ရိုးသားကြိုးစား ဧရာဝတီသားတိုရဲ့ စိုးရိမ်သံ

 774

သုတကျော် (NP News) - ဒီဇင်ဘာ ၂၁

တစ်သက်နှင့်တစ်ကိုယ် စစ်ကိုကြုံရလိမ့်မည်ဟု မထင်ထားသော မအေးမြင့် (အမည်လွှဲ) တစ်ယောက် ယခုအခါ စိုးရိမ်စိတ်များဖြင့် အလုပ်ရှုပ်စပြုနေပြီဖြစ်သည်။ ယခင်က အေးချမ်းစွာ လုပ်ကိုင်စားသောက်ခဲ့သော မအေးမြင့်မှာ စိတ်ပူပင်မှု အပြည့်ဖြင့် နေ့ရက်တိုင်းကို စတင်ဖြတ်သန်းနေရသည်။

“စိုးရိမ်မှု ရှိတယ်။ ဒီဘက်ကို ကျော်ကျမှာ စိုးတယ်။ ဂွနဲ့က နီးတယ်လေ။ ဒီဘက်ကို သိပ်မလိုတော့ဘူး” ဟု ငါးသိုင်းချောင်းမြို့နယ်အတွင်း နေထိုင်သူ ၎င်းက ရင်မောသောအသံဖြင့် ဆိုသည်။

AA က တိုက်ခိုက်လာသည့်အတွက် ရခိုင်ပြည်နယ်နှင့် ဧရာဝတီ နယ်စပ်မြို့ဖြစ်သော ဂွမြို့တွင် တိုက်ပွဲများ ဖြစ်ပွားနေကာ အတည်မပြုနိုင်သော သတင်းများအရ ရခိုင်ပြည်နယ်နှင့် ဧရာဝတီနယ်စပ်အနီး ရိုးတောင်ဘက်အထိ တိုက်ပွဲကျယ်ပြန့်နေသည်ဟု ဆိုသည်။

လက်ရှိအနေအထားအရ ပြည်နယ်၏မြို့တော်ဖြစ်သော စစ်တွေမြို့၊ ကျောက်ဖြူမြို့နှင့် မာန်အောင်မြို့တို့ကို အစိုးရက အပြည့်အဝထိန်းချုပ်ထားပြီး အမ်းမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် တပ်မတော် နှင့် AA အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ဂွမြို့က တိုက်ပွဲအတွင်း လူနေအိမ်အတော်များများ ပျက်စီး၊ မီးလောင်ခြင်းတို့ ဖြစ်ပွားနေပြီး မြို့ခံများသည် ရခိုင်ပြည်နယ်မှ AA ထိန်းချုပ်ထားသော အခြားမြို့များကဲ့သို့ စစ်၏ဆိုးကျိုးကို ပြင်းပြင်းထန်ထန် ခံစားနေရသည်။

ရခိုင်ရိုးမနှင့်ဆက်စပ်နေသော ငါးသိုင်းချောင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်စသည်ဖြင့် မြို့နယ်များမှ ပြည်သူများအနေဖြင့် သမိုင်းတစ်လျှောက်အေးချမ်းခဲ့သော ဧရာဝတီတိုင်းသို့ စစ်ရောက်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်ကာ တပ်မတော်ကလည်း လုံခြုံရေးကို တင်းကြပ်ထားကြောင်း သိရသည်။

AA တို့ယူလာသော စစ်မီးကိုသာမက နောက်ဆက်တွဲကို ပိုမိုခံစားနေရသည်မှာ ဂွမြို့ခံ စစ်ဘေးရှောင်များ ဖြစ်သည်။ “အခုရခိုင်ပြည်နယ်ဆိုရင် သံတွဲခရိုင်ရဲ့နောက်ဆုံးမြို့ပေါ့။ နံပါတ်တစ်အချက်က ဂွကလူတွေ ရိုးမတောင်ပေါ်ကျော်ပြီးတော့ ဧရာဝတီတိုင်းထဲသွားတယ်။ အဲဒီလိုပဲ တောင်ကုတ်က လူတွေကလည်း ကြားတောလမ်းကနေ ဆင်းကြတယ်။ ဝင်ခွင့်မရတာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မယုံသင်္ကာမှု။ ဝင်ခွင့်မပေးဘူး ဘာညာ သတင်းရေးကြတယ်။ အဓိက နံပါတ်တစ် ဒီလိုလူတွေနဲ့ရောပြီး ဝင်လာမလားပေါ့။ တကယ်ဖြစ်တဲ့သူတွေ၊ အတိ ဒုက္ခရောက်တဲ့ သူတွေက ရောပြီးခံရသလိုဖြစ်တယ်” ဟု ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ကာ ရန်ကုန်တိုင်းဒေသ ကြီးတွင် အခြေချနေထိုင်သူတစ်ဦးကဆိုသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် နေထိုင်သူများအတွက်လည်း စိုးရိမ်မှုရေချိန်က မသေးလှ။

