နှစ်(၂၀) စောပြီးသေရတဲ့ မြန်မာတို့ရဲ့ကျန်းမာရေး (ဆောင်းပါး)
4644
ဖြိုးဝေလင်း (ပုသိမ်) (NP News) - ဒီဇင်ဘာ ၂ဝ
‘‘အသက်ရှည်စွာ အနာမဲ့ရေး”သည် လူသားတိုင်းတောင့်တသောအရာဖြစ်သည်။ ကျန်းမာသန် စွမ်းသောလူ့အဖွဲ့ အစည်းသည် နိုင်ငံတော်အတွက် အားအင်ဖြစ်သည်။ ဆန့်ကျင်ဘက်ရှုထောင့်အရ ကျန်းမာကြံ့ခိုင်မှုနည်းသောလူ့အဖွဲ့အစည်းနှင့် တိုင်းပြည်ကို တည်ဆောက်၍မရနိုင်ပါ။ ထို့ကြောင့် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် မိမိနိုင်ငံသားများ အ သက် ရှည်၊ ကျန်းမာခြင်းအတွက် မူဝါဒအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုး၊ ဆန်းသစ်တီထွင်မှုအမျိုးမျိုးတို့ကို အသုံးပြု ဆောင်ရွက်ကြသည်။ ထိုကဲ့သို့ဆောင် ရွက်နေသောနိုင်ငံများ၏ တိုးတက်မှုရလဒ်ကို ၎င်းတို့ ၏မျှော်မှန်းသက်တမ်း၊ မွေးဖွားနှုန်း၊ သေဆုံးနှုန်း၊ မသန်စွမ်းမှုနှုန်း စသည့်အချက်အလက်တို့ကို လေ့လာသိရှိနိုင်သည်။
ကမ္ဘာ့လူဦးရေဆိုင်ရာအချက်အလက်များကို ဖော်ပြပေးနေသော worldpopulationreview.com အင်တာနက် စာမျက်နှာအရ (၂၀၂၃) ခုနှစ်တွင် ကမ္ဘာပေါ်၌ မျှော်မှန်းသက်တမ်းအမြင့်မားဆုံးနိုင်ငံမှာ မိုနာကိုနိုင်ငံဖြစ်ပြီး မျှော်မှန်း သက်တမ်းမှာ (၈၇ ဒသမ ၁၄)နှစ်ဖြစ်သည်။ ၎င်း၏နောက်တွင် ဟောင်ကောင်မှ (၈၅ ဒသမ ၉၆)နှစ်ဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေပြီး တတိယနေရာတွင် ဂျပန်နိုင်ငံက (၈၅ ဒသမ ဝ၈)နှစ်ဖြင့် ရပ်တည်လျက်ရှိသည်။ ကမ္ဘာ့ မျှော် မှန်းသက်တမ်းအနိမ်ဆုံးနိုင်ငံများအနေဖြင့် အာဖရိကဒေသ ချက်နိုင်ငံ(Chad)က (၅၅ ဒသမ ၄၄)နှစ်၊ (၅၆ ဒသမ ဝ၅) နှစ်ဖြင့် နိုင်ဂျီးရီးယား၊ (၅၆ ဒသမ ဝ၅)နှစ်ဖြင့် လီဆိုသို (Lesotho)နိုင်ငံတို့ ရပ်တည်လျက်ရှိကြသည်။ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း၏ အင်တာနက် စာမျက်နှာအရ မြန်မာနိုင်ငံသားတို့၏ မျှော်မှန်းသက်တမ်းမှာ (၆၆ ဒသမ ၁) နှစ်ဖြစ်ပြီး အမျိုးသားများ၏ မျှော်မှန်းသက်တမ်းမှာ(၆၄)နှစ်ဖြစ်ပြီး အမျိုးသမီးများသည် (၆၈ ဒသမ ၂)နှစ်ဖြစ်သည်ကို တွေ့ရသည်။
အာဆီယံနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံက မျှော်မှန်းသက်တမ်း (၈၄ ဒသမ ၁)နှစ်ဖြင့် အမြင့်ဆုံးဖြစ်ပြီး ထိုင်း နိုင်ငံ (၇၇ ဒသမ ၉) နှစ်၊ ဘရူနိုင်း (၇၆ ဒသမ ၄)နှစ်၊ ဗီယက်နမ် (၇၅ ဒသမ ၉)နှစ်၊ မလေးရှား (၇၅ ဒသမ ၂)နှစ်၊ အင်ဒို နီးရှား (၇၄ ဒသမ ၁) နှစ်၊ ဖိလစ်ပိုင် (၇၁ ဒသမ ၇)နှစ်၊ ကမ္ဘောဒီးယား (၇၀ ဒသမ ၇) နှစ်၊ လာအို (၆၉)နှစ်တို့ရှိသည်ကို တွေ့ရသည်။ အခြားသော အိမ်နီးချင်းနိုင်ငံများ၏ မျှော်မှန်းသက်တမ်းကို ကြည့် မည်ဆိုပါက တရုတ်နိုင်ငံ (၇၇ ဒသမ ၆) နှစ်၊ အိန္ဒိယနိုင်ငံ (၇၀ ဒသမ ၆)နှစ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ (၇၃ ဒသမ ၈) နှစ်အသီးသီးရှိသည်ကို တွေ့ရပြန်သည်။ ထိုအချက်အလက်များကို လေ့လာကြည့်သည့်အခါ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများထဲ မျှော်မှန်း သက် တမ်းအနိမ့်ဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ မျှော်မှန်းသက်တမ်း မြင့်မားခြင်းနှင့်နိမ့်ကျခြင်းတို့ကို လွှမ်းမိုးနေသော အချက် များစွာရှိသည်။ အဓိကအချက်များအဖြစ်
(က) နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊
(ခ) နိုင်ငံသားတို့၏ နေထိုင်စားသောက်မှုပုံစံ၊
(ဂ) နိုင်ငံသားတို့၏ မျိုးရိုးဗီဇ၊
(ဃ) နိုင်ငံသားတို့၏ လူမှုဘဝ၊
(င) ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု တို့ဖြစ်ကြသည်။
ကမ္ဘာပေါ်တွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၃)နိုင်ငံရှိသည့်အနက် မြန်မာနိုင်ငံ၏ကျန်းမာရေး စောင့် ရှောက်မှုအဆင့်မှာ (၉၈)ဖြစ်သဖြင့် မြန်မာနိုင်ငံသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းသောနိုင်ငံများထဲပါဝင် နေသေးသည်ကိုတွေ့မြင်နိုင်သည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ကာကွယ်တားဆီးခြင်း၊ စစ်ဆေးကုသခြင်းနှင့် ထိန်းချုပ်လျှော့ချခြင်း စသည့်နယ်ပယ်များနှင့်ပတ်သက်သည့် မူဝါဒများ၊ အခြေခံအဆောက်အအုံများ၊ လူသားအ ရင်း အမြစ်များ၊ နည်းပညာများနှင့် လုပ်ကိုင်ဆောင် ရွက်မှုတို့ပါဝင်သည်။
ကာကွယ်တားဆီးခြင်း သို့မဟုတ် ပဏာမကျန်း မာရေးစောင့်ရှောက်ခြင်းလုပ်ငန်းစဉ်သည် ကျန်းမာရေး စောင့်ရှောက်မှုစနစ်တစ်ခုလုံး၏ အခြေခံအကျ ဆုံးနှင့်အရေးအကြီးဆုံးဖြစ်သကဲ့သို့ ဤလုပ်ငန်း စဉ်သည် နာမကျန်း ဖြစ်နေသူများကို တစ်ဦးချင်းစီကု သမည့်အစား ပြည်သူတစ်ရပ်လုံးကို ရောဂါအန္တရာယ် များမှကာကွယ်တားဆီးခြင်း၊ လူ့သက်တမ်းကိုရှည် စေခြင်းနှင့် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးမြှင့် တင်ခြင်းတို့ကို ဦးတည်ဆောင်ရွက်သဖြင့် ပြည်သူ့ကျန်းမာရေး (Public Health)ဟူ၍လည်း ခေါ်ဝေါ်ပါသည်။ ထို့ကြောင့်လည်း ပြည်ထောင်စုမြန်မာနိုင်ငံ တော်အစိုးရသည် ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်များဆောင်ရွက်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန လက်အောက် တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကိုထည့်သွင်းဖွဲ့စည်း၍ မူဝါဒများ၊ မဟာဗျူဟာစီမံချက်များ ရေးဆွဲအကောင် အထည်ဖော်ပြီး မြန်မာပြည်သူ တစ်ရပ်လုံး၏ ကျန်းမာရေးအဆင့်အတန်းကို မြှင့် တင်ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် ရင်ဆိုင်ကျော်လွှားရမည့် အခက်အခဲများရှိနေသေးသည်မှာ အသေ အချာပင်ဖြစ်သည်။
ပြည်သူ့ကျန်းမာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်အရွယ်အပိုင်းအခြားကို မူတည်၍ လည်းကောင်း၊ နိုင်ငံတွင်း ဖြစ်ပွားလေ့ရှိ သည့်ရောဂါများကိုအခြေခံ၍လည်းကောင်း၊ အချိန် ကာလပေါ်တည်မှီ၍ လည်းကောင်း အုပ်စုများခွဲခြား၍ ဆောင်ရွက်ကြသည်။
အသက်အရွယ်အပိုင်းအခြားအပေါ်အခြေခံသော ပြည်သူ့ကျန်းမာရေးတွင်
(က) အခြေခံကျန်းမာရေး
(ခ) ကိုယ်ဝန်ဆောင်နှင့် မွေးဖွားပြီးစမိခင်ကျန်းမာရေး
(ဂ) ကလေးကျန်းမာရေး
(ဃ) ကျောင်းနေအရွယ်ကျန်းမာရေး
(င) လုပ်ငန်းခွင်ဝင်အရွယ်ကျန်းမာရေး
(စ) သက်ကြီးအရွယ်ကျန်းမာရေး ဟူ၍ အုပ်စုခွဲခြား သတ်မှတ်နိုင်သည်။
မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဖော်ပြပါအုပ်စု(၆)စုတွင် သက်ကြီးအရွယ်ကျန်းမာရေးအုပ်စု ကို သီးသန့်မထားရှိသည်မှလွဲ၍ ကျန်အုပ်စုများကို ဌာနခွဲများသတ်မှတ်ထားရှိသည်။
အခြေခံကျန်းမာရေးစောင့်ရှောက်မှုသည် အသက်အရွယ်အပိုင်းအခြားအားလုံးအပေါ် လွှမ်းခြုံ ထားသော အခြေခံအဆင့်ကျန်းမာရေးဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း၊ ကျန်းမာရေးအသိပညာမြှင့် တင်ပေးခြင်း၊ သန့်ရှင်းသောသောက်သုံးရေရရှိစေခြင်း၊ မူးယစ်ဆေးဝါး ကင်းစင်စေခြင်း၊ ယင်လုံအိမ်သာ ဆောက်လုပ် ခြင်းနှင့် မျိုးဆက်ပွားကျန်းမာရေးအသိပညာမျှဝေခြင်းတို့သည် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၏ ဥပမာများဖြစ်သည်။
ကျန်းမာရေးနှင့်ပတ်သက်လျှင် မိမိတို့နိုင်ငံသားများသည် သတိပြုမှု၊ ကြိုတင်ကာကွယ်တားဆီးမှု အားနည်း နေသေးသည်ကိုတွေ့ရသည်။ နိုင်ငံသား များထဲတွင် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု (Medical checkup) ခံယူသူ မည်မျှရှိသနည်း၊ ကျန်းမာရေးအာမခံထားရှိသူ မည်မျှရှိ သနည်းဆိုသည်ကား ကျွန်တော်တို့အားလုံး၏ ကျန်းမာရေးအပေါ် အလေးထားရှိမှုကို ဖော်ပြနေခြင်းဖြစ်သည်။
(၂၀၂၁)ခုနှစ် ဧပြီလအထိ စာရင်းများအရ မြန်မာနိုင်ငံလူဦးရေ (၅၄)သန်းကျော်တွင် လူဦးရေ (၆)သိန်းကျော်သာ ကျန်းမာရေးအာမခံစနစ်ရှိသည်ကို တွေ့ရသည်။ ကျန်းမာရေးအာမခံစနစ်ထားရှိသည့် နိုင်ငံသားများနည်းပါးသဖြင့် ရောဂါဖြစ်ပွားပါက အစိုး ရဆေးရုံများတွင် စုပြုံကုသကြရသည်။ ထို့ကြောင့် ပျမ်းမျှ(၅၆၆၂၃)ခုတင်ရှိသော ပြည်သူ့ဆေးရုံ (၁၁၇၈)ရုံနှင့် ပျမ်းမျှ(၆၈၅၂၆)ဦးရှိသော အစိုးရကျန်း မာရေးဝန်ထမ်းတို့သည် ပြည်တွင်းနေ လူဦးရေ (၃၅)သန်းခန့်ကို ဝန်ဆောင်မှုပေးရသဖြင့် ဝန်နှင့်အား မျှတမှုမရှိသည်ကို မျက်မှောက်အခြေအနေများအရ တွေ့နိုင်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ်မှတ်ချက်အရ လူဦးရေ(၁၀ဝဝ)တွင် အနည်းဆုံး ဆရာဝန်တစ်ဦးနှင့် အနည်းဆုံး ကျန်းမာရေးဝန်ထမ်း (၂ ဒသမ ၃) ဦးရှိ သင့်သည်ဟုဆိုသော်လည်း အစိုးရ၊ ပုဂ္ဂလိက ဆရာဝန်ဦးရေပေါင်း ပျမ်းမျှ (၁၆၆၆၃)သာရှိခြင်းကြောင့် ပြည်တွင်းနေ လူဦးရေ(၃၅)သန်းအတွက် ဆရာဝန်နှင့် လူဦးရေအချိုးမှာ (၁ : ၂၁၀ဝ)ရှိ သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏သတ်မှတ်ချက်အောက် များစွာလျော့နည်းလျက်ရှိသည်။ စာရင်းဇယားများ အရ (၁၉၉၅) ခုနှစ်မှ(၂၀၂၀)ပြည့်နှစ်အထိ ပြည် တွင်းဆေးတက္ကသိုလ်များမှ ဆရာဝန်ပေါင်းသုံး သောင်းကျော် မွေးထုတ်ပေး ခဲ့သော်လည်း ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်နေသူ တစ်သောင်းခွဲခန့်သာရှိသည့်အတွက် ထက်ဝက် ခန့်သာ နိုင်ငံတော်အတွက် အကျိုးပြုနိုင်ခဲ့ကြောင်းတွေ့ရသည်။ ဤကဲ့သို့ လုပ်ငန်းခွင်ဝင်ရောက်နိုင်ခြင်းမရှိ သည့် ဆရာဝန်အရေအတွက်များပြားခြင်းသည် နိုင်ငံတော်နှင့်ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်သည်။ ဤကဲ့သို့ အခြေခံအဆောက်အအုံ၊ လူသားအရင်းအမြစ်များ များစွာ လိုအပ်နေခြင်းမှာ ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများတွင် ဘဏ္ဍာရေးပိုင်းဆိုင်ရာအားနည်း ချက် ကြောင့်ဆိုသည်ကိုတွေ့ရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အလျောက် နိုင်ငံတော်အပေါ် အလုံးစုံမှီခိုရန်ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့ ဝင်ငွေအဆင့် အတန်းနိမ့်ပါးသေးသည့်ပြည်သူက (၁၀ဝ)ရာခိုင်နှုန်း ကျခံနိုင်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် မျှဝေယူနိုင် သည့်စနစ်မျိုးဖြစ် စေရန် ကျန်းမာရေးအာမခံ များများထားရှိရန်လိုသည်။ အစိုးရဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးအာမခံရှိရန် ဆောင်ရွက်ရမည်ဖြစ်သည်။ ဆောင်ရွက်သည့်နေရာတွင်လည်း ကိုယ် ကျိုးရှာအဖွဲ့အစည်းများမဖြစ်လာစေရန် ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းကျောင်းရန်လို သည်။ ပြည်သူများ အာမခံထားသည့် ငွေကြေးကို ဘဏ်စုကြေးကောက်နေသကဲ့သို့ ကောက်ခံ၍ ပြည်သူ့ကျန်းမာရေးကို ပုံမှန်စောင့်ရှောက် မှုမရှိဘဲ ကုသရမည့်အချိန်တွင် သတ်မှတ်ချက်အမျိုးမျိုးလုပ် ပြီးပြည်သူ့ပိုက်ဆံကို လိမ်လည်မည့်အဖွဲ့အစည်းများ ပေါ် ပေါက်မလာရန် တားဆီးရမည်ဖြစ်သည်။
လတ်တလောတွင် အစိုးရအနေဖြင့် ကျန်းမာရေးအာမခံမရှိသေးသည့် နိုင်ငံ့ဝန်ထမ်းများကို ပြည်သူ့ ဆေးရုံ များတွင် ကျန်းမာရေးအာမခံစနစ် ဖော်ဆောင်ပေးရန်ဖြစ်သည်။ ပုဂ္ဂလိကဘဏ် သို့မဟုတ် ကြားခံအဖွဲ့အစည်းတစ်ခု ထားရှိ၍ ပြည်သူနှင့်အစိုးရ ဆေးရုံကြား ကျန်းမာရေးအာမခံစနစ်ထားလိုက်ခြင်းဖြင့် ပြည်သူတို့အာမခံထားသည့် ငွေကြေးများနှင့် ပြည်သူ့ဆေးရုံများ၏ ကျန်းမာရေးစောင့် ရှောက်မှုကို အဆင့်မြှင့်နိုင်သကဲ့သို့ ပြည်သူများအနေဖြင့် လည်း ကျန်းမာရေးအတွက် စိတ်ပူနေစရာမလိုဘဲ ဖြစ်သွားနိုင်သည်။ ကျန်းမာရေးအာမခံစနစ်ရှိသည့်အတွက်လည်း ပြည်သူအတော်များများ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ရှိလာမည်ဖြစ်သည့်အပြင် မိမိ ကျန်းမာရေးအခြေအနေကိုသိရှိပြီး ပိုမိုကောင်းမွန်အောင် ထိန်းသိမ်းလာနိုင်မည်ဖြစ်သည်။
“အစာလည်းဆေး ဆေးလည်းအစာ” ဆိုသည့် မြန်မာဆိုရိုးစကားအတိုင်း နိုင်ငံသားတိုင်းသည် ကျန်းမာရေး အတွက်အထောက်အကူဖြစ်အောင် စားသောက်တတ်ရန်လည်းလိုသည်။ အိမ်ရှင်မတိုင်း မိမိ မိသားစုကို အာဟာရ ပြည့်စုံစွာချက်ပြုတ်ကျွေးမွေး တတ်ရန်လိုသည်။ ထိုကဲ့သို့ချက်ပြုတ်တတ်ရန် အိမ်ရှင်မများကို အသိပညာမျှဝေထား ရန်လိုသည်။ အစာ အုပ်စုအကြောင်းအရာများ၊ အာဟာရဓာတ်များမဆုံး ရှုံးစေရန် မည်ကဲ့သို့ချက်ပြုတ်ရမည်၊ အဖိုးအခ နည်း နည်းဖြင့် အာဟာရစုံလင်စွာ ချက်ပြုတ်နိုင်ရန်၊ အသက်အရွယ်အလိုက် တစ်ဦးချင်းစီ တစ်နေ့တာရရှိ ရမည့် အာဟာရနှုန်းထားများကိုသိရှိနိုင်ရန် အသိပညာပေးမှုများ ဆောင်ရွက်ရမည်။ အိမ်တိုင်း၏မီးဖို ဆောင်တွင် အာဟာရ ဇယားချိတ်ဆွဲထားနိုင်ရန်လိုသည်။ အစားအသောက်နှင့်ပတ်သက်၍ ပြဿနာ တစ်ခုမှာ နိုင်ငံအတွင်း အရည်အသွေး မပြည့်မီသည့် အစားအသောက်များ၊ အရည်အသွေးစစ်ဆေးထား ခြင်းမရှိသောစားသုံးကုန်စည်များနှင့် ဘေးဥပဒ်ဖြစ် စေနိုင်သော ဓာတုဆေးဝါးသုံးစွဲထားသည့် စားသုံး ကုန်စည်များ ပေါများနေမှုပင်ဖြစ်သည်။ ဝိသမလောဘသားတို့၏ ကိုယ်ကျိုးရှာဆောင် ရွက်မှုကြောင့် ပြည်သူတို့၏ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်နေ သည်ကို ယခုအချိန်အထိ ထိရောက်စွာ မတားဆီးနိုင်သေးသည်ကို စိတ်မကောင်းဖွယ်တွေ့ ရသည်။ ထိုကဲ့သို့ တားဆီးနိုင်မှုမရှိပါက နိုင်ငံတော်အနေဖြင့် နိုင်ငံသားတို့၏ကျန်းမာရေးအဆင့်အတန်းကို မည်မျှမြှင့်တင်စေကာမူ အချည်းနှီးသာဖြစ်ပါလိမ့်မည်။ ထို့ပြင် မကြာသေးမီကာလက သတင်းစာမျက် နှာ၌ အချို့အလှူပွဲများတွင် အစာ အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်ခဲ့၍ မြန်မာနိုင်ငံသားအချို့ အသက်ဆုံးရှုံးခဲ့ရ သည်ကို ဝမ်းနည်းဖွယ်တွေ့ရသည်။ ထိုကဲ့သို့ အခြေအနေမျိုး ထပ်မံမဖြစ်ပွားစေရန် အလှူအတန်းတွင် အစားအသောက်ဧည့်ခံမှုများပါဝင်ပါက လူဦးရေ မည်မျှရှိလျှင် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ် ပြုဆရာဝန်(သို့မဟုတ်)ကျန်းမာရေးဝန်ထမ်း၏ အစားအသောက်နှင့် သောက်သုံး ရေကို မကျွေးမွေးမီ စစ်ဆေးချက်ရယူမည့် စည်းမျဉ်း၊ စည်းကမ်းမျိုး သတ်မှတ်သင့်သည်။ ဤစည်းမျဉ်း၊ စည်းကမ်းများ သည် ကျေးလက်ဒေသများအတွက် လိုက်ပါလုပ် ဆောင်ရန် ခက်ခဲနိုင်သော်လည်း ပြည်သူများထံတွင် အသိ၊ သတိ ဝင်စေနိုင်သည့် အကျိုးကျေးဇူးရရှိနိုင်သည်။
နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း နိုင်ငံတော်အနေဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပနေ သည်ကို တွေ့ရသည်။ သို့ပါသော်လည်း ကျန်အချိန်များတွင် အားကစားပညာရှင်များနှင့် အားကစားလိုက် စားသူအချို့မှအပ ပြည်သူလူထု၏အားကစားဆောင် ရွက်မှုမှာ အလွန်နည်းပါးလှသည်။ Healthy Myanmar၊ Healthy Yangon၊ အားလုံး သက်တမ်း (၁၀ဝ)စသကဲ့သို့အမည်ပေးကာ လူထုအားလုံး ပါဝင်နိုင်မည့် အပတ်စဉ်ကျန်းမာရေးဆိုင်ရာလှုပ်ရှားမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သင့်သည်။ အားကစားပြုလုပ်ရန်နေရာ၊ စနစ်တကျပြသ မည့်နည်းပြများ အကန့်အသတ်ဖြစ် နေခြင်းတို့ သည် အားကစားပြုလုပ်လိုသူများအတွက် အခက်အခဲ အချို့ပင်ဖြစ်သည်။ ထို့ကြောင့် နံနက်ခင်း၊ ညနေ ခင်းနှင့် ရုံးပိတ်ရက်များတွင် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနအောက်ရှိ အားကစားပညာရှင် များက ရပ်ကွက်အလိုက် အားကစားဘာသာရပ်အသီးသီးကို အလှည့်ကျစီသင်ကြားပြသ၍ ဦးဆောင်ပြုလုပ် သင့်သည်။ အဘယ်ကြောင့်ဆိုသော် အားကစားကို နည်းစနစ်တကျပြုလုပ်မှသာ အချိန်တိုတိုနှင့် ထိရောက်သော ကျန်းမာရေး အကျိုးကျေးဇူးရရှိနိုင်သော ကြောင့်ဖြစ်သည်။ အားကစားဟုဆိုရာဝယ် လမ်းလျှောက်ခြင်းသည်ပင် ကျန်းမာရေးမြှင့် တင်ရန် အား ကစားတစ်ခုဖြစ်ရာ မြို့ပြနေရာနှင့် မြို့နယ်ခွဲများရှိ လမ်းမများဘေးတွင် ပလက်ဖောင်းစနစ်တကျရှိလျှင် ပင် နေ့စဉ်လမ်းလျှောက်ခြင်းအမှုကို ပြုနိုင်လိမ့်မည်ဟု ထင်မိသည်။
ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးဝါးသုံးစွဲမှုသည်လည်း ပြည်သူများ၏ ကျန်းမာရေးအဆင့်အတန်း နိမ့် ကျမှုအကြောင်းရင်းတစ်ခုဖြစ်သည်။ (၂၀၂၃) ခုနှစ် အတွက် ဆေးလိပ်သောက်သုံးမှုအများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံသည် အဆင့်(၁၉)နေရာ ၌ရှိနေခဲ့ပြီး၊ အာဆီယံနိုင်ငံများထဲတွင် အဆင့်(၃) နေရာတွင်ရပ်တည်နေကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ (၁၈ ဒသမ ၇) ရာခိုင်နှုန်းက ဆေးလိပ်သောက်သုံးလျက်ရှိနေပြီး ဒေသ အတွင်း နိုင်ငံများထဲတွင် ဆေးလိပ်သောက်သုံးမှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိနေကြောင်း သိရသည်။
ဆေးလိပ်ကြောင့် နှစ်စဉ်နိုင်ငံသား (၆၄၀ဝဝ) ကျော်သေဆုံးနေကြောင်းသိရသည်။ ထို့အတူ အရက် ကြောင့်သေဆုံးမှုမှာ လူတစ်သိန်းလျှင်(၂၇) ဦးရှိ သဖြင့် လူဦးရေ (၅၄)သန်းကျော်ရှိသော မိမိတို့ နိုင်ငံတွင် တစ်နှစ်လျှင် လူပေါင်းတစ်သောင်းခွဲခန့် အရက်သောက်သုံးခြင်းကြောင့် သေဆုံးလျက်ရှိသည်။ အခြားသောနိုင်ငံများတွင် အရက်၊ ဘီယာ၊ ဆေးလိပ် တို့ကို အသက်မပြည့်သူ ကလေးသူငယ်များကိုရောင်း ချပေးလေ့မရှိကြသော်လည်း မြန်မာနိုင်ငံတွင် ကား ကြိုက်သည့်ဆိုင်၌ ကြိုက်သည့်အသက်အရွယ်ရှိ သူက ကြိုက်သည့်အချိန်တွင် ဝယ်ယူ၍ရနိုင်သည်။ ပိုက်ဆံသာ ပေးလျှင် အသက်ပြည့်ပြည့် မပြည့်ပြည့် အရက်၊ ဘီယာ၊ ဆေးလိပ်တို့ကို အလွယ်တကူပင် ဝယ်ယူသောက်သုံး နိုင်ကြသည်။
အချို့သောနိုင်ငံများတွင် အရက်သေစာရောင်း ချမှုကို ည(၁၀)နာရီမှ နံနက်(၆)နာရီအထိ ရောင်းချခွင့်မရှိဘဲ ခွင့်ပြုချက်ရယူထားသော စားသောက် ဆိုင်များ၊ ဘားများတွင်သာ မူလဈေးနှုန်းထက် ပိုမို ပေးချေ၍ ထိုနေရာတွင်သာ သောက်သုံးခွင့်ရှိသည်။ အရက်ရောင်းချရာတွင်လည်း သီးခြားသတ်မှတ်ထား သောကောင်တာတွင်သာ ရောင်းချပြီး၊ အသက်ပြည့်/ မပြည့်ကို သက်သေခံကတ်ပြားကို စစ်ဆေးပြီးမှသာ ရောင်းချသည်။ ထိုကောင်တာတွင်လည်း လုံခြုံရေး ကင်မရာတပ်ဆင်ထားရပြီး အသက်မပြည့်သူကို တရားမဝင်ရောင်းချခြင်း၊ သတ်မှတ်အချိန်ကျော်လွန် ရောင်းချခြင်း မဖြစ်အောင် ထိန်းချုပ်ထားသည်။
ထို့အတူ ည (၁၀)နာရီမှ နံနက် (၆)နာရီအထိ ကာလအတွင်း တရားမဝင်ရောင်းချမှုမပြုနိုင်စေရန် အရက်ပုလင်း များရှိ barcode များကို ငွေရှင်းကောင် တာမှ barcode scanner များမှ ဖတ်ယူမရနိုင်အောင် ထိန်းချုပ်ထားပါသေးသည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် သေဆုံးမှုနှုန်း လူတစ်သိန်းလျှင် (ဝ ဒသမ ၇) ဦး ရှိသည်ဟု ဖော်ပြထား သော်လည်း ဖားကန့်ဒေသနှင့် အခြားသောဥပဒေစိုးမိုးမှုမရှိသော ဒေသများမှ အချက်အလက်များကောက်ယူ နိုင်မည်ဆို ပါက ပိုမိုများပြားနိုင်သည်။ ထို့ပြင် ယခုနှစ်များအတွင်း လူငယ်ထုအကြား မူးယစ်ဆေးဝါးများ လွယ် ကူစွာရရှိနေသဖြင့် မကြာမီကာလအတွင်း မူးယစ် ဆေးဝါးကြောင့် သေဆုံးသူဦးရေ ပိုမိုမြင့်တက်လာ နိုင်သည်ကို ရင်လေးဖွယ်သုံးသပ်ရသည်။
