ဂျပန်ရုပ်ရှင်သရုပ်ဆောင် မီဟိုနာကာရာမာ ရေချိုးနေချိန်အတွင်း မတော်တဆမှုတစ်ခုကြောင့် သေဆုံး

 2118

Pika (NP News) - ဒီဇင်ဘာ ၁၂

ဂျပန်ရုပ်ရှင်သရုပ်ဆောင်မင်းသမီး မီဟိုနာကာရာမာသည် ရေချိုးနေစဉ်အချိန်အတွင်းဖြစ်ပွားခဲ့သော မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့ကြောင်း ၎င်း၏အေဂျင်စီ Big Apple က ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

အသက်(၅၄)နှစ်အရွယ် မီဟိုနာကာရာမာသည် အလုပ်လာရန်ပျက်ကွက်ခဲ့သည့်အတွက် ၎င်း၏ အေဂျင်စီက သွားရောက်ခဲ့ရာ တိုကျိုမြို့ရှိ ၎င်း၏နေအိမ် ရေချိုးကန်ထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Big Apple အေဂျင်စီက "မီဟိုနာကာရာမာ ရုတ်တရုတ်ကွယ်လွန်သွားမှုနဲ့ပတ်သက်ပြီး နွေးထွေးတဲ့စကားလုံးတွေနဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ဖော်ပြခဲ့တဲ့ လူတွေအားလုံးကို ကျွန်တော်တို့အေဂျင်စီက ကျေးဇူးတင်ပါတယ်။ မီဟိုနာကာရာမာဟာ တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် သေဆုံးသွားတယ်ဆိုတဲ့ သက်သေအထောက်အထားတွေတော့ မတွေ့ရှိခဲ့ရပါဘူး။ သေဆုံးရတဲ့အကြောင်းအရင်းကတော့ ရေချိုးစဉ်အချိန်အတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နွေးထွေးတဲ့ကူညီပံ့ပိုးပေးမှုတွေအားလုံးကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်"ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကျန်ရစ်သူမိသားစုများနှင့် အခြားဆက်နွှယ်သူများ၏ ကိုယ်ရေးကိုယ်တာအတွင်းရေးများကို လေးစားရန်နှင့် သတင်းဖော်ပြမှုများကို သတိထားကြရန် မီဒီယာများကို Big Apple အေဂျင်စီက တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။ အခြားထုတ်ပြန်ချက်တစ်ခုတွင် မီဟိုနာကာရာမာအတွက် နှုတ်ဆက်ပွဲအခမ်းအနားကို နောက်ပိုင်းတွင် ကျင်းပပေးရန်စီစဉ်ထားကြောင်း Big Apple အေဂျင်စီက ရေးသားဖော်ပြထားသည်။ သို့သော်လည်း မီဟိုနာကာရာမာ၏ ဈာပနနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို Big Apple အေဂျင်စီက ထုတ်ပြန်ပြောဆိုထားခြင်းမျိုးမရှိသေးကြောင်းလည်းသိရသည်။ Big Apple အေဂျင်စီက"ကျန်ရစ်သူမိသားစုနဲ့အခြားဆက်နွှယ်သူတွေရဲ့ အတွင်းရေးတွေကို လေးစားတဲ့အနေနဲ့ တွေ့ဆုံမေးမြန်းခြင်းတွေမလုပ်ဆောင်ဖို့ မီဒီယာတွေကို ကျွန်တော်တို့တောင်းဆိုပါတယ်။ ပြီးတော့ မီဟိုနာကာရာမာရဲ့ နေအိမ် ဒါမှမဟုတ် ရုံးကိုသွားရောက်လည်ပတ်တာမျိုး ၊ထောက်လှမ်းတာမျိုးတွေလည်း မလုပ်ဆောင်ကြဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်"ဟု ရေးသားဖော်ပြထားသည်။

zawgyi version
ဂ်ပန္႐ုပ္ရွင္သ႐ုပ္ေဆာင္ မီဟိုနာကာရာမာ ေရခ်ိဳးေနခ်ိန္အတြင္း မေတာ္တဆမႈတစ္ခုေၾကာင့္ ေသဆုံး
Pika (NP News) - ဒီဇင္ဘာ ၁၂