‘‘သတင်းတွေ ကြားနေရတယ်။ ကိုယ့်ဘက်ရောက်မလား၊ ရောက်မလားပေါ့။ ရောက်ရင်လည်း ပါး(နီး) တာကိုး။ အရင်ကဖြစ်တယ်ဆိုတာကလည်း ဟိုဘက်မှာဖြစ်တာ။ ဂွနဲ့လည်း နီးတယ်လေ။ မနေ့ည (ဒီဇင်ဘာလ ၁၉ ရက်) ကဆို အမြောက်ပစ်သံကြားရတယ်’’ ဟု မအေးမြင့်က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများအနေဖြင့် စစ်ကိုမကြုံဖူးပေ။ စစ်ဘေးဒဏ် ရောက်လာလိမ့်မည်ဟုလည်း မတွေးထားမိခဲ့ကြဘဲ မိရိုးဖလာလုပ်ငန်းများကိုသာ အေးဆေးစွာလုပ်ကိုင်စား သောက်နေထိုင်ကြသူများ ဖြစ်သည်။ ယခင်က အခြားဒေသများမှ တိုက်ပွဲ သတင်းများကိုသာ အွန်လိုင်းထက်တွင် ဖတ်ရှုခဲ့ကြရသော ဧရာဝတီတိုင်း မှဒေသခံများ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ဧရာဝတီနယ်စပ်အနီး နေထိုင်သူများ၏ စိုးရိမ်စိတ်မှာ အမြင့်ပိုင်းတွင် ရှိသည်။

‘‘ပြင်တော့ ထားရတာပေါ့။ အထုပ်တွေ ထုပ်ထားရတယ်။ အရေးအကြောင်းဆို ပြေးဟေ့ ဆိုရင်တော့ ပြေးရမှာ ပေါ့။ ရှောင်သင့်တယ်ဆိုရင်တော့ ရှောင်ရမှာပေါ့။ ပြေးလို့ကလည်း ဖြစ်တယ်ဟေ့ဆို ရှောင်ဆို ကြိုသိရရင် တော့ရှောင်နိုင် တာပေါ့။ ထပြီးဖြစ်တယ်။ ပြေးဟေ့ဆိုရင်တော့ မလွယ်ဘူးပေါ့” ဟု ၎င်းကဆိုသည်။ ဒေသခံများအတွက် နောက်ထပ် ထိုးနှက် ချက်တစ်ခုမှာ ကောလာဟလသတင်းများ ဖြစ်သည်။ ပြည်ပရောက် မီဒီယာများကလည်း ပြည်သူကိုသတင်းဖြင့် ခြောက်သကဲ့သို့ မြေပြင်တွင်လည်း ကောလာဟလ သတင်းများက ပွထနေသည်။

“ငါးသိုင်းချောင်းဘက်မှာက ချက်ချင်းပဲထွက်ပြေးရတော့မလိုလို၊ တိုက်ပွဲတွေပဲဖြစ်တော့ မလိုလို ကြားနေရ တယ်။ အခုက အကုန်လုံးက ကြောက်နေရတာပေါ့” ဟု ရေကြည်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။ ရေကြည်မြို့နယ်မှ သတင်းရင်းမြစ်နှင့် ငါးသိုင်းချောင်းမြို့နယ်မှ သတင်းရင်းမြစ်နှစ်ဦးစလုံးတွင်တူသည့် အချက်မှာ စစ်ကြောင့် ပြေးလွှားတိမ်းရှောင်ရမည့်ဆိုပါက မည်သည့်နေရာသို့ တိမ်းရှောင် ရမည်ဆိုသော စိုးရိမ်စိတ်ဖြစ်သည်။

