ်ား အႀကံျပဳ
ေအဝိုင္အီး (NP News) - ဇန္နဝါရီ ၁၄
လွ်ပ္စစ္မီးမေလာက္မင အလွည့္က်သုံးေနရ ေသာျပည္သူမ်ားအတြက္ သုံးလမွ(၆)လ အတြင္း ထပ္တိုးမဂၢါဝပ္(၁၃၀ဝ)ခန႔္ ျမန္ျမန္ရရွိၿပီး လွ်ပ္စစ္ မီးမွန္မွန္ေပးႏိုင္ေသာ နည္းလမ္းမ်ားရွိထားသျဖင့္ မွန္ကန္ေသာဆုံးျဖတ္ခ်က္၊ စိတ္ေစတနာႏွင့္ ကိုယ္က်ိဳးမဖက္ဘဲ အပင္ပန္းခံႀကိဳးစားအားထုတ္ေပးျခင္းသာလိုအပ္ေၾကာင္း လွ်ပ္စစ္ေလာကမွ ထိပ္တန္း ပုဂၢိဳလ္မ်ားက သုံးသပ္ေျပာၾကားသည္။
တစ္ရက္လွ်င္(၁၂)နာရီထက္မနည္း လွ်ပ္စစ္ မီးသုံးစြဲခြင့္မရေသာ ျပည္သူမ်ားအတြက္ လွ်ပ္စစ္မီး ျမန္ျမန္ရရွိေရးေျဖရွင္းနည္းအေၾကာင္းကို NP News က ဇန္နဝါရီပထမပတ္အတြင္း ေလ့လာစုံစမ္းေမးျမန္းထားမႈ၌ အမည္မေဖာ္လိုေသာ ထိပ္တန္းလွ်ပ္စစ္တာဝန္ရွိသူမ်ားက ဖြင့္ဟေျပာၾကားလာျခင္းမ်ိဳးျဖစ္သည္။ အထူးသျဖင့္ လွ်ပ္စစ္မီး အျပည့္အဝနီးပါး ျပန္လည္ရရွိလာေရးအတြက္ (၃)လမွ (၆)လအတြင္း ေရတိုအစီအစဥ္ႏွင့္ သုံးႏွစ္အ တြင္း မျဖစ္မေနလုပ္ေဆာင္ရမည့္ အစီအစဥ္ဟူ၍ ေထာက္ ျပေျပာၾကားလာၾကျခင္းမ်ိဳးျဖစ္ၿပီး ယင္းအ တြက္ တည္ဆဲအုပ္ခ်ဳပ္သူမ်ားဘက္မွ စိတ္ေစတနာသာလွ်င္ အေရးႀကီးေၾကာင္းဆိုသည္။
"ပထမတစ္ဆင့္က သာေကတမွာ (၂၅၀)အထိုင္နဲ႔ သီလဝါက(၅၀ဝ) စုစုေပါင္း(၇၅၀) အရင္ လုပ္ရမယ္။ ရန္ကုန္က LNG နဲ႔ပဲျပန္ၿပီး လင္းေအာင္လုပ္မယ္ဆိုရင္ (၃)(၄)လအတြင္းျဖစ္ႏိုင္ တယ္။ စက္ေတြက ရွိၿပီးသား။ ျပန္မသယ္ရေသးဘူး။ တူကီယဲက အဲဒီသေဘၤာႀကီးျပန္သြားၿပီဆိုေတာ့ ဒီ ေကာင္မဟုတ္ရင္လည္း ေနာက္တစ္စင္းရေအာင္ ျပန္ ရွာရမွာေပါ့။ ဒါကလည္း ရွာရမခက္ပါဘူး။ အမ်ား ႀကီးပဲ။ ကြၽန္ေတာ္တို႔ေခၚသြင္းလိုက္ရင္ တ႐ုတ္ေတြ အမ်ားႀကီးရွိတာပဲ။ အဓိကက လုပ္၊ ဒီေဈးကို ငါ သေဘာတူၿပီဆိုတဲ့ ဆုံးျဖတ္ခ်က္ပဲ။ ဒီကာလမွာလွ်ပ္ စစ္ထုတ္ေရာင္းမယ့္သူကို ဖိတ္ေခၚရမယ္။ ထိုင္ၿပီး ေဈးဆစ္ေနဖို႔မလိုဘူး။ အခုလုပ္ေနတာက ထိုင္ၿပီး ေဈးဆစ္ေနတာ။ မလုပ္ႏိုင္တဲ့ေဈးႏႈန္းေရာက္ေတာ့မွ က်ပ္ေငြနဲ႔ဝယ္မယ္ဆိုၿပီးျဖစ္တာ။ သီလဝါနဲ႔ သာ ေကတသာ တကယ္ဆုံးျဖတ္ခ်က္ခ်ၿပီး တကယ္ျပန္ လုပ္ရင္ (၃)လနဲ႔ (၆)လအတြင္းမွာ တကယ္ျဖစ္တယ္။ ေဈးႏႈန္းကိစၥကိုေၾကာက္ရင္ စက္မႈဇုန္ေတြနဲ႔ လုပ္ငန္း ရွင္ေတြကိုပဲေရာင္းလိုက္။ ဟိုတယ္လုပ္ငန္းရွင္၊ စက္မႈဇုန္လုပ္ငန္းရွင္ ဒါေတြကိုပဲေရာင္းလိုက္။ ဘယ္ လိုေရာင္းမလဲဆိုတဲ့ နည္းလမ္းလည္းရွိတယ္"ဟု လွ်ပ္ စစ္ဝန္ႀကီးဌာနတြင္ ထိပ္တန္းရာထူးတစ္ခု ထမ္း ေဆာင္ခဲ့ဖူးသူ ပညာရွင္တစ္ဦးက NP News ကို ေျပာသည္။
LNG ျဖင့္လည္ပတ္ႏိုင္ေသာ လွ်ပ္စစ္ဓာတ္ အားေပးေရးစက္႐ုံအျဖစ္ သီလဝါတြင္ မဂၢါဝပ္(၅၀ဝ) ရွိထားၿပီး သာေကတတြင္ မဂၢါဝပ္(၂၅၀)ရွိထား ေၾကာင္း၊ အဆိုပါႏွစ္ခုလုံးကို ျပန္လည္လည္ပတ္ ေစမည္ဆိုပါက ရန္ကုန္ၿမိဳ႕ရွိ စက္မႈဇုန္မ်ားအတြက္ လိုအပ္ေနေသာ မဂၢါဝပ္(၁၀ဝဝ)နီးပါးကို ဝင္ေရာက္ ခုမိကာမိျဖစ္ေစမည္ျဖစ္သည္။ စက္မႈဇုန္မ်ားသို႔ ေပး ေနေသာ လွ်ပ္စစ္မီးကိုမူ ရန္ကုန္ၿမိဳ႕ေန ျပည္သူမ်ား အတြက္ ေပးအပ္ပါက(၄)နာရီလာ၊ (၈)နာရီပ်က္ ႏွစ္ႀကိမ္စာကို ထိန္းေက်ာင္းေစႏိုင္ၿပီး (၈)နာရီလာ၊ (၄)နာရီပ်က္ဟုေသာလမ္းေၾကာင္းသို႔ ျပန္ေျပာင္း သြားႏိုင္ေျခရွိေၾကာင္း သိရသည္။ တစ္ႏိုင္ငံလုံး (၁၇၀ဝ)မဂၢါဝပ္ခန႔္သာထုတ္လုပ္ႏိုင္ခ်ိန္တြင္ ယင္း အထဲမွ ရန္ကုန္တစ္ခုတည္း၏သုံးစြဲမႈသည္(၁၂၀ဝ)ထက္မနည္းရွိထားေၾကာင္း၊ အဆိုပါ(၁၇၀ဝ)ခန႔္ကို သီလဝါႏွင့္ သာေကတ လွ်ပ္စစ္ဓာတ္အားေပးေရးမွ မဂၢါဝပ္(၇၅၀) သာ ထပ္ေပါင္းႏိုင္ပါက မဂၢါဝပ္ (၂၄၅၀)အထိ ရွိလာမည္ျဖစ္သည္။ ထိုပမာဏသည္ လြန္ခဲ့ေသာအစိုးရမ်ားလက္ထက္က ျဖန႔္ေဝေပး ခဲ့ေသာ မဂၢါဝပ္(၃၀ဝဝ)နီးပါးကို နီးစပ္လာခဲ့ၿပီျဖစ္ သျဖင့္ လက္ရွိေခတ္အေနအထားႏွင့္ တည္ၿငိမ္မႈရွိ ေသာၿမိဳ႕မ်ားကို စနစ္တက်ခြဲေဝေပးမည္ဆိုပါက