ကမ္ဘာကျော်သရုပ်ဆောင် မဖြစ်ခင်က အသုဘဒါရိုက်တာဖြစ်ချင်ခဲ့ဖူးတယ်ဆိုတဲ့ အိန်ဂျလီနာဂျိုလီ
149
ရောင်နီ (NP News) - ဒီဇင်ဘာ ၉
အိန်ဂျလီနာဂျိုလီဟာ ရုပ်ရှင်နဲ့ စင်မြင့်ထက်မှာ ရွှေကမ္ဘာလုံး၊ အော်စကာဆုနဲ့ တိုနီဆုတွေ ဆွတ်ခူးပိုင်ဆိုင်နိုင်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲအနုပညာရှင်တစ်ဦးဖြစ်ပေမယ့် ဒီအလုပ်ဟာ သူမရဲ့ပထမဆုံးဖြစ်ချင်တဲ့အိမ်မက်တစ်ခု မဟုတ်ခဲ့ပါ ဘူး။
ဒီအကြောင်းကို ကြာသပတေးနေ့ (ဒီဇင်ဘာ ၅ ရက်) က "The Tonight Show Starring Jimmy Fallon” အစီအစဉ်မာ သူမက ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။ သူမရဲ့တကယ်ဖြစ်ချင်ခဲ့တဲ့ ပထမ အလုပ်ကတော့ နာရေး အသုဘဒါရိုက်တာဖြစ်ချင်ခဲ့တာလို့ ဆိုပါတယ်။
သူမက "ကျွန်မ အဖိုးဆုံးပါးသွားတော့ ဒီအကြောင်းကိုတွေးမိခဲ့တယ်။ ဒါဟာ ဘဝရဲ့ဂုဏ်ပြုပွဲတစ်ခုဖြစ်သင့်ပြီး သေမှာကို မကြောက်ဘဲ နေရထိုင်ရတာ အဆင်ပြေစေတယ်။ ဒါက ကျွန်မအတွက် ကောင်းမွန်တဲ့ အသက်မွေးဝမ်း ကြောင်း အလုပ်တစ်ခုဖြစ်မယ်လို့ထင်ခဲ့တာ” လို့ သူမက ပြောကြားခဲ့ပါတယ်။
သူမဟာ လေယာဉ်မှူးလည်းဖြစ်ချင်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းကို အစီအစဉ်မှူး ဂျင်မီဖောလန်က မေးတော့ ဂျိုလီက “ဟုတ်တယ်၊ ကျွန်မက လေယာဉ်မှူးလည်း ဟုတ်ပါတယ်" လို့ ဖြေခဲ့ပါတယ်။ ဂျိုလီဟာ အပြင်လောကမှာလည်း ၂၀၀၄ ခုနှစ် ကတည်းက လေယာဉ်မှူးလိုင်စင် ရရှိထားတာဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူ မက်ဒေါ့လည်းပဲ အခုလေယာဉ်မှူးဖြစ်နေပြီလို့ သူမက ထပ်လောင်းပြောခဲ့ပါတယ်။ ဒါအပြင် ကောလဟာလတွေအရ ဂျိုလီဟာ ဟာသသရုပ်ဆောင်လည်း ဖြစ်ချင်ခဲ့သေးသလား ဆိုတာကိုတော့ သူမက လုံးဝ ငြင်းဆိုခဲ့ပါတယ်။
ဂျိုလီဟာ လက်ရှိမှာ ဂန္ထဝင်အော်ပရာအဆိုတော် “Maria Callas” ရဲ့အတ္တိုပတ္တိဇာက်ကို သရုပ်ဆောင်ဖို့ အသံပိုင်း ဆိုင်ရာသင်ခန်းစာတွေ သင်ယူနေတယ်လို့ သိရပါတယ်။
