မြန်မာနှင့်အိန္ဒိယတို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရန် ဘင်္ဂလားဒေ့ရှ်က စစ်ဘက်ဆိုင်ရာဌာနခွဲအားလုံးကို ခေတ်မီအောင် ဆောင်ရွက်နေ

3150

Htay Oung (NP News) - ဒီဇင်ဘာ ၉
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Forces Goal 2030 “၂၀၃၀ တပ်မတော်ရည်မှန်းချက်” ကို ၂၀၀၉ ခုနှစ် ယခင် ရှိတ်ဟာစီနာအစိုးရလက်ထက်မှာ စတင်ရေးဆွဲခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် အိမ်နီးချင်းမြန်မာရေတပ်နဲ့ ထိပ်တိုက်တွေ့အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ကြည်း-ရေ-လေ တပ်မတော်မဏ္ဍိုင်ကြီး သုံးရပ်ကို ၂၀၃၀ ခုနှစ်အရောက် စစ်ပစ္စည်း ယန္တ ရားများ အဆင့်မြှင့်တင်ရေး၊ လိုအပ်ချက်များကို မဟာဗျူဟာမြောက် ဖြည့်ဆည်းပေးနိုင်ရေး၊ ကာကွယ်ရေး စက်မှု အခြေ စိုက်စခန်းများ တည်ဆောက်ပြီး ကမ္ဘာ့အဆင့်မီ စွမ်းရည်မြှင့်တင်ရေးအတွက် ရည်မှန်းထား ခဲ့ပါ တယ်။ ၂၀၁၇ ခု နှစ် ရိုဟင်ဂျာဆိုသူများ ဘင်္ဂါလီအကျပ်အတည်းမှာ ထပ်မံပြင်ဆင်ခဲ့ပြီး ကာတာငွေ ကုဋေ လေးသောင်း (ကန် ဒေါ်လာ ၅.၂ ဘီလျံခန့်) အထိ ကာကွယ်ရေးဘတ်ဂျက်အပြင် အစိုးရ သီးသန့်ရန်ပုံငွေမှ သုံးစွဲမှာ ဖြစ်ပါတယ်။ ကိုဗစ် ကူးစက်ကပ်ရောဂါကာလ နှေးကွေးခဲ့ရတဲ့ အစီအစဉ်ဟာ နောက်ပိုင်းမှာ ပြန်လည် အသက်ဝင်လာပြီး ၂၀၂၄-ခု နှစ် မိုဟာမက်ယူနွတ်ရဲ့ ကြားဖြတ်အစိုးရလက်ထက် မြန်မာနိုင်ငံအပြင် အိန္ဒိယနဲ့ ပါ ပထဝီနိုင်ငံရေး တင်းမာမှုများ ပြည်တွင်းလုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ် လာတဲ့အတွက် အဲ့ဒီအစီအစဉ်ကို ပြန်လည်သုံးသပ်လျှက်ရှိကြောင်း “Army Recognition” ဒစ်ဂျစ်တယ် ဝဘ်ဆိုက် (6 December 2024) က ရေးသားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လက်ရှိအခြေအနေက ၂၀၃၀ တပ်မတော်ရည်မှန်းချက်ကို မဖြစ်မနေ မွန်းမံပြင်ဆင်မှ ဖြစ် တော့မယ့် အခြေဆိုက်နေပါတယ်။ ရက္ခိုင့်တပ်တော်ရဲ့ လက်နက်ကိုင်ကျူးကျော်မှုပဋိပက္ခများ မကြာခဏ ဖြစ် ပွားနေခြင်းကြောင့် မြန်မာနိုင်ငံနဲ့ တင်းမာမှုများ တိုးသထက်တိုးမြင့်လာနေပါတယ်။ အခြားတစ်ဖက်မှာလည်း အိန္ဒိယနဲ့ ရန်လိုတဲ့ အပြန်အလှန်ပြောဆိုမှုများနဲ့ လုပ်ရပ်များကြောင့် ဆက်ဆံရေး