(ဆက်လက်ဖော်ပြပါမည်)
zawgyi version
ႏွစ္ (၂၀) ေစာၿပီးေသရတဲ့ ျမန္မာတို႔ရဲ႕က်န္းမာေရး (ေဆာင္းပါး)
ၿဖိဳးေဝလင္း (ပုသိမ္) (NP News) - ဒီဇင္ဘာ ၂ဝ
‘‘အသက္ရွည္စြာ အနာမဲ့ေရး”သည္ လူသားတိုင္းေတာင့္တေသာအရာျဖစ္သည္။ က်န္းမာသန္ စြမ္းေသာလူ႔အဖြဲ႕ အစည္းသည္ ႏိုင္ငံေတာ္အတြက္ အားအင္ျဖစ္သည္။ ဆန႔္က်င္ဘက္ရႈေထာင့္အရ က်န္းမာႀကံ့ခိုင္မႈနည္းေသာလူ႔အဖြဲ႕အစည္းႏွင့္ တိုင္းျပည္ကို တည္ေဆာက္၍မရႏိုင္ပါ။ ထို႔ေၾကာင့္ ကမာၻေပၚရွိ ႏိုင္ငံတိုင္းသည္ မိမိႏိုင္ငံသားမ်ား အ သက္ ရွည္၊ က်န္းမာျခင္းအတြက္ မူဝါဒအမ်ိဳးမ်ိဳး၊ နည္းလမ္းအမ်ိဳးမ်ိဳး၊ ဆန္းသစ္တီထြင္မႈအမ်ိဳးမ်ိဳးတို႔ကို အသုံးျပဳ ေဆာင္႐ြက္ၾကသည္။ ထိုကဲ့သို႔ေဆာင္ ႐ြက္ေနေသာႏိုင္ငံမ်ား၏ တိုးတက္မႈရလဒ္ကို ၎တို႔ ၏ေမွ်ာ္မွန္းသက္တမ္း၊ ေမြးဖြားႏႈန္း၊ ေသဆုံးႏႈန္း၊ မသန္စြမ္းမႈႏႈန္း စသည့္အခ်က္အလက္တို႔ကို ေလ့လာသိရွိႏိုင္သည္။
ကမာၻ႔လူဦးေရဆိုင္ရာအခ်က္အလက္မ်ားကို ေဖာ္ျပေပးေနေသာ worldpopulationreview.com အင္တာနက္ စာမ်က္ႏွာအရ (၂၀၂၃) ခုႏွစ္တြင္ ကမာၻေပၚ၌ ေမွ်ာ္မွန္းသက္တမ္းအျမင့္မားဆုံးႏိုင္ငံမွာ မိုနာကိုႏိုင္ငံျဖစ္ၿပီး ေမွ်ာ္မွန္း သက္တမ္းမွာ (၈၇ ဒသမ ၁၄)ႏွစ္ျဖစ္သည္။ ၎၏ေနာက္တြင္ ေဟာင္ေကာင္မွ (၈၅ ဒသမ ၉၆)ႏွစ္ျဖင့္ ဒုတိယ ေနရာတြင္ ရပ္တည္ေနၿပီး တတိယေနရာတြင္ ဂ်ပန္ႏိုင္ငံက (၈၅ ဒသမ ဝ၈)ႏွစ္ျဖင့္ ရပ္တည္လ်က္ရွိသည္။ ကမာၻ႔ ေမွ်ာ္ မွန္းသက္တမ္းအနိမ္ဆုံးႏိုင္ငံမ်ားအေနျဖင့္ အာဖရိကေဒသ ခ်က္ႏိုင္ငံ(Chad)က (၅၅ ဒသမ ၄၄)ႏွစ္၊ (၅၆ ဒသမ ဝ၅) ႏွစ္ျဖင့္ ႏိုင္ဂ်ီးရီးယား၊ (၅၆ ဒသမ ဝ၅)ႏွစ္ျဖင့္ လီဆိုသို (Lesotho)ႏိုင္ငံတို႔ ရပ္တည္လ်က္ရွိၾကသည္။ ျမန္မာႏိုင္ငံ ၾကက္ေျခနီ အသင္း၏ အင္တာနက္ စာမ်က္ႏွာအရ ျမန္မာႏိုင္ငံသားတို႔၏ ေမွ်ာ္မွန္းသက္တမ္းမွာ (၆၆ ဒသမ ၁) ႏွစ္ျဖစ္ၿပီး အမ်ိဳးသားမ်ား၏ ေမွ်ာ္မွန္းသက္တမ္းမွာ(၆၄)ႏွစ္ျဖစ္ၿပီး အမ်ိဳးသမီးမ်ားသည္ (၆၈ ဒသမ ၂)ႏွစ္ျဖစ္သည္ကို ေတြ႕ရသည္။
အာဆီယံႏိုင္ငံမ်ားထဲတြင္ စင္ကာပူႏိုင္ငံက ေမွ်ာ္မွန္းသက္တမ္း (၈၄ ဒသမ ၁)ႏွစ္ျဖင့္ အျမင့္ဆုံးျဖစ္ၿပီး ထိုင္း ႏိုင္ငံ (၇၇ ဒသမ ၉) ႏွစ္၊ ဘ႐ူႏိုင္း (၇၆ ဒသမ ၄)ႏွစ္၊ ဗီယက္နမ္ (၇၅ ဒသမ ၉)ႏွစ္၊ မေလးရွား (၇၅ ဒသမ ၂)ႏွစ္၊ အင္ဒို နီးရွား (၇၄ ဒသမ ၁) ႏွစ္၊ ဖိလစ္ပိုင္ (၇၁ ဒသမ ၇)ႏွစ္၊ ကေမာၻဒီးယား (၇၀ ဒသမ ၇) ႏွစ္၊ လာအို (၆၉)ႏွစ္တို႔ရွိသည္ကို ေတြ႕ရသည္။ အျခားေသာ အိမ္နီးခ်င္းႏိုင္ငံမ်ား၏ ေမွ်ာ္မွန္းသက္တမ္းကို ၾကည့္ မည္ဆိုပါက တ႐ုတ္ႏိုင္ငံ (၇၇ ဒသမ ၆) ႏွစ္၊ အိႏၵိယႏိုင္ငံ (၇၀ ဒသမ ၆)ႏွစ္၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ (၇၃ ဒသမ ၈) ႏွစ္အသီးသီးရွိသည္ကို ေတြ႕ရျပန္သည္။ ထိုအခ်က္အလက္မ်ားကို ေလ့လာၾကည့္သည့္အခါ ျမန္မာႏိုင္ငံသည္ ေဒသတြင္းႏိုင္ငံမ်ားထဲ ေမွ်ာ္မွန္း သက္ တမ္းအနိမ့္ဆုံးျဖစ္ေနသည္ကိုေတြ႕ရသည္။ ေမွ်ာ္မွန္းသက္တမ္း ျမင့္မားျခင္းႏွင့္နိမ့္က်ျခင္းတို႔ကို လႊမ္းမိုးေနေသာ အခ်က္ မ်ားစြာရွိသည္။ အဓိကအခ်က္မ်ားအျဖစ္
(က) ႏိုင္ငံ၏ က်န္းမာေရးေစာင့္ေရွာက္မႈ အေျခအေန၊
(ခ) ႏိုင္ငံသားတို႔၏ ေနထိုင္စားေသာက္မႈပုံစံ၊
(ဂ) ႏိုင္ငံသားတို႔၏ မ်ိဳး႐ိုးဗီဇ၊
(ဃ) ႏိုင္ငံသားတို႔၏ လူမႈဘဝ၊
(င) ပတ္ဝန္းက်င္ဆိုင္ရာ သက္ေရာက္မႈ တို႔ျဖစ္ၾကသည္။
ကမာၻေပၚတြင္ ကုလသမဂၢအဖြဲ႕ဝင္ ႏိုင္ငံေပါင္း (၁၉၃)ႏိုင္ငံရွိသည့္အနက္ ျမန္မာႏိုင္ငံ၏က်န္းမာေရး ေစာင့္ ေရွာက္မႈအဆင့္မွာ (၉၈)ျဖစ္သျဖင့္ ျမန္မာႏိုင္ငံသည္ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္ အားနည္းေသာႏိုင္ငံမ်ားထဲပါဝင္ ေနေသးသည္ကိုေတြ႕ျမင္ႏိုင္သည္။ က်န္းမာေရးေစာင့္ေရွာက္မႈစနစ္တြင္ ကာကြယ္တားဆီးျခင္း၊ စစ္ေဆးကုသျခင္းႏွင့္ ထိန္းခ်ဳပ္ေလွ်ာ့ခ်ျခင္း စသည့္နယ္ပယ္မ်ားႏွင့္ပတ္သက္သည့္ မူဝါဒမ်ား၊ အေျခခံအေဆာက္အအုံမ်ား၊ လူသားအ ရင္း အျမစ္မ်ား၊ နည္းပညာမ်ားႏွင့္ လုပ္ကိုင္ေဆာင္ ႐ြက္မႈတို႔ပါဝင္သည္။
