ဆီးရီးယား အကြမ်းဖက်အဖွဲ့များကို အနောက်အုပ်စုက ကျောထောက်နောက်ခံပြုနေခြင်းဖြစ်ဟုဆို

 285

Pika (NP News) - ဒီဇင်ဘာ ၈

ဆီးရီးယားနိုင်ငံတွင်းတွင် ထိုးစစ်ဆင်မှုများ ကိုလုပ်ဆောင်နေသည့် အယ်လ်ကိုင်းဒါအကြမ်း ဖက်အဖွဲ့နှင့်ဆက်နွယ် နေသော စစ်သွေးကြွေအဖွဲ့များကို ထောက်ပံ့မှုများလုပ်ဆောင်ရာတွင် အမေရိကန် နှင့် ဗြိတိန်တို့က ပါဝင် ပတ်သက်နေနိုင်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။
ပြီးခဲ့တဲ့သီတင်းပတ်တွင် Hayat Tahrir-al-Sham (HTS) စစ်သွေးကြွအဖွဲ့သည် ဆီးရီးယားနိုင်ငံအနောက်မြောက် ပိုင်းတွင် ကြီးမားသည့်တိုက်ခိုက်မှုကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ စစ်သွေးကြွ အဖွဲ့သည် ဆီးရီးယားတပ်ဖွဲ့များကို တိုက်ထုတ်ပြီး Aleppo နှင့် Hama မြို့များကို သိမ်းယူခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ဆီးရီးယား၌ရှိသည့် အကြမ်းဖက်အဖွဲ့များကို မည်သူက ထောက်ပံ့မှုများလုပ်ဆောင် ပေးနေသည်ဆိုသည့် မေးခွန်းကို အမေရိကန်သတင်းထောက် တက်ကာကာလ်ဆန်က ဆာဂေးလာရော့ဗ်ကို မေးမြန်းခဲ့ကြောင်းလည်း သိရသည်။ ဆာဂေးလာရော့ဗ်က “ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ သတင်းအချက်အလက်တချို့ရှိပါတယ်။ ဆီးရီးယားမှာရှိတဲ့စစ်သွေးကြွအဖွဲ့တွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်ရာမှာ အမေရိကန်နဲ့ ဗြိတိန်တို့ ပါဝင် ပတ်သက်နေနိုင်ပါတယ်။ ဒါကရှုပ်ထွေးတဲ့ကစားပွဲတစ်ခုပါ။ ဒီပွဲထဲမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ အများကြီးရှိ ပါတယ်” ဟု ပြောဆိုခဲ့သည်။
ထို့ပြင် ဆီးရီးယား၌ ရှိသည့် အကြမ်းဖက်အဖွဲ့များကို ငွေကြေးထောက်ပံ့မှုများနှင့် စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ဆိုင်ရာ လမ်းကြောင်းများကို ဖြတ်တောက်နိုင်ရန်အတွက် မိတ်ဖက်အားလုံးနှင့်ဆွေးနွေးမှုများ လုပ် ဆောင်လို ကြောင်း ဆာဂေးလာရော့ဗ်က ပြောကြားခဲ့သည်။ Hayat Tahrir-al-Sham (HTS) အဖွဲ့ကို ဆီးရီးယား၊ ရုရှား၊ အီရန်၊ အမေရိကန် နှင့် အခြားနိုင်ငံများက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ် မှတ်ထားကြောင်းလည်း သိရသည်။ စစ်သွေးကြွအဖွဲ့များကို ရင်ဆိုင်နေရသည့် ဆီးရီးယားအစိုးရကို ကူညီပေးမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်ဘနွန်အခြေစိုက်ဟစ္စဘိုလာလက်နက်ကိုင်အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

Zawgyi Version;
ဆီးရီးယား အၾကမ္းဖက္အဖြဲ႕မ်ားကို အေနာက္အုပ္စုက ေက်ာေထာက္ေနာက္ခံျပဳေနျခင္းျဖစ္ဟုဆို
Pika (NP News) - ဒီဇင္ဘာ ၈

