ခွေးလေး Bam အတွက် You Tube ချန်နယ်တစ်ခုဖွင့်ပေးခဲ့တဲ့ BTS အဖွဲ့ဝင် ဂျောင်ကွတ်
126
Pika (NP News) - ဒီဇင်ဘာ ၁၂
တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျောင်ကွတ်သည် ၎င်း၏ခွေးလေး Bam အတွက် YouTube ချန်နယ်တစ်ခုကို ဖွင်ခဲ့ကြောင်းသိရသည်။
ခွေးလေး Bam ၏ အင်စတာဂရမ်အကောင့် bio တွင် တင်ထားသော YouTube လင့်ခ်တစ်ခုကို ဂျောင်ကွတ်၏ပရိသတ်များက သတိထားခဲ့ပြီးနောက် ယခုလိုချန်နယ်ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ခွေးလေး Bam ၏ YouTube ချန်နယ်ကို ဖွင့်ထားပြီဖြစ်သော်လည်း မည်သည့်ဗီဒီယိုကိုမှ တင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။ ထို့ပြင် ပရိသတ်များသည် အဆိုပါချန်နယ်နှင့်ပတ်သက်ပြီး စိတ်လှုပ်ရှားနေကြပြီး ဂျောင်ကွတ်က ၎င်း၏ခွေးလေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ဘယ်လိုပုံစံဖြင့် မျှဝေလာမလဲဆိုသည်ကို စောင့်ဆိုင်းနေကြကြောင်းလည်း သိရသည်။ ဂျောင်ကွတ်က ၎င်း၏ခွေးလေး Bam အတွက် YouTube ချန်နယ်တစ်ခုဖွင့်ပေးသည့် သတင်းသည် ဆိုရှယ်မီဒီယာများနှင့် အွန်လိုင်းလူမှုအသိုင်းအဝိုင်းအသီးသီးတွင် ချက်ချင်းပျံ့နှံ့သွားခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် ပရိသတ်များက ဂျောင်ကွတ်နှင့် ၎င်း၏ခွေးလေး Bam တို့ကြား ကြည်နူးစရာကောင်းသည့်အ ခိုက်အတန့်များကို မြင်တွေ့ရနိုင်ရန် မျှော်လင့်စောင့်စားနေကြကြောင်းလည်း သိရသည်။ ဂျောင်ကွတ်သည် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလတွင် စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ပြီး (၂၀၂၅)ခုနှစ် ဇွန်လ (၁၁)ရက်တွင် စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဖြစ်ကြောင်း သိရသည်။ BTS အဖွဲ့ဝင်အားလုံးသည် စစ်မှု ထမ်း တာဝန်ပြီးဆုံးကြမည့် (၂၀၂၅) ခုနှစ်တွင် ပြန်လည်ပေါင်းစည်းကာ ဖျော်ဖြေရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ BTS အဖွဲ့ဝင်တစ်ဦးဖြစ်သူ Jin သည် ပြီးခဲ့သည့်ဇွန်လ(၁၂) ရက်တွင် ၎င်း၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးသွားပြီဖြစ်ပြီး J-Hope သည် ပြီးခဲ့သည့်အောက်တိုဘာလ(၁၇)ရက်တွင် ၎င်း၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးသွားပြီဖြစ်ကြောင်းသိရသည်။
zawgyi version
ေခြးေလး Bam အတြက္ You Tube ခ်န္နယ္တစ္ခုဖြင့္ေပးခဲ့တဲ့ BTS အဖြဲ႕ဝင္ ေဂ်ာင္ကြတ္
Pika (NP News) - ဒီဇင္ဘာ ၁၂
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ေဂ်ာင္ကြတ္သည္ ၎၏ေခြးေလး Bam အတြက္ YouTube ခ်န္နယ္တစ္ခုကို ဖြင္ခဲ့ေၾကာင္းသိရသည္။
ေခြးေလး Bam ၏ အင္စတာဂရမ္အေကာင့္ bio တြင္ တင္ထားေသာ YouTube လင့္ခ္တစ္ခုကို ေဂ်ာင္ကြတ္၏ပရိသတ္မ်ားက သတိထားခဲ့ၿပီးေနာက္ ယခုလိုခ်န္နယ္ကို ရွာေတြ႕ခဲ့ျခင္းျဖစ္သည္။ ေခြးေလး Bam ၏ YouTube ခ်န္နယ္ကို ဖြင့္ထားၿပီျဖစ္ေသာ္လည္း မည္သည့္ဗီဒီယိုကိုမွ တင္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရသည္။ ထို႔ျပင္ ပရိသတ္မ်ားသည္ အဆိုပါခ်န္နယ္ႏွင့္ပတ္သက္ၿပီး စိတ္လႈပ္ရွားေနၾကၿပီး ေဂ်ာင္ကြတ္က ၎၏ေခြးေလးႏွင့္ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို ဘယ္လိုပုံစံျဖင့္ မွ်ေဝလာမလဲဆိုသည္ကို ေစာင့္ဆိုင္းေနၾကေၾကာင္းလည္း သိရသည္။ ေဂ်ာင္ကြတ္က ၎၏ေခြးေလး Bam အတြက္ YouTube ခ်န္နယ္တစ္ခုဖြင့္ေပးသည့္ သတင္းသည္ ဆိုရွယ္မီဒီယာမ်ားႏွင့္ အြန္လိုင္းလူမႈအသိုင္းအဝိုင္းအသီးသီးတြင္ ခ်က္ခ်င္းပ်ံ႕ႏွံ႔သြားခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ပရိသတ္မ်ားက ေဂ်ာင္ကြတ္ႏွင့္ ၎၏ေခြးေလး Bam တို႔ၾကား ၾကည္ႏူးစရာေကာင္းသည့္အ ခိုက္အတန႔္မ်ားကို ျမင္ေတြ႕ရႏိုင္ရန္ ေမွ်ာ္လင့္ေစာင့္စားေနၾကေၾကာင္းလည္း သိရသည္။ ေဂ်ာင္ကြတ္သည္ (၂၀၂၃) ခုႏွစ္ ဒီဇင္ဘာလတြင္ စစ္မႈထမ္းတာဝန္ကို စတင္ထမ္းေဆာင္ခဲ့ၿပီး (၂၀၂၅)ခုႏွစ္ ဇြန္လ (၁၁)ရက္တြင္ စစ္မႈထမ္းတာဝန္ၿပီးဆုံးမည္ျဖစ္ေၾကာင္း သိရသည္။ BTS အဖြဲ႕ဝင္အားလုံးသည္ စစ္မႈ ထမ္း တာဝန္ၿပီးဆုံးၾကမည့္ (၂၀၂၅) ခုႏွစ္တြင္ ျပန္လည္ေပါင္းစည္းကာ ေဖ်ာ္ေျဖေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္သြားႏိုင္ဖြယ္ရွိေနေၾကာင္း သိရသည္။ BTS အဖြဲ႕ဝင္တစ္ဦးျဖစ္သူ Jin သည္ ၿပီးခဲ့သည့္ဇြန္လ(၁၂) ရက္တြင္ ၎၏စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးသြားၿပီျဖစ္ၿပီး J-Hope သည္ ၿပီးခဲ့သည့္ေအာက္တိုဘာလ(၁၇)ရက္တြင္ ၎၏စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္းသိရသည္။