ခေတ်မီအခြေခံကျသည့် အနာဂတ် လူနေအိမ်ရာ စီမံကိန်းမဟာဗျူဟာ(၁၀)ချက် နှင့် ဝန်ကြီးဌာနများ ပူပေါင်းဆောင်ရွက်တတ်ခြင်း စွမ်းပကား

 896

လင်းမြတ် (NP News) - ဒီဇင်ဘာ ၆

အစိုးရများသည် နိုင်ငံ၏ လူနေအိမ်ရာများ ယင်းနှင့်စပ်ဆိုင်သော အနာဂတ် မဟာဗျူဟာများ ရေးဆွဲရာတွင် အခြေခံကျသော အောက်ပါအချက်များကို အလေးထား စီမံလျာထားခြင်းဖြင့် အနာဂတ် မျိုးဆက် လူနေမှုများအတွက် မလိုလားအပ်သည့် လိုအပ်ချက်ဆိုင်ရာပူပန်ရခြင်းနှင့်အတူ ထိုအချိန် ကာလတွင် တာဝန်ယူနေသည့်အစိုးရအတွက် အတိုင်းအတာတစ်ခုအထိ အထောက်အကူဖြစ်စေသည်။

၁။ ရေနှင့် လျှပ်စစ်မီးလိုအပ်ချက်နှင့် တန်ဖိုး (Water, Electricity Requirements and Affordability)
ရေရှည်ခံ အနာဂတ်အခြေပြုသော အခြေခံလို အပ်ချက်အထောက်အကူများ (Sustainable Supply)
- ရေ၊ လျှပ်စစ် (ဥပမာ- လျှပ်စစ်၊ (သုံးစွဲပြီးသော ရေ/အမှိုက်မှ ပြန်လည်အသုံးပြုနိုင်ခြင်း နည်းပညာဆိုင် ရာ ရင်းနှီးမြှုပ်နှံမှု) များအတွက် စနစ်တကျ အရင်းအမြစ်နှင့် လုပ်နိုင်စွမ်းဆိုင်ရာ အခင်းအကျင်းများကို (၁၀)စုနှစ်များကြာအောင် စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲအစီအစဉ်များချမှတ်ခြင်း။ အနာဂတ်အိမ်ရာ အတွက် လျှပ်စစ်ဓာတ်အားလို အပ်ချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အကြောင်းကြား အသိ ပေးပြီး ဖြစ်နိုင်ခြေကို တွက် ချက်အတည်ပြုစေခြင်း။

အခြေခံအဆောက်အအုံများဆိုင်ရာ အကောင် အထည်ဖော်မှု (Infrastructure Development)
-ရေနှင့် အညစ်အကြေးများဆိုင်ရာ အခြေခံလိုအပ်ချက်များကို မဟာဗျူဟာကျစွာတည်ဆောက်ခြင်း (ပိုက်လိုင်း မြောင်းများ သွယ်တန်းသွားလာမှုများအား နောင်အနာဂတ်စီမံကိန်များစွာအထိ လိုသလို ချိတ်ဆက်အသုံးပြုနိုင်ရန် စဉ်ဆက်မပြတ် အကောင်အထည်ဖော်ခြင်း။

အနာဂတ်နည်းပညာများ (Smart Grids and Future Technology) - ရေ၊ လျှပ်စစ်၊ အမှိုက်များ နှင့် ပတ်သက်သော (ထိန်းချုပ်) စီမံခန့်ခွဲမှုများကို အနာဂတ်တွင် လူသားအသုံးပြုမှုနှင့် ဝန်ဆောင်မှု ကုန်ကျစရိတ်လျှော့နိုင်ရန် နောင် (၁၀)စုနှစ်များစွာမှာ နိုင်ငံတော်အနေဖြင့် အသုံးပြုလာနိုင်ခြေရှိမည့် နည်းပညာများနှင့် ၎င်းနှင့်စပ်ဆိုင်သော အခြေခံ အ ဆောက်အအုံများကိုထည့်သွင်းတွက်ချက်စီမံကိန်း ရေးစွဲခြင်း။

တန်ဖိုးနည်းနှင့် ရရှိနိုင်မှု (Affordability and Access)- နေထိုင်သူများအားလုံးအတွက် အခြေခံ ရရှိနိုင်မှုများကို တွက်ချက်ရာတွင် နိုင်ငံ၏ (ဝင်ငွေနိမ့် အခြေခံလူတန်းစားများ) လက်လွှတ်ရမည့် လူနေမှု စီမံကိန်းမဖြစ်စေရန် အခြေခံလူတန်းစားများရဲ့ အနာဂတ် အနည်းဆုံးဝင်ငွေအပေါ်စံထားပြီး စီမံကိန်း များကို တွက်ချက်ရေးဆွဲရန်။

၂။ တရားဥပဒေစိုးမိုးခြင်းနှင့် လုံခြုံရေးဆိုင်ရာ စီမံချက် (Law Enforcement and Security) ရဲတပ်ဖွဲ့ဆိုင်ရာ လုံခြုံရေး အခြေခံအဆောက် အအုံများနှင့် ရဲအင်အားလိုအပ်ချက် (Police Infrastructure & Human Resources)- ရပ်ကွက်/မြို့နယ် အရွယ်အစား အကြီးအသေးပေါ် မူတည်ပြီး ရဲစခန်းများ တည်ဆောက်ခြင်း၊ မှုခင်း ဖြစ်ပေါ်စေနိုင်သော လူမှုပတ်ဝန်းကျင်ကို ကြိုတင် လေ့လာပြီး ပြည်သူ့လုံခြုံရေးအတွက် ပြင်ဆင်ခြင်း။ ထို့အတူ အနာဂတ်အိမ်ရာသစ်များစွာအတွက် လိုအပ်လာမည့် ရဲတပ်ဖွဲ့ဝင်သစ်များနှင့် ဝန်ထမ်းဆိုင်ရာ လစာရန်ပုံငွေများ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းစီမံကိန်း ဆွဲချိတ်ဆက် ဆောင်ရွက်ခြင်း။ (ဥပမာ- အိမ်ရာသစ်များစွာတိုးချဲ့တိုင်း သက်ဆိုင်ရာမြို့နယ်ခရိုင်မှ ရှိရင်းစွဲ ရဲတပ်ဖွဲ့ဝင် အင်အားကိုသာအသုံးပြုပြီး လက်ရှိအင်အားဖြင့်သာ ၎င်းတို့၏ စိုးမိုးမှုနယ်မြေကို တိုးချဲ့ လုံခြုံရေးဆောင် ရွက်မည်ဆိုလျှင် လူအင်အား နှင့် စိုးမိုးမှုနယ်မြေ အကျယ်အဝန်း မမျှတမှုကြောင့် ရဲတပ်ဖွဲ့ စွမ်းရည်ကျ ခြင်း၊ ဒုစရိုက်မှုများ တိုးပွားလာခြင်း၊ ဟန့်တားနိုင်မှု ကျဆင်းခြင်းမှသည် ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ထိခိုက်သည်အထိ သက်ရောက်လာနိုင်ခြင်း။)

လူထုအခြေပြု ရဲလုပ်ငန်းများ (Community Policing)
- လူထု ပူးပေါင်းပါဝင်နိုင်သော တရားဥပဒေစိုးမိုးသည့် လူမှုပတ်ဝန်းကျင်ဖြစ်လာစေရန် ကြိုတင်ကွင်း ဆင်းပြီး လူထုယုံကြည်မှုကို လက်တွေ့ မြှင့်တင်ခြင်း။

အဆင့်မြင့် လုံခြုံရေးနည်းပညာ (Surveillance & Technology) – CCTV, EM Door Lock Systems and AI စသည့် ခေတ်မီနည်းပညာများဖြင့် လုံခြုံရေးစောင့်ကြည့်နိုင်သည်အထိ ခေတ်မီအခြေ ခံနည်းပညာဆိုင်ရာစီမံချက်များ အဆင့်ဆင့်ထားရှိရန်။

လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် တရားဥပဒေစိုးမိုးရေး (Regulation & Enforcement) - ရပ်ရွာ လုံခြုံရေးဆိုင်ရာ စည်းကမ်းများ၊ အိမ်ရာလုံခြုံရေးဆိုင်ရာစည်းကမ်းများနှင့် လိုက်နာသင့်သော အချက်အလက်များကို အသေးစိတ်ပြုစုရေးသား အတည်ပြုခြင်း။

၃။ အဂတိလိုက်စားမှုဆိုင်ရာ ကြိုတင်တွက်ချက် ကာကွယ်ခြင်း (Anti-Corruption Measures)
ဆောက်လုပ်ရေးစီမံကိန်း လုပ်ငန်းတင်ဒါများ ပွင့် လင်းမြင်သာမှု (Transparency in Procurement) - နိုင်ငံပိုင် အိမ်ရာစီမံကိန်းများဖြစ်သည့်အတွက် အခြေခံအဆက်အအုံတင်ဒါများအားလုံး၏ ခွင့်ပြု တည် ဆောက်မှုအဆင့်ဆင့်တွင် ပွင့်လင်းမြင်သာမှုရှိစေရန်။

လွတ်လပ်သော စောင့်ကြည့်ကြားနေ စစ်ဆေးရေး (Independent Oversight)- လွတ်လပ်သည့် စောင့်ကြည့်ရေး အေဂျင်စီများကို လုပ်ငန်းနှင့် ဘဏ္ဍာရေး သုံးစွဲမှု အဆင့်ဆင့်တွင့် စောင့်ကြည့်တာဝန် ယူ စစ်ဆေးစေခြင်း။

ပွင့်လင်းမြင်သာသော ပြည်သူရှိခွင့် (Public Access to Information)- အစိုးရ၏ အိမ်ရာဖွံ့ဖြိုးမှု ဆိုင်ရာမူဝါဒများ၊ ထိုအိမ်ရာ ဆောက်လုပ်ရေးဆိုင်ရာကုမ္ပဏီများနှင့် သက်ဆိုင် သောဆုံးဖြတ်ချက်များ၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုများကို ပွင့်လင်းမြင်သာစွာ ပြည်သူများကို သိရှိနိုင်စေခြင်း။

ဝေဖန်ထောက်ပြခံရနိုင်မှုများကို ဆင်ခြင်ခြင်း (Whistleblower Protections)- အိမ်ရာစီမံကိန်းဆိုင်ရာ အဂတိလိုက်စားမှုများနှင့် လွဲမှားသော စီမံခန့်ခွဲမှုများကို စွပ်စွဲဝေဖန်ထောက်ပြခံ ရနိုင်ခြေများကို ဆင်ခြင်ချမှတ်လိုက်နာထိန်းသိမ်းခြင်း။ (ဥပမာ-အိမ်ရာစီမံကိန်းများဆိုင်ရာ ကြိုတင် သတင်းများမပေါက်ကြားစေရန် ထိန်းသိမ်းခြင်း၊ ဆောက်လုပ်ရေးတင်ဒါတာဝန်ပေးခံရသူများမှာ နိုင်ငံ အာဏာ တာဝန်ယူထားဆဲ နိုင်ငံရေးပါတီနှင့် သော်လည်းကောင်း၊ အစိုးရအဖွဲ့ (သို့) အိမ်ရာ စီမံကိန်းတွင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသောတာဝန်ရှိသူများ နှင့် သော်လည်းကောင်း မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ တော်စပ် သူများမဖြစ်စေရန်။ ငွေကြေး (သို့) အာဏာအခြေတည်သော မျက်နှာသာပေးမှု၊ လူမှုရေး (လိင်ကိစ္စ) အပါအဝင် ပတ်သက်မှုရှိထားသူများရှိနေဆဲသူများ မဖြစ်စေရန် အထူးရှောင်ကြစေခြင်းဖြင့် အပြစ်ပေး ထောက်ပြစရာများရှိလာပါက ကျောသားရင်သား မခွဲခြားဘဲအချိန်နဲ့ တစ်ပြေးညီ မဆိုင်းမတွ ပြတ်သား စွာဆုံးဖြတ်ချက်ချနိုင်ရန် ရည်ရွယ်ပါသည်။)

၄။ ပညာရေးနှင့် ကျောင်းများဆိုင်ရာ အခြေခံ အဆောက်အအုံများ (Education and School Facilities)ကျောင်းလိုအပ်ချက် (Schools Access)

- အိမ်ရာစီမံကိန်းအရွယ်အစား၊ အနာဂတ်လူဦးရေ အပေါ်မူတည်ပြီး လိုအပ်ချက်နှင့် အကွာအဝေးအရ အမှားမခံသော (မူလတန်းနှင့် အလယ်တန်းကျောင်းများ)ကို လိုအပ်ချက်ပေါ် မူတည်ဆောက်ရန်။
အဆင့်မီပညာရေး (Quality Education and Resources)

- ခေတ်မီသော ပညာရေးဆိုင်ရာ လိုအပ်ချက်များ စီမံတွက်ချက် တပ်ဆင်တာဝန်ပေးခြင်း။ (ဥပမာ- လုံလောက်သော ကျွမ်းကျင်ဆရာ/ဆရာမ အင်အားများခန့်ထားခြင်း၊ ခေတ်မီ သင်ထောက်ကူပစ္စည်း၊ နည်းပညာများ အသုံးပြုနိုင်ခြင်း။)

ပြင်ပ/ပုဂ္ဂလိက ပညာရေးနည်းပညာဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း (Quality Education and Resources)
- ပညာရေးဆိုင်ရာ အဆောက်အအုံနှင့်နည်းပညာများနှင့်ပတ်သက်လျှင် ခေတ်မီ ပြင်ပ/ပုဂလိက ပညာရေးနည်းပညာဝန်ဆောင်မှုများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း။

၅။ ကျန်းမာရေးဝန်ဆောင်မှု (ဆေးခန်းနှင့် ဆေးရုံများ) Healthcare (Clinics and Hospitals)
ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံ (Healthcare Infrastructure)
- နောင်နေထိုင်မည့် အိမ်ရာသစ်နေ ပြည်သူများအတွက် လုံလောက်သောဆေးခန်း၊ ဆေးရုံများကို ထည့်သွင်းတွက်ချက်တည်ဆောက်ခြင်း။

အရေးပေါ် သက်ကယ် ကျန်းမာရေးဝန်ဆောင်မှုများ (Emergency Medical Services)
- နေထိုင်သူအသစ်များအတွက်လုံလောက်သော အရေးပေါ် ကား ဝန်ဆောင်မှုနှင့် အရေးပေါ် အသက် ကယ် ကျန်းမာဝန်ဆောင်မှုများကို ထည့်သွင်းစီမံဆောင်ရွက်ခြင်းဖြင့် မူလရှိရင်းစွဲ ပြည်သူများနှင့် ဝန်ဆောင်မှုများ အားနည်းသွားနိုင်ခြေများကို ကြိုတင်တွက်ချက်စဉ်စားရန်။

ပြည်သူ့ကျန်းမာရေးအသိ မြှင့်တင်မှုနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ (Health Promotion and Preventive Care)
- ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ ဗဟုသုတနှင့် ပညာပေး/အသိပေးမှုဆိုင်ရာများကိုမြှင့်တင်ရန်နှင့် အနာဂတ်တွင် ဖြစ်လာနိုင်ခြေရှိသောရောဂါများကို ကာကွယ်နိုင်ရန် စီမံတွက်ချက် ဖွဲ့စည်းဆောင်ရွက် ခြင်း။

