တရားဝင်ဖမ်းဆီးခြင်းမခံရမီ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟောင်းက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ကြိုးပမ်းခဲ့ဟု ဆို

 2799

Pika (NP News) - ဒီဇင်ဘာ ၁၁

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယိုဟွန်းဟာ ပြီးခဲ့တဲ့သီတင်းပတ်ကဖြစ်ပွားခဲ့တဲ့ စစ်အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းမှုမှာ ၎င်းရဲ့ပါဝင်ပတ်သက်နေတဲ့ အခန်းကဏ္ဍတွေနဲ့ပတ်သက်ပြီး တရားဝင်ဖမ်းဆီးမှုကို မခံရမီ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးပမ်းခဲ့တယ်လို့ အကျဉ်းထောင်အကြီးတန်းအရာရှိတစ်ဦးက ဒီဇင်ဘာလ(၁၁)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၃)ရက်မှာ စစ်အုပ်ချုပ်ရေးဥပဒေကို ပြဋ္ဌာန်းခဲ့ပေမယ့်လည်း လွှတ်တော်အတွင်း မဲခွဲကန့်ကွက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ ပြန်လည်ရုပ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ ကင်ယိုဟွန်းဟာ ဒီဇင်ဘာလ(၅)ရက်မှာ ကာကွယ်ရေးဝန်ကြီး ရာထူးကနေနုတ်ထွက်ခဲ့ပြီးနောက် ဒီဇင်ဘာလ(၈)ရက်တည်းက ဖမ်းဆီးထိန်းသိမ်းခံထားရပေမယ့်လည်း လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ခြင်းအပါအဝင် စွဲချက်များစွာနဲ့အတူ ဒီဇင်ဘာလ (၁၀)ရက်မှာ တရားဝင်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ လွှတ်တော်ကြားနာမှုတစ်ခုအတွင်း ကင်ယိုဟွန်းဟာ တရားဝင်ဖမ်းဆီးခြင်းကိုမခံရမီ မိနစ်ပိုင်းအလိုမှာ ကိုယ့်ကိုကိုယ်သတ်သေဖို့ ကြိုးပမ်းခဲ့တယ်လို့ တောင်ကိုရီးယား ပြုပြင်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ရှင်ယုံဟေးက ပြောကြားခဲ့ပါတယ်။

ရှင်ယုံဟေးက"ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယိုဟွန်းဟာ တရားဝင်ဖမ်းဆီးခြင်းကို မခံရမီ မိနစ်ပိုင်းအလိုမှာ ဆိုးလ် Dongbu ထိန်းသိမ်းရေးစင်တာအတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးပမ်းခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ ကင်ယိုဟွန်းဟာ ၎င်းရဲ့အဝတ်အစားက ကြိုးတစ်ချောင်းကိုအသုံးပြုပြီး အိမ်သာအတွင်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရှင်ယုံဟေးက"ထိန်းချုပ်ခန်းဝန်ထမ်းတစ်ဦးက အိမ်သာတံခါးကိုဖွင့်ပြီး တားဆီးမှုတွေနဲ့အတူ ကင်ယိုဟွန်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ကြိုးပမ်းမှုကို လက်လျှော့ခဲ့ရပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကင်ယိုဟွန်းကို လုံခြုံတဲ့အခန်းတစ်ခုအတွင်းမှာ အကာအကွယ်ပေးထားပြီး ကျန်းကျန်းမာမာနဲ့ ရှိနေတယ်လို့ ရှင်ယုံဟေးက ထပ်မံပြောကြားခဲ့ပါတယ်။

zawgyi version
တရားဝင္ဖမ္းဆီးျခင္းမခံရမီ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးေဟာင္းက ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ႀကိဳးပမ္းခဲ့ဟု ဆို
Pika (NP News) - ဒီဇင္ဘာ ၁၁

ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးေဟာင္း ကင္ယိုဟြန္းဟာ ၿပီးခဲ့တဲ့သီတင္းပတ္ကျဖစ္ပြားခဲ့တဲ့ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပ႒ာန္းမႈမွာ ၎ရဲ႕ပါဝင္ပတ္သက္ေနတဲ့ အခန္းက႑ေတြနဲ႔ပတ္သက္ၿပီး တရားဝင္ဖမ္းဆီးမႈကို မခံရမီ ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ အက်ဥ္းေထာင္အႀကီးတန္းအရာရွိတစ္ဦးက ဒီဇင္ဘာလ(၁၁)ရက္မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ဟာ ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၃)ရက္မွာ စစ္အုပ္ခ်ဳပ္ေရးဥပေဒကို ျပ႒ာန္းခဲ့ေပမယ့္လည္း လႊတ္ေတာ္အတြင္း မဲခြဲကန႔္ကြက္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ ျပန္လည္႐ုပ္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။ ကင္ယိုဟြန္းဟာ ဒီဇင္ဘာလ(၅)ရက္မွာ ကာကြယ္ေရးဝန္ႀကီး ရာထူးကေနႏုတ္ထြက္ခဲ့ၿပီးေနာက္ ဒီဇင္ဘာလ(၈)ရက္တည္းက ဖမ္းဆီးထိန္းသိမ္းခံထားရေပမယ့္လည္း လုပ္ပိုင္ခြင့္အာဏာကို အလြဲသုံးစားလုပ္ျခင္းအပါအဝင္ စြဲခ်က္မ်ားစြာနဲ႔အတူ ဒီဇင္ဘာလ (၁၀)ရက္မွာ တရားဝင္ဖမ္းဆီးခံခဲ့ရတယ္လို႔ သိရပါတယ္။ လႊတ္ေတာ္ၾကားနာမႈတစ္ခုအတြင္း ကင္ယိုဟြန္းဟာ တရားဝင္ဖမ္းဆီးျခင္းကိုမခံရမီ မိနစ္ပိုင္းအလိုမွာ ကိုယ့္ကိုကိုယ္သတ္ေသဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ေတာင္ကိုရီးယား ျပဳျပင္ေရးဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး ရွင္ယုံေဟးက ေျပာၾကားခဲ့ပါတယ္။

ရွင္ယုံေဟးက"ကာကြယ္ေရးဝန္ႀကီးေဟာင္း ကင္ယိုဟြန္းဟာ တရားဝင္ဖမ္းဆီးျခင္းကို မခံရမီ မိနစ္ပိုင္းအလိုမွာ ဆိုးလ္ Dongbu ထိန္းသိမ္းေရးစင္တာအတြင္း ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ ႀကိဳးပမ္းခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ ကင္ယိုဟြန္းဟာ ၎ရဲ႕အဝတ္အစားက ႀကိဳးတစ္ေခ်ာင္းကိုအသုံးျပဳၿပီး အိမ္သာအတြင္းမွာ ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ရွင္ယုံေဟးက"ထိန္းခ်ဳပ္ခန္းဝန္ထမ္းတစ္ဦးက အိမ္သာတံခါးကိုဖြင့္ၿပီး တားဆီးမႈေတြနဲ႔အတူ ကင္ယိုဟြန္းဟာ ကိုယ့္ကိုယ္ကိုယ္သတ္ေသဖို႔ ႀကိဳးပမ္းမႈကို လက္ေလွ်ာ့ခဲ့ရပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ကင္ယိုဟြန္းကို လုံၿခဳံတဲ့အခန္းတစ္ခုအတြင္းမွာ အကာအကြယ္ေပးထားၿပီး က်န္းက်န္းမာမာနဲ႔ ရွိေနတယ္လို႔ ရွင္ယုံေဟးက ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.