TNLA ထိန်းချုပ်ရာ ဒေသများတွင် ပလောင် ပထမ မူဝါဒကို ကျင့်သုံးနေသောကြောင့် ခွဲခြားဆက်ဆံခံရခြင်းများ ရှိလာနေ

 3832

သုတကျော် (NP News) - ဒီဇင်ဘာ ၅

TNLA ထိန်းချုပ်ရာ ဒေသများတွင် ပလောင် ပထမ မူဝါဒကို ကျင့်သုံးနေသောကြောင့် ခွဲခြားဆက်ဆံခံရခြင်းများရှိလာနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသခံတစ်ဦးက NP News သို့ ပြောသည်။

TNLA က ရှမ်းပြည်နယ်ရှိ ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ပလောင်စာပေကို ဘာသာရပ်တစ်ခုအ နေဖြင့် သင်ကြားရန်အတွက် စတင်လုပ်ဆောင်နေပြီး အရပ်ဘက်အုပ်ချုပ်ရေးပိုင်းတွင်လည်း ပလောင်များသာ နေရာရနေကြောင်းလည်း ၎င်းက ဆိုသည်။ TNLA ထိန်းချုပ်ရာ နယ်မြေများအားလုံးကို ခြုံကြည့်ပါက လူများစုမှာ ရှမ်းတိုင်းရင်းသားအပါအဝင် အခြားလူမျိုးများဖြစ်သည့်အတွက် ဒေသခံများက အတွင်းကြိတ် မကျေနပ်မှုများ ရှိနေခြင်းလည်း ဖြစ်သည်။

“အခုက သူတို့လူမျိုးမှ သူတို့လူမျိုး။ တန်းတူအခွင့်အရေးဆိုတာ လုံးဝမရှိတော့ဘူး။ သူတို့လူမျိုးပြီးမှ အရာရာ။ သူတို့လူမျိုးပြီးမှ ဆိုတာမျိုး”ဟု ရှမ်းတိုင်းရင်းသားလည်းဖြစ်သူ အထက်ပါသတင်းရင်းမြစ်က ပြောသည်။

အုပ်ချုပ်ရေးပိုင်းတွင် ရာထူးခန့်အပ်ရာတွင်လည်း ပလောင်လူမျိုးများကို ဦးစားပေးခန့်အပ်ပြီး ဒုတိယ ဦးစားပေးမှာ ၎င်းတို့ထံရောက်နေသော CDM များဖြစ်ကာ ပလောင်များကိုသာ ရာထူးခန့်အပ်မှုများနေကြောင်းလည်း ၎င်းက ဆိုသည်။

“ရွာတွေမှာ ဆိုင်းဘုတ်တွေက ပလောင်စာတွေ ဖြစ်ကုန်ပြီ။ ရှမ်းရွာတွေလည်း ပလောင်စာ ဆိုင်းဘုတ်တွေနဲ့ ဖြစ်ကုန်တယ်။ အကုန်လုံးရိုက်ချိုးပြီးတော့မှ ပလောင်စာတွေနဲ့ အစားထိုးတာ။ မြို့ပေါ်တွေတော့ မဖြစ်သေးဘူး။ ပလောင်စာ သင်တယ်ဆိုတာကလည်း ကျောင်းစာတွေမှာ တစ်ဘာသာ ထည့် သွင်းမယ်ပေါ့။ ကလေးတွေက ဘယ်လို လိုက်နိုင်မှာလဲ။ သူတို့က ကိုယ့်စာ လိုက်နိုင်ရင်တောင် ကိုယ်တွေက မလိုက်နိုင်ဘူး။ ဘာလို့ဆို သူတို့က ရှမ်းစကားတတ်တယ်လေ ရှမ်းက သူတို့စကား မတတ်ဘူး”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိ ပလောင်များ အုပ်ချုပ်နေခြင်းကို ဒေသခံများက မကြိုက်ကြကြောင်းလည်း ၎င်းက ဆိုသည်။

zawgyi version
TNLA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ပေလာင္ ပထမ မူဝါဒကို က်င့္သုံးေနေသာေၾကာင့္ ခြဲျခားဆက္ဆံခံရျခင္းမ်ား ရွိလာေန
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၅