၆။အရေးပေါ်တုံ့ပြန်မှုနှင့် ဘေးဒုက္ခဆိုင်ရာ စီမံခန့်ခွဲမှု (Emergency Response and Disaster Management) ဘေးဒုက္ခဆိုင်ရာ တွက်ချက်သုံးသပ် ပြင်ဆင်မှုများ (Disaster Risk Assessment)
- အိမ်ရာတည်ရှိရာဒေသ၏ ပထဝီအနေအထား၊ ရာသီဥတုနှင့် ဖြစ်လာနိုင်ခြေရှိသော ဘေးဒုက္ခများ အတွက် ကြိုတင်တွက်ချက်ပြင်ဆင်ခြင်း။ (ဥပမာ- ရေးကြီးမှု၊ ငလျင်ဘေး၊ မုန်တိုင်းကျရောက်နိုင်ခြင်း နှင့် ယခင်ရာသီဥတု အစဉ်အလာ)။

အရေးပေါ်ခိုလှုံရန်အဆောက်အအုံများနှင့် ရှောင်ကွင်းလမ်းကြောင်းများ (Emergency Shelters and Evacuation Routes)
- အရေးပေါ်အခြေအနေများတွင် ရှောင်ကွင်းသွားလာနိုင်ရန် ထွက်ပေါက်၊ လမ်းကြောင်းများနှင့် ခိုလှုံရန် အဆောက်အအုံများကို ခန့်မှန်းလူဦးရေပေါ်မူတည်ပြီး ထည့်သွင်းတွက်ချက် တည်ဆောက်ရန်။
ရှေးဦးအရေးပေါ်တုံ့ပြန်မှု ကျွမ်းကျင်သူများနှင့် စဉ်ဆက်မပြတ် လေ့ကျင့်မှု (First Responders and Training)
- ဒေသအလိုက် ရှေးဦးအရေးပေါ် တုံ့ပြန်မှုဆိုင်ရာ ကျွမ်းကျင်သောအဖွဲအစည်းများနှင့် စဉ်ဆက်မပြတ် လေ့ကျင့်မှုများပြုလုပ်ပြီး လိုအပ်သော အရေးပေါ်ဆိုင်ရာ ကိရိယာများနှင့် နည်းပညာများ ဖြည့်ဆည်း ပေးရန်။

ကြိုတင် အချက်ပြသတိပေးခြင်းစနစ်များ (Early Warning Systems)
- မီးဘေးအပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးဆိုင်ရာ အန္တရာယ်များ၊ ရာသီဥတု အပြောင်း အလဲများ အပါအဝင်၊ လူမှုကျန်းမာရေးနှင့် ကူးစက်ရောဂါဆိုင်ရာများအတွက် မြန်ဆန်သော ကြိုတင် အချက်ပြစနစ်များ တည်ဆောက်ရန်။

၇။ လွယ်ကူသော သယ်ယူပို့ဆောင်ရေးနှင့် လမ်းကြောင်း ကွန်ရက် (Transportation and Accessibility) လမ်းကွန်ရက်နှင့် ချိတ်ဆက်မှုများ (Road Networks and Public Transit)
- နေထိုင်သူများမှ အဓိက မြို့ပြနေရာများ၊ ဆေးရုံ၊ ရုံးဌာနများ၊ ဘဏ် များ၊ လူမှုရေး၊ ဘာသာရေး အဆောက်အအုံစသည်တို့ဖြင့် ချိတ်နိုင်ရန် သယ်ယူပို့ဆောင်ရေး ကွန်ရက်စနစ် တည်ဆောက်ရန်။
လူလျှောက်လမ်းနှင့် စက်ဘီးလမ်းများ (Pedestrian and Cycling Infrastructure)
- လူထုကျန်းမာရေးအပြင် အဖိုးနည်းစွာလှုပ်ရှားသွားလာနိုင်ရန် ခိုင်ခံ့သပ်ရပ် အန္တရာယ်ကင်းသော လူ သွားပလက်ဖောင်း စင်္ကြံနှင့်စက်ဘီးလမ်းများ သီးခြားခေတ်မီစွာ တည်ဆောက်ရန်။
ပါကင်နှင့် မီးအချက်ပြစနစ်စီမံခန့်ခွဲခြင်း (Parking and Traffic Management)
- မီးပွိုင့် လမ်းဆုံများဆိုင်ရာ လမ်းမီးအချက်ပြစနစ်နှင့် ခေတ်မီယာဉ်၊ စက်ဘီး ရပ်နားရန် ပါကင်နေရာများကို တွက်ချက်တည်ဆောက်ရန်။

၈။ ရေရှည်တည်တံ့သော ခေတ်မီပတ်ဝန်းကျင် (Environmental Sustainability)
စိမ်းလန်းသော ဧရိယာများ (Green Spaces) - စိမ်းလန်းသော ပတ်ဝန်းကျင်များဖြစ်သော ခေတ်မီမြို့ပြ အင်္ဂါရပ်များဖြစ်သော ပန်းခြံ၊ ကစားကွင်း၊ အများအသုံးပြုနိုင်သော အဖိုးနည်းပြီး စီးပွား ရေးအရ ရေရှည်ရပ်တည်လည်ပတ်နိုင်သော စိတ် အပန်းဖြေစရာနေရာများတည်ဆောက်ခြင်း။ (ဥပမာ- အခပေး ရေကူးကန်၊ အားကစားခန်းမ၊ အခြားသော မိသားစု အပန်းဖြေမှု ဝန်ဆောင်မှုများ)။

အဆောက်အအုံများ စနစ်ကျစွာ လောင်စာစွမ်းအင်သုံးစွဲမှု (Energy-Efficient Buildings) - လောင်စာစွမ်းအင်းလျှော့ချ (သို့) စနစ်တကျ သုံးစွဲမှုအပါအဝင် ထိရောက်သော ပြည့်ဖြိုးမြဲစွမ်းအင် အစားထိုးသုံးစွဲမှုနှင့်အတူ ခေတ်နှင့်အညီ စိမ်းလန်း ကြာရှည်ခံသော သဘာဝစွမ်းအင်စနစ်များကို မျှတ စွာ သုံးစွဲသောအနစ်များထည့်သွင်းတည်ဆောက်ရန်။

အမှိုက်စီမံခန့်ခွဲမှု (Waste Management) နဲ့ စွန့်ပစ်အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်စေ ရန်ကို အသိပညာပေးခြင်း၊ ပြန်လည်အသုံးပြုနိုင်သော အမှိုက်စနစ်နှင့် သန့်ရှင်းသော ပတ်ဝန်းကျင် ဖြစ်စေရန် ထိန်းသိမ်းကြပ်မတ်ခြင်း လူနေမှုစနစ်ထူထောင်ရန်။

၉။ လူမှု/စီးပွားရေး ဆက်နွှယ်သောလူနေမှု (Social and Economic Integration)ဈေးနှုန်း သင့်လျော်သောအိမ်ရာ (Affordable Housing)- ခေတ်စားနေသည့် ဝင်ငွေအလိုက် လူတန်းစားအစုံ နေနိုင်သော အစိုးရ အိမ်ရာစနစ်ဖြစ် စေရန်၊ (ဥပမာ- တန်းဖိုးနည်း၊ အလယ်အလတ်တန်းနှင့် အဆင့်မြင့် အိမ်ရာများ)