ဆီးရီးယားႏိုင္ငံတြင္းတြင္ ထိုးစစ္ဆင္မႈမ်ား ကိုလုပ္ေဆာင္ေနသည့္ အယ္လ္ကိုင္းဒါအၾကမ္း ဖက္အဖြဲ႕ႏွင့္ဆက္ႏြယ္ ေနေသာ စစ္ေသြးေႂကြအဖြဲ႕မ်ားကို ေထာက္ပံ့မႈမ်ားလုပ္ေဆာင္ရာတြင္ အေမရိကန္ ႏွင့္ ၿဗိတိန္တို႔က ပါဝင္ ပတ္သက္ေနႏိုင္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့သည္။
ၿပီးခဲ့တဲ့သီတင္းပတ္တြင္ Hayat Tahrir-al-Sham (HTS) စစ္ေသြးႂကြအဖြဲ႕သည္ ဆီးရီးယားႏိုင္ငံအေနာက္ေျမာက္ ပိုင္းတြင္ ႀကီးမားသည့္တိုက္ခိုက္မႈကို စတင္လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါ စစ္ေသြးႂကြ အဖြဲ႕သည္ ဆီးရီးယားတပ္ဖြဲ႕မ်ားကို တိုက္ထုတ္ၿပီး Aleppo ႏွင့္ Hama ၿမိဳ႕မ်ားကို သိမ္းယူခဲ့ေၾကာင္းလည္း သိရသည္။

ထို႔ျပင္ ဆီးရီးယား၌ရွိသည့္ အၾကမ္းဖက္အဖြဲ႕မ်ားကို မည္သူက ေထာက္ပံ့မႈမ်ားလုပ္ေဆာင္ ေပးေနသည္ဆိုသည့္ ေမးခြန္းကို အေမရိကန္သတင္းေထာက္ တက္ကာကာလ္ဆန္က ဆာေဂးလာေရာ့ဗ္ကို ေမးျမန္းခဲ့ေၾကာင္းလည္း သိရသည္။ ဆာေဂးလာေရာ့ဗ္က “ဒီကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔မွာ သတင္းအခ်က္အလက္တခ်ိဳ႕ရွိပါတယ္။ ဆီးရီးယားမွာရွိတဲ့စစ္ေသြးႂကြအဖြဲ႕ေတြကို ေထာက္ပံ့မႈေတြ လုပ္ေဆာင္ရာမွာ အေမရိကန္နဲ႔ ၿဗိတိန္တို႔ ပါဝင္ ပတ္သက္ေနႏိုင္ပါတယ္။ ဒါကရႈပ္ေထြးတဲ့ကစားပြဲတစ္ခုပါ။ ဒီပြဲထဲမွာ ပါဝင္ပတ္သက္ေနတဲ့သူေတြ အမ်ားႀကီးရွိ ပါတယ္” ဟု ေျပာဆိုခဲ့သည္။
ထို႔ျပင္ ဆီးရီးယား၌ ရွိသည့္ အၾကမ္းဖက္အဖြဲ႕မ်ားကို ေငြေၾကးေထာက္ပံ့မႈမ်ားႏွင့္ စစ္လက္နက္ပစၥည္းေထာက္ပံ့မႈ ဆိုင္ရာ လမ္းေၾကာင္းမ်ားကို ျဖတ္ေတာက္ႏိုင္ရန္အတြက္ မိတ္ဖက္အားလုံးႏွင့္ေဆြးေႏြးမႈမ်ား လုပ္ ေဆာင္လို ေၾကာင္း ဆာေဂးလာေရာ့ဗ္က ေျပာၾကားခဲ့သည္။ Hayat Tahrir-al-Sham (HTS) အဖြဲ႕ကို ဆီးရီးယား၊ ႐ုရွား၊ အီရန္၊ အေမရိကန္ ႏွင့္ အျခားႏိုင္ငံမ်ားက အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္ သတ္ မွတ္ထားေၾကာင္းလည္း သိရသည္။ စစ္ေသြးႂကြအဖြဲ႕မ်ားကို ရင္ဆိုင္ေနရသည့္ ဆီးရီးယားအစိုးရကို ကူညီေပးမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း လက္ဘႏြန္အေျခစိုက္ဟစၥဘိုလာလက္နက္ကိုင္အဖြဲ႕က ထုတ္ျပန္ေျပာဆိုထားသည္။

Related news

© 2021. All rights reserved.