ပိုမိုဆိုးရွားလာနေပါတယ်။ ဒါ့အပြင် စစ်တကောင်းတောင်တန်းဒေသ “ကူကီး-ချင်းအမျိုးသားတပ်” တို့မျိုးလို သောင်းကျန်းသူအဖွဲ့တွေရဲ့ ပြည်တွင်းခြိမ်းခြောက်မှုများလည်း ရှိနေပါသေးတယ်။ အဆိုပါ စိန်ခေါ်မှုများကြောင့် စစ်လက်နက်ပစ္စည်းများ တိုးတက်ကောင်းမွန်ရေးနှင့် ဝန်ထမ်း-စစ်သည်အင်အားတိုးမြှင့်ရေးကိစ္စဟာ ယခုအခါ ခေါင်းမီးတောက်ရမယ့် ကိစ္စဖြစ်လာပါတယ်။
ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ စစ်သုံးလက်နက် ချပ်ဝတ်ပစ္စည်းသစ်များနဲ့ အတော်အသင့် ခေတ်မီနေပြီလို့ ဆိုနိုင် ပေမယ့် အဆင့်မြှင့်တင်ဖို့ ပိုမိုလိုအပ်နေပါတယ်။ မကြာသေးမီက တပ်တော်ဝင်ထားခဲ့တဲ့ BTR-80 ရုရှားလုပ် သံချပ်ကာယာဉ်ဆိုလျှင် စစ်သည် ၁၀ ဦးကို တင်ဆောင်နိုင်ပြီး ကြမ်းတမ်းတဲ့ မြေပြင် သို့မဟုတ် ရေပြင်မှတဆင့် ရွေ့လျားနိုင်ပါတယ်။ ၁၄.၅ မီလီမီတာ စက်အမြောက်နဲ့ ၇.၆၂ မီလီမီတာ စက်သေနတ်များ တပ်ဆင်ထားတဲ့ အတွက် နယ်စပ်လုံခြုံရေးမှာ အသုံးဝင်ပါတယ်။ ကင်းလှည့်/ကင်းထောက်ခြင်းအတွက် တူရကီလုပ် သံချပ်ကာ ယာဉ် “အော်တိုကာ ကော်ဘရာ” ကို အသုံးပြုနေပြီး ကွဲပြားခြားနားလက်နက်များကို တပ်ဆင်နိုင်ပါတယ်။ တပ် မတော်ရဲ့ တင့်ကားအုပ်စုမှာ တရုတ် MBT-2000 များ၊ ၁၂၅ မီလီမီတာ စက်အမြောက်နဲ့ သံချပ်ကာ ပိုမိုထူ ထဲတဲ့ VT-5 တင့်ကားများပါဝင်ပြီး ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်အနေအထားမှာ လျင်မြန်စွာ ရွေ့လျားနိုင်ပါ တယ်။ အမြောက်ကြီးများကို တူရကီနိုင်ငံလုပ် TRG-230၊ TRG-300 Kasirga အတွဲလိုက်ဒုံးကျည်စံနစ်များ အပြင် ဆားဘီးယားနိုင်ငံမှ Nora B-52 ဟောင်ဝစ်ဇာများကိုလည်း အင်အားဖြည့်တင်းထားပါတယ်။
“၂၀၃၀ တပ်မတော်ရည်မှန်းချက်” အရ ရေတပ်မတော်ဟာ သိသာထင်ရှားတဲ့ အသွင်ကူးပြောင်းမှုများကို လုပ် ဆောင်နေပါပြီ၊ တရုတ်နိုင်ငံမှ “မင်-အတန်းအစား ” ရေငုပ်သင်္ဘောများနဲ့ အင်အားတိုးမြှင့်ထားတဲ့အတွက် ဘင်္ဂ လားပင်လယ်အော် ရေမျက်နှာပြင်အောက်ကွယ်ရေးနဲ့ စောင့်ကြည့်ရေးတို့မှာ ပိုမိုဆီလျော်စေပါတယ်။ ယခုအ ခါ ကာကွယ်ရေးနဲ့ ကင်းလှည့်မစ်ရှင်များအတွက် ရေပြင်သွားရေယာဉ်စုရဲ့ Type 053H3 ဖရီးဂိတ်စစ်သင်္ဘော များ၊ Type 056 ကော်ဗတ်စစ်ရေယာဉ်များမှာ ပဲ့ထိန်းဒုံးကျည်များ တပ်ဆင်ထားပါတယ်။ ရေတပ်ရဲ့ လေ ကြောင်း အားဖြည့်စွမ်းရည်အနေနဲ့ Dornier 228 ကင်းလှည့်လေယာဉ်များ၊ ရေပြင်ဧရိယာများကို ကာကွယ် ရန်အတွက် Augusta Westland ရဟတ်ယာဉ်များကို ပိုမို ထည့်သွင်းထားပါတယ်။