အလုပ်အကိုင်ဖန်တီးခြင်းနှင့် စီးပွားရေးအခွင့်အလမ်း (Job Creation and Economic Opportunities)- အိမ်ရာသစ်အားဖြင့် ပတ်ဝန်းကျင်နေ ပြည်သူများကို အလုပ်အကိုင်အခွင့်အလမ်း သစ်နှင့် စွန့်ဦးလုပ်ငန်းသစ်များ ထိုးဖောက်တိုးတက်လာစေရန်ဆောင်ရွက်ခြင်းဖြင့် ပြည်သူများကို အိမ်ရာစီမံကိန်းသစ်များအပေါ် ရေရှည်အကျိုးအပေါ် မြော်မြင်တွေးဆတတ်စေရန် ယုံကြည်မှုကောင်း တည်ဆောက်ခြင်း။

လူနေမှုအသိုင်းအဝိုင်းဖွံ့ဖြိုးတိုက်တက်စေရေး (Community Development)
- လူနေမှု အဆင့်အတန်းနှင့် ယုံကြည် စည်လုံးညီညွှတ်မှု အစဉ်ဖွံ့ဖြိုးတိုးတက်စေရန် အိမ်ရာစီမံခန့်ခွဲ ရေးနှင့်လူမှုဆက်ဆံရေးစင်တာ၊ မတူညီသော ယဉ်ကျေးမှု နှီးနှောဖလှယ်သော အထိမ်းအမှတ်၊ အစား အစာနှင့် ရိုးရာပွဲဆင်နွှဲမှုများ၊ လူမှုရေးဆိုင်ရာ လုပ်အားပေးကူညီရေးအဖွဲ့ စနစ်များထူထောင်ရန်။

၁၀။ ဥပဒေကြမ်းနှင့် ပိုင်ဆိုင်ခွင့် (Legal Frame work and Property Rights)
ပိုင်ဆိုင်ခွင့်ဆိုင်ရာရှင်းလင်းမှု (Clear Property Titles)
- နေထိုင်သူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် စိတ်ချရသော ပိုင်ဆိုင်ခွင့် အထောက်အထားလက်မှတ်များ ရရှိအောင်ဆောင်ရွက်ပေးခြင်းဖြင့် အနာဂတ် မြေရာ အိုးအိမ်ဆိုင်ရာအရှုပ်အရှင်းများကို တစ်ပါတည်း ကာကွယ်ပြီးသားဖြစ်စေခြင်း။
မြေရာသုံးစွဲခြင်း ဥပဒေ (Land Use and Laws)
- စီမံကိန်းမြေနေရာရွေးချယ်ရာတွင် နိုင်ငံအခြေခံဥပဒေအပြင် တည်ဆဲဥပဒေများကို လိုက်နာသည့် အပြင် နောင်လာမည့်အစိုးရများတိုင်အောင် လက်ခံနိုင်သော ခေတ်နှင့် လိုက်လျောညီထွေရှိပြီး နောင် လာမည့် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် အံဝင်ခွင်ကျ ဖြစ်စေသော ဥပဒေနှင့်ညီသည့် နေရာဖြစ်စေရန်။
အထက်ဖော်ပြပါ မဟာဗျူဟာ (၁၀)ချက်နှင့် အသေးစိတ်အချက်ငယ်များကိုလေ့လာကြည့်ပါက အနာ ဂတ်မှာ ခေတ်မီသောအိမ်ရာစီမံကိန်းတစ်ခုဖြစ်စေရန် အစိုးရဝန်ကြီးဌာနများ၊ ဌာနငယ်များ၊ အဖွဲ့ အ စည်းများ၊ အေဂျင်စီများ တစ်ခုချင်းစီ၏ အရေးပါသော အခန်းကဏ္ဍများမှသည် အချိန်နှင့် တစ်ပြေး ညီ စုပေါင်းဆုံးဖြတ်ချက်ချ ပူးပေါင်းဆောင်ရွက်ရသည်ကို တွေ့ရှိလေ့လာရသည်။ ဝန်ကြီးဌာနများ ပူးပေါင်း လုပ်ဆောင်ရေးအဖွဲ့ (Multi Ministry Task Force - MMTF) များ၏ စွမ်းပကားသည် ခေတ်မီအစိုးများ၏ မည်သည့် စီမံကိန်း(သို့မဟုတ်)ရည်မှန်းချက်များကိုမဆို အချိန်နှင့်တစ်ပြေးညီ ထူးခြားစွာ အောင်မြင်စေ လေ့ရှိကြပြီး ရေရှည်မှာ ကျရှုံးခဲ့ကြရသော အစိုးရစီမံကိန်းများနှင့် မူဝါဒ အကောင်အထည်ဖော်မှုများ၏ အဓိကသော့ချက်မှာ ဝန်ကြီးဌာနများ ပူးပေါင်းလုပ်ဆောင်ရေးအဖွဲ့ (Multi Ministry Task Force - MMTF) များ အားနည်းခြင်း ကြောင့်သော်လည်းကောင်း၊ MMTF များ၏ကဏ္ဍနှင့် ၎င်းတို့အား ပေါင်းစပ် ညှိနှိုင်း အသုံးပြုရမည်ကိုပင် မသိကြသောကြောင့်ဖြစ်ပါသည်။

zawgyi version
ေခတ္မီအေျခခံက်သည့္ အနာဂတ္ လူေနအိမ္ရာ စီမံကိန္း မဟာဗ်ဴဟာ(၁၀)ခ်က္ ႏွင့္ ဝန္ႀကီးဌာနမ်ား ပူေပါင္းေဆာင္႐ြက္တတ္ျခင္း စြမ္းပကား
လင္းျမတ္ (NP News) - ဒီဇင္ဘာ ၆

အစိုးရမ်ားသည္ ႏိုင္ငံ၏ လူေနအိမ္ရာမ်ား ယင္းႏွင့္စပ္ဆိုင္ေသာ အနာဂတ္ မဟာဗ်ဴဟာမ်ား ေရးဆြဲရာတြင္ အေျခခံက်ေသာ ေအာက္ပါအခ်က္မ်ားကို အေလးထား စီမံလ်ာထားျခင္းျဖင့္ အနာဂတ္ မ်ိဳးဆက္ လူေနမႈမ်ားအတြက္ မလိုလားအပ္သည့္ လိုအပ္ခ်က္ဆိုင္ရာပူပန္ရျခင္းႏွင့္အတူ ထိုအခ်ိန္ ကာလတြင္ တာဝန္ယူေနသည့္အစိုးရအတြက္ အတိုင္းအတာတစ္ခုအထိ အေထာက္အကူျဖစ္ေစသည္။

၁။ ေရႏွင့္ လွ်ပ္စစ္မီးလိုအပ္ခ်က္ႏွင့္ တန္ဖိုး (Water, Electricity Requirements and Affordability)
ေရရွည္ခံ အနာဂတ္အေျချပဳေသာ အေျခခံလို အပ္ခ်က္အေထာက္အကူမ်ား (Sustainable Supply)
- ေရ၊ လွ်ပ္စစ္ (ဥပမာ- လွ်ပ္စစ္၊ (သုံးစြဲၿပီးေသာ ေရ/အမႈိက္မွ ျပန္လည္အသုံးျပဳႏိုင္ျခင္း နည္းပညာဆိုင္ ရာ ရင္းႏွီးျမႇဳပ္ႏွံမႈ) မ်ားအတြက္ စနစ္တက် အရင္းအျမစ္ႏွင့္ လုပ္ႏိုင္စြမ္းဆိုင္ရာ အခင္းအက်င္းမ်ားကို (၁၀)စုႏွစ္မ်ားၾကာေအာင္ စဥ္ဆက္မျပတ္ ျပဳျပင္ေျပာင္းလဲအစီအစဥ္မ်ားခ်မွတ္ျခင္း။ အနာဂတ္အိမ္ရာ အတြက္ လွ်ပ္စစ္ဓာတ္အားလို အပ္ခ်က္မ်ားကို သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားသို႔ အေၾကာင္းၾကား အသိ ေပးၿပီး ျဖစ္ႏိုင္ေျခကို တြက္ ခ်က္အတည္ျပဳေစျခင္း။

