မွန်ဘိုင်းမြို့ကမ်းလွန်မှာ အိန္ဒိယရေတပ် သုံးလှေ နဲ့ ခရီးသည်တင်လှေ တိုက်မိ

 520

ဂျန်ဇက် (NP News) - ဒီဇင်ဘာ ၁၉

မွန်ဘိုင်းမြို့ကမ်းလွန်မှာ အိန္ဒိယရေတပ်သုံး စပိဘုတ်လှေနဲ့ ခရီးသည်တင်လှေတစ်စီးတို့ တိုက်မိခဲ့တဲ့အတွက် အနည်းဆုံး လူပေါင်း ၁၃ ဦး သေဆုံးခဲ့တယ်လို့ အိန္ဒိယရေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အိန္ဒိယရေတပ်သုံး စပိဘုတ်လှေဟာ ထိန်းသိမ်းလို့ မရအောင်ဖြစ်ခဲ့ပြီးနောက် ခရီးသည်တင်လှေကို ဝင်တိုက်ခိုက်ခဲ့ တာဖြစ်ပြီး ရေတပ်တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ကာ လူပေါင်း ၁၀၀ ကို ကယ်တင်ပေးခဲ့ရတယ်လို့ Maharashtra ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
ခရီးသည်တင်ကူးတိုလှေဟာ အတိုက်ခံရတဲ့အတွက် စက်ပိုင်းပုံစံလှည်သွားခဲ့ပြီး နစ်မြှုပ်သွားခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယရေတပ်က စပိဘုတ်လှေဟာ အင်ဂျင်ချို့ယွင်းသွားတာမျိုးဖြစ်တယ်လို့ ပြောပါတယ်။ ခရီးသည်တင်လှေဟာ ခရီးသွားတွေလူကြိုက်များတဲ့ he Elephanta Caves အရပ်ဒေသကိုသွားရောက်ဖို့ စီစဉ်ထားခြင်းဖြစ်ပြီး လှေနဲ့ဝင်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အိန္ဒိယရေတပ်က "ရေတပ်ရဲ့စပိဘုတ်လှေဟာ အင်ဂျင်ချို့ယွင်းပြီး ထိန်းသိမ်းလို့မရအောင်ဖြစ်ခဲ့ပြီး ခရီးသည် တင်လှေကို ဝင်တိုက်မိခဲ့တယ်" လို့ ပြောပါတယ်။
အိန္ဒိယဝန်ကြီးချုပ်မိုဒီက "မွန်ဘိုင်းမြို့မှာ ခရီးသည်တင်လှေတွေ တိုက်မိခဲ့လို့ ဝမ်းနည်းရတယ်။ သေဆုံးသူတွေ အတွက် မိသားစုနဲ့အတူ ထပ်တူကြေကွဲရတယ်။ ဒဏ်ရာရသူတွေ အမြန်ဆုံးပြန်သက်သာစေဖို့ ဆုတောင်းပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
မြန္ဘိုင္းၿမိဳ႕ကမ္းလြန္မွာ အိႏၵိယေရတပ္ သုံးေလွ နဲ႔ ခရီးသည္တင္ေလွ တိုက္မိ
ဂ်န္ဇက္ (NP News) - ဒီဇင္ဘာ ၁၉

မြန္ဘိုင္းၿမိဳ႕ကမ္းလြန္မွာ အိႏၵိယေရတပ္သုံး စပိဘုတ္ေလွနဲ႔ ခရီးသည္တင္ေလွတစ္စီးတို႔ တိုက္မိခဲ့တဲ့အတြက္ အနည္းဆုံး လူေပါင္း ၁၃ ဦး ေသဆုံးခဲ့တယ္လို႔ အိႏၵိယေရတပ္ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။
အိႏၵိယေရတပ္သုံး စပိဘုတ္ေလွဟာ ထိန္းသိမ္းလို႔ မရေအာင္ျဖစ္ခဲ့ၿပီးေနာက္ ခရီးသည္တင္ေလွကို ဝင္တိုက္ခိုက္ခဲ့ တာျဖစ္ၿပီး ေရတပ္တပ္ဖြဲ႕ဝင္ ၃ ဦးေသဆုံးခဲ့ကာ လူေပါင္း ၁၀၀ ကို ကယ္တင္ေပးခဲ့ရတယ္လို႔ Maharashtra ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။
ခရီးသည္တင္ကူးတိုေလွဟာ အတိုက္ခံရတဲ့အတြက္ စက္ပိုင္းပုံစံလွည္သြားခဲ့ၿပီး နစ္ျမႇဳပ္သြားခဲ့တယ္လို႔ ဆိုပါတယ္။
အိႏၵိယေရတပ္က စပိဘုတ္ေလွဟာ အင္ဂ်င္ခ်ိဳ႕ယြင္းသြားတာမ်ိဳးျဖစ္တယ္လို႔ ေျပာပါတယ္။ ခရီးသည္တင္ေလွဟာ ခရီးသြားေတြလူႀကိဳက္မ်ားတဲ့ he Elephanta Caves အရပ္ေဒသကိုသြားေရာက္ဖို႔ စီစဥ္ထားျခင္းျဖစ္ၿပီး ေလွနဲ႔ဝင္တိုက္ခိုက္ခံခဲ့ရတယ္လို႔ ဆိုပါတယ္။
အိႏၵိယေရတပ္က "ေရတပ္ရဲ႕စပိဘုတ္ေလွဟာ အင္ဂ်င္ခ်ိဳ႕ယြင္းၿပီး ထိန္းသိမ္းလို႔မရေအာင္ျဖစ္ခဲ့ၿပီး ခရီးသည္ တင္ေလွကို ဝင္တိုက္မိခဲ့တယ္" လို႔ ေျပာပါတယ္။
အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီက "မြန္ဘိုင္းၿမိဳ႕မွာ ခရီးသည္တင္ေလွေတြ တိုက္မိခဲ့လို႔ ဝမ္းနည္းရတယ္။ ေသဆုံးသူေတြ အတြက္ မိသားစုနဲ႔အတူ ထပ္တူေၾကကြဲရတယ္။ ဒဏ္ရာရသူေတြ အျမန္ဆုံးျပန္သက္သာေစဖို႔ ဆုေတာင္းပါတယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.