‘‘တကယ့်တကယ်ပြေးရင်လည်း ဘယ်ကို ပြေးရမှန်းလဲမသိဘူး။ ဖြစ်လာတော့မှပဲ ပြေးရုံပဲရှိ တာပေါ့။ ပြေးလည်းလွတ်ရောလွတ်ပါ့မလား။ ရခိုင်ဘက်မှာဖြစ်တုန်းကဆို လိုင်းပေါ်မှာတက်လာတာ တွေတွေ့တယ်လေ။ ပြေးကြလွှားကြတယ်လေ။ အဲဒီလိုမျိုးဆို ဘယ်လိုတွေလုပ်မလဲ။ အခုဆိုရင် အရင်ကလိုလည်း အသွားအလာ တွေမရှိကြ တော့ဘူး။ ညဘက်ဆိုအကုန်တိတ်ဆိတ်နေတာပဲ}ဟု ရေကြည် မြို့နယ်တွင် နေထိုင်သူက ဆိုသည်။ တိုက်ပွဲများသာ ဧရာဝတီတိုင်းဘက်သို့ ရောက်ရှိလာပါက ဖွံ့ဖြိုးမှုများ နောက်ကျသွားမည်ကို ဒေသခံများက စိုးရိမ်သည်။ ယခင်ရရှိထားသော တိုး တက်မှု အသီးအပွင့်များ ပြန်လည် ပျက်စီးသွားမည်ကို ပူပန်ကြသည်။ ‘‘တိုးတက်တယ်။ အခုက လမ်းတွေမီး တွေရတယ်။ တိုက်ပွဲဖြစ်မယ်ဆိုရင် အဲဒါတွေတိုး တက်မှုတွေ မရတော့မှာ ပူတယ်” ဟု မအေးမြင့် (အမည်လွှဲ)က ဆိုသည်။

ပြည်သူလူထုများအနေဖြင့်လည်း နယ်မြေအတွင်း မသင်္ကာဖြစ်စဉ်များ ဖြစ်လာမည်၊ လူ စိမ်းများဝင်လာမည်၊ အကြောင်းအမျိုးမျိုးကြောင့် စုဖွဲ့ကာ အဖျက်လုပ်ငန်းများ ဆောင်ရွက်တော့မည်ဟု သိရှိပါက သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပေါင်းစပ်ကာ လုံခြုံရေးအပိုင်းအတွက် သတိရှိရန်လိုအပ်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဦးသိန်းထွန်းဦးက ဆိုသည်။ “သူတို့ အသာရတယ်လို့ ထင်တဲ့အချိန် စစ်ဘောင်ကို ချဲ့လိုက်ကြတာထုံးစံပါပဲ။ ဒါပေမဲ့ အနေအထားအရ ကျွန်တော်တို့သည် ဒါကို လက်ခံလို့ လည်းမရဘူး။ ဘာလို့လဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရင် တိုင်းရင်းသား အခွင့်အရေးအောက်မှာ ခေါင်းစဉ်ဗန်ပြပြီး သူတို့လိုချင်တဲ့ စစ်ဘုရင်လုပ်နေကြတာပဲ။ ထိစပ်နေတယ်ဆို ပဲခူးတိုင်း ရှိတယ်။ ဧရာဝတီ တိုင်းရှိတယ်။ ဒါကို လက်ခံမလား။ လက်ခံမယ်လို့လည်း ကျွန်တော်တော့မယုံကြည်ပါဘူး။ သေချာ တာက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ပြီး ညှိနှိုင်းမယ်ဆိုရင် စိုးရိမ်စိတ်တွေ လျော့ပါးသွားစေပါ လိမ့်မယ်” ဟု ၎င်းက ဆိုသည်။ ထို့ပြင် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း ပြည်သူများအနေဖြင့် ဆောင်ရွက်ရန်လိုပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့်လည်း တာဝန်အတိုင်း ဆောင်ရွက်မည်ဖြစ်ရာ ဒေသခံပြည် သူများအနေဖြင့်လည်း အာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်လုပ်ဆောင်ပါက ကြောက်ရွံ့မှုများ ဖြစ်လာမည် မဟုတ်ကြောင်း ဦးသိန်းထွန်းဦးက ထပ်မံပြောကြားသည်။