လေတပ်မတော်ဆိုလျှင်လည်း တိုက်ခိုက်ရေးသုံး Yak-130 နဲ့ K-8 တို့လို လေ့ကျင့်ရေးလေယာဉ်များဖြင့် အ ဆင့်မြှင့်တင်ထားပါတယ်။ F-7BGI ကြားဖြတ်တိုက်လေယာဉ်များဟာ နိုင်ငံ့လေပိုင်နက်ကို ကာကွယ်ပေးပြီး FM-90 လေကြောင်းကာကွယ်ရေးစနစ်များကလည်း လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ပေးနိုင်ပါတယ်။ အီတလီလုပ် Selex RAT-31DL ရေဒါစနစ်ဟာ ဖြစ်နိုင်ချေရှိတဲ့ ခြိမ်းခြောက်မှုများကို ထောက်လှမ်းရာမှာ ကူညီ ပေးနိုင်ပါတယ်။
ကြည်းတပ်မတော် စစ်သည်အင်အားတိုးမြှင့်တဲ့အနေနဲ့ ယူနစ်အသစ်များ ပြန်လည်ဖွဲ့စည်းထားပါတယ်။ တပ်မ ၇ ၊ ၁၀ နဲ့ ၁၇ အဖြစ် ခြေမြန်တပ်မဌာနချုပ်များကို ဖန်တီးပြီးပါပြီ။ ပါရာကွန်မန်ဒိုတပ်ရင်းကို ဖွဲ့စည်းပုံပြည့် တပ် မဟာတစ်ခုအဖြစ် တိုးချဲ့ဖွဲ့စည်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပြည်ပနိုင်ငံများနဲ့ နည်းပညာပူးပေါင်း ဆောင်ရွက်မှုများမှတစ်ဆင့် လက်နက်များ၊ မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံများကို တည်ဆောက်ပြီး ကိုယ်ပိုင်ကာကွယ်ရေးစက်မှုလုပ်ငန်းကို ဖော်ဆောင်လျက်ရှိပါတယ်။
“၂၀၃၀ တပ်မတော်ရည်မှန်းချက်” အစီအစဉ်ကို မွမ်းမံပြင်ဆင်ခြင်းဟာ ယူနွတ်ရဲ့ ယာယီအစိုးရအတွက် အဓိ က အခွင့်အလမ်းကောင်း ဖြစ်ပါတယ်။ စစ်တပ်ကို ခေတ်မီအောင် ဆောင်ရွက်ခြင်းဟာ ဘင်္ဂလားဒေ့ရှ်အပေါ် လုံ ခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ အချုပ်အခြာအာဏာကို ကာကွယ်ရန်နဲ့ ဒေသတွင်း တည် ငြိမ်မှုရရှိစေရန် ကူညီပေးမှာဖြစ်ပါတယ်။တပ်ဖွဲ့များကို အဆင့်မြှင့်တင်ခြင်း၊ ကာကွယ်ရေးစနစ်များ အား ကောင်းလာစေခြင်းနဲ့ ကိုယ်ပိုင်နည်းပညာများ ဖော်ဆောင်ခြင်းအားဖြင့် ပိုမိုတောင့်တင်းတဲ့ ဒေသတွင်း စစ်အင် အားနိုင်ငံတစ်ခု ဖြစ်လာနိုင်ပါတယ်။
https://armyrecognition.com/news/army-news/army-news-2024/bangladesh-modernizes-all-branches-of-its-military-to-counter-threats-from-india-and-myanmar