ရာႏႈန္းျပည့္မဟုတ္လွ်င္ပင္ (၇၅)ရာခိုင္ႏႈန္းထက္ မနည္း လွ်ပ္စစ္မီးေပးထားႏိုင္မည့္ သေဘာလည္းျဖစ္ သည္။ "LNG သေဘၤာကို ျပန္ေခၚလာဖို႔က Deposit အနည္းဆုံး(၆)လစာ သြင္းရမယ္။ အဲဒီအ တြက္ ေဒၚလာသန္း(၂၀ဝ)ေလာက္ေတာ့ လိုမယ္မွန္း ထားတယ္။ ဒါက ျပန္ယူလို႔ရတဲ့ ပိုက္ဆံ။ ကိုယ့္ဘက္ က အၿပီးေပးလိုက္ရတာမဟုတ္ဘူး။ လစဥ္သုံးစြဲခ ကိုေတာ့ လစဥ္ေပးေခ်ရမွာေပါ့။ အစိုးရဘက္က စဥ္း စားရမွာက အဓိကႏွစ္ခ်က္ရွိတယ္။ လွ်ပ္စစ္မီးေဈး ႏႈန္းနဲ႔ ေဒၚလာေပးေခ်ႏိုင္မႈပဲ။ ေဈးႏႈန္းကိစၥကေတာ့ အားလုံးလည္း သေဘာေပါက္ေနၾကၿပီျဖစ္သလို စက္မႈဇုန္ေတြ၊ ဟိုတယ္ေတြ၊ အိမ္ရာနဲ႔ ကြန္ဒိုေတြ၊ ႏိုက္ကလပ္ ဘားေတြကို အဓိကဦးတည္ထားၿပီး ေရာင္းရင္ ျပည္သူလည္းမထိခိုက္ဘူး။ သူတို႔ကို ေပးတဲ့လွ်ပ္စစ္မီးကို ျပည္သူေတြအတြက္ ျပန္ေပး႐ုံပဲ။ ေဒၚလာနဲ႔ရွင္းဖို႔ကိစၥကလည္း အစိုးရက ေဒၚလာနဲ႔ မေပးခ်င္ရင္ ကုမၸဏီကို Export-Import တစ္ခုခု ျပန္လုပ္ခြင့္ေပးလိုက္ပါ၊ သူတို႔နည္းနဲ႔ သူတို႔ ျပန္ရွင္း သြားလိမ့္မယ္။ လုပ္နည္းေတြ ရွိပါတယ္။ အဓိကက စိတ္ေစတနာနဲ႔ ဆုံးျဖတ္ခ်က္ပဲ"ဟု အဆိုပါပုဂၢိဳလ္က ေျပာသည္။
ဇန္နဝါရီ(၇)ရက္က က်င္းပခဲ့ေသာ လွ်ပ္စစ္ႏွင့္ စြမ္းအင္ေကာ္မရွင္ အစည္းအေဝးအတြင္း၌ ဥကၠ႒ ျဖစ္သူ ဗိုလ္ခ်ဳပ္ႀကီး တင္ေအာင္စန္းက LNG ျဖင့္ လွ်ပ္စစ္မီးလင္းေရးအေၾကာင္း ထည့္သြင္းေျပာဆိုခဲ့သည့္အတြက္ သီလဝါႏွင့္သာေကတရွိ လွ်ပ္စစ္ဓာတ္ အားေပးေရးလုပ္ငန္းမ်ား ျပန္လည္ လည္ပတ္လာေရး အလားအလာေကာင္းသြားၿပီဟု ဆိုႏိုင္သည္။ ယင္း အတြက္လည္း ႏိုင္ငံေတာ္အႀကီးအကဲဘက္က စဥ္းစားခ်က္မ်ားရွိေနသည့္အျပင္ ထိုက္သင့္ေသာေငြ ေၾကးကိုလည္း ခ်ထားေပးရန္ အလားအလာရွိေနသည္ဟု ၾကားသိရသည္။