AA ၏ ဧရာဝတီတိုင်းနှင့် ပတ်သက်၍ သဘောထားအပေါ် အမြင်အမျိုးမျိုးရှိနေသည်။ အချို့ကလည်း ဂွမြို့ နယ်တွင် AA က ရပ်သွားမည်ဟု ခန့်မှန်းကာ အချို့ကလည်း ဧရာဝတီတိုင်းအထိ အနည်းငယ် တို့ထိနိုင်ဖွယ်ရှိသည် ဟုဆိုသည်။ လတ်တလော မြေပြင်အခြေအနေအရ AA တို့၏ ရခိုင်ပြည်နယ်က တိုက်ပွဲများအတွင်း ဂွမြို့နယ်နှင့် အမ်းမြို့ နယ်က တိုက်ပွဲများအပြီးတွင် တရုတ်နိုင်ငံနှင့် စကားပြောရန်အတွက် အရေးကြီးသော ကျောက်ဖြူမြို့ကို AA က ဆက်လက် တိုက်ခိုက်ဖွယ်ရှိသည်။ တစ်ဖက်တွင်ပြန်ကြည့်ပါက AA ၏ ထိန်းချုပ်နယ်မြေများအတွင်းမှ ပြည်သူများ၏ အခြေ အနေမှာဆိုးဝါးနေပြီး ဆေးဝါးနှင့်ကုန်ပစ္စည်း ပြတ်လပ်ခြင်းဘေးကို ကြုံနေရကာ ကုန်ဈေးနှုန်းကလည်း ခေါင်ခိုက်နေပြီ ဖြစ်သည်။ ထို့ပြင် တပ်မတော်နှင့် တိုက်ပွဲများအတွင်း AA ဘက်၌ သေဆုံးသူ အရေအတွက်များပြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်စပ်တွင် တပ်မတော်ကို AA က ဆိုင်ထားပြီး ၎င်းတို့လက်ဝေခံ PDF များဖြင့် ခြေရှုပ်နိုင်ဖွယ်ရှိကြောင်း သုံးသပ်မှုများရှိသည်။

‘‘ကျွန်တော့် အမြင်ကတော့ ရခိုင်ပြည်နယ် ဧရိယာ နယ်နိမိတ်ကိုသိမ်းဖို့တော့ ကြိုးစားလိမ့်မယ်။ ကြိုးစားမှာပေါ့ နော်။ ကြိုးစားချိန်မှာ အလွန်ဆုံး မြန်မာနယ်နိမိတ်ထဲ နည်းနည်းကျွံဝင်ရင် ဝင်လိမ့်မယ်။ ငြိမ်း ချမ်းရေး စကားပြောပြီး ရင်တော့ သူတို့ဆုတ်မှာပေါ့။ သူတို့က မြန်မာပြည်ကိုထောက်ထားပြီး PDF နဲ့ မွှေကောင်း မွှေခိုင်းထားနိုင်တယ်။ သူတို့က ရခိုင် ပြည်နယ်ကို လိုချင်တာလေ။ မြန်မာနိုင်ငံကို သိမ်းချင် တာမဟုတ်ဘူး။ ဒီအတွက် သူသာ အင်အားတကယ်ရှိ နေတယ် ဆိုရင်တော့ ရခိုင် - ဧရာဝတီ နယ်စပ်ကနေ တိုးထားပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးလိမ့်မယ် အဲဒါက ဖြစ်ရိုးဖြစ်စဉ်အတိုင်း။ နိုင်ငံရေးနွှယ်သွား ရင်တော့ PDF တွေကောက်ထည့်ထားနိုင်တယ်။ သူတို့ ရခိုင်လူမျိုးကို PDF အဝတ် အဝတ်ပြီးတော့ မွှေခိုင်းထားမယ် ဒါမျိုးလေးတော့ လုပ်ကောင်းလုပ်နိုင်တယ်” ဟု NP News ၏သတင်းရင်းမြစ် စစ်ရေးသုံးသပ်လေ့လာသူတစ်ဦးက ခန့်မှန်းသည်။