TNLA ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ပေလာင္ ပထမ မူဝါဒကို က်င့္သုံးေနေသာေၾကာင့္ ခြဲျခားဆက္ဆံခံရျခင္းမ်ားရွိလာေနေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ေဒသခံတစ္ဦးက NP News သို႔ ေျပာသည္။

TNLA က ရွမ္းျပည္နယ္ရွိ ၎တို႔ထိန္းခ်ဳပ္ရာ ေဒသမ်ားတြင္ ပေလာင္စာေပကို ဘာသာရပ္တစ္ခုအ ေနျဖင့္ သင္ၾကားရန္အတြက္ စတင္လုပ္ေဆာင္ေနၿပီး အရပ္ဘက္အုပ္ခ်ဳပ္ေရးပိုင္းတြင္လည္း ပေလာင္မ်ားသာ ေနရာရေနေၾကာင္းလည္း ၎က ဆိုသည္။ TNLA ထိန္းခ်ဳပ္ရာ နယ္ေျမမ်ားအားလုံးကို ၿခဳံၾကည့္ပါက လူမ်ားစုမွာ ရွမ္းတိုင္းရင္းသားအပါအဝင္ အျခားလူမ်ိဳးမ်ားျဖစ္သည့္အတြက္ ေဒသခံမ်ားက အတြင္းႀကိတ္ မေက်နပ္မႈမ်ား ရွိေနျခင္းလည္း ျဖစ္သည္။

“အခုက သူတို႔လူမ်ိဳးမွ သူတို႔လူမ်ိဳး။ တန္းတူအခြင့္အေရးဆိုတာ လုံးဝမရွိေတာ့ဘူး။ သူတို႔လူမ်ိဳးၿပီးမွ အရာရာ။ သူတို႔လူမ်ိဳးၿပီးမွ ဆိုတာမ်ိဳး”ဟု ရွမ္းတိုင္းရင္းသားလည္းျဖစ္သူ အထက္ပါသတင္းရင္းျမစ္က ေျပာသည္။

အုပ္ခ်ဳပ္ေရးပိုင္းတြင္ ရာထူးခန႔္အပ္ရာတြင္လည္း ပေလာင္လူမ်ိဳးမ်ားကို ဦးစားေပးခန႔္အပ္ၿပီး ဒုတိယ ဦးစားေပးမွာ ၎တို႔ထံေရာက္ေနေသာ CDM မ်ားျဖစ္ကာ ပေလာင္မ်ားကိုသာ ရာထူးခန႔္အပ္မႈမ်ားေနေၾကာင္းလည္း ၎က ဆိုသည္။

“႐ြာေတြမွာ ဆိုင္းဘုတ္ေတြက ပေလာင္စာေတြ ျဖစ္ကုန္ၿပီ။ ရွမ္း႐ြာေတြလည္း ပေလာင္စာ ဆိုင္းဘုတ္ေတြနဲ႔ ျဖစ္ကုန္တယ္။ အကုန္လုံး႐ိုက္ခ်ိဳးၿပီးေတာ့မွ ပေလာင္စာေတြနဲ႔ အစားထိုးတာ။ ၿမိဳ႕ေပၚေတြေတာ့ မျဖစ္ေသးဘူး။ ပေလာင္စာ သင္တယ္ဆိုတာကလည္း ေက်ာင္းစာေတြမွာ တစ္ဘာသာ ထည့္ သြင္းမယ္ေပါ့။ ကေလးေတြက ဘယ္လို လိုက္ႏိုင္မွာလဲ။ သူတို႔က ကိုယ့္စာ လိုက္ႏိုင္ရင္ေတာင္ ကိုယ္ေတြက မလိုက္ႏိုင္ဘူး။ ဘာလို႔ဆို သူတို႔က ရွမ္းစကားတတ္တယ္ေလ ရွမ္းက သူတို႔စကား မတတ္ဘူး”ဟု ၎က ရွင္းျပသည္။

လက္ရွိ ပေလာင္မ်ား အုပ္ခ်ဳပ္ေနျခင္းကို ေဒသခံမ်ားက မႀကိဳက္ၾကေၾကာင္းလည္း ၎က ဆိုသည္။

Related news

© 2021. All rights reserved.