အေျခခံအေဆာက္အအုံမ်ားဆိုင္ရာ အေကာင္ အထည္ေဖာ္မႈ (Infrastructure Development)
-ေရႏွင့္ အညစ္အေၾကးမ်ားဆိုင္ရာ အေျခခံလိုအပ္ခ်က္မ်ားကို မဟာဗ်ဴဟာက်စြာတည္ေဆာက္ျခင္း (ပိုက္လိုင္း ေျမာင္းမ်ား သြယ္တန္းသြားလာမႈမ်ားအား ေနာင္အနာဂတ္စီမံကိန္မ်ားစြာအထိ လိုသလို ခ်ိတ္ဆက္အသုံးျပဳႏိုင္ရန္ စဥ္ဆက္မျပတ္ အေကာင္အထည္ေဖာ္ျခင္း။

အနာဂတ္နည္းပညာမ်ား (Smart Grids and Future Technology) - ေရ၊ လွ်ပ္စစ္၊ အမႈိက္မ်ား ႏွင့္ ပတ္သက္ေသာ (ထိန္းခ်ဳပ္) စီမံခန႔္ခြဲမႈမ်ားကို အနာဂတ္တြင္ လူသားအသုံးျပဳမႈႏွင့္ ဝန္ေဆာင္မႈ ကုန္က်စရိတ္ေလွ်ာ့ႏိုင္ရန္ ေနာင္ (၁၀)စုႏွစ္မ်ားစြာမွာ ႏိုင္ငံေတာ္အေနျဖင့္ အသုံးျပဳလာႏိုင္ေျခရွိမည့္ နည္းပညာမ်ားႏွင့္ ၎ႏွင့္စပ္ဆိုင္ေသာ အေျခခံ အ ေဆာက္အအုံမ်ားကိုထည့္သြင္းတြက္ခ်က္စီမံကိန္း ေရးစြဲျခင္း။

တန္ဖိုးနည္းႏွင့္ ရရွိႏိုင္မႈ (Affordability and Access)- ေနထိုင္သူမ်ားအားလုံးအတြက္ အေျခခံ ရရွိႏိုင္မႈမ်ားကို တြက္ခ်က္ရာတြင္ ႏိုင္ငံ၏ (ဝင္ေငြနိမ့္ အေျခခံလူတန္းစားမ်ား) လက္လႊတ္ရမည့္ လူေနမႈ စီမံကိန္းမျဖစ္ေစရန္ အေျခခံလူတန္းစားမ်ားရဲ႕ အနာဂတ္ အနည္းဆုံးဝင္ေငြအေပၚစံထားၿပီး စီမံကိန္း မ်ားကို တြက္ခ်က္ေရးဆြဲရန္။

၂။ တရားဥပေဒစိုးမိုးျခင္းႏွင့္ လုံၿခဳံေရးဆိုင္ရာ စီမံခ်က္ (Law Enforcement and Security) ရဲတပ္ဖြဲ႕ဆိုင္ရာ လုံၿခဳံေရး အေျခခံအေဆာက္ အအုံမ်ားႏွင့္ ရဲအင္အားလိုအပ္ခ်က္ (Police Infrastructure & Human Resources)- ရပ္ကြက္/ၿမိဳ႕နယ္ အ႐ြယ္အစား အႀကီးအေသးေပၚ မူတည္ၿပီး ရဲစခန္းမ်ား တည္ေဆာက္ျခင္း၊ မႈခင္း ျဖစ္ေပၚေစႏိုင္ေသာ လူမႈပတ္ဝန္းက်င္ကို ႀကိဳတင္ ေလ့လာၿပီး ျပည္သူ႔လုံၿခဳံေရးအတြက္ ျပင္ဆင္ျခင္း။ ထို႔အတူ အနာဂတ္အိမ္ရာသစ္မ်ားစြာအတြက္ လိုအပ္လာမည့္ ရဲတပ္ဖြဲ႕ဝင္သစ္မ်ားႏွင့္ ဝန္ထမ္းဆိုင္ရာ လစာရန္ပုံေငြမ်ား ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းစီမံကိန္း ဆြဲခ်ိတ္ဆက္ ေဆာင္႐ြက္ျခင္း။ (ဥပမာ- အိမ္ရာသစ္မ်ားစြာတိုးခ်ဲ႕တိုင္း သက္ဆိုင္ရာၿမိဳ႕နယ္ခ႐ိုင္မွ ရွိရင္းစြဲ ရဲတပ္ဖြဲ႕ဝင္ အင္အားကိုသာအသုံးျပဳၿပီး လက္ရွိအင္အားျဖင့္သာ ၎တို႔၏ စိုးမိုးမႈနယ္ေျမကို တိုးခ်ဲ႕ လုံၿခဳံေရးေဆာင္ ႐ြက္မည္ဆိုလွ်င္ လူအင္အား ႏွင့္ စိုးမိုးမႈနယ္ေျမ အက်ယ္အဝန္း မမွ်တမႈေၾကာင့္ ရဲတပ္ဖြဲ႕ စြမ္းရည္က် ျခင္း၊ ဒုစ႐ိုက္မႈမ်ား တိုးပြားလာျခင္း၊ ဟန႔္တားႏိုင္မႈ က်ဆင္းျခင္းမွသည္ ျပည္သူ႔အသက္အိုးအိမ္ စည္းစိမ္ထိခိုက္သည္အထိ သက္ေရာက္လာႏိုင္ျခင္း။)

လူထုအေျချပဳ ရဲလုပ္ငန္းမ်ား (Community Policing)
- လူထု ပူးေပါင္းပါဝင္ႏိုင္ေသာ တရားဥပေဒစိုးမိုးသည့္ လူမႈပတ္ဝန္းက်င္ျဖစ္လာေစရန္ ႀကိဳတင္ကြင္း ဆင္းၿပီး လူထုယုံၾကည္မႈကို လက္ေတြ႕ ျမႇင့္တင္ျခင္း။

အဆင့္ျမင့္ လုံၿခဳံေရးနည္းပညာ (Surveillance & Technology) – CCTV, EM Door Lock Systems and AI စသည့္ ေခတ္မီနည္းပညာမ်ားျဖင့္ လုံၿခဳံေရးေစာင့္ၾကည့္ႏိုင္သည္အထိ ေခတ္မီအေျခ ခံနည္းပညာဆိုင္ရာစီမံခ်က္မ်ား အဆင့္ဆင့္ထားရွိရန္။

လုံၿခဳံေရးဆိုင္ရာ ေဆာင္႐ြက္မႈမ်ားႏွင့္ တရားဥပေဒစိုးမိုးေရး (Regulation & Enforcement) - ရပ္႐ြာ လုံၿခဳံေရးဆိုင္ရာ စည္းကမ္းမ်ား၊ အိမ္ရာလုံၿခဳံေရးဆိုင္ရာစည္းကမ္းမ်ားႏွင့္ လိုက္နာသင့္ေသာ အခ်က္အလက္မ်ားကို အေသးစိတ္ျပဳစုေရးသား အတည္ျပဳျခင္း။