zawgyi version
ျမန္မာႏွင့္အိႏၵိယတို႔၏ ၿခိမ္းေျခာက္မႈမ်ားကို တန္ျပန္ရန္ ဘဂၤလားေဒ့ရွ္က စစ္ဘက္ဆိုင္ရာဌာနခြဲအားလုံးကို ေခတ္မီေအာင္ ေဆာင္႐ြက္ေန
Htay Oung (NP News) - ဒီဇင္ဘာ ၉
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ Forces Goal 2030 “၂၀၃၀ တပ္မေတာ္ရည္မွန္းခ်က္” ကို ၂၀၀၉ ခုႏွစ္ ယခင္ ရွိတ္ဟာစီနာအစိုးရလက္ထက္မွာ စတင္ေရးဆြဲခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္ အိမ္နီးခ်င္းျမန္မာေရတပ္နဲ႔ ထိပ္တိုက္ေတြ႕အၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ ၾကည္း-ေရ-ေလ တပ္မေတာ္မ႑ိဳင္ႀကီး သုံးရပ္ကို ၂၀၃၀ ခုႏွစ္အေရာက္ စစ္ပစၥည္း ယႏၲ ရားမ်ား အဆင့္ျမႇင့္တင္ေရး၊ လိုအပ္ခ်က္မ်ားကို မဟာဗ်ဴဟာေျမာက္ ျဖည့္ဆည္းေပးႏိုင္ေရး၊ ကာကြယ္ေရး စက္မႈ အေျခ စိုက္စခန္းမ်ား တည္ေဆာက္ၿပီး ကမာၻ႔အဆင့္မီ စြမ္းရည္ျမႇင့္တင္ေရးအတြက္ ရည္မွန္းထား ခဲ့ပါ တယ္။ ၂၀၁၇ ခု ႏွစ္ ႐ိုဟင္ဂ်ာဆိုသူမ်ား ဘဂၤါလီအက်ပ္အတည္းမွာ ထပ္မံျပင္ဆင္ခဲ့ၿပီး ကာတာေငြ ကုေဋ ေလးေသာင္း (ကန္ ေဒၚလာ ၅.၂ ဘီလ်ံခန႔္) အထိ ကာကြယ္ေရးဘတ္ဂ်က္အျပင္ အစိုးရ သီးသန႔္ရန္ပုံေငြမွ သုံးစြဲမွာ ျဖစ္ပါတယ္။ ကိုဗစ္ ကူးစက္ကပ္ေရာဂါကာလ ေႏွးေကြးခဲ့ရတဲ့ အစီအစဥ္ဟာ ေနာက္ပိုင္းမွာ ျပန္လည္ အသက္ဝင္လာၿပီး ၂၀၂၄-ခု ႏွစ္ မိုဟာမက္ယူႏြတ္ရဲ႕ ၾကားျဖတ္အစိုးရလက္ထက္ ျမန္မာႏိုင္ငံအျပင္ အိႏၵိယနဲ႔ ပါ ပထဝီႏိုင္ငံေရး တင္းမာမႈမ်ား ျပည္တြင္းလုံၿခဳံေရးဆိုင္ရာ ၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းဖို႔ လိုအပ္ လာတဲ့အတြက္ အဲ့ဒီအစီအစဥ္ကို ျပန္လည္သုံးသပ္လွ်က္ရွိေၾကာင္း “Army Recognition” ဒစ္ဂ်စ္တယ္ ဝဘ္ဆိုက္ (6 December 2024) က ေရးသားပါတယ္။
ဘဂၤလားေဒ့ရွ္ႏိုင္ငံရဲ႕ လက္ရွိအေျခအေနက ၂၀၃၀ တပ္မေတာ္ရည္မွန္းခ်က္ကို မျဖစ္မေန မြန္းမံျပင္ဆင္မွ ျဖစ္ ေတာ့မယ့္ အေျခဆိုက္ေနပါတယ္။ ရကၡိဳင့္တပ္ေတာ္ရဲ႕ လက္နက္ကိုင္က်ဴးေက်ာ္မႈပဋိပကၡမ်ား မၾကာခဏ ျဖစ္ ပြားေနျခင္းေၾကာင့္ ျမန္မာႏိုင္ငံနဲ႔ တင္းမာမႈမ်ား တိုးသထက္တိုးျမင့္လာေနပါတယ္။ အျခားတစ္ဖက္မွာလည္း အိႏၵိယနဲ႔ ရန္လိုတဲ့ အျပန္အလွန္ေျပာဆိုမႈမ်ားနဲ႔ လုပ္ရပ္မ်ားေၾကာင့္ ဆက္ဆံေရး