"ကြၽန္ေတာ္ၾကားတာေတာ့ LNG က ေတာ္ေတာ္ေလး တြန္းတြန္းတိုက္တိုက္လုပ္ေနတယ္။ အတိုင္းအတာတစ္ခုအထိ ဘတ္ဂ်က္ေပးဖို႔လည္း ဆုံးျဖတ္လိုက္ၿပီ။ ထုတ္ကိုထုတ္ေပးလိမ့္မယ္။ LNG က လုပ္ငန္းစဥ္ေတြက နည္းနည္းခက္တယ္။ ႏိုင္ငံျခားမွာ ဝယ္တဲ့ေနရာ၊ သယ္တဲ့ေနရာ၊ ထားသိုတဲ့ေနရာ ၿပီးရင္ အရည္ကေန Gas ေျပာင္းတဲ့ ေနရာ၊ Gas ျဖစ္သြားရင္ မီးစက္ကအရန္သင့္ရွိတယ္။ အရည္ကေန Gas ေျပာင္းတဲ့စက္ကလည္း အရန္သင့္ရွိတယ္။ အရည္ သယ္လာရင္ ကပ္ဖို႔ဆိပ္ခံတံတားကလည္း အရန္သင့္ရွိတယ္။ အရည္သယ္လာၿပီးရင္ သယ္လာတဲ့အရည္ေတြကို ျပန္ေျပာင္းထည့္ဖို႔ Floating Storage ကလည္း ညႇိႏႈိင္းတာ လက္ရွိကုမၸဏီကလည္း ေပးသုံးမယ္။ အဖိုးအခေတာ့ရွိတယ္။ အရည္ကေန ဂက္စ္ေျပာင္းလိုက္ရင္ Facility က မဂၢါဝပ္(၁၀ဝဝ)အထိ လုပ္လို႔ရတယ္။ ပထမအႀကိမ္သူတို႔စမ္းတာ (၅၀ဝ)ေလာက္စမ္းဖို႔လုပ္ေနတယ္လို႔ ခိုင္ခိုင္မာမာသိရပါတယ္။ ဘယ္ေလာက္ျမန္မလဲဆိုတာပဲ။ ေပးမွာေသခ်ာရင္ Supply လုပ္တဲ့သူကေရာက္လာမွာပဲ။ ေရာက္လာရင္ မွန္မွန္ေပးေနရမွာ။ LNG ကေတာ့ ခုနေျပာသလို (၃)လအတြင္းျဖစ္တဲ့ဟာ။ ပိုက္ဆံေပးရင္ အခုထဲက စၿပီးေကာက္လုပ္လိုက္ရင္ (၃)(၄)လနဲ႔လည္း ျဖစ္ရင္ျဖစ္သြားမွာ။ ဘာလို႔လဲဆိုေတာ့ သူတို႔ စက္ေတြက ရပ္ထားရတာၾကာၿပီ။ အၿမဲတမ္းေတာ့ သတိထားၿပီးလုပ္ေတာ့လုပ္ေပးမယ္။ အနည္းဆုံး(၁)လ ေလာက္ေတာ့ ျပင္ဆင္ဖို႔လိုတယ္။ တကယ္ခြင့္ျပဳ လိုက္ၿပီး တကယ္လုပ္ေပးလိုက္ရင္ ျဖစ္သြားမွာ"ဟု အျခားေသာ လွ်ပ္စစ္ဆိုင္ရာကြၽမ္းက်င္လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။ သို႔ေသာ္လည္း လွ်ပ္စစ္မီးလင္းေရးအတြက္ LNG သေဘၤာကို ျပန္လည္ေခၚယူေရး အပါအဝင္ ပုံမွန္သုံးစြဲႏိုင္ေရးတြင္ ႏွစ္စဥ္ေဒၚလာ သန္းရာခ်ီ ကုန္က်ေနလိမ့္မည္ျဖစ္သျဖင့္ သာမန္ လုပ္ငန္းရွင္တစ္ဦးထက္ အခ်ိတ္အဆက္ေကာင္းေသာ လုပ္ငန္းရွင္မ်ားကသာ ဦးေဆာင္လုပ္ကိုင္ႏိုင္လိမ့္မည္ျဖစ္ေၾကာင္းလည္း ၎က ခန႔္မွန္းသည္။ စေနနံျဖင့္စၿပီး ဗုဒၶဟူးနံျဖင့္ဆုံးေသာ နာမည္ ပိုင္ရွင္ လုပ္ငန္းရွင္တစ္ဦးက သီလဝါႏွင့္ သာေကတရွိ လွ်ပ္စစ္ဓာတ္အားေပးေရးစက္႐ုံမ်ား ျပန္လည္ လည္ ပတ္ေရးကို ဦးေဆာင္လႈပ္ရွားေနၿပီဟုလည္း စီးပြားေရးအသိုင္းအဝိုင္းအတြင္း၌ သတင္းမ်ားထြက္ေပၚေန သည္။