ကာကြယ္တားဆီးျခင္း သို႔မဟုတ္ ပဏာမက်န္း မာေရးေစာင့္ေရွာက္ျခင္းလုပ္ငန္းစဥ္သည္ က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္တစ္ခုလုံး၏ အေျခခံအက် ဆုံးႏွင့္အေရးအႀကီးဆုံးျဖစ္သကဲ့သို႔ ဤလုပ္ငန္း စဥ္သည္ နာမက်န္း ျဖစ္ေနသူမ်ားကို တစ္ဦးခ်င္းစီကု သမည့္အစား ျပည္သူတစ္ရပ္လုံးကို ေရာဂါအႏၲရာယ္ မ်ားမွကာကြယ္တားဆီးျခင္း၊ လူ႔သက္တမ္းကိုရွည္ ေစျခင္းႏွင့္ ျပည္သူတစ္ရပ္လုံး၏ က်န္းမာေရးျမႇင့္ တင္ျခင္းတို႔ကို ဦးတည္ေဆာင္႐ြက္သျဖင့္ ျပည္သူ႔က်န္းမာေရး (Public Health)ဟူ၍လည္း ေခၚေဝၚပါသည္။ ထို႔ေၾကာင့္လည္း ျပည္ေထာင္စုျမန္မာႏိုင္ငံ ေတာ္အစိုးရသည္ ျပည္သူ႔က်န္းမာေရးလုပ္ငန္းစဥ္မ်ားေဆာင္႐ြက္ရန္အတြက္ က်န္းမာေရးဝန္ႀကီးဌာန လက္ေအာက္ တြင္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနကိုထည့္သြင္းဖြဲ႕စည္း၍ မူဝါဒမ်ား၊ မဟာဗ်ဴဟာစီမံခ်က္မ်ား ေရးဆြဲအေကာင္ အထည္ေဖာ္ၿပီး ျမန္မာျပည္သူ တစ္ရပ္လုံး၏ က်န္းမာေရးအဆင့္အတန္းကို ျမႇင့္ တင္ေဆာင္႐ြက္လ်က္ရွိသည္။ သို႔ေသာ္လည္း ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္သည့္အေလ်ာက္ ရင္ဆိုင္ေက်ာ္လႊားရမည့္ အခက္အခဲမ်ားရွိေနေသးသည္မွာ အေသ အခ်ာပင္ျဖစ္သည္။
ျပည္သူ႔က်န္းမာေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရာတြင္ ျပည္သူမ်ား၏ အသက္အ႐ြယ္အပိုင္းအျခားကို မူတည္၍ လည္းေကာင္း၊ ႏိုင္ငံတြင္း ျဖစ္ပြားေလ့ရွိ သည့္ေရာဂါမ်ားကိုအေျခခံ၍လည္းေကာင္း၊ အခ်ိန္ ကာလေပၚတည္မွီ၍ လည္းေကာင္း အုပ္စုမ်ားခြဲျခား၍ ေဆာင္႐ြက္ၾကသည္။
အသက္အ႐ြယ္အပိုင္းအျခားအေပၚအေျခခံေသာ ျပည္သူ႔က်န္းမာေရးတြင္
(က) အေျခခံက်န္းမာေရး
(ခ) ကိုယ္ဝန္ေဆာင္ႏွင့္ ေမြးဖြားၿပီးစမိခင္က်န္းမာေရး
(ဂ) ကေလးက်န္းမာေရး
(ဃ) ေက်ာင္းေနအ႐ြယ္က်န္းမာေရး
(င) လုပ္ငန္းခြင္ဝင္အ႐ြယ္က်န္းမာေရး
(စ) သက္ႀကီးအ႐ြယ္က်န္းမာေရး ဟူ၍ အုပ္စုခြဲျခား သတ္မွတ္ႏိုင္သည္။
ျမန္မာႏိုင္ငံ၏ ျပည္သူ႔က်န္းမာေရးဦးစီးဌာနတြင္ ေဖာ္ျပပါအုပ္စု(၆)စုတြင္ သက္ႀကီးအ႐ြယ္က်န္းမာေရးအုပ္စု ကို သီးသန႔္မထားရွိသည္မွလြဲ၍ က်န္အုပ္စုမ်ားကို ဌာနခြဲမ်ားသတ္မွတ္ထားရွိသည္။
အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈသည္ အသက္အ႐ြယ္အပိုင္းအျခားအားလုံးအေပၚ လႊမ္းၿခဳံ ထားေသာ အေျခခံအဆင့္က်န္းမာေရးျဖစ္ၿပီး ကာကြယ္ေဆးထိုးျခင္း၊ ပုံမွန္က်န္းမာေရးစစ္ေဆးျခင္း၊ က်န္းမာေရးအသိပညာျမႇင့္ တင္ေပးျခင္း၊ သန႔္ရွင္းေသာေသာက္သုံးေရရရွိေစျခင္း၊ မူးယစ္ေဆးဝါး ကင္းစင္ေစျခင္း၊ ယင္လုံအိမ္သာ ေဆာက္လုပ္ ျခင္းႏွင့္ မ်ိဳးဆက္ပြားက်န္းမာေရးအသိပညာမွ်ေဝျခင္းတို႔သည္ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈ၏ ဥပမာမ်ားျဖစ္သည္။
က်န္းမာေရးႏွင့္ပတ္သက္လွ်င္ မိမိတို႔ႏိုင္ငံသားမ်ားသည္ သတိျပဳမႈ၊ ႀကိဳတင္ကာကြယ္တားဆီးမႈ အားနည္း ေနေသးသည္ကိုေတြ႕ရသည္။ ႏိုင္ငံသား မ်ားထဲတြင္ တစ္ႏွစ္လွ်င္ အနည္းဆုံး တစ္ႀကိမ္ က်န္းမာေရးစစ္ေဆးမႈ (Medical checkup) ခံယူသူ မည္မွ်ရွိသနည္း၊ က်န္းမာေရးအာမခံထားရွိသူ မည္မွ်ရွိ သနည္းဆိုသည္ကား ကြၽန္ေတာ္တို႔အားလုံး၏ က်န္းမာေရးအေပၚ အေလးထားရွိမႈကို ေဖာ္ျပေနျခင္းျဖစ္သည္။
(၂၀၂၁)ခုႏွစ္ ဧၿပီလအထိ စာရင္းမ်ားအရ ျမန္မာႏိုင္ငံလူဦးေရ (၅၄)သန္းေက်ာ္တြင္ လူဦးေရ (၆)သိန္းေက်ာ္သာ က်န္းမာေရးအာမခံစနစ္ရွိသည္ကို ေတြ႕ရသည္။ က်န္းမာေရးအာမခံစနစ္ထားရွိသည့္ ႏိုင္ငံသားမ်ားနည္းပါးသျဖင့္ ေရာဂါျဖစ္ပြားပါက အစိုး ရေဆး႐ုံမ်ားတြင္ စုၿပဳံကုသၾကရသည္။ ထို႔ေၾကာင့္ ပ်မ္းမွ်(၅၆၆၂၃)ခုတင္ရွိေသာ ျပည္သူ႔ေဆး႐ုံ (၁၁၇၈)႐ုံႏွင့္ ပ်မ္းမွ်(၆၈၅၂၆)ဦးရွိေသာ အစိုးရက်န္း မာေရးဝန္ထမ္းတို႔သည္ ျပည္တြင္းေန လူဦးေရ (၃၅)သန္းခန႔္ကို ဝန္ေဆာင္မႈေပးရသျဖင့္ ဝန္ႏွင့္အား မွ်တမႈမရွိသည္ကို မ်က္ေမွာက္အေျခအေနမ်ားအရ ေတြ႕ႏိုင္သည္။
ကမာၻ႔က်န္းမာေရးအဖြဲ႕၏သတ္မွတ္ခ်က္အရ လူဦးေရ(၁၀ဝဝ)တြင္ အနည္းဆုံး ဆရာဝန္တစ္ဦးႏွင့္ အနည္းဆုံး က်န္းမာေရးဝန္ထမ္း (၂ ဒသမ ၃) ဦးရွိ သင့္သည္ဟုဆိုေသာ္လည္း အစိုးရ၊ ပုဂၢလိက ဆရာဝန္ဦးေရေပါင္း ပ်မ္းမွ် (၁၆၆၆၃)သာရွိျခင္းေၾကာင့္ ျပည္တြင္းေန လူဦးေရ(၃၅)သန္းအတြက္ ဆရာဝန္ႏွင့္ လူဦးေရအခ်ိဳးမွာ (၁ : ၂၁၀ဝ)ရွိ သျဖင့္ ကမာၻ႔က်န္းမာေရးအဖြဲ႕၏သတ္မွတ္ခ်က္ေအာက္ မ်ားစြာေလ်ာ့နည္းလ်က္ရွိသည္။ စာရင္းဇယားမ်ား အရ (၁၉၉၅) ခုႏွစ္မွ(၂၀၂၀)ျပည့္ႏွစ္အထိ ျပည္ တြင္းေဆးတကၠသိုလ္မ်ားမွ ဆရာဝန္ေပါင္းသုံး ေသာင္းေက်ာ္ ေမြးထုတ္ေပး ခဲ့ေသာ္လည္း က်န္းမာေရးဌာနမ်ားတြင္ တာဝန္ထမ္းေဆာင္ေနသူ တစ္ေသာင္းခြဲခန႔္သာရွိသည့္အတြက္ ထက္ဝက္ ခန႔္သာ ႏိုင္ငံေတာ္အတြက္ အက်ိဳးျပဳႏိုင္ခဲ့ေၾကာင္းေတြ႕ရသည္။ ဤကဲ့သို႔ လုပ္ငန္းခြင္ဝင္ေရာက္ႏိုင္ျခင္းမရွိ သည့္ ဆရာဝန္အေရအတြက္မ်ားျပားျခင္းသည္ ႏိုင္ငံေတာ္ႏွင့္ျပည္သူတစ္ရပ္လုံးအတြက္ ႀကီးမားသည့္ဆုံးရႈံးမႈျဖစ္သည္။ ဤကဲ့သို႔ အေျခခံအေဆာက္အအုံ၊ လူသားအရင္းအျမစ္မ်ား မ်ားစြာ လိုအပ္ေနျခင္းမွာ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ ငန္းမ်ားတြင္ ဘ႑ာေရးပိုင္းဆိုင္ရာအားနည္း ခ်က္ ေၾကာင့္ဆိုသည္ကိုေတြ႕ရသည္။