ပိုမိုဆိုး႐ြားလာေနပါတယ္။ ဒါ့အျပင္ စစ္တေကာင္းေတာင္တန္းေဒသ “ကူကီး-ခ်င္းအမ်ိဳးသားတပ္” တို႔မ်ိဳးလို ေသာင္းက်န္းသူအဖြဲ႕ေတြရဲ႕ ျပည္တြင္းၿခိမ္းေျခာက္မႈမ်ားလည္း ရွိေနပါေသးတယ္။ အဆိုပါ စိန္ေခၚမႈမ်ားေၾကာင့္ စစ္လက္နက္ပစၥည္းမ်ား တိုးတက္ေကာင္းမြန္ေရးႏွင့္ ဝန္ထမ္း-စစ္သည္အင္အားတိုးျမႇင့္ေရးကိစၥဟာ ယခုအခါ ေခါင္းမီးေတာက္ရမယ့္ ကိစၥျဖစ္လာပါတယ္။
ဘဂၤလားေဒ့ရွ္စစ္တပ္ဟာ စစ္သုံးလက္နက္ ခ်ပ္ဝတ္ပစၥည္းသစ္မ်ားနဲ႔ အေတာ္အသင့္ ေခတ္မီေနၿပီလို႔ ဆိုႏိုင္ ေပမယ့္ အဆင့္ျမႇင့္တင္ဖို႔ ပိုမိုလိုအပ္ေနပါတယ္။ မၾကာေသးမီက တပ္ေတာ္ဝင္ထားခဲ့တဲ့ BTR-80 ႐ုရွားလုပ္ သံခ်ပ္ကာယာဥ္ဆိုလွ်င္ စစ္သည္ ၁၀ ဦးကို တင္ေဆာင္ႏိုင္ၿပီး ၾကမ္းတမ္းတဲ့ ေျမျပင္ သို႔မဟုတ္ ေရျပင္မွတဆင့္ ေ႐ြ႕လ်ားႏိုင္ပါတယ္။ ၁၄.၅ မီလီမီတာ စက္အေျမာက္နဲ႔ ၇.၆၂ မီလီမီတာ စက္ေသနတ္မ်ား တပ္ဆင္ထားတဲ့ အတြက္ နယ္စပ္လုံၿခဳံေရးမွာ အသုံးဝင္ပါတယ္။ ကင္းလွည့္/ကင္းေထာက္ျခင္းအတြက္ တူရကီလုပ္ သံခ်ပ္ကာ ယာဥ္ “ေအာ္တိုကာ ေကာ္ဘရာ” ကို အသုံးျပဳေနၿပီး ကြဲျပားျခားနားလက္နက္မ်ားကို တပ္ဆင္ႏိုင္ပါတယ္။ တပ္ မေတာ္ရဲ႕ တင့္ကားအုပ္စုမွာ တ႐ုတ္ MBT-2000 မ်ား၊ ၁၂၅ မီလီမီတာ စက္အေျမာက္နဲ႔ သံခ်ပ္ကာ ပိုမိုထူ ထဲတဲ့ VT-5 တင့္ကားမ်ားပါဝင္ၿပီး ခက္ခဲၾကမ္းတမ္းတဲ့ ေျမျပင္အေနအထားမွာ လ်င္ျမန္စြာ ေ႐ြ႕လ်ားႏိုင္ပါ တယ္။ အေျမာက္ႀကီးမ်ားကို တူရကီႏိုင္ငံလုပ္ TRG-230၊ TRG-300 Kasirga အတြဲလိုက္ဒုံးက်ည္စံနစ္မ်ား အျပင္ ဆားဘီးယားႏိုင္ငံမွ Nora B-52 ေဟာင္ဝစ္ဇာမ်ားကိုလည္း အင္အားျဖည့္တင္းထားပါတယ္။
“၂၀၃၀ တပ္မေတာ္ရည္မွန္းခ်က္” အရ ေရတပ္မေတာ္ဟာ သိသာထင္ရွားတဲ့ အသြင္ကူးေျပာင္းမႈမ်ားကို လုပ္ ေဆာင္ေနပါၿပီ၊ တ႐ုတ္ႏိုင္ငံမွ “မင္-အတန္းအစား ” ေရငုပ္သေဘၤာမ်ားနဲ႔ အင္အားတိုးျမႇင့္ထားတဲ့အတြက္ ဘဂၤ လားပင္လယ္ေအာ္ ေရမ်က္ႏွာျပင္ေအာက္ကြယ္ေရးနဲ႔ ေစာင့္ၾကည့္ေရးတို႔မွာ ပိုမိုဆီေလ်ာ္ေစပါတယ္။ ယခုအ ခါ ကာကြယ္ေရးနဲ႔ ကင္းလွည့္မစ္ရွင္မ်ားအတြက္ ေရျပင္သြားေရယာဥ္စုရဲ႕ Type 053H3 ဖရီးဂိတ္စစ္သေဘၤာ မ်ား၊ Type 056 ေကာ္ဗတ္စစ္ေရယာဥ္မ်ားမွာ ပဲ့ထိန္းဒုံးက်ည္မ်ား တပ္ဆင္ထားပါတယ္။ ေရတပ္ရဲ႕ ေလ ေၾကာင္း အားျဖည့္စြမ္းရည္အေနနဲ႔ Dornier 228 ကင္းလွည့္ေလယာဥ္မ်ား၊ ေရျပင္ဧရိယာမ်ားကို ကာကြယ္ ရန္အတြက္ Augusta Westland ရဟတ္ယာဥ္မ်ားကို ပိုမို ထည့္သြင္းထားပါတယ္။
