ဥာဏ်မွဲပြီး စိတ်ဓာတ်ဆင်းရဲခြင်းကြောင့် နွမ်းပါးနေသော မြန်မာ့စီးပွားရေးအကြောင်း ဆွေးနွေးခြင်း
507
စော (NP News) - ဒီဇင်ဘာ ၁၉
ကျော်နုနှင့်ဆွေးနွေးဖော်များ အလွတ်သဘောဆွေးနွေးမှု၏ ယခုတစ်ကြိမ်အစီအစဉ်သည် စီးပွားရေး ကဏ္ဍအတွက်ဖြစ်၏။ ရေတိုရေရှည်နှင့် ပြုပြင်ပြောင်းလဲသင့်သောအချက်များကို ဆွေးနွေးထုတ်ဖော်ကာ ထောက်ပြ အကြံပြုထားသည်။ အပိုင်း(၄)ပိုင်းဖြင့် ဖော်ပြမည်ဖြစ်ပြီး အခန်းဆက်အဖြစ် စောင့်ဆိုင်း ဖတ်ရှုစေလိုပါသည်။
ကျော်နု - ဆွေးနွေးချင်တာက တခြားမဟုတ်ပါဘူး။ တိုင်းပြည်ရဲ့စီးပွားရေးကဏ္ဍပါ။ လက်ရှိနဲ့ နောက် လာလတ္တံ့ သော အခြေအနေကို စပြီးဆွေးနွေးကြတာပေါ့။
ဆွေးနွေးဖော် - ကျွန်တော်တို့က ကိုယ့်နိုင်ငံ တကယ်တိုးတက်မယ်ဆိုရင်ပေါ့နော်။ လုပ်သင့်လုပ်ထိုက်တာတွေက အများကြီး။ အခြေခံကျကျက စဆွေးနွေးရမှာပဲ သိလား။ ကျွန်တော်တို့တိုင်းပြည်မှာ လူကြောင့် တိုးတက်သင့်တာနဲ့ မတိုးတက်သင့်တာရှိတယ်။ ကိုကျော်မျိုးမင်းသိတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ တောင်သူလယ်သမားတွေက (၇၀) ရာခိုင်နှုန်းရှိတာ။ မြေလည်း တကယ်ပေါတယ်။ ရေချိုမြစ်ကြီးတွေ လည်း အရမ်းပေါပြီးတော့ ဒီတိုင်းပြည်မှာ အစားအသောက် စရိတ်အရမ်းကြီးနေတာက သဘာဝမကျဘူး။ ဘာလို့ သဘာဝမကျလဲဆိုတော့ မြေနဲပတ်သက်တဲ့ Policy ပေါ့။ အစိုးရမှာ မြေနဲ့ပတ်သက်တဲ့ Policy ကောင်းကောင်းမရှိဘူး။ မြေက ဘယ်သူ့အတွက်ဖြစ်နေလဲ ဆိုတော့ မြေလွတ်၊ မြေရိုင်း၊ မြို့နယ် မြေစာရင်းဌာနတို့၊ ကျေးရွာမြေစာရင်းဌာနတို့ကလူတွေရဲ့ လုပ်စားဖို့သက် သက်ဖြစ်နေတယ်။ အမှန်တကယ်လုပ်ကိုင်မယ့်လူ လက်ထဲကိုမရောက်ဘူး။ ဆိုပါစို့။ အခုမြေကွက်ကြီးတစ်ကွက် ဘာမှလည်း မဆိုင်ဘူး။ နှစ်တိုင်း မေးကြည့်လိုက်တော့ ဒါဘယ်သူပိုင်လဲ။ တချို့ဟာဆို ပိုင်ရှင်တောင် ဖော်လို့မရ ဘူး။ ဒါနဲ့ဟုတ်ပြီ။ အဲဒီမှာ ကုမ္ပဏီတစ်ခုကနေပြီးတော့ စက်မှုလယ်ယာအကောင်အထည်ဖော်ဖို့ ဒီနေရာတွေ မှာ ယူတော့မယ်ဘာညာဆိုရင် ပိုင်ရှင် တွေက အသီးသီးထွက်လာကြမှာ။ အဲဒီတော့ စီမံကိန်းလုပ်မယ် ဆိုတော့မှ သူတို့ကဖြစ်လာကြတာပေါ့နော်။ မြန်မာပြည်မှာကလည်း စီမံကိန်းဆိုတာ ဟိုးအရင် NLD လက်ထက်တုန်း က ဘာရယ်ညာရယ် မဟုတ်ဘူး။ စီမံကိန်းဆို ကန့်ကွက်မယ်။ သူတို့ အတိုက်အခံ ဘဝ ကပေါ့နော် ကန့်ကွက်ခဲ့တာ။ သူတို့လက်ထက်ကျတော့လည်း စီမံကိန်းတွေက အကောင်အထည်မဖော်တဲ့အခါ မြေရရှိမှုခက်သွားတော့ မြေကြီးတွေကအများကြီးပဲ။ ဒါပေမဲ့ ကျွန်တော်တို့သွားပြီး အလုပ်လုပ် မယ်၊ စိုက်မယ်၊ စက်မှုလယ်ယာ လုပ်မယ်။ ဘာလို့လဲဆိုတော့ စက်မှုလယ်ယာလုပ်တာသည် ဧက တစ်ရာလောက်ကို စက်မှုလယ်ယာနဲ့ လုပ် မယ်ဆိုရင် အဲဒီ Cost က တစ်ဧကချင်းကို လူနဲ့စိုက်တာ ထက်အများကြီး Cost သက်သာတယ်။ ထွက်လာတဲ့ဟာက ကုမ္ပဏီက သူဘာသာသူချိတ်ဆက်ပြီး Export သွားရုံပဲ။ ဥပမာ-လယ်သမားတွေကို ဦးစား ပေးချင်တယ်၊ လယ်သမားတွေကို စိုက်စေချင်တယ်။ လူတိုင်းကို စီးပွားဖြစ်စေချင်တယ်။ မစိုက်တဲ့ လယ် ပြန်သိမ်းလေ။ စိုက်ရမယ်။ နောက်တစ်ခါ လယ် သမားတွေကို ပိုက်ဆံရစေချင်တယ်ဆိုရင် မထုတ်ရဘူး။ နိုင်ငံတော်အနေနဲ့ ဘာလုပ်ရမလဲဆိုရင် ဒါက Policy ပိုင်းပေါ့နော်။ UMFCCI ကို ဖျက်ရမယ်။ အကြမ်းဖျင်းပြောရင်တော့ ဒါစီးပွားရေးလို့ပြောပေမယ့် နိုင်ငံရေး နဲ့ဆက်နွယ်တယ်။
ကျော်နု - UMFCCI ကို ဖျက်ရမယ်ဆိုရင် တော်တော်လေး Risk ယူရမယ့်ကိစ္စကြီးပဲ။
ဆွေးနွေးဖော် - ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း UMFCCI ကို Member ဝင်ရတယ်။ မဝင်ရင် ဘာမှလုပ်လို့ မရဘူး။ ဒါပေမဲ့ အခု UMFCCI မှာ ဝင်ပြီးနေရာယူထားတဲ့လူများအားလုံးသည် ကုမ္ပဏီ (၂၀)လောက်ရှိတာပေါ့ဗျာ။ ကုမ္ပဏီ(၂၀)လောက်က လူကြီးတွေအားလုံးသည် မြန်မာတစ်နိုင်ငံလုံးရဲ့ရှိသမျှစီးပွားရေးကို အညွန့်ခူးစားတဲ့လူတွေ ဖြစ်နေတာပေါ့။ ဆိုတော့ စပါးသွားဝယ်တော့မယ်။ Export ထွက်ရင် စပါးပေါက်ဈေးက (၁၅) သိန်းရမယ်ပေါ့။ (၁၅)သိန်းရလို့ သူတို့ရဲ့အမြတ်နဲ့အခွန်နုတ်ပြီးတော့ သူတို့က (၁၂) သိန်း (၁၁)သိန်းလောက်နဲ့ ဝယ်ပြီး တော့ အမြတ် ကလေး (၁) သိန်း၊ (၂) သိန်း (၁၀) ရာခိုင်နှုန်း အမြတ်လောက်နဲ့အလုပ်လုပ်နေတယ် ဆိုရင်ထားပေါ့။ အဲဒီလောက်ရှိ ပေမယ့် စပါးသွားဝယ် ရင် (၆)သိန်းတို့ဘာတို့ပေးတာ။ ဒါ ဥပမာ- ကျွန်တော်ပြောပြတာ။ ခေါင်းချိုးတာကြီးက ရက်စက်တယ်။ တောင်သူလယ်သမားကပဲ စပါးဈေးတက်တက်၊ တက်မရဘူး။ တောင်သူလယ်သမားက သူတို့ ဖြတ် ထားတဲ့ဈေးပဲရတယ်။ ဘာဖြစ်လို့လဲ တောင်သူလယ် သမားက ငွေမထောက်နိုင်ဘူးလေ။ ဘာလို့ငွေမ ထောက်နိုင်လဲ။ ဓာတ်မြေဩဇာတွေ ဈေးကြီးတယ်။ ဓာတ်မြေဩဇာ အကြွေးပေးတယ်ဆိုတော့ သူပေးတဲ့ ဈေးနဲ့ယူရတာ။ မျိုးလည်း အကြွေးယူတာဆိုတော့ သူတို့ပေးတဲ့ဈေးနဲ့ယူတာ။ အဲဒီတော့ ဘာဖြစ်လဲ မြန်မာပြည်မှာ မျိုးရောင်းတဲ့လူ၊ ဓာတ်မြေဩဇာရောင်းတဲ့ လူ၊ ဝယ်ပြီး Export ထွက်တဲ့လူက အရမ်းချမ်းသာတဲ့ (၃၀)ရာခိုင်နှုန်း ထဲမှာဝင်သွားပြီးတော့ မွဲနေတဲ့ (၇၀)ရာခိုင်နှုန်း တောင်သူလယ်သမားတွေက အကြွေးပဲတိုးလာတယ်။ အဲဒီတော့ ဘာဖြစ်လာလဲ။ သူတို့ရဲ့သားသမီးနှစ်ယောက်ကို နိုင်ငံခြားကိုလွှတ် လိုက်တယ်။ လယ်ဧက (၂၀) လောက်ပိုင်တဲ့ လူက သားသမီးနှစ်ယောက်ကို နိုင်ငံခြားကိုလွှတ်လိုက်တယ်။ သူတို့က နှစ်တိုင်းရှုံးနေတယ်လေ။ နိုင်ငံခြားမှာ ရောက်သွားတဲ့အခါကျတော့ ကံကောင်းစွာ ညီအစ်ကိုနှစ်ယောက်က ကိုရီးယားက လယ်သမားတစ်ယောက်တည်း ဆီမှာ အလုပ်ရတယ်။ True Story နော်။ အဲဒီကိုရီးယားက လယ်(၂)ဧကရှိတယ်။ လယ်(၂)ဧကမှာ အဲဒီနှစ်ယောက်အလုပ်လုပ်ရင် တစ်ယောက်ကို တစ်လ (၁၅)သိန်းပေးတယ်။ စားပြီးသောက်ပြီး ညီအစ်ကို နှစ်ယောက် သိန်း(၃၀)ရတာ ပေါ့နော်။ အဲဒီတော့ သူတို့နှစ်ယောက်သုံးတာ စရိတ် (၁၀)သိန်းလောက်ဖယ်ပြီး အိမ်ကို သိန်း (၂၀) ပြန်ပို့ နေတဲ့အခါကျတော့ ဒီမှာလယ်ဧက (၅၀)လောက် စိုက်တဲ့ အဖေနဲ့အတူရုန်းပြီး စိုက်မယ့်လူ က နှစ်တိုင်း ရှုံးနေပြီးတော့ သားနှစ်ယောက်ကို အဲဒီလွှတ်လိုက်ပြီး ဒီမှာထိုင်နေတော့ ပိုက်ဆံသိန်း (၂၀)လောက်ရ နေပြီ။ အဲဒီကိုရီးယားလယ်သမားကြီးက မေးတယ်။ မင်းတို့ တိုင်းပြည်မှာ ဘာလုပ်လဲဆိုတော့ ငါတို့မှာ လယ်ဧက (၅၀)ရှိတယ်။ ဒါဆို ဘာလို့ မင်းတို့ ဒီ(၂)ဧကတည်းမှာ လာလုပ်နေတာလဲ။ မင်းတို့ တကယ်ချမ်းသာတဲ့ကောင်တွေ၊ မြေအရမ်းပေါတဲ့ကောင်တွေပဲ။
ကျော်နု - သူ့ထက်တောင် ချမ်းသာနေသေးတယ်။
ဆွေးနွေးဖော် - နိုင်ငံနှစ်ခုရဲ့ Policy ဘယ်လောက်ထိ လွဲမှားနေလဲဆိုတာ။ အဲဒီမှာ ထင်သာမြင်သာရှိတယ်။ ဆိုတော့ အဲဒါကျွန်တော်အခုပြောပြလိုက်ရင်တော့ ရယ်ချင်စရာလေးလိုလို၊ ဟာသလေးလိုပေမယ့် အင် မတန်မှ ဝမ်းနည်းစရာကောင်းနေမှာ။ ကျွန်တော်တို့ မြန်မာပြည်ဖြစ်နေတဲ့အဖြစ်က သိလား။ ဆိုတော့ မြန်မာပြည်မှာ တကယ်လဲလှယ်သင့်တဲ့လူတန်းစားတွေရှိတယ်။ မြို့နယ် မြေစာရင်းမှူးများအားလုံး၊ စည်ပင်သာယာဝန်ထမ်းများ အားလုံး၊ အကုန်လုံးက အလုပ်မလုပ်ဘဲ ညာနေကြတဲ့လူတွေချည်းပဲ။ အမှန်အကန်မလုပ်ဘူး။ ဒါကြီးက ထုကြီး ထည်ကြီးနဲ့ အရမ်းဖြစ်လာတဲ့အခါကျတော့ သူတို့ကပဲ မှန်သလိုဖြစ်နေတယ်။ သူတို့က ဟိုဥပဒေတွေ၊ ဒီဥပဒေတွေ၊ ကျွန်တော်ပြောတာ ဥပဒေ ဆိုတာ လူကလုပ်တာ။ တကယ် တိုးတက်ချင်ရင် တကယ် သူများနိုင်ငံတွေဘယ်လို လုပ်နေလဲ ဆိုတာ ဥပဒေမျိုးကို ပြုလွယ်၊ ပြောင်းလွယ်၊ ပြင်လွယ်ဖြစ်ရမှာပေါ့။ နောက် ခေတ်စနစ်နဲ့ လိုက်လျောညီ ထွေဖြစ်တဲ့ဥပဒေဖြစ်ရမယ်။ (၁၉၇၀)က ဥပဒေ (၂၀၂၄)ခုနှစ်မှာ အကျုံးဝင်ချင်မှဝင်တော့မယ်။ ဘာဖြစ် လို့လဲဆိုတော့ ခေတ်စနစ်ကအစမတူတော့ ဘူး။ အဲဒီခေတ်က IT တို့၊ ဘာတို့ မရှိဘူး။ အခုက IT တွေ ရှိလာတယ်။ မူပိုင်ခွင့်တွေရှိလာတယ်။ အများ ကြီး ပြုလွယ် ပြောင်းလွယ် ဖြစ်သင့်တာပေါ့။ အဲဒီတော့ မော်တော်ကား ဥပဒေကအစ ဒါ ဥပမာ - ကျွန်တော်ပြောတာပါ။ ကျွန်တော် နောက်တစ်ခုပြောပြဦးမယ်။ ကိုဗစ်ကာလ တကယ့် SME တွေကို ချေးငွေအတွက်ကို နိုင်ငံတော်က ဘတ်ဂျက် ဘီလျံ(၂၀ဝ)ချ ထား လိုက်တယ်။ ခုနကပြောတဲ့ UMFCCI အဖွဲ့ တွေပဲ သူတို့က အစိုးရနဲ့တိုက်ရိုက်ရင်းနှီးပြီးတော့ သူတို့ကို ပြန်ချပေးဖို့ အဲဒီကုမ္ပဏီအခု(၂၀)လောက်က အမျိုးတွေပြောင်းပြီးတော့ အဲဒီဘီလျံ(၂၀ဝ)ကို တစ် ယောက် တစ်ဘီလျံလောက်ယူလိုက်တော့ အဲဒီချေးငွေက အစိုးရရောက်ချင်တဲ့လူတွေဆီကို . . . ။
ကျော်နု - မရောက်တော့ဘူး။
ဆွေးနွေးဖော် - ပြီးတော့ ဆီသွင်းတယ်ဆိုလည်း အဲဒီလိုပဲ ဆီသွင်းတဲ့အဖွဲ့အစည်းတစ်ခုရှိတယ်။ Gover nment က အဲဒီအဖွဲ့အစည်းနဲ့ဝင်ထားတဲ့ကုမ္ပဏီ လေး၊ ငါး၊ ဆယ်ခုကပဲ ဆီလောကကြီးကို ချုပ်ကိုင် ထား တာ။ မြန်မာပြည်ရဲ့ ဆီဈေးတက်ခြင်း၊ ကျခြင်း သည် ကမ္ဘာ့ရေနံဈေး တက်ခြင်း၊ ကျခြင်းနဲ့ လုံးဝ မဆိုင် ဘူး။ ဒီလူတွေရဲ့လက်ထဲမှာ ဆီဘယ်လောက် များများရှိသလဲ။ ဒေါ်လာဈေး အမြင့်နဲ့ပိတ်တာလား။ အနိမ့်နဲ့ပိတ်တာလားဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ နောက်တစ်ခါ ကျွန်တော်အမြဲပြောသလို တိုင်းပြည် တစ်ပြည်မှာ အခြေခံလျှပ်စစ်မှမရှိရင် ဘာမှလုပ် လို့မရဘူး။ လျှပ်စစ်မရှိတော့ ဒီဇယ်၊ အင်ဂျင်တွေ နဲ့သုံး ရတယ်။ ဒီဇယ်၊ အင်ဂျင်တွေနဲ့သုံးတော့ Production Cost တက်တယ်။ ကုန်ဈေးနှုန်းတွေ ကြီး တယ်။ ကျွန်တော်တို့က အများကြီး မုန့်လုံးစက္ကူကပ်သလိုဖြစ်နေတာ။ တော်တော်များများကို အခြေခံကျကျ မင်းအမိန့်နဲ့ ပြုပြင်ပြောင်းလဲပစ်မှကိုရမှာ။ မပြောင်းဘဲနဲ့ စီးပွားရေး တိုးတက် ဖို့ဆိုတာ မလွယ်ဘူး။ သူများ တွေလို ကျွန်တော်တို့မှာ နှစ်ရှည် Plan တစ်ခု နဲ့ တိုင်းပြည်တိုင်းမှာ ရေတို Plan၊ Short-term Long-term Plan ရှိရမယ်။ ချက်ချင်း တစ်နှစ်၊ နှစ် နှစ်အတွင်း ဘာလုပ်မလဲ။ အလယ်အလတ်တန်း လေး၊ ငါး၊ ခြောက်နှစ်အတွင်းမှာ ဘာလုပ်မလဲ။ အနှစ် နှစ်ဆယ်၊ သုံးဆယ်မှာ ဘာလုပ်မလဲ။ တိုင်းပြည် တစ် ခုဆိုတာ အနည်းဆုံး Thirty Year Plan လောက်က ပြင်ထားရတာပေါ့။ အစိုးရတစ်ခုတက်လာတိုင်း အနှစ် (၃၀) Plan လောက်မှမပြင်ရင် ဘာမှ လုပ်လို့ မရဘူး။ ကျွန်တော်တို့တိုင်းပြည်မှာ National Planning ဆိုတဲ့အရာ မရှိတာကြာပြီ။ National Planning ဆိုတဲ့ Department က ရှိကိုရှိရမယ်။ ပြီး တော့မှ National Planning ရဲ့ အောက်မှာ ဝန် ကြီးဌာနအားလုံးရဲ့ Planning Departmentဆိုတာ ရှိရ မယ်။ ဒုတိယဝန်ကြီးချုပ်လောက်က ဦးဆောင်ပြီး National Planning ကို စီးပွားရေးကို ကောင်းကောင်း ကိုင်တွယ်သင့်တယ်။ တိုင်းပြည်ရဲ့စီး ပွားရေးဟာ ဒီ National Planning ဘယ်လောက်ကောင်းလဲ ဆို တာပေါ်မူတည်ပြီးမှ တိုးတက်မှု၊ ဆုတ် ယုတ်မှုဆိုတာရှိလာတာ။ National Planning ဝန်ကြီးဌာနကြီး အလုပ် မလုပ်တာကြာလှပြီဆိုတော့ ကြုံသလိုပဲ အခုက အမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစား ပုံစံမျိုးဖြစ်နေတာလေ။ ကိုယ့်မှာ National Planning ဆိုတော့ အဲဒီ (DG) တွေ၊ အဲဒီဝန်ကြီးတွေကို သွားမေးလိုက်ရင် ကျွန်တော်တို့တိုင်းပြည် နောက် ဘယ်နှနှစ်လောက် နေမှ မီးမှန်နိုင်မလဲခင်ဗျာ။ မေး ကြည့်လိုက် သူဖြေနိုင်ရမယ်။ မဖြေနိုင်ဘူးဆိုရင် သူအလုပ်မလုပ်လို့ပဲ။ ဟုတ်ကဲ့ ကျွန်တော်တို့တိုင်းပြည် နောက် နှစ်နှစ်လောက်ဆို မီးလင်းပြီခင်ဗျာ။ အခုက တော့ ဘာကြောင့်မလင်းနေတာ။ ဘာအကြောင်း ကြောင့် နောက်နှစ်နှစ်ဆို မီးလင်းမယ်တို့ဘာတို့ သူဖြေနိုင်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက National Planning ဖြစ်တဲ့အတွက် ဘယ်အချိန်မှာ ဘယ်ပရောဂျက်က ပြီးမယ်၊ မီးဘယ်လောက် ထွက်မယ်။ သူသိနေရမှာလေ။ မပြောနိုင်ဘူးဆိုတာ သူ့မှာမရှိလို့။ မရှိဘူးဆိုရင် ဘာလို့သူ့ကို အဲဒီနေရာမှာ ထား ထားလဲ။ သူသည် အဲဒီအလုပ်လုပ်ရမှာလေ။ အရမ်းအရေးကြီးတယ်နော် ။ National Planning ဆိုတော့ လျှပ်စစ်မီးနဲ့ ပတ်သက်လို့ Policy ရှိရမယ်။ နောက်တစ်ခါ မြေကြီးအသုံးချမှုနဲ့ပတ်သက်တဲ့ Policy ရှိရ မယ်။ နောက်တစ်ခါ လယ်ယာမြေနဲ့ပတ်သက်တဲ့ Policy ရှိရမယ်။ ဆိုတော့ လယ်ယာမြေ လယ်စိုက်နေပါ။ မစိုက်နေရင် လယ်ယာမြေ မဟုတ်ဘူး။ ဒီနေရာမှာ ကျွန်တော်ဆိုလိုတာက ဥပမာ - လယ်စိုက်တယ်။ တစ်ဧကကို တင်း (၅၀) ထွက်တယ်။ တင်း(၃၀)ထွက်တယ်။ မြန်မာပြည်အနေနဲ့က အဲဒီလောက် ပဲမျှော်လင့်လို့ရတယ်။ တင်းတစ်ရာထွက်ဖို့က အဝေးကြီးကျန်သေးတယ်။ အဲဒီတော့ အဲဒီလောက် ထွက် တယ် ဟုတ်ပြီ။ တင်း (၅၀)၊ တင်း (၃၀) ထွက်လို့ သိန်း (၁၀ဝ) ရမယ်။ ဒီလယ်မြေကို ရင်းနှီးလိုက်ပြီး တော့မှ သိန်း (၃၀ဝ)ရမယ်ဆိုရင် သိန်း (၃၀ဝ) ရမယ့်အလုပ်ကိုလုပ်ပြီး ဒီဆန်ကို ဝယ်စားလိုက်လို့မရ ဘူးလားဆိုတဲ့ အတွေးပေါ့နော်။ အဲဒါလည်းတွေးဖို့ ကောင်းတာပဲ။ အမြဲတမ်းကြီးလည်း လယ်စိုက်နေမှ လို့တော့မဟုတ်ဘူးပေါ့။ တစ်ဧကကို တင်း (၇၀) လောက်ထွက်တဲ့လယ်မြေမှာ လယ်ဆက်စိုက်နေမယ် ဆိုတာ သဘာဝကျတယ်။ တစ်ဧကကို တင်း(၂၀)လောက်ပဲထွက်တော့တဲ့လယ်မှာတော့ သူ့ထက်ပို ကောင်းတာလုပ်သင့်တာပေါ့။ ဆိုပါတော့ ချည်မျှင် ရှည်ဝါစိုက်မယ်။ ချည်မျှင်တိုဝါစိုက်မယ်။ ဒါသည်ပိုပြီး လယ်ထက်ကိုက်တယ်ဆိုရင် ဒါတွေကိုအားပေးရမှာ။ အဲဒါတွေကို တိုင်းစိုက်ပျိုးရေးတို့ကနေပြီးတော့ Result တွေ လုပ်ပြီးတော့ ဒီနေရာမှာတော့ ဒါပဲစိုက်သင့်တယ်။ လယ်မစိုက်သင့်တော့ဘူး။ ဒါမျိုးတွေ အကြံပေးနေဖို့လိုတာ လေ။ ကျွန်တော်က အခု ကိုကျော်မျိုးမင်းကိုရှင်းပြနေတဲ့ဟာက ခုချက်ချင်း လုပ်ပြီး တော့ ခုချက်ချင်းအဆင်ပြေတဲ့ ဟာမျိုး ပြောနေတာမဟုတ်ဘူး။ တိုင်းပြည်ကြီးတစ်ခုလုံး ရေရှည်မှာ ပြောင်းလဲသွားဖို့ဆိုတဲ့ဟာ ကျွန်တော်တို့ တိုင်းပြည်က ပြောင်းလဲသွားဖို့ဆိုတာ (၁၀) နှစ်၊ တကယ် (၁၀) နှစ်လိုတယ်။ အဲဒီ (၁၀) နှစ်လောက်ကို ကောင်းကောင်းမပြောင်းလဲ သေးပဲ။ အဲဒီ(၁၀)နှစ်ကြီးက လိုက်ပါ နေဦးမှာ ကပ်ကြီးကလေ။ တကယ့်ကို အခြေခံက စပြောင်းလဲပြီဆို ရင်တောင် ဆိုပါစို့ ဥပမာ မီးဆိုရင် ရေလို ချက်ချင်း ဝယ်လို့ရတာဘာလဲဆိုရင် ကိုယ့်ဘေးနားက တိုင်း ပြည်မှာ မီးပိုနေတယ်။ ဝယ်လိုက်။ ရှိမှမရှိတာ ဝယ်ရမှာပေါ့။ အစိုးရချင်းညှိနှိုင်းပြီးတော့ ဝယ်မယ်။ G to G ဝယ်မယ်ဆိုရင် သက်သက်သာသာရနိုင်တယ်။ အကြွေးရနိုင်တယ်။ သယံဇာတပိုင်းက နောက်မှလာမှာ လောလော ဆယ် ဒါတွေရနိုင် တယ်။ မင်းတို့ ဘာနဲ့ ပြန်ပေးမှာလဲ။ အိုကေ ကျွန်တော်တို့မှာ ပြန်ပေးမယ့် ဟာတွေရှိတယ်။ ပေးလို့ ရတယ်ပေးရမယ်။ ဒီမီးက သူ့ဆီကနေ သုံးဘတ်နဲ့ဝယ်မယ် ဟုတ်လား။ သုံးဘတ်နဲ့ဝယ်ပြီးတော့ ကျွန်တော်တို့ ဒီမှာ ငါးဘတ်လောက်ရအောင် ရောင်းလို့ရတယ်။ လျှပ်စစ်မီး၊ ဖြန့်ဝေတာတွေက အစိုးရ လုပ်လို့မရဘူး။ အစိုးရက Monitoring ပဲလုပ်ပြီးတော့ ဒီ Government နဲ့ Private နဲ့ရောထားတဲ့ Distribution Authority ဟာမျိုးတွေဖွဲ့ပြီးတော့ အဲဒီ Authority ထဲက မီး ကိုမပြတ်အောင်ဝယ်ရမှာ။ သူ့ရဲ့အလုပ်က ဘာလဲ။ တိုင်းပြည်မှာ တစ်စက္ကန့်မှမီးမပြတ်ရေးသည် သူ့အ လုပ်။ အဲဒီအတွက်ကို တစ်ယူနစ်ကို ငါးဘတ်ကျမယ်။ ငါးဘတ် ဆို (၆၅၀)လောက်ကျမယ်။ မီးမပြတ်ဘူး ဆိုရင်ပေးလို့ရတယ် လေ။ ဒီဇယ်၊ အင်ဂျင်နဲ့မောင်းရင် ဒီထက်မကဘူး လေ။ ဒီဇယ်တစ်ဂါလန်က (၁၉) ယူ နစ်လောက်ပဲထွက်တာလေ။ ဒီဇယ်တစ်ဂါလန်ဈေးနဲ့ တွက်ကြည့်မယ်ဆိုရင် ဘာပဲပြောပြော ဒါတွေက ကိုက်သေးတယ်။ ဆိုတော့ အဲဒီလို မီးကိုဝယ်ပြီးတော့ နိုင်ငံတကာကယူလိုက်ရင် ချက်ချင်း ယိုးဒယားက ယူမယ်။ ရှမ်းပြည်ကိုပေးမယ်၊ တနင်္သာရီတိုင်းကိုပေးမယ်။ လာအိုကယူမယ်။ ရှမ်းမြောက် အတွက်ကိုပေးမယ်။ တရုတ်က ယူမယ်။ ကချင်ပြည်နယ်ဘက်ကို ပေးလိုက် မယ်။ အိန္ဒိယကနေဝယ်မယ်။ အိန္ဒိယနဲ့ ထိစပ် နယ်မြေတွေကို မီးပေးလိုက်မယ်။ အခုရှိနေတဲ့ (၂၀ဝဝ)၊ (၃၀ဝဝ)မဂ္ဂါဝပ်ကို မြန်မာပြည်ထဲမှာ မီးမပြတ် အောင် ပေးလိုက်ရင်(၂၄)နာရီမီးလင်းသွားပြီဆိုရင် စက်ရုံ၊ အလုပ်ရုံက ဒီလျှပ်စစ်မီးနဲ့ အလုပ်လုပ်နေ တာ။ ဆိုတော့ လူနေအိမ်တွေကို ကျွန်တော်တို့က အခုလျှပ် စစ်မီးဈေးတက်နေတယ်။ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် မြန်မာပြည်ကမီးကပေါနေသေးတယ်။ မီးပေါလို့ ကျွန်တော်တို့ကကျေးဇူးမတင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါကြီးက အရှုံးခံပြီးပေးနေတာကြီးက အဓိပ္ပာယ်မရှိဘူး။ အဲဒီတော့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ဈေးပေး။ ကျွန်တော်တို့က ဒီလောက်နဲ့ဝယ်တယ်။ Grid ကြိုးတွေပေါ်မှာ Lost ဖြစ်တာ ရှိတယ်။ Technical အရ Lost ဖြစ်တာက နည်းနည်းလေး။ လူကြောင့် Lost ဖြစ်နေတာက အများကြီး ဆိုပါစို့။ ကုမ္ပဏီတစ်ခုကို နိုင်ငံတကာက ငါမင်းကို မဂ္ဂါဝပ် (၁၀ဝ)ဝယ်ပြီးတော့ ကုမ္ပဏီငါးခု ပေးလိုက် မယ်။ ကုမ္ပဏီတစ်ခုကို မဂ္ဂါဝပ် (၂၀)၊ အဲဒီ (၂၀) ပေါ်မှာပဲ မင်းကို ပိုက်ဆံကောက်မှာနော်။ မင်းဘာ သာမင်း အဲဒီ (၂၀)ကနေ မီးကိုမပျက် အောင်ပေ ။ အဆင်ပြေအောင်ပေး။ အဲဒီတော့ ဘာဖြစ်သွားမလဲ။ အစိုးရလိုင်းတွေနဲ့ပေါင်းပြီးတော့ကို မီးတွေကို မြို့နယ်မီတာသမားတွေနဲ့ မီတာတွေ ခိုးနေတာတွေ၊ ဖျောက်နေတာတွေ အကုန်ပျောက်သွားလိမ့်မယ်။ အဲဒီကောင်တွေကို အပြစ်ပေးရတော့မှာလေ။ မီးဝယ် လိုက်တဲ့တံခါးဝကနေ ပေးလိုက်တဲ့ မဂ္ဂါဝပ်အတိုင်း မင်းကောက်မှာဆိုပြီးတော့ သူတို့ရဲ့ Technical သွားနိုင် တဲ့ (၂)ရာခိုင်နှုန်းလောက်ပဲ Discount လုပ် ပြီး ကျန်တာအကုန်ပေးရမယ်ဆိုရင် ဒီလူတွေ အခု မီးခိုးနေတဲ့ဟာတွေ အကုန်ပျောက်သွားအောင် ရောင်းလိုက်မယ်။ အခုမီးဖျက်နေတဲ့ကုမ္ပဏီတွေ ကောင်း ကောင်းသိပါတယ်။ အဲဒါမျိုး အစိုးရက ဝယ်ပေးလိုက်ပြီး သူ့လက်ထဲထည့်လိုက် ပြီးရင်မင်းဆီက ငါ သုံးဘတ်နဲ့ မဂ္ဂါဝပ်နှစ်ဆယ်ဆိုရင် အဲဒီသုံးဘတ်နဲ့ သူဟိုဘက်မှာ မရှုံးအောင်သူ့ဘာသာသူ လုပ်လိမ့်မယ်။ နေရာတကာ အစိုးရက အဲဒီအထိ လိုက်ပါ၊ လိုက်ပေး အဲဒီမှာ မီတာသမားတွေနဲ့အောက်က စက် ရုံအလုပ်သမား တွေနဲ့ပေါင်းရိုက်ပြီးရင် လိုင်းကြောင့်ဖြစ် တယ်လို့အလွယ်လေးပြောလိုက်တာမျိုးနဲ့ မီတာ သမားတွေနဲ့ ရှေ့တိုး၊ နောက်ဆုတ် အပေါင်း၊ အနုတ် လုပ်ထားတွေနဲ့ အများကြီးထွက်လာလိမ့်မယ်။ အဲဒီ မှာ Lost ဖြစ်နေတဲ့ဟာကိုက သန်းပေါင်းများစွာရှိ တယ်။ ဒါတွေက နိုင်ငံတော်က Waste ဖြစ်သွားတဲ့ ဟာတွေပေါ့နော်။ တစ်နေ့တစ်နေ့ အဲဒီလိုမျိုး လုပ်နေ တဲ့အချိန်မှာ ကျွန်တော်တို့က အသေးစားရေအား လျှပ်စစ်လေးတွေသုံးမယ်။ မဂ္ဂါဝပ်လေးတွေ၊ (၅၀)မဂ္ဂါဝပ် လေးတွေ နှစ်နှစ်၊ သုံးနှစ်နဲ့ ပြီးမယ့်ဟာလေး တွေကို နိုင်ငံအနှံ့လိုက်ဆောက်မယ်။ ဆောက်တဲ့အချိန်ကျရင် လာပြီး ရင်းနှီးမြှုပ်နှံတဲ့ လူကို FS (Feasibility Study)လုပ်မယ်။ ဒီနေ့လာပါရစေ။ များများခွင့်ပြု လိုက်မယ်။ သူ့ပိုက်ဆံနဲ့ သူလုပ်တာ။ ကိုယ်လုပ်စရာ မလိုဘူး။ Feasible ဖြစ်ရင် သူဆက်လုပ်လိမ့်မယ်။ မဖြစ်ရင် သူရပ်သွားလိမ့်မယ်။ သူ့ဘာသာ အရှုံးခံသွား လိမ့်မယ်။ FS လုပ်ခွင့်ပေးပါဆိုတာတောင် ဝန်ကြီးဌာနက FS တောင် ပေး မလုပ်ဘူးဆို တော့ ဘယ်သူက လာရင်းတော့မှာလဲ။ FS လုပ်ဖို့အရေးကို လပေါင်းများ စွာ၊ နှစ်ပေါင်း များစွာစောင့်၊ ကျွန်တော် ခုနကပြောတဲ့ မီးမလင်းစေချင်ဘူးလားမသိဘူးဆိုတာ။ (Feasibility Study) ကို သူ့ပိုက်ဆံနဲ့သူလုပ်တာ။ အချိန်တန်ရင် ကိုယ်တောင် ဒီဒေတာတွေကိုအလကားရဦးမှာ။ သုံးခု လောက်လုပ်လိုက် တယ်။ တစ်ခုလောက် ဖြစ်သွားတယ်ဆိုရင် ဒါတန်တာပဲလေ။ အဲဒါလေးတွေလုပ်လို့ မြန်မာပြည်မှာ သုံးနှစ်လောက်နဲ့ မီးထွက်လာပြီဆိုရင် ခုနကဝယ်တဲ့ဟာကိုရပ်လိုက်။ ဒီကနေမျှပေးပြီးရင် မဂ္ဂါဝပ်အကြီးကြီးတွေကို(၈)နှစ်လောက်ကြာမယ့်ဟာကြီးကို Plan လုပ်ပြီးတော့လုပ်ထား။ အဲဒီ မီးထွက်လာပြီဆိုရင် မီးမရှိဘဲနဲ့ တိုင်းပြည်တည်ဆောက်ဖို့ဆိုတာ အရမ်းခက်တယ်။
(အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်)
Zawgyi Version;
ဥာဏ္မြဲၿပီး စိတ္ဓာတ္ဆင္းရဲျခင္းေၾကာင့္ ႏြမ္းပါးေနေသာ ျမန္မာ့စီးပြားေရးအေၾကာင္း ေဆြးေႏြးျခင္း
ေစာ (NP News) - ဒီဇင္ဘာ ၁၉
ေက်ာ္ႏုႏွင့္ေဆြးေႏြးေဖာ္မ်ား အလြတ္သေဘာေဆြးေႏြးမႈ၏ ယခုတစ္ႀကိမ္အစီအစဥ္သည္ စီးပြားေရး က႑အတြက္ျဖစ္၏။ ေရတိုေရရွည္ႏွင့္ ျပဳျပင္ေျပာင္းလဲသင့္ေသာအခ်က္မ်ားကို ေဆြးေႏြးထုတ္ေဖာ္ကာ ေထာက္ျပ အႀကံျပဳထားသည္။ အပိုင္း(၄)ပိုင္းျဖင့္ ေဖာ္ျပမည္ျဖစ္ၿပီး အခန္းဆက္အျဖစ္ ေစာင့္ဆိုင္း ဖတ္ရႈေစလိုပါ သည္။
ေက်ာ္ႏု - ေဆြးေႏြးခ်င္တာက တျခားမဟုတ္ပါဘူး။ တိုင္းျပည္ရဲ႕စီးပြားေရးက႑ပါ။ လက္ရွိနဲ႔ ေနာက္ လာလတၱံ့ ေသာ အေျခအေနကို စၿပီးေဆြးေႏြးၾကတာေပါ့။
ေဆြးေႏြးေဖာ္ - ကြၽန္ေတာ္တို႔က ကိုယ့္ႏိုင္ငံ တကယ္တိုးတက္မယ္ဆိုရင္ေပါ့ေနာ္။ လုပ္သင့္လုပ္ထိုက္တာေတြက အမ်ားႀကီး။ အေျခခံက်က်က စေဆြးေႏြးရမွာပဲ သိလား။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ လူေၾကာင့္ တိုးတက္သင့္တာနဲ႔ မတိုးတက္သင့္တာရွိတယ္။ ကိုေက်ာ္မ်ိဳးမင္းသိတယ္။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ ေတာင္သူလယ္သမားေတြက (၇၀) ရာခိုင္ႏႈန္းရွိတာ။ ေျမလည္း တကယ္ေပါတယ္။ ေရခ်ိဳျမစ္ႀကီးေတြ လည္း အရမ္းေပါၿပီးေတာ့ ဒီတိုင္းျပည္မွာ အစားအေသာက္ စရိတ္အရမ္းႀကီးေနတာက သဘာဝမက်ဘူး။ ဘာလို႔ သဘာဝမက်လဲဆိုေတာ့ ေျမနဲပတ္သက္တဲ့ Policy ေပါ့။ အစိုးရမွာ ေျမနဲ႔ပတ္သက္တဲ့ Policy ေကာင္းေကာင္းမရွိဘူး။ ေျမက ဘယ္သူ႔အတြက္ျဖစ္ေနလဲ ဆိုေတာ့ ေျမလြတ္၊ ေျမ႐ိုင္း၊ ၿမိဳ႕နယ္ ေျမစာရင္းဌာနတို႔၊ ေက်း႐ြာေျမစာရင္းဌာနတို႔ကလူေတြရဲ႕ လုပ္စားဖို႔သက္ သက္ျဖစ္ေနတယ္။ အမွန္တကယ္လုပ္ကိုင္မယ့္လူ လက္ထဲကိုမေရာက္ဘူး။ ဆိုပါစို႔။ အခုေျမကြက္ႀကီးတစ္ကြက္ ဘာမွလည္း မဆိုင္ဘူး။ ႏွစ္တိုင္း ေမးၾကည့္လိုက္ေတာ့ ဒါဘယ္သူပိုင္လဲ။ တခ်ိဳ႕ဟာဆို ပိုင္ရွင္ေတာင္ ေဖာ္လို႔မရ ဘူး။ ဒါနဲ႔ဟုတ္ၿပီ။ အဲဒီမွာ ကုမၸဏီတစ္ခုကေနၿပီးေတာ့ စက္မႈလယ္ယာအေကာင္အထည္ေဖာ္ဖို႔ ဒီေနရာေတြ မွာ ယူေတာ့မယ္ဘာညာဆိုရင္ ပိုင္ရွင္ ေတြက အသီးသီးထြက္လာၾကမွာ။ အဲဒီေတာ့ စီမံကိန္းလုပ္မယ္ ဆိုေတာ့မွ သူတို႔ကျဖစ္လာၾကတာေပါ့ေနာ္။ ျမန္မာျပည္မွာကလည္း စီမံကိန္းဆိုတာ ဟိုးအရင္ NLD လက္ထက္တုန္း က ဘာရယ္ညာရယ္ မဟုတ္ဘူး။ စီမံကိန္းဆို ကန႔္ကြက္မယ္။ သူတို႔ အတိုက္အခံ ဘဝ ကေပါ့ေနာ္ ကန႔္ကြက္ခဲ့တာ။ သူတို႔လက္ထက္က်ေတာ့လည္း စီမံကိန္းေတြက အေကာင္အထည္မေဖာ္တဲ့အခါ ေျမရရွိမႈခက္သြားေတာ့ ေျမႀကီးေတြကအမ်ားႀကီးပဲ။ ဒါေပမဲ့ ကြၽန္ေတာ္တို႔သြားၿပီး အလုပ္လုပ္ မယ္၊ စိုက္မယ္၊ စက္မႈလယ္ယာ လုပ္မယ္။ ဘာလို႔လဲဆိုေတာ့ စက္မႈလယ္ယာလုပ္တာသည္ ဧက တစ္ရာေလာက္ကို စက္မႈလယ္ယာနဲ႔ လုပ္ မယ္ဆိုရင္ အဲဒီ Cost က တစ္ဧကခ်င္းကို လူနဲ႔စိုက္တာ ထက္အမ်ားႀကီး Cost သက္သာတယ္။ ထြက္လာတဲ့ဟာက ကုမၸဏီက သူဘာသာသူခ်ိတ္ဆက္ၿပီး Export သြား႐ုံပဲ။ ဥပမာ-လယ္သမားေတြကို ဦးစား ေပးခ်င္တယ္၊ လယ္သမားေတြကို စိုက္ေစခ်င္တယ္။ လူတိုင္းကို စီးပြားျဖစ္ေစခ်င္တယ္။ မစိုက္တဲ့ လယ္ ျပန္သိမ္းေလ။ စိုက္ရမယ္။ ေနာက္တစ္ခါ လယ္ သမားေတြကို ပိုက္ဆံရေစခ်င္တယ္ဆိုရင္ မထုတ္ရဘူး။ ႏိုင္ငံေတာ္အေနနဲ႔ ဘာလုပ္ရမလဲဆိုရင္ ဒါက Policy ပိုင္းေပါ့ေနာ္။ UMFCCI ကို ဖ်က္ရမယ္။ အၾကမ္းဖ်င္းေျပာရင္ေတာ့ ဒါစီးပြားေရးလို႔ေျပာေပမယ့္ ႏိုင္ငံေရး နဲ႔ဆက္ႏြယ္တယ္။
ေက်ာ္ႏု - UMFCCI ကို ဖ်က္ရမယ္ဆိုရင္ ေတာ္ေတာ္ေလး Risk ယူရမယ့္ကိစၥႀကီးပဲ။
ေဆြးေႏြးေဖာ္ - ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔လည္း UMFCCI ကို Member ဝင္ရတယ္။ မဝင္ရင္ ဘာမွလုပ္လို႔ မရဘူး။ ဒါေပမဲ့ အခု UMFCCI မွာ ဝင္ၿပီးေနရာယူထားတဲ့လူမ်ားအားလုံးသည္ ကုမၸဏီ (၂၀)ေလာက္ရွိတာေပါ့ဗ်ာ။ ကုမၸဏီ(၂၀)ေလာက္က လူႀကီးေတြအားလုံးသည္ ျမန္မာတစ္ႏိုင္ငံလုံးရဲ႕ရွိသမွ်စီးပြားေရးကို အၫြန႔္ခူးစားတဲ့လူေတြ ျဖစ္ေနတာေပါ့။ ဆိုေတာ့ စပါးသြားဝယ္ေတာ့မယ္။ Export ထြက္ရင္ စပါးေပါက္ေဈးက (၁၅) သိန္းရမယ္ေပါ့။ (၁၅)သိန္းရလို႔ သူတို႔ရဲ႕အျမတ္နဲ႔အခြန္ႏုတ္ၿပီးေတာ့ သူတို႔က (၁၂) သိန္း (၁၁)သိန္းေလာက္နဲ႔ ဝယ္ၿပီး ေတာ့ အျမတ္ ကေလး (၁) သိန္း၊ (၂) သိန္း (၁၀) ရာခိုင္ႏႈန္း အျမတ္ေလာက္နဲ႔အလုပ္လုပ္ေနတယ္ ဆိုရင္ထားေပါ့။ အဲဒီေလာက္ရွိ ေပမယ့္ စပါးသြားဝယ္ ရင္ (၆)သိန္းတို႔ဘာတို႔ေပးတာ။ ဒါ ဥပမာ- ကြၽန္ေတာ္ေျပာျပတာ။ ေခါင္းခ်ိဳးတာႀကီးက ရက္စက္တယ္။ ေတာင္သူလယ္သမားကပဲ စပါးေဈးတက္တက္၊ တက္မရဘူး။ ေတာင္သူလယ္သမားက သူတို႔ ျဖတ္ ထားတဲ့ေဈးပဲရတယ္။ ဘာျဖစ္လို႔လဲ ေတာင္သူလယ္ သမားက ေငြမေထာက္ႏိုင္ဘူးေလ။ ဘာလို႔ေငြမ ေထာက္ႏိုင္လဲ။ ဓာတ္ေျမဩဇာေတြ ေဈးႀကီးတယ္။ ဓာတ္ေျမဩဇာ အေႂကြးေပးတယ္ဆိုေတာ့ သူေပးတဲ့ ေဈးနဲ႔ယူရတာ။ မ်ိဳးလည္း အေႂကြးယူတာဆိုေတာ့ သူတို႔ေပးတဲ့ေဈးနဲ႔ယူတာ။ အဲဒီေတာ့ ဘာျဖစ္လဲ ျမန္မာျပည္မွာ မ်ိဳးေရာင္းတဲ့လူ၊ ဓာတ္ေျမဩဇာေရာင္းတဲ့ လူ၊ ဝယ္ၿပီး Export ထြက္တဲ့လူက အရမ္းခ်မ္းသာတဲ့ (၃၀)ရာခိုင္ႏႈန္း ထဲမွာဝင္သြားၿပီးေတာ့ မြဲေနတဲ့ (၇၀)ရာခိုင္ႏႈန္း ေတာင္သူလယ္သမားေတြက အေႂကြးပဲတိုးလာတယ္။ အဲဒီေတာ့ ဘာျဖစ္လာလဲ။ သူတို႔ရဲ႕သားသမီးႏွစ္ေယာက္ကို ႏိုင္ငံျခားကိုလႊတ္ လိုက္တယ္။ လယ္ဧက (၂၀) ေလာက္ပိုင္တဲ့ လူက သားသမီးႏွစ္ေယာက္ကို ႏိုင္ငံျခားကိုလႊတ္လိုက္တယ္။ သူတို႔က ႏွစ္တိုင္းရႈံးေနတယ္ေလ။ ႏိုင္ငံျခားမွာ ေရာက္သြားတဲ့အခါက်ေတာ့ ကံေကာင္းစြာ ညီအစ္ကိုႏွစ္ေယာက္က ကိုရီးယားက လယ္သမားတစ္ေယာက္တည္း ဆီမွာ အလုပ္ရတယ္။ True Story ေနာ္။ အဲဒီကိုရီးယားက လယ္(၂)ဧကရွိတယ္။ လယ္(၂)ဧကမွာ အဲဒီႏွစ္ေယာက္အလုပ္လုပ္ရင္ တစ္ေယာက္ကို တစ္လ (၁၅)သိန္းေပးတယ္။ စားၿပီးေသာက္ၿပီး ညီအစ္ကို ႏွစ္ေယာက္ သိန္း(၃၀)ရတာ ေပါ့ေနာ္။ အဲဒီေတာ့ သူတို႔ႏွစ္ေယာက္သုံးတာ စရိတ္ (၁၀)သိန္းေလာက္ဖယ္ၿပီး အိမ္ကို သိန္း (၂၀) ျပန္ပို႔ ေနတဲ့အခါက်ေတာ့ ဒီမွာလယ္ဧက (၅၀)ေလာက္ စိုက္တဲ့ အေဖနဲ႔အတူ႐ုန္းၿပီး စိုက္မယ့္လူ က ႏွစ္တိုင္း ရႈံးေနၿပီးေတာ့ သားႏွစ္ေယာက္ကို အဲဒီလႊတ္လိုက္ၿပီး ဒီမွာထိုင္ေနေတာ့ ပိုက္ဆံသိန္း (၂၀)ေလာက္ရ ေနၿပီ။ အဲဒီကိုရီးယားလယ္သမားႀကီးက ေမးတယ္။ မင္းတို႔ တိုင္းျပည္မွာ ဘာလုပ္လဲဆိုေတာ့ ငါတို႔မွာ လယ္ဧက (၅၀)ရွိတယ္။ ဒါဆို ဘာလို႔ မင္းတို႔ ဒီ(၂)ဧကတည္းမွာ လာလုပ္ေနတာလဲ။ မင္းတို႔ တကယ္ခ်မ္းသာတဲ့ေကာင္ေတြ၊ ေျမအရမ္းေပါတဲ့ေကာင္ေတြပဲ။
ေက်ာ္ႏု - သူ႔ထက္ေတာင္ ခ်မ္းသာေနေသးတယ္။
ေဆြးေႏြးေဖာ္ - ႏိုင္ငံႏွစ္ခုရဲ႕ Policy ဘယ္ေလာက္ထိ လြဲမွားေနလဲဆိုတာ။ အဲဒီမွာ ထင္သာျမင္သာရွိတယ္။ ဆိုေတာ့ အဲဒါကြၽန္ေတာ္အခုေျပာျပလိုက္ရင္ေတာ့ ရယ္ခ်င္စရာေလးလိုလို၊ ဟာသေလးလိုေပမယ့္ အင္ မတန္မွ ဝမ္းနည္းစရာေကာင္းေနမွာ။ ကြၽန္ေတာ္တို႔ ျမန္မာျပည္ျဖစ္ေနတဲ့အျဖစ္က သိလား။ ဆိုေတာ့ ျမန္မာျပည္မွာ တကယ္လဲလွယ္သင့္တဲ့လူတန္းစားေတြရွိတယ္။ ၿမိဳ႕နယ္ ေျမစာရင္းမႉးမ်ားအားလုံး၊ စည္ပင္သာယာဝန္ထမ္းမ်ား အားလုံး၊ အကုန္လုံးက အလုပ္မလုပ္ဘဲ ညာေနၾကတဲ့လူေတြခ်ည္းပဲ။ အမွန္အကန္မလုပ္ဘူး။ ဒါႀကီးက ထုႀကီး ထည္ႀကီးနဲ႔ အရမ္းျဖစ္လာတဲ့အခါက်ေတာ့ သူတို႔ကပဲ မွန္သလိုျဖစ္ေနတယ္။ သူတို႔က ဟိုဥပေဒေတြ၊ ဒီဥပေဒေတြ၊ ကြၽန္ေတာ္ေျပာတာ ဥပေဒ ဆိုတာ လူကလုပ္တာ။ တကယ္ တိုးတက္ခ်င္ရင္ တကယ္ သူမ်ားႏိုင္ငံေတြဘယ္လို လုပ္ေနလဲ ဆိုတာ ဥပေဒမ်ိဳးကို ျပဳလြယ္၊ ေျပာင္းလြယ္၊ ျပင္လြယ္ျဖစ္ရမွာေပါ့။ ေနာက္ ေခတ္စနစ္နဲ႔ လိုက္ေလ်ာညီ ေထြျဖစ္တဲ့ဥပေဒျဖစ္ရမယ္။ (၁၉၇၀)က ဥပေဒ (၂၀၂၄)ခုႏွစ္မွာ အက်ဳံးဝင္ခ်င္မွဝင္ေတာ့မယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ ေခတ္စနစ္ကအစမတူေတာ့ ဘူး။ အဲဒီေခတ္က IT တို႔၊ ဘာတို႔ မရွိဘူး။ အခုက IT ေတြ ရွိလာတယ္။ မူပိုင္ခြင့္ေတြရွိလာတယ္။ အမ်ား ႀကီး ျပဳလြယ္ ေျပာင္းလြယ္ ျဖစ္သင့္တာေပါ့။ အဲဒီေတာ့ ေမာ္ေတာ္ကား ဥပေဒကအစ ဒါ ဥပမာ - ကြၽန္ေတာ္ေျပာတာပါ။ ကြၽန္ေတာ္ ေနာက္တစ္ခုေျပာျပဦးမယ္။ ကိုဗစ္ကာလ တကယ့္ SME ေတြကို ေခ်းေငြအတြက္ကို ႏိုင္ငံေတာ္က ဘတ္ဂ်က္ ဘီလ်ံ(၂၀ဝ)ခ် ထား လိုက္တယ္။ ခုနကေျပာတဲ့ UMFCCI အဖြဲ႕ ေတြပဲ သူတို႔က အစိုးရနဲ႔တိုက္႐ိုက္ရင္းႏွီးၿပီးေတာ့ သူတို႔ကို ျပန္ခ်ေပးဖို႔ အဲဒီကုမၸဏီအခု(၂၀)ေလာက္က အမ်ိဳးေတြေျပာင္းၿပီးေတာ့ အဲဒီဘီလ်ံ(၂၀ဝ)ကို တစ္ ေယာက္ တစ္ဘီလ်ံေလာက္ယူလိုက္ေတာ့ အဲဒီေခ်းေငြက အစိုးရေရာက္ခ်င္တဲ့လူေတြဆီကို . . . ။
ေက်ာ္ႏု - မေရာက္ေတာ့ဘူး။
ေဆြးေႏြးေဖာ္ - ၿပီးေတာ့ ဆီသြင္းတယ္ဆိုလည္း အဲဒီလိုပဲ ဆီသြင္းတဲ့အဖြဲ႕အစည္းတစ္ခုရွိတယ္။ Gover nment က အဲဒီအဖြဲ႕အစည္းနဲ႔ဝင္ထားတဲ့ကုမၸဏီ ေလး၊ ငါး၊ ဆယ္ခုကပဲ ဆီေလာကႀကီးကို ခ်ဳပ္ကိုင္ ထား တာ။ ျမန္မာျပည္ရဲ႕ ဆီေဈးတက္ျခင္း၊ က်ျခင္း သည္ ကမာၻ႔ေရနံေဈး တက္ျခင္း၊ က်ျခင္းနဲ႔ လုံးဝ မဆိုင္ ဘူး။ ဒီလူေတြရဲ႕လက္ထဲမွာ ဆီဘယ္ေလာက္ မ်ားမ်ားရွိသလဲ။ ေဒၚလာေဈး အျမင့္နဲ႔ပိတ္တာလား။ အနိမ့္နဲ႔ပိတ္တာလားဆိုတဲ့အေပၚမွာပဲ မူတည္တယ္။ ေနာက္တစ္ခါ ကြၽန္ေတာ္အၿမဲေျပာသလို တိုင္းျပည္ တစ္ျပည္မွာ အေျခခံလွ်ပ္စစ္မွမရွိရင္ ဘာမွလုပ္ လို႔မရဘူး။ လွ်ပ္စစ္မရွိေတာ့ ဒီဇယ္၊ အင္ဂ်င္ေတြ နဲ႔သုံး ရတယ္။ ဒီဇယ္၊ အင္ဂ်င္ေတြနဲ႔သုံးေတာ့ Production Cost တက္တယ္။ ကုန္ေဈးႏႈန္းေတြ ႀကီး တယ္။ ကြၽန္ေတာ္တို႔က အမ်ားႀကီး မုန႔္လုံးစကၠဴကပ္သလိုျဖစ္ေနတာ။ ေတာ္ေတာ္မ်ားမ်ားကို အေျခခံက်က် မင္းအမိန႔္နဲ႔ ျပဳျပင္ေျပာင္းလဲပစ္မွကိုရမွာ။ မေျပာင္းဘဲနဲ႔ စီးပြားေရး တိုးတက္ ဖို႔ဆိုတာ မလြယ္ဘူး။ သူမ်ား ေတြလို ကြၽန္ေတာ္တို႔မွာ ႏွစ္ရွည္ Plan တစ္ခု နဲ႔ တိုင္းျပည္တိုင္းမွာ ေရတို Plan၊ Short-term Long-term Plan ရွိရမယ္။ ခ်က္ခ်င္း တစ္ႏွစ္၊ ႏွစ္ ႏွစ္အတြင္း ဘာလုပ္မလဲ။ အလယ္အလတ္တန္း ေလး၊ ငါး၊ ေျခာက္ႏွစ္အတြင္းမွာ ဘာလုပ္မလဲ။ အႏွစ္ ႏွစ္ဆယ္၊ သုံးဆယ္မွာ ဘာလုပ္မလဲ။ တိုင္းျပည္ တစ္ ခုဆိုတာ အနည္းဆုံး Thirty Year Plan ေလာက္က ျပင္ထားရတာေပါ့။ အစိုးရတစ္ခုတက္လာတိုင္း အႏွစ္ (၃၀) Plan ေလာက္မွမျပင္ရင္ ဘာမွ လုပ္လို႔ မရဘူး။ ကြၽန္ေတာ္တို႔တိုင္းျပည္မွာ National Planning ဆိုတဲ့အရာ မရွိတာၾကာၿပီ။ National Planning ဆိုတဲ့ Department က ရွိကိုရွိရမယ္။ ၿပီး ေတာ့မွ National Planning ရဲ႕ ေအာက္မွာ ဝန္ ႀကီးဌာနအားလုံးရဲ႕ Planning Departmentဆိုတာ ရွိရ မယ္။ ဒုတိယဝန္ႀကီးခ်ဳပ္ေလာက္က ဦးေဆာင္ၿပီး National Planning ကို စီးပြားေရးကို ေကာင္းေကာင္း ကိုင္တြယ္သင့္တယ္။ တိုင္းျပည္ရဲ႕စီး ပြားေရးဟာ ဒီ National Planning ဘယ္ေလာက္ေကာင္းလဲ ဆို တာေပၚမူတည္ၿပီးမွ တိုးတက္မႈ၊ ဆုတ္ ယုတ္မႈဆိုတာရွိလာတာ။ National Planning ဝန္ႀကီးဌာနႀကီး အလုပ္ မလုပ္တာၾကာလွၿပီဆိုေတာ့ ႀကဳံသလိုပဲ အခုက အၿမီးက်က္အၿမီးစား၊ ေခါင္းက်က္ ေခါင္းစား ပုံစံမ်ိဳးျဖစ္ေနတာေလ။ ကိုယ့္မွာ National Planning ဆိုေတာ့ အဲဒီ (DG) ေတြ၊ အဲဒီဝန္ႀကီးေတြကို သြားေမးလိုက္ရင္ ကြၽန္ေတာ္တို႔တိုင္းျပည္ ေနာက္ ဘယ္ႏွႏွစ္ေလာက္ ေနမွ မီးမွန္ႏိုင္မလဲခင္ဗ်ာ။ ေမး ၾကည့္လိုက္ သူေျဖႏိုင္ရမယ္။ မေျဖႏိုင္ဘူးဆိုရင္ သူအလုပ္မလုပ္လို႔ပဲ။ ဟုတ္ကဲ့ ကြၽန္ေတာ္တို႔တိုင္းျပည္ ေနာက္ ႏွစ္ႏွစ္ေလာက္ဆို မီးလင္းၿပီခင္ဗ်ာ။ အခုက ေတာ့ ဘာေၾကာင့္မလင္းေနတာ။ ဘာအေၾကာင္း ေၾကာင့္ ေနာက္ႏွစ္ႏွစ္ဆို မီးလင္းမယ္တို႔ဘာတို႔ သူေျဖႏိုင္ရမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူက National Planning ျဖစ္တဲ့အတြက္ ဘယ္အခ်ိန္မွာ ဘယ္ပေရာဂ်က္က ၿပီးမယ္၊ မီးဘယ္ေလာက္ ထြက္မယ္။ သူသိေနရမွာေလ။ မေျပာႏိုင္ဘူးဆိုတာ သူ႔မွာမရွိလို႔။ မရွိဘူးဆိုရင္ ဘာလို႔သူ႔ကို အဲဒီေနရာမွာ ထား ထားလဲ။ သူသည္ အဲဒီအလုပ္လုပ္ရမွာေလ။ အရမ္းအေရးႀကီးတယ္ေနာ္ ။ National Planning ဆိုေတာ့ လွ်ပ္စစ္မီးနဲ႔ ပတ္သက္လို႔ Policy ရွိရမယ္။ ေနာက္တစ္ခါ ေျမႀကီးအသုံးခ်မႈနဲ႔ပတ္သက္တဲ့ Policy ရွိရ မယ္။ ေနာက္တစ္ခါ လယ္ယာေျမနဲ႔ပတ္သက္တဲ့ Policy ရွိရမယ္။ ဆိုေတာ့ လယ္ယာေျမ လယ္စိုက္ေနပါ။ မစိုက္ေနရင္ လယ္ယာေျမ မဟုတ္ဘူး။ ဒီေနရာမွာ ကြၽန္ေတာ္ဆိုလိုတာက ဥပမာ - လယ္စိုက္တယ္။ တစ္ဧကကို တင္း (၅၀) ထြက္တယ္။ တင္း(၃၀)ထြက္တယ္။ ျမန္မာျပည္အေနနဲ႔က အဲဒီေလာက္ ပဲေမွ်ာ္လင့္လို႔ရတယ္။ တင္းတစ္ရာထြက္ဖို႔က အေဝးႀကီးက်န္ေသးတယ္။ အဲဒီေတာ့ အဲဒီေလာက္ ထြက္ တယ္ ဟုတ္ၿပီ။ တင္း (၅၀)၊ တင္း (၃၀) ထြက္လို႔ သိန္း (၁၀ဝ) ရမယ္။ ဒီလယ္ေျမကို ရင္းႏွီးလိုက္ၿပီး ေတာ့မွ သိန္း (၃၀ဝ)ရမယ္ဆိုရင္ သိန္း (၃၀ဝ) ရမယ့္အလုပ္ကိုလုပ္ၿပီး ဒီဆန္ကို ဝယ္စားလိုက္လို႔မရ ဘူးလားဆိုတဲ့ အေတြးေပါ့ေနာ္။ အဲဒါလည္းေတြးဖို႔ ေကာင္းတာပဲ။ အၿမဲတမ္းႀကီးလည္း လယ္စိုက္ေနမွ လို႔ေတာ့မဟုတ္ဘူးေပါ့။ တစ္ဧကကို တင္း (၇၀) ေလာက္ထြက္တဲ့လယ္ေျမမွာ လယ္ဆက္စိုက္ေနမယ္ ဆိုတာ သဘာဝက်တယ္။ တစ္ဧကကို တင္း(၂၀)ေလာက္ပဲထြက္ေတာ့တဲ့လယ္မွာေတာ့ သူ႔ထက္ပို ေကာင္းတာလုပ္သင့္တာေပါ့။ ဆိုပါေတာ့ ခ်ည္မွ်င္ ရွည္ဝါစိုက္မယ္။ ခ်ည္မွ်င္တိုဝါစိုက္မယ္။ ဒါသည္ပိုၿပီး လယ္ထက္ကိုက္တယ္ဆိုရင္ ဒါေတြကိုအားေပးရမွာ။ အဲဒါေတြကို တိုင္းစိုက္ပ်ိဳးေရးတို႔ကေနၿပီးေတာ့ Result ေတြ လုပ္ၿပီးေတာ့ ဒီေနရာမွာေတာ့ ဒါပဲစိုက္သင့္တယ္။ လယ္မစိုက္သင့္ေတာ့ဘူး။ ဒါမ်ိဳးေတြ အႀကံေပးေနဖို႔လိုတာ ေလ။ ကြၽန္ေတာ္က အခု ကိုေက်ာ္မ်ိဳးမင္းကိုရွင္းျပေနတဲ့ဟာက ခုခ်က္ခ်င္း လုပ္ၿပီး ေတာ့ ခုခ်က္ခ်င္းအဆင္ေျပတဲ့ ဟာမ်ိဳး ေျပာေနတာမဟုတ္ဘူး။ တိုင္းျပည္ႀကီးတစ္ခုလုံး ေရရွည္မွာ ေျပာင္းလဲသြားဖို႔ဆိုတဲ့ဟာ ကြၽန္ေတာ္တို႔ တိုင္းျပည္က ေျပာင္းလဲသြားဖို႔ဆိုတာ (၁၀) ႏွစ္၊ တကယ္ (၁၀) ႏွစ္လိုတယ္။ အဲဒီ (၁၀) ႏွစ္ေလာက္ကို ေကာင္းေကာင္းမေျပာင္းလဲ ေသးပဲ။ အဲဒီ(၁၀)ႏွစ္ႀကီးက လိုက္ပါ ေနဦးမွာ ကပ္ႀကီးကေလ။ တကယ့္ကို အေျခခံက စေျပာင္းလဲၿပီဆို ရင္ေတာင္ ဆိုပါစို႔ ဥပမာ မီးဆိုရင္ ေရလို ခ်က္ခ်င္း ဝယ္လို႔ရတာဘာလဲဆိုရင္ ကိုယ့္ေဘးနားက တိုင္း ျပည္မွာ မီးပိုေနတယ္။ ဝယ္လိုက္။ ရွိမွမရွိတာ ဝယ္ရမွာေပါ့။ အစိုးရခ်င္းညႇိႏႈိင္းၿပီးေတာ့ ဝယ္မယ္။ G to G ဝယ္မယ္ဆိုရင္ သက္သက္သာသာရႏိုင္တယ္။ အေႂကြးရႏိုင္တယ္။ သယံဇာတပိုင္းက ေနာက္မွလာမွာ ေလာေလာ ဆယ္ ဒါေတြရႏိုင္ တယ္။ မင္းတို႔ ဘာနဲ႔ ျပန္ေပးမွာလဲ။ အိုေက ကြၽန္ေတာ္တို႔မွာ ျပန္ေပးမယ့္ ဟာေတြရွိတယ္။ ေပးလို႔ ရတယ္ေပးရမယ္။ ဒီမီးက သူ႔ဆီကေန သုံးဘတ္နဲ႔ဝယ္မယ္ ဟုတ္လား။ သုံးဘတ္နဲ႔ဝယ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီမွာ ငါးဘတ္ေလာက္ရေအာင္ ေရာင္းလို႔ရတယ္။ လွ်ပ္စစ္မီး၊ ျဖန႔္ေဝတာေတြက အစိုးရ လုပ္လို႔မရဘူး။ အစိုးရက Monitoring ပဲလုပ္ၿပီးေတာ့ ဒီ Government နဲ႔ Private