၃။ အဂတိလိုက္စားမႈဆိုင္ရာ ႀကိဳတင္တြက္ခ်က္ ကာကြယ္ျခင္း (Anti-Corruption Measures)
ေဆာက္လုပ္ေရးစီမံကိန္း လုပ္ငန္းတင္ဒါမ်ား ပြင့္ လင္းျမင္သာမႈ (Transparency in Procurement) - ႏိုင္ငံပိုင္ အိမ္ရာစီမံကိန္းမ်ားျဖစ္သည့္အတြက္ အေျခခံအဆက္အအုံတင္ဒါမ်ားအားလုံး၏ ခြင့္ျပဳ တည္ ေဆာက္မႈအဆင့္ဆင့္တြင္ ပြင့္လင္းျမင္သာမႈရွိေစရန္။

လြတ္လပ္ေသာ ေစာင့္ၾကည့္ၾကားေန စစ္ေဆးေရး (Independent Oversight)- လြတ္လပ္သည့္ ေစာင့္ၾကည့္ေရး ေအဂ်င္စီမ်ားကို လုပ္ငန္းႏွင့္ ဘ႑ာေရး သုံးစြဲမႈ အဆင့္ဆင့္တြင့္ ေစာင့္ၾကည့္တာဝန္ ယူ စစ္ေဆးေစျခင္း။

ပြင့္လင္းျမင္သာေသာ ျပည္သူရွိခြင့္ (Public Access to Information)- အစိုးရ၏ အိမ္ရာဖြံ႕ၿဖိဳးမႈ ဆိုင္ရာမူဝါဒမ်ား၊ ထိုအိမ္ရာ ေဆာက္လုပ္ေရးဆိုင္ရာကုမၸဏီမ်ားႏွင့္ သက္ဆိုင္ ေသာဆုံးျဖတ္ခ်က္မ်ား၊ ဘ႑ာေရး စီမံခန႔္ခြဲမႈမ်ားကို ပြင့္လင္းျမင္သာစြာ ျပည္သူမ်ားကို သိရွိႏိုင္ေစျခင္း။

ေဝဖန္ေထာက္ျပခံရႏိုင္မႈမ်ားကို ဆင္ျခင္ျခင္း (Whistleblower Protections)- အိမ္ရာစီမံကိန္းဆိုင္ရာ အဂတိလိုက္စားမႈမ်ားႏွင့္ လြဲမွားေသာ စီမံခန႔္ခြဲမႈမ်ားကို စြပ္စြဲေဝဖန္ေထာက္ျပခံ ရႏိုင္ေျခမ်ားကို ဆင္ျခင္ခ်မွတ္လိုက္နာထိန္းသိမ္းျခင္း။ (ဥပမာ-အိမ္ရာစီမံကိန္းမ်ားဆိုင္ရာ ႀကိဳတင္ သတင္းမ်ားမေပါက္ၾကားေစရန္ ထိန္းသိမ္းျခင္း၊ ေဆာက္လုပ္ေရးတင္ဒါတာဝန္ေပးခံရသူမ်ားမွာ ႏိုင္ငံ အာဏာ တာဝန္ယူထားဆဲ ႏိုင္ငံေရးပါတီႏွင့္ ေသာ္လည္းေကာင္း၊ အစိုးရအဖြဲ႕ (သို႔) အိမ္ရာ စီမံကိန္းတြင့္ ဆုံးျဖတ္ပိုင္ခြင့္ရွိေသာတာဝန္ရွိသူမ်ား ႏွင့္ ေသာ္လည္းေကာင္း မိသားစု၊ ေဆြမ်ိဳး၊ မိတ္ေဆြ ေတာ္စပ္ သူမ်ားမျဖစ္ေစရန္။ ေငြေၾကး (သို႔) အာဏာအေျခတည္ေသာ မ်က္ႏွာသာေပးမႈ၊ လူမႈေရး (လိင္ကိစၥ) အပါအဝင္ ပတ္သက္မႈရွိထားသူမ်ားရွိေနဆဲသူမ်ား မျဖစ္ေစရန္ အထူးေရွာင္ၾကေစျခင္းျဖင့္ အျပစ္ေပး ေထာက္ျပစရာမ်ားရွိလာပါက ေက်ာသားရင္သား မခြဲျခားဘဲအခ်ိန္နဲ႔ တစ္ေျပးညီ မဆိုင္းမတြ ျပတ္သား စြာဆုံးျဖတ္ခ်က္ခ်ႏိုင္ရန္ ရည္႐ြယ္ပါသည္။)

၄။ ပညာေရးႏွင့္ ေက်ာင္းမ်ားဆိုင္ရာ အေျခခံ အေဆာက္အအုံမ်ား (Education and School Facilities)ေက်ာင္းလိုအပ္ခ်က္ (Schools Access)

- အိမ္ရာစီမံကိန္းအ႐ြယ္အစား၊ အနာဂတ္လူဦးေရ အေပၚမူတည္ၿပီး လိုအပ္ခ်က္ႏွင့္ အကြာအေဝးအရ အမွားမခံေသာ (မူလတန္းႏွင့္ အလယ္တန္းေက်ာင္းမ်ား)ကို လိုအပ္ခ်က္ေပၚ မူတည္ေဆာက္ရန္။
အဆင့္မီပညာေရး (Quality Education and Resources)

- ေခတ္မီေသာ ပညာေရးဆိုင္ရာ လိုအပ္ခ်က္မ်ား စီမံတြက္ခ်က္ တပ္ဆင္တာဝန္ေပးျခင္း။ (ဥပမာ- လုံေလာက္ေသာ ကြၽမ္းက်င္ဆရာ/ဆရာမ အင္အားမ်ားခန႔္ထားျခင္း၊ ေခတ္မီ သင္ေထာက္ကူပစၥည္း၊ နည္းပညာမ်ား အသုံးျပဳႏိုင္ျခင္း။)

ျပင္ပ/ပုဂၢလိက ပညာေရးနည္းပညာဝန္ေဆာင္မႈမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္း (Quality Education and Resources)
- ပညာေရးဆိုင္ရာ အေဆာက္အအုံႏွင့္နည္းပညာမ်ားႏွင့္ပတ္သက္လွ်င္ ေခတ္မီ ျပင္ပ/ပုဂလိက ပညာေရးနည္းပညာဝန္ေဆာင္မႈမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ျခင္း။

၅။ က်န္းမာေရးဝန္ေဆာင္မႈ (ေဆးခန္းႏွင့္ ေဆး႐ုံမ်ား) Healthcare (Clinics and Hospitals)
က်န္းမာေရးေစာင့္ေရွာက္မႈ အေျခခံအေဆာက္အအုံ (Healthcare Infrastructure)
- ေနာင္ေနထိုင္မည့္ အိမ္ရာသစ္ေန ျပည္သူမ်ားအတြက္ လုံေလာက္ေသာေဆးခန္း၊ ေဆး႐ုံမ်ားကို ထည့္သြင္းတြက္ခ်က္တည္ေဆာက္ျခင္း။

အေရးေပၚ သက္ကယ္ က်န္းမာေရးဝန္ေဆာင္မႈမ်ား (Emergency Medical Services)
- ေနထိုင္သူအသစ္မ်ားအတြက္လုံေလာက္ေသာ အေရးေပၚ ကား ဝန္ေဆာင္မႈႏွင့္ အေရးေပၚ အသက္ ကယ္ က်န္းမာဝန္ေဆာင္မႈမ်ားကို ထည့္သြင္းစီမံေဆာင္႐ြက္ျခင္းျဖင့္ မူလရွိရင္းစြဲ ျပည္သူမ်ားႏွင့္ ဝန္ေဆာင္မႈမ်ား အားနည္းသြားႏိုင္ေျခမ်ားကို ႀကိဳတင္တြက္ခ်က္စဥ္စားရန္။