ေလတပ္မေတာ္ဆိုလွ်င္လည္း တိုက္ခိုက္ေရးသုံး Yak-130 နဲ႔ K-8 တို႔လို ေလ့က်င့္ေရးေလယာဥ္မ်ားျဖင့္ အ ဆင့္ျမႇင့္တင္ထားပါတယ္။ F-7BGI ၾကားျဖတ္တိုက္ေလယာဥ္မ်ားဟာ ႏိုင္ငံ့ေလပိုင္နက္ကို ကာကြယ္ေပးၿပီး FM-90 ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားကလည္း ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို ကာကြယ္ေပးႏိုင္ပါတယ္။ အီတလီလုပ္ Selex RAT-31DL ေရဒါစနစ္ဟာ ျဖစ္ႏိုင္ေခ်ရွိတဲ့ ၿခိမ္းေျခာက္မႈမ်ားကို ေထာက္လွမ္းရာမွာ ကူညီ ေပးႏိုင္ပါတယ္။
ၾကည္းတပ္မေတာ္ စစ္သည္အင္အားတိုးျမႇင့္တဲ့အေနနဲ႔ ယူနစ္အသစ္မ်ား ျပန္လည္ဖြဲ႕စည္းထားပါတယ္။ တပ္မ ၇ ၊ ၁၀ နဲ႔ ၁၇ အျဖစ္ ေျချမန္တပ္မဌာနခ်ဳပ္မ်ားကို ဖန္တီးၿပီးပါၿပီ။ ပါရာကြန္မန္ဒိုတပ္ရင္းကို ဖြဲ႕စည္းပုံျပည့္ တပ္ မဟာတစ္ခုအျဖစ္ တိုးခ်ဲ႕ဖြဲ႕စည္းထားပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံဟာ ျပည္ပႏိုင္ငံမ်ားနဲ႔ နည္းပညာပူးေပါင္း ေဆာင္႐ြက္မႈမ်ားမွတစ္ဆင့္ လက္နက္မ်ား၊ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ေရး စက္႐ုံမ်ားကို တည္ေဆာက္ၿပီး ကိုယ္ပိုင္ကာကြယ္ေရးစက္မႈလုပ္ငန္းကို ေဖာ္ေဆာင္လ်က္ရွိပါတယ္။
“၂၀၃၀ တပ္မေတာ္ရည္မွန္းခ်က္” အစီအစဥ္ကို မြမ္းမံျပင္ဆင္ျခင္းဟာ ယူႏြတ္ရဲ႕ ယာယီအစိုးရအတြက္ အဓိ က အခြင့္အလမ္းေကာင္း ျဖစ္ပါတယ္။ စစ္တပ္ကို ေခတ္မီေအာင္ ေဆာင္႐ြက္ျခင္းဟာ ဘဂၤလားေဒ့ရွ္အေပၚ လုံ ၿခဳံေရးဆိုင္ရာ စိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္၊ အခ်ဳပ္အျခာအာဏာကို ကာကြယ္ရန္နဲ႔ ေဒသတြင္း တည္ ၿငိမ္မႈရရွိေစရန္ ကူညီေပးမွာျဖစ္ပါတယ္။တပ္ဖြဲ႕မ်ားကို အဆင့္ျမႇင့္တင္ျခင္း၊ ကာကြယ္ေရးစနစ္မ်ား အား ေကာင္းလာေစျခင္းနဲ႔ ကိုယ္ပိုင္နည္းပညာမ်ား ေဖာ္ေဆာင္ျခင္းအားျဖင့္ ပိုမိုေတာင့္တင္းတဲ့ ေဒသတြင္း စစ္အင္ အားႏိုင္ငံတစ္ခု ျဖစ္လာႏိုင္ပါတယ္။
https://armyrecognition.com/news/army-news/army-news-2024/bangladesh-modernizes-all-branches-of-its-military-to-counter-threats-from-india-and-myanmar