ဝက် အကောင်ရေ ၁၀၀ ကျော် တင်ဆောင်လာတဲ့ ဒက်ချ်လေကြောင်းလိုင်း KLM၊ အနံ့အသက်ဆိုးတွေကြောင့် မရည်ရွယ်ပဲ လမ်းတစ်ဝက်နဲ့ ဆင်းသက်ခဲ့ရ
293
ရောင်နီ (NP News) - ဒီဇင်ဘာ ၁၉
လူသားခရီးသည်တွေနဲ့အတူ ဝက် အရှင်အကောင်ရေ ၁၀၀ သယ်ဆောင်လာပြီး မက္ကဆီကိုနိုင်ငံကို ဦးတည်ပျံသန်းနေတဲ့ ဒက်ချ်လေကြောင်းလိုင်း KLM ရဲ့လေယာဉ်တစ်စီးဟာ မခံမရပ်နိုင်တဲ့ အနံ့အသက်ဆိုးတွေကြောင့် ဗြိတိန်နိုင်ငံ၊ ဘာမြူဒါကျွန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ သိရပါတယ်။
လေယာဉ်ဟာ ခရီးသည် ၂၅၉ ဦးနဲ့ ဝက်အရှင် ၁၀၀ ကို တင်ဆောင်ကာ ဒက်ချ်နိုင်ငံ၊ မြို့တော် အမ်စတာဒမ်မှ မက္ကဆီကိုစီးတီးကို ဒီဇင်ဘာ ၁၃ ရက် ညနေ ၃ နာရီခန့်က ထွက်ခွာလာတာဖြစ်ပါတယ်။ ပျံသန်းချိန် ခြောက်နာရီ ကြာတဲ့အခါ လေယာဉ်ထဲ ပျံ့နှံ့လာတဲ့အနံ့အသက်ဆိုးတွေကြောင့် လေယာဉ်မှူးက မရည်ရွယ်ပဲ ဗြိတိန်နိုင်ငံ၊ ဘာမြူဒါကျွန်းပေါ်ကို အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ အဆိုပါပျံသန်းမှုမှာ ဝက်အရှင်တွေကို လူသား ခရီးသည် တွေနဲ့အတူ ဘာကြောင့် တင်ဆောင်လာတယ်ဆိုတာ မရှင်းလင်းသေးပါဘူး။ ဘာမြူဒါမှာ အစီအစဉ်မရှိပဲ ဆင်းသက်ခဲ့ပြီးတဲ့နောက် ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေရဲ့အောက်ဆီဂျင်ပြဿနာတွေကြောင့် နီးစပ်ရာ ဟိုတယ်တွေမှာ ခဏအနားယူစေခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဝက်တွေကိုတော့ ကျွန်းပေါ်မှာပဲ ဘေးကင်းတဲ့နေရာကို ပို့ဆောင်ထိန်းသိမ်းထားခဲ့တယ်လို့ ဘာမြူဒါဖလီယာက ပြောကြားပါတယ်။
ခရီးစဉ် နာရီ ၃ဝ လောက် နှောင့်နှေးခဲ့ပြီးတဲ့နောက် ခရီးသည်တွေကို ဒီဇင်ဘာလ ၁၄ ရက်မှာ မက္ကဆီကိုသီးတီးကို ပို့ဆောင်ပေးခဲ့ပြီး ဝက်တွေကိုတော့ ဒီဇင်ဘာ ၁၅ ရက်မှာ ကုန်တင်လေယာဉ်နဲ့ မက္ကဆီကိုစီးတီးကို ပို့ဆောင်ခဲ့ တယ်လို့ သိရပါတယ်။