ျပည္သူ႔က်န္းမာေရးအသိ ျမႇင့္တင္မႈႏွင့္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား (Health Promotion and Preventive Care)
- ျပည္သူမ်ား၏ က်န္းမာေရးဆိုင္ရာ ဗဟုသုတႏွင့္ ပညာေပး/အသိေပးမႈဆိုင္ရာမ်ားကိုျမႇင့္တင္ရန္ႏွင့္ အနာဂတ္တြင္ ျဖစ္လာႏိုင္ေျခရွိေသာေရာဂါမ်ားကို ကာကြယ္ႏိုင္ရန္ စီမံတြက္ခ်က္ ဖြဲ႕စည္းေဆာင္႐ြက္ ျခင္း။

၆။အေရးေပၚတုံ႔ျပန္မႈႏွင့္ ေဘးဒုကၡဆိုင္ရာ စီမံခန႔္ခြဲမႈ (Emergency Response and Disaster Management) ေဘးဒုကၡဆိုင္ရာ တြက္ခ်က္သုံးသပ္ ျပင္ဆင္မႈမ်ား (Disaster Risk Assessment)
- အိမ္ရာတည္ရွိရာေဒသ၏ ပထဝီအေနအထား၊ ရာသီဥတုႏွင့္ ျဖစ္လာႏိုင္ေျခရွိေသာ ေဘးဒုကၡမ်ား အတြက္ ႀကိဳတင္တြက္ခ်က္ျပင္ဆင္ျခင္း။ (ဥပမာ- ေရးႀကီးမႈ၊ ငလ်င္ေဘး၊ မုန္တိုင္းက်ေရာက္ႏိုင္ျခင္း ႏွင့္ ယခင္ရာသီဥတု အစဥ္အလာ)။

အေရးေပၚခိုလႈံရန္အေဆာက္အအုံမ်ားႏွင့္ ေရွာင္ကြင္းလမ္းေၾကာင္းမ်ား (Emergency Shelters and Evacuation Routes)
- အေရးေပၚအေျခအေနမ်ားတြင္ ေရွာင္ကြင္းသြားလာႏိုင္ရန္ ထြက္ေပါက္၊ လမ္းေၾကာင္းမ်ားႏွင့္ ခိုလႈံရန္ အေဆာက္အအုံမ်ားကို ခန႔္မွန္းလူဦးေရေပၚမူတည္ၿပီး ထည့္သြင္းတြက္ခ်က္ တည္ေဆာက္ရန္။
ေရွးဦးအေရးေပၚတုံ႔ျပန္မႈ ကြၽမ္းက်င္သူမ်ားႏွင့္ စဥ္ဆက္မျပတ္ ေလ့က်င့္မႈ (First Responders and Training)
- ေဒသအလိုက္ ေရွးဦးအေရးေပၚ တုံ႔ျပန္မႈဆိုင္ရာ ကြၽမ္းက်င္ေသာအဖြဲအစည္းမ်ားႏွင့္ စဥ္ဆက္မျပတ္ ေလ့က်င့္မႈမ်ားျပဳလုပ္ၿပီး လိုအပ္ေသာ အေရးေပၚဆိုင္ရာ ကိရိယာမ်ားႏွင့္ နည္းပညာမ်ား ျဖည့္ဆည္း ေပးရန္။

ႀကိဳတင္ အခ်က္ျပသတိေပးျခင္းစနစ္မ်ား (Early Warning Systems)
- မီးေဘးအပါအဝင္ သဘာဝပတ္ဝန္းက်င္ႏွင့္ သဘာဝေဘးဆိုင္ရာ အႏၲရာယ္မ်ား၊ ရာသီဥတု အေျပာင္း အလဲမ်ား အပါအဝင္၊ လူမႈက်န္းမာေရးႏွင့္ ကူးစက္ေရာဂါဆိုင္ရာမ်ားအတြက္ ျမန္ဆန္ေသာ ႀကိဳတင္ အခ်က္ျပစနစ္မ်ား တည္ေဆာက္ရန္။

၇။ လြယ္ကူေသာ သယ္ယူပို႔ေဆာင္ေရးႏွင့္ လမ္းေၾကာင္း ကြန္ရက္ (Transportation and Accessibility) လမ္းကြန္ရက္ႏွင့္ ခ်ိတ္ဆက္မႈမ်ား (Road Networks and Public Transit)
- ေနထိုင္သူမ်ားမွ အဓိက ၿမိဳ႕ျပေနရာမ်ား၊ ေဆး႐ုံ၊ ႐ုံးဌာနမ်ား၊ ဘဏ္ မ်ား၊ လူမႈေရး၊ ဘာသာေရး အေဆာက္အအုံစသည္တို႔ျဖင့္ ခ်ိတ္ႏိုင္ရန္ သယ္ယူပို႔ေဆာင္ေရး ကြန္ရက္စနစ္ တည္ေဆာက္ရန္။
လူေလွ်ာက္လမ္းႏွင့္ စက္ဘီးလမ္းမ်ား (Pedestrian and Cycling Infrastructure)
- လူထုက်န္းမာေရးအျပင္ အဖိုးနည္းစြာလႈပ္ရွားသြားလာႏိုင္ရန္ ခိုင္ခံ့သပ္ရပ္ အႏၲရာယ္ကင္းေသာ လူ သြားပလက္ေဖာင္း စႀကႍႏွင့္စက္ဘီးလမ္းမ်ား သီးျခားေခတ္မီစြာ တည္ေဆာက္ရန္။
ပါကင္ႏွင့္ မီးအခ်က္ျပစနစ္စီမံခန႔္ခြဲျခင္း (Parking and Traffic Management)
- မီးပြိဳင့္ လမ္းဆုံမ်ားဆိုင္ရာ လမ္းမီးအခ်က္ျပစနစ္ႏွင့္ ေခတ္မီယာဥ္၊ စက္ဘီး ရပ္နားရန္ ပါကင္ေနရာမ်ားကို တြက္ခ်က္တည္ေဆာက္ရန္။

၈။ ေရရွည္တည္တံ့ေသာ ေခတ္မီပတ္ဝန္းက်င္ (Environmental Sustainability)
စိမ္းလန္းေသာ ဧရိယာမ်ား (Green Spaces) - စိမ္းလန္းေသာ ပတ္ဝန္းက်င္မ်ားျဖစ္ေသာ ေခတ္မီၿမိဳ႕ျပ အဂၤါရပ္မ်ားျဖစ္ေသာ ပန္းၿခံ၊ ကစားကြင္း၊ အမ်ားအသုံးျပဳႏိုင္ေသာ အဖိုးနည္းၿပီး စီးပြား ေရးအရ ေရရွည္ရပ္တည္လည္ပတ္ႏိုင္ေသာ စိတ္ အပန္းေျဖစရာေနရာမ်ားတည္ေဆာက္ျခင္း။ (ဥပမာ- အခေပး ေရကူးကန္၊ အားကစားခန္းမ၊ အျခားေသာ မိသားစု အပန္းေျဖမႈ ဝန္ေဆာင္မႈမ်ား)။

အေဆာက္အအုံမ်ား စနစ္က်စြာ ေလာင္စာစြမ္းအင္သုံးစြဲမႈ (Energy-Efficient Buildings) - ေလာင္စာစြမ္းအင္းေလွ်ာ့ခ် (သို႔) စနစ္တက် သုံးစြဲမႈအပါအဝင္ ထိေရာက္ေသာ ျပည့္ၿဖိဳးၿမဲစြမ္းအင္ အစားထိုးသုံးစြဲမႈႏွင့္အတူ ေခတ္ႏွင့္အညီ စိမ္းလန္း ၾကာရွည္ခံေသာ သဘာဝစြမ္းအင္စနစ္မ်ားကို မွ်တ စြာ သုံးစြဲေသာအနစ္မ်ားထည့္သြင္းတည္ေဆာက္ရန္။