"LNG ဝယ္ဖို႔အတြက္ တစ္ႏွစ္ကို ေဒၚလာ တစ္ဘီလ်ံေလာက္လိုမယ္။ အဲဒါက LNG ဖိုးသက္သက္ပဲ။ အမွန္အတိအက်ေျပာရရင္ လက္ရွိေပါက္ ေဈးနဲ႔က သန္း(၇၀ဝ)ေက်ာ္ေလာက္လိုတယ္။ တစ္လကို ေဒၚလာသန္း(၆၀)ေလာက္ေပါ့။ (၅၀ဝ)မဂၢါဝပ္ေလာက္ကို ေကာင္းေကာင္း လည္လို႔ရတယ္ေလ။ သီလဝါရယ္၊ သာေကတရယ္က (၇၅၀)ဆိုေပမယ့္ (၅၀ဝ)ပဲစလည္ဦးမွာ။ (၇၅၀)အကုန္လည္ လႏိုင္တယ္။ ဒါေပမဲ့ အစိုးရရဲ႕ဘတ္ဂ်က္ေပါ့။ (၅၀ဝ)စာလည္ရင္ေတာ့ တစ္ႏွစ္ကို သန္း(၇၀ဝ)ေလာက္အျပင္ တခ်ိဳ႕ေနရာေတြမွာ ေဒၚလာနဲ႔ေပးေခ်ဖို႔ တစ္ဖက္က ေတာင္းဆိုေတာ့ (၁)ဘီလ်ံမေက်ာ္ဘူးေပါ့။ ဒုန္းဒုန္းခ်ေပးမယ္ကြာဆို ဒီအလုပ္ကျဖစ္သြားမွာ။ ပိုက္ဆံကရွိတယ္။ ဒါေပမဲ့သုံးမယ္၊ မသုံးဘူးပဲ။ တစ္ ခုတည္းသုံးတာမဟုတ္ဘူးေလ။ တျခားေနရာေတြလည္း သုံးရဦးမွာ။ (၁)ဘီလ်ံကို မ်က္စိစုံမွိတ္ၿပီး အေရးႀကီးတယ္လို႔လည္း ခံယူတယ္၊ ဒီဟာမွလုပ္မျပရင္ Image က်ႏိုင္တယ္ဆိုၿပီး သူလုပ္ခ်င္တဲ့ အခု (၂၀၂၅) က ေတာ္ေတာ္အေရးႀကီးတဲ့ကာလလည္းျဖစ္တဲ့အတြက္ ဒါကေတာ့ရေအာင္လုပ္မယ္ဆိုရင္ ဒါကိုေသခ်ာလုပ္ ရမွာ။ သိထားဖို႔က ဒီ(၁)ဘီလ်ံသုံးလိုက္ရတာဟာ သဲထဲေရသြန္ခ်တာမဟုတ္ဘူး။ အဲဒီ (၁)ဘီလ်ံ ေပးလိုက္လို႔ ထြက္လာတဲ့လွ်ပ္စစ္က ပိုက္ဆံျပန္ရ တာ ပဲ။ အလကားေပးတာတစ္ခုမွမပါဘူး။ အကုန္လုံး ပိုက္ဆံျပန္ေကာက္တာ"ဟု လုပ္ငန္းရွင္က သုံးသပ္ ေျပာၾကားသည္။
သီလဝါႏွင့္ သာေကတမွ လွ်ပ္စစ္မီး မဂၢါဝပ္ (၇၅၀)သာ ထြက္ရွိလာပါက ျပည္သူလူထု၏ ေန႔စဥ္ ဘဝအတြင္းသို႔ သင့္တင့္ေသာေဈးႏႈန္းျဖင့္ ေရာင္းခ်လွ်င္ပင္ ကန႔္ကြက္မည့္သူမရွိေစႏိုင္ဘဲ အသိအမွတ္ ျပဳမႈကိုပင္ တည္ဆဲအစိုးရက ရရွိသြားႏိုင္မည့္သေဘာတြင္ ရွိေနသည္။ ျပည္သူလူထုနားလည္ထားမႈတြင္ လွ်ပ္စစ္မီးျဖတ္ေတာက္ထားသည္ဆိုေသာအခ်က္ျဖစ္ၿပီး အမွန္တကယ္တြင္ လွ်ပ္စစ္မီး လုံလုံေလာက္ေလာက္ေပးႏိုင္ရန္ ရွိမေနျခင္းပင္ သို႔မဟုတ္ ထုတ္လုပ္ထားႏိုင္ျခင္းမရွိမႈသာျဖစ္ေၾကာင္း နားလည္ေစသင့္ၿပီလည္း ျဖစ္သည္။
ယင္းျပင္ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား ဖ်က္ ဆီးခံထားရျခင္းဆိုေသာ အေၾကာင္းျပခ်က္သည္ ရာႏႈန္းျပည့္မွန္ကန္ေနျခင္းမရွိဘဲ လွ်ပ္စစ္ဓာတ္အား ျဖန႔္ခ်ိမႈစနစ္တစ္ခုလုံး၏(၂၀)ရာခိုင္ႏႈန္း ေအာက္ တြင္သာရွိေသာ ျပႆနာမ်ိဳးျဖစ္ေနသည္ကို နား လည္ေစသင့္ၿပီဟု ကြၽမ္းက်င္သူတို႔က ဆိုသည္။ လွ်ပ္စစ္မီးရရွိေရး ေရတိုေနာက္ထပ္ အစီအစဥ္ တစ္ခုအျဖစ္ ေ႐ႊလီႏွင့္ ေလာပိတ ေရအားလွ်ပ္စစ္ ထုတ္လုပ္ေရးစက္႐ုံမ်ားကို အျပည့္အဝျပန္လည္ လည္ပတ္ႏိုင္ေစရန္ ႀကိဳးပမ္းျခင္းပင္ျဖစ္ေၾကာင္း လည္း ေျပာသည္။
"ေ႐ႊလီက မဂၢါဝပ္ (၄၀ဝ)၊ ေလာပိတက (၂၀ဝ)။ (၂၄)အေျမာက္ (၇)နဲ႔ (၃၆၅)ရက္လုံး လည္ပတ္လို႔ရတဲ့ စက္႐ုံေတြပါ။ ျမန္မာျပည္က အႀကီးဆုံး ရဲ႐ြာက(၈၀ဝ)ေလာက္ ရွိေပမယ့္ ႏွစ္လုံးပဲ ေမာင္းလိုက္၊ သုံးလုံးပဲ ေမာင္းလိုက္နဲ႔ အျပည့္အဝလည္လို႔ မရဘူး။ ေလာပိတက သြားျပင္ဖို႔ ခက္ေနတာ။ အရပ္သားဝတ္နဲ႔ သြားၾကည့္လိုက္၊ တစ္ေယာက္ ၾကည့္လိုက္ ႏွစ္ေယာက္ၾကည့္လိုက္နဲ႔ ျပင္ဖို႔အတြက္ အခ်ိန္ယူေနရတာ။ ေလာပိတက လိုင္းသုံးလိုင္းဆြဲ ထားတာမွာ ႏွစ္လိုင္း အခ်ိဳးခံထားရတယ္။ ဒါကို ျပင္ႏိုင္ရင္ (၂၀ဝ) ျပန္ရမယ္။ ေ႐ႊလီလည္း သြားျပင္ ေနၿပီၾကားတယ္။ ဘယ္ေလာက္အထိ ျပင္ခြင့္ရမလဲ မသိဘူး။ သူရရင္ (၄၀ဝ) ရမယ္။ ေရအားေကာင္းေတာ့ (၂၄) နာရီအျပည့္လည္လို႔ရတယ္။ ႏွစ္ခုလုံးကို လုံၿခဳံေရးသာေပးႏိုင္ရင္ မဂၢါဝပ္(၆၀ဝ) ေလာက္ ထြက္လာမယ္။ ေရတိုအစီအစဥ္မွာ ဒါေတြကိုျပင္ရမယ္။ အဓိကက လုံၿခဳံေရးပဲ" ဟု လွ်ပ္စစ္ဝန္ႀကီးဌာနတြင္ ထိပ္တန္းတာဝန္ထမ္းေဆာင္ခဲ့ဖူးသူက ေျပာသည္။