Zawgyi Version;
ဝက္ အေကာင္ေရ ၁၀၀ ေက်ာ္ တင္ေဆာင္လာတဲ့ ဒက္ခ်္ေလေၾကာင္းလိုင္း KLM၊ အနံ႔အသက္ဆိုးေတြေၾကာင့္ မရည္႐ြယ္ပဲ လမ္းတစ္ဝက္နဲ႔ ဆင္းသက္ခဲ့ရ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၁၉
လူသားခရီးသည္ေတြနဲ႔အတူ ဝက္ အရွင္အေကာင္ေရ ၁၀၀ သယ္ေဆာင္လာၿပီး မကၠဆီကိုႏိုင္ငံကို ဦးတည္ပ်ံသန္းေနတဲ့ ဒက္ခ်္ေလေၾကာင္းလိုင္း KLM ရဲ႕ေလယာဥ္တစ္စီးဟာ မခံမရပ္ႏိုင္တဲ့ အနံ႔အသက္ဆိုးေတြေၾကာင့္ ၿဗိတိန္ႏိုင္ငံ၊ ဘာျမဴဒါကြၽန္းမွာ အေရးေပၚဆင္းသက္ခဲ့ရတယ္လို႔ သိရပါတယ္။
ေလယာဥ္ဟာ ခရီးသည္ ၂၅၉ ဦးနဲ႔ ဝက္အရွင္ ၁၀၀ ကို တင္ေဆာင္ကာ ဒက္ခ်္ႏိုင္ငံ၊ ၿမိဳ႕ေတာ္ အမ္စတာဒမ္မွ မကၠဆီကိုစီးတီးကို ဒီဇင္ဘာ ၁၃ ရက္ ညေန ၃ နာရီခန႔္က ထြက္ခြာလာတာျဖစ္ပါတယ္။ ပ်ံသန္းခ်ိန္ ေျခာက္နာရီ ၾကာတဲ့အခါ ေလယာဥ္ထဲ ပ်ံ႕ႏွံ႔လာတဲ့အနံ႔အသက္ဆိုးေတြေၾကာင့္ ေလယာဥ္မႉးက မရည္႐ြယ္ပဲ ၿဗိတိန္ႏိုင္ငံ၊ ဘာျမဴဒါကြၽန္းေပၚကို အေရးေပၚဆင္းသက္ခဲ့ရပါတယ္။ အဆိုပါပ်ံသန္းမႈမွာ ဝက္အရွင္ေတြကို လူသား ခရီးသည္ ေတြနဲ႔အတူ ဘာေၾကာင့္ တင္ေဆာင္လာတယ္ဆိုတာ မရွင္းလင္းေသးပါဘူး။ ဘာျမဴဒါမွာ အစီအစဥ္မရွိပဲ ဆင္းသက္ခဲ့ၿပီးတဲ့ေနာက္ ခရီးသည္ေတြနဲ႔ ေလယာဥ္အမႈထမ္းေတြရဲ႕ေအာက္ဆီဂ်င္ျပႆနာေတြေၾကာင့္ နီးစပ္ရာ ဟိုတယ္ေတြမွာ ခဏအနားယူေစခဲ့တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။ ဝက္ေတြကိုေတာ့ ကြၽန္းေပၚမွာပဲ ေဘးကင္းတဲ့ေနရာကို ပို႔ေဆာင္ထိန္းသိမ္းထားခဲ့တယ္လို႔ ဘာျမဴဒါဖလီယာက ေျပာၾကားပါတယ္။
ခရီးစဥ္ နာရီ ၃ဝ ေလာက္ ေႏွာင့္ေႏွးခဲ့ၿပီးတဲ့ေနာက္ ခရီးသည္ေတြကို ဒီဇင္ဘာလ ၁၄ ရက္မွာ မကၠဆီကိုသီးတီးကို ပို႔ေဆာင္ေပးခဲ့ၿပီး ဝက္ေတြကိုေတာ့ ဒီဇင္ဘာ ၁၅ ရက္မွာ ကုန္တင္ေလယာဥ္နဲ႔ မကၠဆီကိုစီးတီးကို ပို႔ေဆာင္ခဲ့ တယ္လို႔ သိရပါတယ္။