AA အနေဖြင့် ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေသို့ ဝင်မလာနိုင်စေရန် အခြားသူပိုင်နယ်မြေ တွင် ရှုပ်ခြင်းမှာ ထုံးစံဖြစ်ကြောင်းနှင့် ဒေသခံများ အနေဖြင့် ၎င်းတို့ကစားသည့် ကစားကွက်အတိုင်း လိုက်ပါသွားကြမည်လားဟု သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက မေးခွန်းထုတ်ပြောကြားသည်။

‘‘ဒါပေမဲ့ အဓိကအရေးကြီးတာ ကျန်တဲ့ နယ်မြေက လူတွေကစဉ်းစားရမှာက ကိုယ့်နယ်မြေ မှာ အဲဒီလိုအရှုပ်ခံ ပြီး သူတို့ရဲ့ကစားတဲ့ ကစားကွက်မှာ လိုက်ပါသွားကြမှာလား။ အထူးသဖြင့် ဒါကိုယ့် ဒေသကို ကာကွယ်မယ့် လူငယ် တွေက ပိုပြီးစဉ်းစားရမယ့် အပိုင်းဖြစ်တယ်။ Proxy war က သူတို့ဘက်က ကြိုး စားတာကတော့ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ဒေသခံတွေအနေနဲ့ ဒီဥစ္စာကိုလက်မခံဘူး၊ ကိုယ့်ဘာ သာကိုယ် အေးအေးဆေးဆေးနေတာမှာ သူတို့ လာရှုပ်တဲ့ လမ်းစဉ်အတိုင်း သွားရမယ်ဆိုရင်တော့ ကိုယ့်ဒုက္ခကိုယ် ရှာသလို ဖြစ်မှာပေါ့။ သေချာတာက ကိုယ်ကိုယ်တိုင်က သူတို့ ကစားမယ့်ဟာကို လက်မခံ ဘူး။ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားမယ်ဆိုရင် သူတို့ ကြိုးစားသည့်တိုင်အောင် အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ ကိုယ့်ဒေသကို ကိုယ်ဒေသချစ်စိတ်နဲ့ ဘယ်လိုကာကွယ်ကြမလဲဆိုတာ အဓိက ကျပါတယ်။ အရေးကြီးတဲ့အချက်ဖြစ်သွားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ပထဝီနယ်မြေ အနေအထားအရ ဧရာဝတီတိုင်းဒေသကြီးတွင် AA အနေဖြင့် ကျော် လာနိုင်မည် မဟုတ်ကြောင်းနှင့် ခြေရှုပ်ရန် ခက်ခဲ ကြောင်း တွေးထင်မှုများလည်းရှိသည်။

“ဧရာဝတီသည် ရခိုင်နဲ့ ဖွဲ့စည်းတည် ဆောက်မှု မတူဘူး။ သူက မြစ်ဝကျွန်းပေါ်ဖြစ်တယ်။ နောက်တစ်ချက်က ဧရာဝတီရဲ့ ပုံစံက တကယ်တမ်း ဆဲလ်သာ စိမ့်ဝင်လို့ရရင် ရန်ကုန်နဲ့ အလှမ်းမကွာ တော့ဘူးလေ။ အခု ဖြစ်စဉ်တွေကို ပြန်ကြည့်လိုက်ရင် ပြည်နယ်နဲ့ တိုင်း မြို့တော်အဖြစ် သတ်မှတ်ထားတာ ဘယ်နှမြို့ ကျခဲ့လဲ မြို့တော်တွေ မကျဘူးဗျ။ AA က ရှေ့ကို သွေးတိုးစမ်းဖို့ တစ်ခုခု သုံးမယ်ထင်တယ်။ ဒါပေမဲ့ ပြောသာပြောတာ နယ်မြေနှစ်ခုမတူဘူး။ လာရ မယ့်လမ်း မတူဘူး။ ရခိုင်ကနေ ရိုးမတောင်ကို ကျော်မယ်၊ ရေနံသာကို ဖြတ်မယ်။ ကျွန်တော်ကတော့ ဧရာဝတီမှာဖြစ်ဖို့ ခက်မယ်ထင်တယ်” ဟု ရခိုင့်အရေးကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းသည်။