ဖြံ႕ၿဖိဳးဆဲႏိုင္ငံျဖစ္သည့္အေလ်ာက္ ႏိုင္ငံေတာ္အေပၚ အလုံးစုံမွီခိုရန္ဆိုသည္မွာ မျဖစ္ႏိုင္သကဲ့သို႔ ဝင္ေငြအဆင့္ အတန္းနိမ့္ပါးေသးသည့္ျပည္သူက (၁၀ဝ)ရာခိုင္ႏႈန္း က်ခံႏိုင္ရန္ဆိုသည္မွာလည္း မျဖစ္ႏိုင္ေပ။ ထို႔ေၾကာင့္ မွ်ေဝယူႏိုင္ သည့္စနစ္မ်ိဳးျဖစ္ ေစရန္ က်န္းမာေရးအာမခံ မ်ားမ်ားထားရွိရန္လိုသည္။ အစိုးရဝန္ထမ္းမ်ားႏွင့္ ပုဂၢလိက ဝန္ထမ္းမ်ားအေနျဖင့္ က်န္းမာေရးအာမခံရွိရန္ ေဆာင္႐ြက္ရမည္ျဖစ္သည္။ ေဆာင္႐ြက္သည့္ေနရာတြင္လည္း ကိုယ္ က်ိဳးရွာအဖြဲ႕အစည္းမ်ားမျဖစ္လာေစရန္ ဥပေဒမ်ား၊ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ ထိန္းေက်ာင္းရန္လို သည္။ ျပည္သူမ်ား အာမခံထားသည့္ ေငြေၾကးကို ဘဏ္စုေၾကးေကာက္ေနသကဲ့သို႔ ေကာက္ခံ၍ ျပည္သူ႔က်န္းမာေရးကို ပုံမွန္ေစာင့္ေရွာက္ မႈမရွိဘဲ ကုသရမည့္အခ်ိန္တြင္ သတ္မွတ္ခ်က္အမ်ိဳးမ်ိဳးလုပ္ ၿပီးျပည္သူ႔ပိုက္ဆံကို လိမ္လည္မည့္အဖြဲ႕အစည္းမ်ား ေပၚ ေပါက္မလာရန္ တားဆီးရမည္ျဖစ္သည္။
လတ္တေလာတြင္ အစိုးရအေနျဖင့္ က်န္းမာေရးအာမခံမရွိေသးသည့္ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ျပည္သူ႔ ေဆး႐ုံ မ်ားတြင္ က်န္းမာေရးအာမခံစနစ္ ေဖာ္ေဆာင္ေပးရန္ျဖစ္သည္။ ပုဂၢလိကဘဏ္ သို႔မဟုတ္ ၾကားခံအဖြဲ႕အစည္းတစ္ခု ထားရွိ၍ ျပည္သူႏွင့္အစိုးရ ေဆး႐ုံၾကား က်န္းမာေရးအာမခံစနစ္ထားလိုက္ျခင္းျဖင့္ ျပည္သူတို႔အာမခံထားသည့္ ေငြေၾကးမ်ားႏွင့္ ျပည္သူ႔ေဆး႐ုံမ်ား၏ က်န္းမာေရးေစာင့္ ေရွာက္မႈကို အဆင့္ျမႇင့္ႏိုင္သကဲ့သို႔ ျပည္သူမ်ားအေနျဖင့္ လည္း က်န္းမာေရးအတြက္ စိတ္ပူေနစရာမလိုဘဲ ျဖစ္သြားႏိုင္သည္။ က်န္းမာေရးအာမခံစနစ္ရွိသည့္အတြက္လည္း ျပည္သူအေတာ္မ်ားမ်ား တစ္ႏွစ္လွ်င္ အနည္းဆုံးတစ္ႀကိမ္ က်န္းမာေရးစစ္ေဆးမႈ ရွိလာမည္ျဖစ္သည့္အျပင္ မိမိ က်န္းမာေရးအေျခအေနကိုသိရွိၿပီး ပိုမိုေကာင္းမြန္ေအာင္ ထိန္းသိမ္းလာႏိုင္မည္ျဖစ္သည္။
“အစာလည္းေဆး ေဆးလည္းအစာ” ဆိုသည့္ ျမန္မာဆို႐ိုးစကားအတိုင္း ႏိုင္ငံသားတိုင္းသည္ က်န္းမာေရး အတြက္အေထာက္အကူျဖစ္ေအာင္ စားေသာက္တတ္ရန္လည္းလိုသည္။ အိမ္ရွင္မတိုင္း မိမိ မိသားစုကို အာဟာရ ျပည့္စုံစြာခ်က္ျပဳတ္ေကြၽးေမြး တတ္ရန္လိုသည္။ ထိုကဲ့သို႔ခ်က္ျပဳတ္တတ္ရန္ အိမ္ရွင္မမ်ားကို အသိပညာမွ်ေဝထား ရန္လိုသည္။ အစာ အုပ္စုအေၾကာင္းအရာမ်ား၊ အာဟာရဓာတ္မ်ားမဆုံး ရႈံးေစရန္ မည္ကဲ့သို႔ခ်က္ျပဳတ္ရမည္၊ အဖိုးအခ နည္း နည္းျဖင့္ အာဟာရစုံလင္စြာ ခ်က္ျပဳတ္ႏိုင္ရန္၊ အသက္အ႐ြယ္အလိုက္ တစ္ဦးခ်င္းစီ တစ္ေန႔တာရရွိ ရမည့္ အာဟာရႏႈန္းထားမ်ားကိုသိရွိႏိုင္ရန္ အသိပညာေပးမႈမ်ား ေဆာင္႐ြက္ရမည္။ အိမ္တိုင္း၏မီးဖို ေဆာင္တြင္ အာဟာရ ဇယားခ်ိတ္ဆြဲထားႏိုင္ရန္လိုသည္။ အစားအေသာက္ႏွင့္ပတ္သက္၍ ျပႆနာ တစ္ခုမွာ ႏိုင္ငံအတြင္း အရည္အေသြး မျပည့္မီသည့္ အစားအေသာက္မ်ား၊ အရည္အေသြးစစ္ေဆးထား ျခင္းမရွိေသာစားသုံးကုန္စည္မ်ားႏွင့္ ေဘးဥပဒ္ျဖစ္ ေစႏိုင္ေသာ ဓာတုေဆးဝါးသုံးစြဲထားသည့္ စားသုံး ကုန္စည္မ်ား ေပါမ်ားေနမႈပင္ျဖစ္သည္။ ဝိသမေလာဘသားတို႔၏ ကိုယ္က်ိဳးရွာေဆာင္ ႐ြက္မႈေၾကာင့္ ျပည္သူတို႔၏က်န္းမာေရး ဆိုး႐ြားစြာ ထိခိုက္ေန သည္ကို ယခုအခ်ိန္အထိ ထိေရာက္စြာ မတားဆီးႏိုင္ေသးသည္ကို စိတ္မေကာင္းဖြယ္ေတြ႕ ရသည္။ ထိုကဲ့သို႔ တားဆီးႏိုင္မႈမရွိပါက ႏိုင္ငံေတာ္အေနျဖင့္ ႏိုင္ငံသားတို႔၏က်န္းမာေရးအဆင့္အတန္းကို မည္မွ်ျမႇင့္တင္ေစကာမူ အခ်ည္းႏွီးသာျဖစ္ပါလိမ့္မည္။ ထို႔ျပင္ မၾကာေသးမီကာလက သတင္းစာမ်က္ ႏွာ၌ အခ်ိဳ႕အလႉပြဲမ်ားတြင္ အစာ အဆိပ္သင့္ျခင္းမ်ား ျဖစ္ေပၚခဲ့၍ ျမန္မာႏိုင္ငံသားအခ်ိဳ႕ အသက္ဆုံးရႈံးခဲ့ရ သည္ကို ဝမ္းနည္းဖြယ္ေတြ႕ရသည္။ ထိုကဲ့သို႔ အေျခအေနမ်ိဳး ထပ္မံမျဖစ္ပြားေစရန္ အလႉအတန္းတြင္ အစားအေသာက္ဧည့္ခံမႈမ်ားပါဝင္ပါက လူဦးေရ မည္မွ်ရွိလွ်င္ က်န္းမာေရးဝန္ႀကီးဌာနမွ အသိအမွတ္ ျပဳဆရာဝန္(သို႔မဟုတ္)က်န္းမာေရးဝန္ထမ္း၏ အစားအေသာက္ႏွင့္ ေသာက္သုံး ေရကို မေကြၽးေမြးမီ စစ္ေဆးခ်က္ရယူမည့္ စည္းမ်ဥ္း၊ စည္းကမ္းမ်ိဳး သတ္မွတ္သင့္သည္။ ဤစည္းမ်ဥ္း၊ စည္းကမ္းမ်ား သည္ ေက်းလက္ေဒသမ်ားအတြက္ လိုက္ပါလုပ္ ေဆာင္ရန္ ခက္ခဲႏိုင္ေသာ္လည္း ျပည္သူမ်ားထံတြင္ အသိ၊ သတိ ဝင္ေစႏိုင္သည့္ အက်ိဳးေက်းဇူးရရွိႏိုင္သည္။