Zawgyi Version;
ကမာၻေက်ာ္သ႐ုပ္ေဆာင္ မျဖစ္ခင္က အသုဘဒါ႐ိုက္တာျဖစ္ခ်င္ခဲ့ဖူးတယ္ဆိုတဲ့ အိန္ဂ်လီနာဂ်ိဳလီ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၉
အိန္ဂ်လီနာဂ်ိဳလီဟာ ႐ုပ္ရွင္နဲ႔ စင္ျမင့္ထက္မွာ ေ႐ႊကမာၻလုံး၊ ေအာ္စကာဆုနဲ႔ တိုနီဆုေတြ ဆြတ္ခူးပိုင္ဆိုင္ႏိုင္ခဲ့တဲ့ ဒိတ္ဒိတ္ႀကဲအႏုပညာရွင္တစ္ဦးျဖစ္ေပမယ့္ ဒီအလုပ္ဟာ သူမရဲ႕ပထမဆုံးျဖစ္ခ်င္တဲ့အိမ္မက္တစ္ခု မဟုတ္ခဲ့ပါ ဘူး။
ဒီအေၾကာင္းကို ၾကာသပေတးေန႔ (ဒီဇင္ဘာ ၅ ရက္) က "The Tonight Show Starring Jimmy Fallon” အစီအစဥ္မာ သူမက ဖြင့္ဟေျပာၾကားခဲ့တာျဖစ္ပါတယ္။ သူမရဲ႕တကယ္ျဖစ္ခ်င္ခဲ့တဲ့ ပထမ အလုပ္ကေတာ့ နာေရး အသုဘဒါ႐ိုက္တာျဖစ္ခ်င္ခဲ့တာလို႔ ဆိုပါတယ္။
သူမက "ကြၽန္မ အဖိုးဆုံးပါးသြားေတာ့ ဒီအေၾကာင္းကိုေတြးမိခဲ့တယ္။ ဒါဟာ ဘဝရဲ႕ဂုဏ္ျပဳပြဲတစ္ခုျဖစ္သင့္ၿပီး ေသမွာကို မေၾကာက္ဘဲ ေနရထိုင္ရတာ အဆင္ေျပေစတယ္။ ဒါက ကြၽန္မအတြက္ ေကာင္းမြန္တဲ့ အသက္ေမြးဝမ္း ေၾကာင္း အလုပ္တစ္ခုျဖစ္မယ္လို႔ထင္ခဲ့တာ” လို႔ သူမက ေျပာၾကားခဲ့ပါတယ္။
သူမဟာ ေလယာဥ္မႉးလည္းျဖစ္ခ်င္ခဲ့ေသးတယ္လို႔ ဆိုပါတယ္။ ဒီအေၾကာင္းကို အစီအစဥ္မႉး ဂ်င္မီေဖာလန္က ေမးေတာ့ ဂ်ိဳလီက “ဟုတ္တယ္၊ ကြၽန္မက ေလယာဥ္မႉးလည္း ဟုတ္ပါတယ္" လို႔ ေျဖခဲ့ပါတယ္။ ဂ်ိဳလီဟာ အျပင္ေလာကမွာလည္း ၂၀၀၄ ခုႏွစ္ ကတည္းက ေလယာဥ္မႉးလိုင္စင္ ရရွိထားတာျဖစ္ပါတယ္။ သူမရဲ႕ သားျဖစ္သူ မက္ေဒါ့လည္းပဲ အခုေလယာဥ္မႉးျဖစ္ေနၿပီလို႔ သူမက ထပ္ေလာင္းေျပာခဲ့ပါတယ္။ ဒါအျပင္ ေကာလဟာလေတြအရ ဂ်ိဳလီဟာ ဟာသသ႐ုပ္ေဆာင္လည္း ျဖစ္ခ်င္ခဲ့ေသးသလား ဆိုတာကိုေတာ့ သူမက လုံးဝ ျငင္းဆိုခဲ့ပါတယ္။
ဂ်ိဳလီဟာ လက္ရွိမွာ ဂႏၴဝင္ေအာ္ပရာအဆိုေတာ္ “Maria Callas” ရဲ႕အတၱိဳပတၱိဇာက္ကို သ႐ုပ္ေဆာင္ဖို႔ အသံပိုင္း ဆိုင္ရာသင္ခန္းစာေတြ သင္ယူေနတယ္လို႔ သိရပါတယ္။