နဲ႔ေရာထားတဲ့ Distribution Authority ဟာမ်ိဳးေတြဖြဲ႕ၿပီးေတာ့ အဲဒီ Authority ထဲက မီး ကိုမျပတ္ေအာင္ဝယ္ရမွာ။ သူ႔ရဲ႕အလုပ္က ဘာလဲ။ တိုင္းျပည္မွာ တစ္စကၠန႔္မွမီးမျပတ္ေရးသည္ သူ႔အ လုပ္။ အဲဒီအတြက္ကို တစ္ယူနစ္ကို ငါးဘတ္က်မယ္။ ငါးဘတ္ ဆို (၆၅၀)ေလာက္က်မယ္။ မီးမျပတ္ဘူး ဆိုရင္ေပးလို႔ရတယ္ ေလ။ ဒီဇယ္၊ အင္ဂ်င္နဲ႔ေမာင္းရင္ ဒီထက္မကဘူး ေလ။ ဒီဇယ္တစ္ဂါလန္က (၁၉) ယူ နစ္ေလာက္ပဲထြက္တာေလ။ ဒီဇယ္တစ္ဂါလန္ေဈးနဲ႔ တြက္ၾကည့္မယ္ဆိုရင္ ဘာပဲေျပာေျပာ ဒါေတြက ကိုက္ေသးတယ္။ ဆိုေတာ့ အဲဒီလို မီးကိုဝယ္ၿပီးေတာ့ ႏိုင္ငံတကာကယူလိုက္ရင္ ခ်က္ခ်င္း ယိုးဒယားက ယူမယ္။ ရွမ္းျပည္ကိုေပးမယ္၊ တနသၤာရီတိုင္းကိုေပးမယ္။ လာအိုကယူမယ္။ ရွမ္းေျမာက္ အတြက္ကိုေပးမယ္။ တ႐ုတ္က ယူမယ္။ ကခ်င္ျပည္နယ္ဘက္ကို ေပးလိုက္ မယ္။ အိႏၵိယကေနဝယ္မယ္။ အိႏၵိယနဲ႔ ထိစပ္ နယ္ေျမေတြကို မီးေပးလိုက္မယ္။ အခုရွိေနတဲ့ (၂၀ဝဝ)၊ (၃၀ဝဝ)မဂၢါဝပ္ကို ျမန္မာျပည္ထဲမွာ မီးမျပတ္ ေအာင္ ေပးလိုက္ရင္(၂၄)နာရီမီးလင္းသြားၿပီဆိုရင္ စက္႐ုံ၊ အလုပ္႐ုံက ဒီလွ်ပ္စစ္မီးနဲ႔ အလုပ္လုပ္ေန တာ။ ဆိုေတာ့ လူေနအိမ္ေတြကို ကြၽန္ေတာ္တို႔က အခုလွ်ပ္ စစ္မီးေဈးတက္ေနတယ္။ ႏိုင္ငံတကာနဲ႔ ယွဥ္လိုက္ရင္ ျမန္မာျပည္ကမီးကေပါေနေသးတယ္။ မီးေပါလို႔ ကြၽန္ေတာ္တို႔ကေက်းဇူးမတင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒါႀကီးက အရႈံးခံၿပီးေပးေနတာႀကီးက အဓိပၸာယ္မရွိဘူး။ အဲဒီေတာ့ ျဖစ္သင့္ ျဖစ္ထိုက္တဲ့ေဈးေပး။ ကြၽန္ေတာ္တို႔က ဒီေလာက္နဲ႔ဝယ္တယ္။ Grid ႀကိဳးေတြေပၚမွာ Lost ျဖစ္တာ ရွိတယ္။ Technical အရ Lost ျဖစ္တာက နည္းနည္းေလး။ လူေၾကာင့္ Lost ျဖစ္ေနတာက အမ်ားႀကီး ဆိုပါစို႔။ ကုမၸဏီတစ္ခုကို ႏိုင္ငံတကာက ငါမင္းကို မဂၢါဝပ္ (၁၀ဝ)ဝယ္ၿပီးေတာ့ ကုမၸဏီငါးခု ေပးလိုက္ မယ္။ ကုမၸဏီတစ္ခုကို မဂၢါဝပ္ (၂၀)၊ အဲဒီ (၂၀) ေပၚမွာပဲ မင္းကို ပိုက္ဆံေကာက္မွာေနာ္။ မင္းဘာ သာမင္း အဲဒီ (၂၀)ကေန မီးကိုမပ်က္ ေအာင္ေပ ။ အဆင္ေျပေအာင္ေပး။ အဲဒီေတာ့ ဘာျဖစ္သြားမလဲ။ အစိုးရလိုင္းေတြနဲ႔ေပါင္းၿပီးေတာ့ကို မီးေတြကို ၿမိဳ႕နယ္မီတာသမားေတြနဲ႔ မီတာေတြ ခိုးေနတာေတြ၊ ေဖ်ာက္ေနတာေတြ အကုန္ေပ်ာက္သြားလိမ့္မယ္။ အဲဒီေကာင္ေတြကို အျပစ္ေပးရေတာ့မွာေလ။ မီးဝယ္ လိုက္တဲ့တံခါးဝကေန ေပးလိုက္တဲ့ မဂၢါဝပ္အတိုင္း မင္းေကာက္မွာဆိုၿပီးေတာ့ သူတို႔ရဲ႕ Technical သြားႏိုင္ တဲ့ (၂)ရာခိုင္ႏႈန္းေလာက္ပဲ Discount လုပ္ ၿပီး က်န္တာအကုန္ေပးရမယ္ဆိုရင္ ဒီလူေတြ အခု မီးခိုးေနတဲ့ဟာေတြ အကုန္ေပ်ာက္သြားေအာင္ ေရာင္းလိုက္မယ္။ အခုမီးဖ်က္ေနတဲ့ကုမၸဏီေတြ ေကာင္း ေကာင္းသိပါတယ္။ အဲဒါမ်ိဳး အစိုးရက ဝယ္ေပးလိုက္ၿပီး သူ႔လက္ထဲထည့္လိုက္ ၿပီးရင္မင္းဆီက ငါ သုံးဘတ္နဲ႔ မဂၢါဝပ္ႏွစ္ဆယ္ဆိုရင္ အဲဒီသုံးဘတ္နဲ႔ သူဟိုဘက္မွာ မရႈံးေအာင္သူ႔ဘာသာသူ လုပ္လိမ့္မယ္။ ေနရာတကာ အစိုးရက အဲဒီအထိ လိုက္ပါ၊ လိုက္ေပး အဲဒီမွာ မီတာသမားေတြနဲ႔ေအာက္က စက္ ႐ုံအလုပ္သမား ေတြနဲ႔ေပါင္း႐ိုက္ၿပီးရင္ လိုင္းေၾကာင့္ျဖစ္ တယ္လို႔အလြယ္ေလးေျပာလိုက္တာမ်ိဳးနဲ႔ မီတာ သမားေတြနဲ႔ ေရွ႕တိုး၊ ေနာက္ဆုတ္ အေပါင္း၊ အႏုတ္ လုပ္ထားေတြနဲ႔ အမ်ားႀကီးထြက္လာလိမ့္မယ္။ အဲဒီ မွာ Lost ျဖစ္ေနတဲ့ဟာကိုက သန္းေပါင္းမ်ားစြာရွိ တယ္။ ဒါေတြက ႏိုင္ငံေတာ္က Waste ျဖစ္သြားတဲ့ ဟာေတြေပါ့ေနာ္။ တစ္ေန႔တစ္ေန႔ အဲဒီလိုမ်ိဳး လုပ္ေန တဲ့အခ်ိန္မွာ ကြၽန္ေတာ္တို႔က အေသးစားေရအား လွ်ပ္စစ္ေလးေတြသုံးမယ္။ မဂၢါဝပ္ေလးေတြ၊ (၅၀)မဂၢါဝပ္ ေလးေတြ ႏွစ္ႏွစ္၊ သုံးႏွစ္နဲ႔ ၿပီးမယ့္ဟာေလး ေတြကို ႏိုင္ငံအႏွံ႔လိုက္ေဆာက္မယ္။ ေဆာက္တဲ့အခ်ိန္က်ရင္ လာၿပီး ရင္းႏွီးျမႇဳပ္ႏွံတဲ့ လူကို FS (Feasibility Study)လုပ္မယ္။ ဒီေန႔လာပါရေစ။ မ်ားမ်ားခြင့္ျပဳ လိုက္မယ္။ သူ႔ပိုက္ဆံနဲ႔ သူလုပ္တာ။ ကိုယ္လုပ္စရာ မလိုဘူး။ Feasible ျဖစ္ရင္ သူဆက္လုပ္လိမ့္မယ္။ မျဖစ္ရင္ သူရပ္သြားလိမ့္မယ္။ သူ႔ဘာသာ အရႈံးခံသြား လိမ့္မယ္။ FS လုပ္ခြင့္ေပးပါဆိုတာေတာင္ ဝန္ႀကီးဌာနက FS ေတာင္ ေပး မလုပ္ဘူးဆို ေတာ့ ဘယ္သူက လာရင္းေတာ့မွာလဲ။ FS လုပ္ဖို႔အေရးကို လေပါင္းမ်ား စြာ၊ ႏွစ္ေပါင္း မ်ားစြာေစာင့္၊ ကြၽန္ေတာ္ ခုနကေျပာတဲ့ မီးမလင္းေစခ်င္ဘူးလားမသိဘူးဆိုတာ။ (Feasibility Study) ကို သူ႔ပိုက္ဆံနဲ႔သူလုပ္တာ။ အခ်ိန္တန္ရင္ ကိုယ္ေတာင္ ဒီေဒတာေတြကိုအလကားရဦးမွာ။ သုံးခု ေလာက္လုပ္လိုက္ တယ္။ တစ္ခုေလာက္ ျဖစ္သြားတယ္ဆိုရင္ ဒါတန္တာပဲေလ။ အဲဒါေလးေတြလုပ္လို႔ ျမန္မာျပည္မွာ သုံးႏွစ္ေလာက္နဲ႔ မီးထြက္လာၿပီဆိုရင္ ခုနကဝယ္တဲ့ဟာကိုရပ္လိုက္။ ဒီကေနမွ်ေပးၿပီးရင္ မဂၢါဝပ္အႀကီးႀကီးေတြကို(၈)ႏွစ္ေလာက္ၾကာမယ့္ဟာႀကီးကို Plan လုပ္ၿပီးေတာ့လုပ္ထား။ အဲဒီ မီးထြက္လာၿပီဆိုရင္ မီးမရွိဘဲနဲ႔ တိုင္းျပည္တည္ေဆာက္ဖို႔ဆိုတာ အရမ္းခက္တယ္။
(အပိုင္း(၂)ကို ဆက္လက္ေဖာ္ျပပါမည္)