AA အနေဖြင့်အင်အားအနေအထားကို ချွေတာရန် လိုအပ်လာမည်ဖြစ်သည့်အပြင် ဦးတည်ချက်နှင့် မူဝါဒအရ ရခိုင်ပြည်နယ်အတွက်ဟု ပြောထားသောကြောင့် ပြည်ပရောက် အချို့မီဒီယာများတွင် AA နှင့် ဧရာဝတီကို ချိတ်ဆက် ပြောခြင်းသည် လိုဘကို ပြောခြင်းလား၊ ပြည်သူကို ခြောက်လှန့်ခြင်းလား၊ နှပ်ကြောင်းပေးခြင်းလား ဟု တွေးထင်မိကြောင်း ၎င်းက ဆိုသည်။

“ဧရာဝတီသည် မြေပြန့် ဖြစ်နေတာလေ။ ဒီရခိုင်က မြို့တွေမှာတောင် တောင်တွေရှိတာကို ပြည်သူကပြေးဖို့ ဒုက္ခများနေတာ မြေပြန့်နေရာမှာ ဆိုရင်တော့ ပိုပြီးဆိုးသွားမှာ။ မစွန့်စားကြဘူး ထင် တယ်။ အကာအကွယ်သိပ်မရှိဘူး။ ဒီလိုနေရာမှာ စစ်ဖြစ်ဖို့ နည်းတယ်လို့ထင်တယ်။ ကချင်တွေ၊ ကရင်တွေ အခု ဖြစ်တဲ့နေရာတွေမှာက ရေမြေ၊ တော တောင် အကာအကွယ်တွေရှိတယ်။ မြေပြန့်နေရာဆို အညာ ဖြစ်တယ်ဆို တခြားနေရာထက် ဆိုးဆိုးရွားရွားခံနေရ တာလေ။ ဧရာဝတီဟာ မြေပြန်ဒေသဖြစ်လို့ စွန့်ဖို့လူ ကလည်း တွေးရမှာဖြစ်သလို အဝင်ကိုပိတ်မယ်ဆို ဧရာဝတီ ဘက်ကို ရောက်မယ်မထင်ဘူး” ဟု ၎င်းက သုံးသပ်ပြောကြားသည်။ စစ်ပွဲ ဖြစ်မည်ကို ပြည်သူများက စိုးရိမ်သည်။ မိသားစုဘဝများ ပူလောင်မည်။ ပြေးရလွှားရမည် ဆိုခြင်းမှာ ဧရာဝတီတိုင်းဒေသကြီးမှ ပြည်သူများအတွက် အသားမကျပါ။

‘‘တိုက်ပွဲဖြစ်မှာ မလိုလားဘူး။ အေးအေး ဆေးဆေး နေချင်တာပေါ့။ သူသူကိုယ်ကိုယ်လေ။ သားသမီးတွေနဲ့ နေချင်တာပေါ့” ဟု မအေးမြင့် က လေသံတိုးတိုးဖြင့်ပြောလေသည်။ အေးမြင့်အနေဖြင့် ယခုထွက်ပေါ်နေ သောသတင်းများသည် အိပ်မက်ဆိုးများသာဖြစ်ပြီး အိပ်ရာမှနိုးပါက အားလုံးအဆင်ပြေသွားမည်ဟု တွေးကောင်းတွေးနေပေလိမ့်မည်။

zawgyi version
႐ိုးသားႀကိဳးစား ဧရာဝတီသားတိုရဲ႕ စိုးရိမ္သံ
သုတေက်ာ္ (NP News) - ဒီဇင္ဘာ ၂၁

တစ္သက္ႏွင့္တစ္ကိုယ္ စစ္ကိုႀကဳံရလိမ့္မည္ဟု မထင္ထားေသာ မေအးျမင့္ (အမည္လႊဲ) တစ္ေယာက္ ယခုအခါ စိုးရိမ္စိတ္မ်ားျဖင့္ အလုပ္ရႈပ္စျပဳေနၿပီျဖစ္သည္။ ယခင္က ေအးခ်မ္းစြာ လုပ္ကိုင္စားေသာက္ခဲ့ေသာ မေအးျမင့္မွာ စိတ္ပူပင္မႈ အျပည့္ျဖင့္ ေန႔ရက္တိုင္းကို စတင္ျဖတ္သန္းေနရသည္။