လက္ရွိအခ်ိန္တြင္ ေ႐ႊလီႏွင့္ ေလာပိတတို႔မွ လွ်ပ္စစ္ဓာတ္အားရရွိမႈ ျပတ္လပ္သြားခဲ့သျဖင့္ ရန္ကုန္-မႏၲေလး-ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ျပအသီးသီး၌ အလွည့္က်လွ်ပ္စစ္မီးရရွိမႈမ်ိဳးသာ ရင္ဆိုင္ေနရျခင္းလည္း ျဖစ္သည္။ ကယားျပည္နယ္မွ အၾကမ္းဖက္သမားမ်ားက ေလာပိတ ေရအားလွ်ပ္ စစ္ထုတ္လုပ္ေရးလုပ္ငန္းခြင္ကို ေႏွာင့္ယွက္ဖ်က္ဆီးျခင္းမ်ားျပဳလုပ္ေနၿပီး တာဝါတိုင္မ်ားကို ခ်ိဳး၍ သံတိုသံစအျဖစ္ ေရာင္းခ်စားေသာက္ျခင္းမ်ားအထိ ပညာမဲ့စြာျပဳလုပ္ခဲ့ၾကေၾကာင္းလည္း သိရသည္။ အကယ္၍ ေ႐ႊလီႏွင့္ ေလာပိတတို႔မွ လွ်ပ္စစ္မီးသာ ရရွိခဲ့မည္ဆိုပါက လက္ရွိထုတ္လုပ္ရရွိေနေသာ မဂၢါဝပ္(၁၇၀ဝ)နီးပါးအေပၚ ထပ္ေပါင္း၍ မဂၢါဝပ္ (၂၃၀ဝ) အထိ ရွိလာမည္ျဖစ္သည္။ ယင္းအတြက္လည္း နယ္ေျမလုံၿခဳံေရးအခ်ိန္ယူရန္ သုံးလမွ ေျခာက္လအတြင္းသာ လိုအပ္သည္ဟုဆိုသည္။
"ခက္တာက တာဝါတိုင္ ငါးတိုင္ေလာက္မွာ လုံၿခဳံေရးတစ္ဖြဲ႕ဆိုၿပီး ထားလို႔မရျပန္ဘူး ေလ။ ဒီေကာင္ေတြက ဘယ္အခ်ိန္လာခ်ိဳးမယ္မွ မသိႏိုင္တာ။ လုံၿခဳံေရးမယူဘဲ ဒီဘက္ကသြားျပင္ရင္လည္း ျပန္လာလို႔ေတာင္ အိမ္မေရာက္ေသးဘူး။ ဒီေကာင္ေတြကလာၿပီး ဖ်က္ဆီးၾကဦးမွာ"ဟု ၎က ေျပာသည္။
ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္သည္ လက္ရွိကာလ၌ စုစုေပါင္းအားျဖင့္ မဂၢါဝပ္(၂၀ဝဝ)ေက်ာ္သာလိုအပ္သည့္အတြက္ ႏိုင္ငံေတာ္အစိုးရအေနျဖင့္ မူဝါဒစနစ္တက်ေရးဆြဲ၍ လွ်ပ္စစ္မီးေပးျခင္းကို စီမံခန႔္ခြဲသင့္သည္ဟု ကြၽမ္းက်င္သူတို႔က ေထာက္ျပသည္။ အထူးသျဖင့္ လာမည့္သုံးလမွ ေျခာက္လအတြင္း LNG မွ မဂၢါဝပ္(၇၅၀)၊ ေ႐ႊလီႏွင့္ ေလာပိတမွ မဂၢါဝပ္(၆၀ဝ) တို႔ကိုသာ ရရွိခဲ့မည္ဆိုပါက ရွိရင္းစြဲ ထုတ္လုပ္မႈ မဂၢါဝပ္(၁၇၀ဝ)နီးပါးႏွင့္ေပါင္းစပ္လွ်င္ မဂၢါဝပ္(၃၁၀ဝ)နီးပါး ျပန္လည္ရရွိလာမည္လည္း ျဖစ္သည္။