ႏွစ္စဥ္ ဒီဇင္ဘာလေရာက္တိုင္း ႏိုင္ငံေတာ္အေနျဖင့္ လူထုစုေပါင္းလမ္းေလွ်ာက္ပြဲမ်ား က်င္းပေန သည္ကို ေတြ႕ရသည္။ သို႔ပါေသာ္လည္း က်န္အခ်ိန္မ်ားတြင္ အားကစားပညာရွင္မ်ားႏွင့္ အားကစားလိုက္ စားသူအခ်ိဳ႕မွအပ ျပည္သူလူထု၏အားကစားေဆာင္ ႐ြက္မႈမွာ အလြန္နည္းပါးလွသည္။ Healthy Myanmar၊ Healthy Yangon၊ အားလုံး သက္တမ္း (၁၀ဝ)စသကဲ့သို႔အမည္ေပးကာ လူထုအားလုံး ပါဝင္ႏိုင္မည့္ အပတ္စဥ္က်န္းမာေရးဆိုင္ရာလႈပ္ရွားမႈမ်ားကို စဥ္ဆက္မျပတ္ေဆာင္႐ြက္သင့္သည္။ အားကစားျပဳလုပ္ရန္ေနရာ၊ စနစ္တက်ျပသ မည့္နည္းျပမ်ား အကန႔္အသတ္ျဖစ္ ေနျခင္းတို႔ သည္ အားကစားျပဳလုပ္လိုသူမ်ားအတြက္ အခက္အခဲ အခ်ိဳ႕ပင္ျဖစ္သည္။ ထို႔ေၾကာင့္ နံနက္ခင္း၊ ညေန ခင္းႏွင့္ ႐ုံးပိတ္ရက္မ်ားတြင္ အားကစားႏွင့္လူငယ္ ေရးရာဝန္ႀကီးဌာနေအာက္ရွိ အားကစားပညာရွင္ မ်ားက ရပ္ကြက္အလိုက္ အားကစားဘာသာရပ္အသီးသီးကို အလွည့္က်စီသင္ၾကားျပသ၍ ဦးေဆာင္ျပဳလုပ္ သင့္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ အားကစားကို နည္းစနစ္တက်ျပဳလုပ္မွသာ အခ်ိန္တိုတိုႏွင့္ ထိေရာက္ေသာ က်န္းမာေရး အက်ိဳးေက်းဇူးရရွိႏိုင္ေသာ ေၾကာင့္ျဖစ္သည္။ အားကစားဟုဆိုရာဝယ္ လမ္းေလွ်ာက္ျခင္းသည္ပင္ က်န္းမာေရးျမႇင့္ တင္ရန္ အား ကစားတစ္ခုျဖစ္ရာ ၿမိဳ႕ျပေနရာႏွင့္ ၿမိဳ႕နယ္ခြဲမ်ားရွိ လမ္းမမ်ားေဘးတြင္ ပလက္ေဖာင္းစနစ္တက်ရွိလွ်င္ ပင္ ေန႔စဥ္လမ္းေလွ်ာက္ျခင္းအမႈကို ျပဳႏိုင္လိမ့္မည္ဟု ထင္မိသည္။
ေဆးလိပ္၊ အရက္ႏွင့္ မူးယစ္ေဆးဝါးသုံးစြဲမႈသည္လည္း ျပည္သူမ်ား၏ က်န္းမာေရးအဆင့္အတန္း နိမ့္ က်မႈအေၾကာင္းရင္းတစ္ခုျဖစ္သည္။ (၂၀၂၃) ခုႏွစ္ အတြက္ ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံးႏိုင္ငံမ်ားစာရင္းတြင္ ျမန္မာႏိုင္ငံသည္ အဆင့္(၁၉)ေနရာ ၌ရွိေနခဲ့ၿပီး၊ အာဆီယံႏိုင္ငံမ်ားထဲတြင္ အဆင့္(၃) ေနရာတြင္ရပ္တည္ေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံရွိ လူဦးေရအားလုံး၏ (၁၈ ဒသမ ၇) ရာခိုင္ႏႈန္းက ေဆးလိပ္ေသာက္သုံးလ်က္ရွိေနၿပီး ေဒသ အတြင္း ႏိုင္ငံမ်ားထဲတြင္ ေဆးလိပ္ေသာက္သုံးမႈအမ်ားဆုံး ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိေနေၾကာင္း သိရသည္။
ေဆးလိပ္ေၾကာင့္ ႏွစ္စဥ္ႏိုင္ငံသား (၆၄၀ဝဝ) ေက်ာ္ေသဆုံးေနေၾကာင္းသိရသည္။ ထို႔အတူ အရက္ ေၾကာင့္ေသဆုံးမႈမွာ လူတစ္သိန္းလွ်င္(၂၇) ဦးရွိ သျဖင့္ လူဦးေရ (၅၄)သန္းေက်ာ္ရွိေသာ မိမိတို႔ ႏိုင္ငံတြင္ တစ္ႏွစ္လွ်င္ လူေပါင္းတစ္ေသာင္းခြဲခန႔္ အရက္ေသာက္သုံးျခင္းေၾကာင့္ ေသဆုံးလ်က္ရွိသည္။ အျခားေသာႏိုင္ငံမ်ားတြင္ အရက္၊ ဘီယာ၊ ေဆးလိပ္ တို႔ကို အသက္မျပည့္သူ ကေလးသူငယ္မ်ားကိုေရာင္း ခ်ေပးေလ့မရွိၾကေသာ္လည္း ျမန္မာႏိုင္ငံတြင္ ကား ႀကိဳက္သည့္ဆိုင္၌ ႀကိဳက္သည့္အသက္အ႐ြယ္ရွိ သူက ႀကိဳက္သည့္အခ်ိန္တြင္ ဝယ္ယူ၍ရႏိုင္သည္။ ပိုက္ဆံသာ ေပးလွ်င္ အသက္ျပည့္ျပည့္ မျပည့္ျပည့္ အရက္၊ ဘီယာ၊ ေဆးလိပ္တို႔ကို အလြယ္တကူပင္ ဝယ္ယူေသာက္သုံး ႏိုင္ၾကသည္။
အခ်ိဳ႕ေသာႏိုင္ငံမ်ားတြင္ အရက္ေသစာေရာင္း ခ်မႈကို ည(၁၀)နာရီမွ နံနက္(၆)နာရီအထိ ေရာင္းခ်ခြင့္မရွိဘဲ ခြင့္ျပဳခ်က္ရယူထားေသာ စားေသာက္ ဆိုင္မ်ား၊ ဘားမ်ားတြင္သာ မူလေဈးႏႈန္းထက္ ပိုမို ေပးေခ်၍ ထိုေနရာတြင္သာ ေသာက္သုံးခြင့္ရွိသည္။ အရက္ေရာင္းခ်ရာတြင္လည္း သီးျခားသတ္မွတ္ထား ေသာေကာင္တာတြင္သာ ေရာင္းခ်ၿပီး၊ အသက္ျပည့္/ မျပည့္ကို သက္ေသခံကတ္ျပားကို စစ္ေဆးၿပီးမွသာ ေရာင္းခ်သည္။ ထိုေကာင္တာတြင္လည္း လုံၿခဳံေရး ကင္မရာတပ္ဆင္ထားရၿပီး အသက္မျပည့္သူကို တရားမဝင္ေရာင္းခ်ျခင္း၊ သတ္မွတ္အခ်ိန္ေက်ာ္လြန္ ေရာင္းခ်ျခင္း မျဖစ္ေအာင္ ထိန္းခ်ဳပ္ထားသည္။
ထို႔အတူ ည (၁၀)နာရီမွ နံနက္ (၆)နာရီအထိ ကာလအတြင္း တရားမဝင္ေရာင္းခ်မႈမျပဳႏိုင္ေစရန္ အရက္ပုလင္း မ်ားရွိ barcode မ်ားကို ေငြရွင္းေကာင္ တာမွ barcode scanner မ်ားမွ ဖတ္ယူမရႏိုင္ေအာင္ ထိန္းခ်ဳပ္ထားပါေသးသည္။ ျမန္မာႏိုင္ငံတြင္ မူးယစ္ေဆးဝါးသုံးစြဲမႈေၾကာင့္ ေသဆုံးမႈႏႈန္း လူတစ္သိန္းလွ်င္ (ဝ ဒသမ ၇) ဦး ရွိသည္ဟု ေဖာ္ျပထား ေသာ္လည္း ဖားကန႔္ေဒသႏွင့္ အျခားေသာဥပေဒစိုးမိုးမႈမရွိေသာ ေဒသမ်ားမွ အခ်က္အလက္မ်ားေကာက္ယူ ႏိုင္မည္ဆို ပါက ပိုမိုမ်ားျပားႏိုင္သည္။ ထို႔ျပင္ ယခုႏွစ္မ်ားအတြင္း လူငယ္ထုအၾကား မူးယစ္ေဆးဝါးမ်ား လြယ္ ကူစြာရရွိေနသျဖင့္ မၾကာမီကာလအတြင္း မူးယစ္ ေဆးဝါးေၾကာင့္ ေသဆုံးသူဦးေရ ပိုမိုျမင့္တက္လာ ႏိုင္သည္ကို ရင္ေလးဖြယ္သုံးသပ္ရသည္။
(ဆက္လက္ေဖာ္ျပပါမည္)