“စိုးရိမ္မႈ ရွိတယ္။ ဒီဘက္ကို ေက်ာ္က်မွာ စိုးတယ္။ ဂြနဲ႔က နီးတယ္ေလ။ ဒီဘက္ကို သိပ္မလိုေတာ့ဘူး” ဟု ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္အတြင္း ေနထိုင္သူ ၎က ရင္ေမာေသာအသံျဖင့္ ဆိုသည္။

AA က တိုက္ခိုက္လာသည့္အတြက္ ရခိုင္ျပည္နယ္ႏွင့္ ဧရာဝတီ နယ္စပ္ၿမိဳ႕ျဖစ္ေသာ ဂြၿမိဳ႕တြင္ တိုက္ပြဲမ်ား ျဖစ္ပြားေနကာ အတည္မျပဳႏိုင္ေသာ သတင္းမ်ားအရ ရခိုင္ျပည္နယ္ႏွင့္ ဧရာဝတီနယ္စပ္အနီး ႐ိုးေတာင္ဘက္အထိ တိုက္ပြဲက်ယ္ျပန႔္ေနသည္ဟု ဆိုသည္။

လက္ရွိအေနအထားအရ ျပည္နယ္၏ၿမိဳ႕ေတာ္ျဖစ္ေသာ စစ္ေတြၿမိဳ႕၊ ေက်ာက္ျဖဴၿမိဳ႕ႏွင့္ မာန္ေအာင္ၿမိဳ႕တို႔ကို အစိုးရက အျပည့္အဝထိန္းခ်ဳပ္ထားၿပီး အမ္းၿမိဳ႕နယ္ႏွင့္ ဂြၿမိဳ႕နယ္တို႔တြင္ တပ္မေတာ္ ႏွင့္ AA အၾကား တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနသည္။ ဂြၿမိဳ႕က တိုက္ပြဲအတြင္း လူေနအိမ္အေတာ္မ်ားမ်ား ပ်က္စီး၊ မီးေလာင္ျခင္းတို႔ ျဖစ္ပြားေနၿပီး ၿမိဳ႕ခံမ်ားသည္ ရခိုင္ျပည္နယ္မွ AA ထိန္းခ်ဳပ္ထားေသာ အျခားၿမိဳ႕မ်ားကဲ့သို႔ စစ္၏ဆိုးက်ိဳးကို ျပင္းျပင္းထန္ထန္ ခံစားေနရသည္။

ရခိုင္႐ိုးမႏွင့္ဆက္စပ္ေနေသာ ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္၊ ေရၾကည္ၿမိဳ႕နယ္၊ သာေပါင္းၿမိဳ႕နယ္စသည္ျဖင့္ ၿမိဳ႕နယ္မ်ားမွ ျပည္သူမ်ားအေနျဖင့္ သမိုင္းတစ္ေလွ်ာက္ေအးခ်မ္းခဲ့ေသာ ဧရာဝတီတိုင္းသို႔ စစ္ေရာက္လာမည္ကို စိုးရိမ္ေနၾကျခင္းျဖစ္ကာ တပ္မေတာ္ကလည္း လုံၿခဳံေရးကို တင္းၾကပ္ထားေၾကာင္း သိရသည္။

AA တို႔ယူလာေသာ စစ္မီးကိုသာမက ေနာက္ဆက္တြဲကို ပိုမိုခံစားေနရသည္မွာ ဂြၿမိဳ႕ခံ စစ္ေဘးေရွာင္မ်ား ျဖစ္သည္။ “အခုရခိုင္ျပည္နယ္ဆိုရင္ သံတြဲခ႐ိုင္ရဲ႕ေနာက္ဆုံးၿမိဳ႕ေပါ့။ နံပါတ္တစ္အခ်က္က ဂြကလူေတြ ႐ိုးမေတာင္ေပၚေက်ာ္ၿပီးေတာ့ ဧရာဝတီတိုင္းထဲသြားတယ္။ အဲဒီလိုပဲ ေတာင္ကုတ္က လူေတြကလည္း ၾကားေတာလမ္းကေန ဆင္းၾကတယ္။ ဝင္ခြင့္မရတာ ရွိတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ မယုံသကၤာမႈ။ ဝင္ခြင့္မေပးဘူး ဘာညာ သတင္းေရးၾကတယ္။ အဓိက နံပါတ္တစ္ ဒီလိုလူေတြနဲ႔ေရာၿပီး ဝင္လာမလားေပါ့။ တကယ္ျဖစ္တဲ့သူေတြ၊ အတိ ဒုကၡေရာက္တဲ့ သူေတြက ေရာၿပီးခံရသလိုျဖစ္တယ္” ဟု ရခိုင္ျပည္နယ္မွ ေျပာင္းေ႐ႊ႕ကာ ရန္ကုန္တိုင္းေဒသ ႀကီးတြင္ အေျခခ်ေနထိုင္သူတစ္ဦးကဆိုသည္။ ဧရာဝတီတိုင္းေဒသႀကီးတြင္ ေနထိုင္သူမ်ားအတြက္လည္း စိုးရိမ္မႈေရခ်ိန္က မေသးလွ။