ယင္းပမာဏသည္ လက္နက္ကိုင္တိုက္ပြဲမ်ား မရွိဘဲ တည္ၿငိမ္ေအးခ်မ္းေနေသာ အဓိက စီးပြားေရး ၿမိဳ႕ေတာ္၊ အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္မ်ားသို႔ လွ်ပ္စစ္မီးေပးရန္ လုံေလာက္မႈထက္ပို၍ ေက်ာ္လြန္ေနၿပီလည္း ျဖစ္သည္။ အျခားေသာ ဒုတိယတန္းစား၊ တတိယ တန္းစားၿမိဳ႕မ်ားအတြက္လည္း ပိုလွ်ံလွ်ပ္စစ္မ်ားထဲမွ စနစ္တက်ျပန္လည္ခြဲေဝျခင္းျဖင့္ လူထု၏စိတ္ေသာ ကကို ေျဖေဖ်ာက္ေပးရာေရာက္မည္လည္းျဖစ္သည္။
"လွ်ပ္စစ္မီးနဲ႔ ႏိုင္ငံေရး-စီးပြားေရးေပၚလစီကို တြက္ၾကည့္ေပါ့ဗ်ာ။ ေသခ်ာတြက္ခ်က္ၾကည့္ရင္ ေဒၚလာတစ္ဘီလ်ံသုံးလိုက္ရလည္း ႏိုင္ငံေရးအရ မရႈံးသလို စီးပြားေရးအရလည္း မရႈံးႏိုင္ပါဘူး။ လူထုလက္ခံမႈလည္း အတိုင္းအတာတစ္ခုအထိ ရႏိုင္တာေပါ့" ဟု လုပ္ငန္းရွင္က တြက္ခ်က္ျပသည္။ သုံးႏွစ္အတြင္း လွ်ပ္စစ္မီးပိုမိုရရွိေရးအစီအစဥ္ အတြက္လည္း ႐ုရွားထံမွ မဂၢါဝပ္(၃၀ဝ)ခန႔္ရွိေသာ န်ဴကလီးယားလွ်ပ္စစ္သေဘၤာ သုံးစင္းထက္မနည္းကို ရန္ကုန္ၿမိဳ႕ရွိ ဆိပ္ကမ္းမ်ားတြင္ကပ္၍ အသုံးျပဳေလ့လာႏိုင္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံထံမွလည္း သဘာဝ ဓာတ္ေငြ႕ျဖင့္ျဖစ္ေစ၊ ေက်ာက္မီးေသြးျဖစ္ေစ၊ အျခား ေသာ လွ်ပ္စစ္ထုတ္လုပ္မႈတစ္ခုခုျဖစ္ေစ စာခ်ဳပ္ခ်ဳပ္ဆို၍ လုပ္ငန္းေဖာ္ေဆာင္ထားသင့္ၿပီဟု ဆိုသည္။ ယင္းကဲ့သို႔ ေရတို(၆)လႏွင့္ ကာလလတ္(၃)ႏွစ္ အျဖစ္ အကုန္အက်ခံလုပ္ေဆာင္ေနစဥ္အတြင္း ဧရာဝတီျမစ္ေပၚ၌ ေရနိမ့္တမံ(၄)ခုမွ (၁၆)ခုအထိ တိုးခ်ဲ႕တည္ေဆာက္၍ လွ်ပ္စစ္မီးရရွိေရးကို ျပင္ဆင္ ေနသင့္သည္ဟု ဆိုသည္။ ျမန္မာႏိုင္ငံတြင္ (၂၀၃၀) အတြက္ လွ်ပ္စစ္မီးအမွန္တကယ္ လိုအပ္ခ်က္သည္ မဂၢါဝပ္ (၁၅၀ဝဝ)ျဖစ္ၿပီး ယင္းအတြက္ စက္တပ္ဆင္အား မဂၢါဝပ္(၃၀ဝဝဝ)အထိ ႀကိဳတင္ျပင္ဆင္ထားရန္ လိုအပ္ေနေၾကာင္းလည္း ကြၽမ္းက်င္သူတို႔က ေထာက္ျပေျပာၾကားသည္။