မူဆယ်မြို့တွင် အေး၍ မီးဖိုအိပ်စဉ် အိပ်ရာကို မီးလောင်သောကြောင့် လေဖြတ်နေသော အမျိုးသားတစ်ဦး မီးလောင်သေဆုံး

 394

နာမူ (NP News) - ဒီဇင်ဘာ ၁၃

မူဆယ်မြို့နယ်တွင် အေး၍ မီးဖိုအိပ်စဉ် အိပ်ရာကို မီးလောင်သောကြောင့် လေဖြတ်နေသော အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဖြစ်စဉ်တွင် သွားရောက်ကူညီခဲ့သည့် နှလုံးလှ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဖြစ်စဉ်မှာ ယမန်နေ့( ဒီဇင်ဘာလ ၁၂ ရက်)၊ နံနက်ပိုင်းက မူဆယ်မြို့နယ်၊ ဟိုနားရပ်ကွက်၊ မြို့ရှောင်လမ်းရှိ လမ်းကြေးကောက်ခံသည့် ဂိတ်တဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မူဆယ်မှာ အရမ်းအေးတယ်လေ။ အရမ်းအေးတော့ မီးဖိုဖိုပြီး အိပ်တယ်ထင်တယ်။ အောက်က အိပ်ရာခင်းက အထူကြီးတွေလေ။ မီးစွဲတော့ အဲဒီလူက လေဖြတ်နေတော့ မပြေးနိုင်ဘူး။ ညဘက်ဆိုတော့ အော်လည်း အိမ်ထဲကပဲ ဘယ်သူမှ မကြားလောက်ဘူးလေ”ဟု အထက်ပါ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါ အမျိုးသားမှာ အသက် (၄၀)ဝန်းကျင်အရွယ်ရှိပြီး ဆင်းရဲနွမ်းပါးကာ မိသားစုမရှိသဖြင့် ၅ ပေ၊ ၆ပေ ပတ်လည် ဂိတ်တဲတွင် လာရောက်နေထိုင်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ “အဲဒီမှာ ဂိတ်တဲလေး။ လမ်းမကြီးဘေးမှာ ပိုက်ဆံကောက်တဲ့ ဂိတ်တဲလေး။ (၅) ပေပတ်လည်၊ (၆)ပေပတ်လည်လောက်လေး။ အဲဒီလောက်ပဲရှိတယ်။ အဲဒီထဲမှာ အိပ်တယ်။ သူက မိသားစုမရှိဘူး ပိုင်ရှင်မဲ့တွေ” ဟု ၎င်းက ပြောသည်။

အဆိုပါ မီးလောင်မှုကြောင့် လေဖြတ်နေသော အမျိုးသား၏ ခန္ဓာကိုယ်ညာဘက်တွင် မီးလောင်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။ သေဆုံးသူ၏ မိသားစုကို ဆက်သွယ်မရသောကြောင့် ပိုင်ရှင်မဲ့ ရုပ်အလောင်းအဖြစ် သတ်မှတ်ကာ သက်ဆိုင်ရာသို့ အကြောင်းကြားပြီး မူဆယ်မြို့ သုဿန်တွင် သင်္ဂြုဟ်ပေးခဲ့ကြောင်းလည်း သိရသည်။

zawgyi version
မူဆယ္ၿမိဳ႕တြင္ ေအး၍ မီးဖိုအိပ္စဥ္ အိပ္ရာကို မီးေလာင္ေသာေၾကာင့္ ေလျဖတ္ေနေသာ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံး
နာမူ (NP News) - ဒီဇင္ဘာ ၁၃

မူဆယ္ၿမိဳ႕နယ္တြင္ ေအး၍ မီးဖိုအိပ္စဥ္ အိပ္ရာကို မီးေလာင္ေသာေၾကာင့္ ေလျဖတ္ေနေသာ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးခဲ့ေၾကာင္း ျဖစ္စဥ္တြင္ သြားေရာက္ကူညီခဲ့သည့္ ႏွလုံးလွ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ျဖစ္စဥ္မွာ ယမန္ေန႔( ဒီဇင္ဘာလ ၁၂ ရက္)၊ နံနက္ပိုင္းက မူဆယ္ၿမိဳ႕နယ္၊ ဟိုနားရပ္ကြက္၊ ၿမိဳ႕ေရွာင္လမ္းရွိ လမ္းေၾကးေကာက္ခံသည့္ ဂိတ္တဲတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“မူဆယ္မွာ အရမ္းေအးတယ္ေလ။ အရမ္းေအးေတာ့ မီးဖိုဖိုၿပီး အိပ္တယ္ထင္တယ္။ ေအာက္က အိပ္ရာခင္းက အထူႀကီးေတြေလ။ မီးစြဲေတာ့ အဲဒီလူက ေလျဖတ္ေနေတာ့ မေျပးႏိုင္ဘူး။ ညဘက္ဆိုေတာ့ ေအာ္လည္း အိမ္ထဲကပဲ ဘယ္သူမွ မၾကားေလာက္ဘူးေလ”ဟု အထက္ပါ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါ အမ်ိဳးသားမွာ အသက္ (၄၀)ဝန္းက်င္အ႐ြယ္ရွိၿပီး ဆင္းရဲႏြမ္းပါးကာ မိသားစုမရွိသျဖင့္ ၅ ေပ၊ ၆ေပ ပတ္လည္ ဂိတ္တဲတြင္ လာေရာက္ေနထိုင္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ “အဲဒီမွာ ဂိတ္တဲေလး။ လမ္းမႀကီးေဘးမွာ ပိုက္ဆံေကာက္တဲ့ ဂိတ္တဲေလး။ (၅) ေပပတ္လည္၊ (၆)ေပပတ္လည္ေလာက္ေလး။ အဲဒီေလာက္ပဲရွိတယ္။ အဲဒီထဲမွာ အိပ္တယ္။ သူက မိသားစုမရွိဘူး ပိုင္ရွင္မဲ့ေတြ” ဟု ၎က ေျပာသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ေလျဖတ္ေနေသာ အမ်ိဳးသား၏ ခႏၶာကိုယ္ညာဘက္တြင္ မီးေလာင္ဒဏ္ရာမ်ား ရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္းသိရသည္။ ေသဆုံးသူ၏ မိသားစုကို ဆက္သြယ္မရေသာေၾကာင့္ ပိုင္ရွင္မဲ့ ႐ုပ္အေလာင္းအျဖစ္ သတ္မွတ္ကာ သက္ဆိုင္ရာသို႔ အေၾကာင္းၾကားၿပီး မူဆယ္ၿမိဳ႕ သုႆန္တြင္ သျဂၤုဟ္ေပးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.