တောင်ကိုရီးယားက နိုင်ငံပေါင်း (၂၂)နိုင်ငံမှခရီးသွားတွေအတွက် အီလက်ထရွန်းနစ် ခရီးသွားခွင့်ပြုချက် (၁)နှစ်ထိ သက်တမ်းတိုး
126
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၁
တောင်ကိုရီးယားက စင်ကာပူအပါအဝင် နိုင်ငံပေါင်း (၂၂) နိုင်ငံမှ ဗီဇာကင်းလွတ်ခွင့်ပြုထားတဲ့ ခရီးသွားတွေအတွက် အီလက်ထရွန်းနစ်ခရီးသွားခွင့်ပြုချက် (ETA) ကို တစ်နှစ်ထိ သက်တမ်းတိုးလိုက်ပါတယ်။
ဒီအကြောင်းကြားစာကို တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၁ ရက်က သူတို့ရဲ့၀က်ဘ်ဆိုက်မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ သက်တမ်းတိုးမှာ ဖြစ်တယ်လို့ တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ K-ETA ဟာ တောင်ကိုရီးယားကို မဝင်ရောက်မီ နိုင်ငံခြားသားဧည့်သည်များ ရရှိဖို့လိုအပ်တဲ့ လိုအပ်ချက်တစ်ခုဖြစ်ပြီး လျှောက်လွှာတစ်ခုစီအတွက် ဝမ် ၁၀,၀၀၀ ကုန်ကျပါတယ်။ လျှောက်လွှာတင်ပြီးရရှိတဲ့ K-ETA သက်တမ်းဟာ သုံးနှစ် ဖြစ်ပြီး လေယာဉ်ပေါ်မတက်မီ အနည်းဆုံး (၂၄)နာရီကြိုတင်ရယူထားရတာ ဖြစ်ပါတယ်။ စင်ကာပူခရီးသွားတွေအတွက် K-ETA ကင်းလွတ်ခွင့်ကို ၂၀၁၃ ခုနှစ် ဧပြီလကတည်းက ပေးထားတာဖြစ်ပြီး အခုဆိုရင် ကင်းလွတ်ခွင့်ကို တစ်နှစ်ထိ သက်တမ်းတိုးလိုက်ပြီ ဖြစ်ပါတယ်။
တောင်ကိုရီး Changi Airport Group မှ ဖော်ပြချက်အရ ပြီးခဲ့တဲ့ နိုဝင်ဘာလက စင်ကာပူနဲ့ တောင်ကိုရီးယားကြား ခရီးသည် ၂၀၉,၀၀၀ ထိ ရှိတယ်လို့ သိရပါတယ်။
zawgyi version
ေတာင္ကိုရီးယားက ႏိုင္ငံေပါင္း (၂၂)ႏိုင္ငံမွခရီးသြားေတြအတြက္ အီလက္ထ႐ြန္းနစ္ ခရီးသြားခြင့္ျပဳခ်က္ (၁)ႏွစ္ထိ သက္တမ္းတိုး
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၁
ေတာင္ကိုရီးယားက စင္ကာပူအပါအဝင္ ႏိုင္ငံေပါင္း (၂၂) ႏိုင္ငံမွ ဗီဇာကင္းလြတ္ခြင့္ျပဳထားတဲ့ ခရီးသြားေတြအတြက္ အီလက္ထ႐ြန္းနစ္ခရီးသြားခြင့္ျပဳခ်က္ (ETA) ကို တစ္ႏွစ္ထိ သက္တမ္းတိုးလိုက္ပါတယ္။
ဒီအေၾကာင္းၾကားစာကို ေတာင္ကိုရီးယား တရားေရးဝန္ႀကီးဌာနက ဒီဇင္ဘာ ၁၁ ရက္က သူတို႔ရဲ႕၀က္ဘ္ဆိုက္မွာ ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး ၂၀၂၅ ခုႏွစ္ ဇန္နဝါရီလ ၁ ရက္မွ ဒီဇင္ဘာ ၃၁ ရက္အထိ သက္တမ္းတိုးမွာ ျဖစ္တယ္လို႔ ေတာင္ကိုရီးယား တရားေရးဝန္ႀကီးဌာနက ေျပာၾကားပါတယ္။ K-ETA ဟာ ေတာင္ကိုရီးယားကို မဝင္ေရာက္မီ ႏိုင္ငံျခားသားဧည့္သည္မ်ား ရရွိဖို႔လိုအပ္တဲ့ လိုအပ္ခ်က္တစ္ခုျဖစ္ၿပီး ေလွ်ာက္လႊာတစ္ခုစီအတြက္ ဝမ္ ၁၀,၀၀၀ ကုန္က်ပါတယ္။ ေလွ်ာက္လႊာတင္ၿပီးရရွိတဲ့ K-ETA သက္တမ္းဟာ သုံးႏွစ္ ျဖစ္ၿပီး ေလယာဥ္ေပၚမတက္မီ အနည္းဆုံး (၂၄)နာရီႀကိဳတင္ရယူထားရတာ ျဖစ္ပါတယ္။ စင္ကာပူခရီးသြားေတြအတြက္ K-ETA ကင္းလြတ္ခြင့္ကို ၂၀၁၃ ခုႏွစ္ ဧၿပီလကတည္းက ေပးထားတာျဖစ္ၿပီး အခုဆိုရင္ ကင္းလြတ္ခြင့္ကို တစ္ႏွစ္ထိ သက္တမ္းတိုးလိုက္ၿပီ ျဖစ္ပါတယ္။
ေတာင္ကိုရီး Changi Airport Group မွ ေဖာ္ျပခ်က္အရ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလက စင္ကာပူနဲ႔ ေတာင္ကိုရီးယားၾကား ခရီးသည္ ၂၀၉,၀၀၀ ထိ ရွိတယ္လို႔ သိရပါတယ္။