ဂ်ပန္႐ုပ္ရွင္သ႐ုပ္ေဆာင္မင္းသမီး မီဟိုနာကာရာမာသည္ ေရခ်ိဳးေနစဥ္အခ်ိန္အတြင္းျဖစ္ပြားခဲ့ေသာ မေတာ္တဆမႈတစ္ခုေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း ၎၏ေအဂ်င္စီ Big Apple က ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

အသက္(၅၄)ႏွစ္အ႐ြယ္ မီဟိုနာကာရာမာသည္ အလုပ္လာရန္ပ်က္ကြက္ခဲ့သည့္အတြက္ ၎၏ ေအဂ်င္စီက သြားေရာက္ခဲ့ရာ တိုက်ိဳၿမိဳ႕ရွိ ၎၏ေနအိမ္ ေရခ်ိဳးကန္ထဲတြင္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ Big Apple ေအဂ်င္စီက "မီဟိုနာကာရာမာ ႐ုတ္တ႐ုတ္ကြယ္လြန္သြားမႈနဲ႔ပတ္သက္ၿပီး ေႏြးေထြးတဲ့စကားလုံးေတြနဲ႔ ဝမ္းနည္းေၾကကြဲမႈေတြကို ေဖာ္ျပခဲ့တဲ့ လူေတြအားလုံးကို ကြၽန္ေတာ္တို႔ေအဂ်င္စီက ေက်းဇူးတင္ပါတယ္။ မီဟိုနာကာရာမာဟာ တစ္စုံတစ္ဦးရဲ႕ ပေယာဂေၾကာင့္ ေသဆုံးသြားတယ္ဆိုတဲ့ သက္ေသအေထာက္အထားေတြေတာ့ မေတြ႕ရွိခဲ့ရပါဘူး။ ေသဆုံးရတဲ့အေၾကာင္းအရင္းကေတာ့ ေရခ်ိဳးစဥ္အခ်ိန္အတြင္း ျဖစ္ပြားခဲ့တဲ့ မေတာ္တဆမႈတစ္ခုေၾကာင့္လို႔ ဆုံးျဖတ္ထားပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး ေႏြးေထြးတဲ့ကူညီပံ့ပိုးေပးမႈေတြအားလုံးကို ကြၽန္ေတာ္တို႔ အသိအမွတ္ျပဳပါတယ္"ဟု သတင္းထုတ္ျပန္ခဲ့သည္။

ထို႔ျပင္ က်န္ရစ္သူမိသားစုမ်ားႏွင့္ အျခားဆက္ႏႊယ္သူမ်ား၏ ကိုယ္ေရးကိုယ္တာအတြင္းေရးမ်ားကို ေလးစားရန္ႏွင့္ သတင္းေဖာ္ျပမႈမ်ားကို သတိထားၾကရန္ မီဒီယာမ်ားကို Big Apple ေအဂ်င္စီက ေတာင္းဆိုခဲ့ေၾကာင္းလည္း သိရသည္။ အျခားထုတ္ျပန္ခ်က္တစ္ခုတြင္ မီဟိုနာကာရာမာအတြက္ ႏႈတ္ဆက္ပြဲအခမ္းအနားကို ေနာက္ပိုင္းတြင္ က်င္းပေပးရန္စီစဥ္ထားေၾကာင္း Big Apple ေအဂ်င္စီက ေရးသားေဖာ္ျပထားသည္။ သို႔ေသာ္လည္း မီဟိုနာကာရာမာ၏ ဈာပနႏွင့္ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္မ်ားကို Big Apple ေအဂ်င္စီက ထုတ္ျပန္ေျပာဆိုထားျခင္းမ်ိဳးမရွိေသးေၾကာင္းလည္းသိရသည္။ Big Apple ေအဂ်င္စီက"က်န္ရစ္သူမိသားစုနဲ႔အျခားဆက္ႏႊယ္သူေတြရဲ႕ အတြင္းေရးေတြကို ေလးစားတဲ့အေနနဲ႔ ေတြ႕ဆုံေမးျမန္းျခင္းေတြမလုပ္ေဆာင္ဖို႔ မီဒီယာေတြကို ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္။ ၿပီးေတာ့ မီဟိုနာကာရာမာရဲ႕ ေနအိမ္ ဒါမွမဟုတ္ ႐ုံးကိုသြားေရာက္လည္ပတ္တာမ်ိဳး ၊ေထာက္လွမ္းတာမ်ိဳးေတြလည္း မလုပ္ေဆာင္ၾကဖို႔ ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္"ဟု ေရးသားေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.