လသာတွင် အထပ်မြင့် တိုက်ပေါ်မှ အမျိုးသားဦး ပြုတ်ကျသော်လည်း ပေါ်တီကို အမိုးတွင် တင်နေသောကြောင့် မီးသတ်တပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

315
ချယ်ရီ (NP News) - စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ လသာတွင် အထပ်မြင့် တိုက်ပေါ်မှ အမျိုးသားဦး ပြုတ်ကျသော်လည်း ပေါ်တီကို အမိုးတွင် တင်နေသောကြောင့် မီးသတ်တပ်ဖွဲ့ က ကယ်ဆယ်ခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၇ ရက်)၊ နံနက်အစောပိုင်း (၁)နာရီ (၅၈) မိနစ်အချိန်ခန့်က လသာမြို့နယ်၊ (၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျ၍ အောက်ထပ်ရှိ ဂမုန်းပွင့်အဆောက်အဦ ပေါ်တီကိုအမိုးပေါ်၌ တင်နေသည့် ဆိုသော သတင်းအရ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုကယ်ဆယ်ရေးအသင်းက သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ အမျိုးသားသားကို နံနက်ပိုင်း ၂ နာရီ ခွဲ အချိန်တွင် ကယ်ဆယ်ပြီးစီးခဲ့ရာ မစိုးရိမ်ရ ဒဏ်ရာ ရထားသည်ကို တွေ့ရသောကြောင့် ဆေးကုသမှု ခံယူရန် အတွက် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Zawgyi Version:
လသာတြင္ အထပ္ျမင့္ တိုက္ေပၚမွ အမ်ိဳးသားဦး ျပဳတ္က်ေသာ္လည္း ေပၚတီကို အမိုးတြင္ တင္ေနေသာေၾကာင့္ မီးသတ္တပ္ဖြဲ႕ ကယ္ဆယ္ခဲ့ရ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၇
ရန္ကုန္တိုင္းေဒသႀကီး၊ လသာတြင္ အထပ္ျမင့္ တိုက္ေပၚမွ အမ်ိဳးသားဦး ျပဳတ္က်ေသာ္လည္း ေပၚတီကို အမိုးတြင္ တင္ေနေသာေၾကာင့္ မီးသတ္တပ္ဖြဲ႕ က ကယ္ဆယ္ခဲ့ရေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္မွာ ယေန႔ (စက္တင္ဘာလ ၁၇ ရက္)၊ နံနက္အေစာပိုင္း (၁)နာရီ (၅၈) မိနစ္အခ်ိန္ခန႔္က လသာၿမိဳ႕နယ္၊ (၈)ရပ္ကြက္၊ မဟာဗႏၶဳလလမ္းႏွင့္ ေ႐ႊတိဂုံဘုရားလမ္းေထာင့္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
တိုက္ေပၚမွ အမ်ိဳးသားတစ္ဦး ျပဳတ္က်၍ ေအာက္ထပ္ရွိ ဂမုန္းပြင့္အေဆာက္အဦ ေပၚတီကိုအမိုးေပၚ၌ တင္ေနသည့္ ဆိုေသာ သတင္းအရ ေက်ာက္တံတားၿမိဳ႕နယ္ မီးသတ္စခန္းမွ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ လူမႈကယ္ဆယ္ေရးအသင္းက သြားေရာက္ကယ္ဆယ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အဆိုပါ အမ်ိဳးသားသားကို နံနက္ပိုင္း ၂ နာရီ ခြဲ အခ်ိန္တြင္ ကယ္ဆယ္ၿပီးစီးခဲ့ရာ မစိုးရိမ္ရ ဒဏ္ရာ ရထားသည္ကို ေတြ႕ရေသာေၾကာင့္ ေဆးကုသမႈ ခံယူရန္ အတြက္ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။