အမႈိက္စီမံခန႔္ခြဲမႈ (Waste Management) နဲ႔ စြန႔္ပစ္အမႈိက္မ်ားကို စနစ္တက် စြန႔္ပစ္ႏိုင္ေစ ရန္ကို အသိပညာေပးျခင္း၊ ျပန္လည္အသုံးျပဳႏိုင္ေသာ အမႈိက္စနစ္ႏွင့္ သန႔္ရွင္းေသာ ပတ္ဝန္းက်င္ ျဖစ္ေစရန္ ထိန္းသိမ္းၾကပ္မတ္ျခင္း လူေနမႈစနစ္ထူေထာင္ရန္။

၉။ လူမႈ/စီးပြားေရး ဆက္ႏႊယ္ေသာလူေနမႈ (Social and Economic Integration)ေဈးႏႈန္း သင့္ေလ်ာ္ေသာအိမ္ရာ (Affordable Housing)- ေခတ္စားေနသည့္ ဝင္ေငြအလိုက္ လူတန္းစားအစုံ ေနႏိုင္ေသာ အစိုးရ အိမ္ရာစနစ္ျဖစ္ ေစရန္၊ (ဥပမာ- တန္းဖိုးနည္း၊ အလယ္အလတ္တန္းႏွင့္ အဆင့္ျမင့္ အိမ္ရာမ်ား)

အလုပ္အကိုင္ဖန္တီးျခင္းႏွင့္ စီးပြားေရးအခြင့္အလမ္း (Job Creation and Economic Opportunities)- အိမ္ရာသစ္အားျဖင့္ ပတ္ဝန္းက်င္ေန ျပည္သူမ်ားကို အလုပ္အကိုင္အခြင့္အလမ္း သစ္ႏွင့္ စြန႔္ဦးလုပ္ငန္းသစ္မ်ား ထိုးေဖာက္တိုးတက္လာေစရန္ေဆာင္႐ြက္ျခင္းျဖင့္ ျပည္သူမ်ားကို အိမ္ရာစီမံကိန္းသစ္မ်ားအေပၚ ေရရွည္အက်ိဳးအေပၚ ေျမာ္ျမင္ေတြးဆတတ္ေစရန္ ယုံၾကည္မႈေကာင္း တည္ေဆာက္ျခင္း။

လူေနမႈအသိုင္းအဝိုင္းဖြံ႕ၿဖိဳးတိုက္တက္ေစေရး (Community Development)
- လူေနမႈ အဆင့္အတန္းႏွင့္ ယုံၾကည္ စည္လုံးညီၫႊတ္မႈ အစဥ္ဖြံ႕ၿဖိဳးတိုးတက္ေစရန္ အိမ္ရာစီမံခန႔္ခြဲ ေရးႏွင့္လူမႈဆက္ဆံေရးစင္တာ၊ မတူညီေသာ ယဥ္ေက်းမႈ ႏွီးေႏွာဖလွယ္ေသာ အထိမ္းအမွတ္၊ အစား အစာႏွင့္ ႐ိုးရာပြဲဆင္ႏႊဲမႈမ်ား၊ လူမႈေရးဆိုင္ရာ လုပ္အားေပးကူညီေရးအဖြဲ႕ စနစ္မ်ားထူေထာင္ရန္။

၁၀။ ဥပေဒၾကမ္းႏွင့္ ပိုင္ဆိုင္ခြင့္ (Legal Frame work and Property Rights)
ပိုင္ဆိုင္ခြင့္ဆိုင္ရာရွင္းလင္းမႈ (Clear Property Titles)
- ေနထိုင္သူမ်ား ဆုံးရႈံးနစ္နာမႈမရွိေစရန္ စိတ္ခ်ရေသာ ပိုင္ဆိုင္ခြင့္ အေထာက္အထားလက္မွတ္မ်ား ရရွိေအာင္ေဆာင္႐ြက္ေပးျခင္းျဖင့္ အနာဂတ္ ေျမရာ အိုးအိမ္ဆိုင္ရာအရႈပ္အရွင္းမ်ားကို တစ္ပါတည္း ကာကြယ္ၿပီးသားျဖစ္ေစျခင္း။
ေျမရာသုံးစြဲျခင္း ဥပေဒ (Land Use and Laws)
- စီမံကိန္းေျမေနရာေ႐ြးခ်ယ္ရာတြင္ ႏိုင္ငံအေျခခံဥပေဒအျပင္ တည္ဆဲဥပေဒမ်ားကို လိုက္နာသည့္ အျပင္ ေနာင္လာမည့္အစိုးရမ်ားတိုင္ေအာင္ လက္ခံႏိုင္ေသာ ေခတ္ႏွင့္ လိုက္ေလ်ာညီေထြရွိၿပီး ေနာင္ လာမည့္ ဖြံ႕ၿဖိဳးေရး စီမံကိန္းမ်ားႏွင့္ အံဝင္ခြင္က် ျဖစ္ေစေသာ ဥပေဒႏွင့္ညီသည့္ ေနရာျဖစ္ေစရန္။
အထက္ေဖာ္ျပပါ မဟာဗ်ဴဟာ (၁၀)ခ်က္ႏွင့္ အေသးစိတ္အခ်က္ငယ္မ်ားကိုေလ့လာၾကည့္ပါက အနာ ဂတ္မွာ ေခတ္မီေသာအိမ္ရာစီမံကိန္းတစ္ခုျဖစ္ေစရန္ အစိုးရဝန္ႀကီးဌာနမ်ား၊ ဌာနငယ္မ်ား၊ အဖြဲ႕ အ စည္းမ်ား၊ ေအဂ်င္စီမ်ား တစ္ခုခ်င္းစီ၏ အေရးပါေသာ အခန္းက႑မ်ားမွသည္ အခ်ိန္ႏွင့္ တစ္ေျပး ညီ စုေပါင္းဆုံးျဖတ္ခ်က္ခ် ပူးေပါင္းေဆာင္႐ြက္ရသည္ကို ေတြ႕ရွိေလ့လာရသည္။ ဝန္ႀကီးဌာနမ်ား ပူးေပါင္း လုပ္ေဆာင္ေရးအဖြဲ႕ (Multi Ministry Task Force - MMTF) မ်ား၏ စြမ္းပကားသည္ ေခတ္မီအစိုးမ်ား၏ မည္သည့္ စီမံကိန္း(သို႔မဟုတ္)ရည္မွန္းခ်က္မ်ားကိုမဆို အခ်ိန္ႏွင့္တစ္ေျပးညီ ထူးျခားစြာ ေအာင္ျမင္ေစ ေလ့ရွိၾကၿပီး ေရရွည္မွာ က်ရႈံးခဲ့ၾကရေသာ အစိုးရစီမံကိန္းမ်ားႏွင့္ မူဝါဒ အေကာင္အထည္ေဖာ္မႈမ်ား၏ အဓိကေသာ့ခ်က္မွာ ဝန္ႀကီးဌာနမ်ား ပူးေပါင္းလုပ္ေဆာင္ေရးအဖြဲ႕ (Multi Ministry Task Force - MMTF) မ်ား အားနည္းျခင္း ေၾကာင့္ေသာ္လည္းေကာင္း၊ MMTF မ်ား၏က႑ႏွင့္ ၎တို႔အား ေပါင္းစပ္ ညႇိႏႈိင္း အသုံးျပဳရမည္ကိုပင္ မသိၾကေသာေၾကာင့္ျဖစ္ပါသည္။

Related news

© 2021. All rights reserved.