‘‘သတင္းေတြ ၾကားေနရတယ္။ ကိုယ့္ဘက္ေရာက္မလား၊ ေရာက္မလားေပါ့။ ေရာက္ရင္လည္း ပါး(နီး) တာကိုး။ အရင္ကျဖစ္တယ္ဆိုတာကလည္း ဟိုဘက္မွာျဖစ္တာ။ ဂြနဲ႔လည္း နီးတယ္ေလ။ မေန႔ည (ဒီဇင္ဘာလ ၁၉ ရက္) ကဆို အေျမာက္ပစ္သံၾကားရတယ္’’ ဟု မေအးျမင့္က ဆိုသည္။

ဧရာဝတီတိုင္းေဒသႀကီးမွ ျပည္သူမ်ားအေနျဖင့္ စစ္ကိုမႀကဳံဖူးေပ။ စစ္ေဘးဒဏ္ ေရာက္လာလိမ့္မည္ဟုလည္း မေတြးထားမိခဲ့ၾကဘဲ မိ႐ိုးဖလာလုပ္ငန္းမ်ားကိုသာ ေအးေဆးစြာလုပ္ကိုင္စား ေသာက္ေနထိုင္ၾကသူမ်ား ျဖစ္သည္။ ယခင္က အျခားေဒသမ်ားမွ တိုက္ပြဲ သတင္းမ်ားကိုသာ အြန္လိုင္းထက္တြင္ ဖတ္ရႈခဲ့ၾကရေသာ ဧရာဝတီတိုင္း မွေဒသခံမ်ား အထူးသျဖင့္ ရခိုင္ျပည္နယ္ႏွင့္ ဧရာဝတီနယ္စပ္အနီး ေနထိုင္သူမ်ား၏ စိုးရိမ္စိတ္မွာ အျမင့္ပိုင္းတြင္ ရွိသည္။

‘‘ျပင္ေတာ့ ထားရတာေပါ့။ အထုပ္ေတြ ထုပ္ထားရတယ္။ အေရးအေၾကာင္းဆို ေျပးေဟ့ ဆိုရင္ေတာ့ ေျပးရမွာ ေပါ့။ ေရွာင္သင့္တယ္ဆိုရင္ေတာ့ ေရွာင္ရမွာေပါ့။ ေျပးလို႔ကလည္း ျဖစ္တယ္ေဟ့ဆို ေရွာင္ဆို ႀကိဳသိရရင္ ေတာ့ေရွာင္ႏိုင္ တာေပါ့။ ထၿပီးျဖစ္တယ္။ ေျပးေဟ့ဆိုရင္ေတာ့ မလြယ္ဘူးေပါ့” ဟု ၎ကဆိုသည္။ ေဒသခံမ်ားအတြက္ ေနာက္ထပ္ ထိုးႏွက္ ခ်က္တစ္ခုမွာ ေကာလာဟလသတင္းမ်ား ျဖစ္သည္။ ျပည္ပေရာက္ မီဒီယာမ်ားကလည္း ျပည္သူကိုသတင္းျဖင့္ ေျခာက္သကဲ့သို႔ ေျမျပင္တြင္လည္း ေကာလာဟလ သတင္းမ်ားက ပြထေနသည္။

“ငါးသိုင္းေခ်ာင္းဘက္မွာက ခ်က္ခ်င္းပဲထြက္ေျပးရေတာ့မလိုလို၊ တိုက္ပြဲေတြပဲျဖစ္ေတာ့ မလိုလို ၾကားေနရ တယ္။ အခုက အကုန္လုံးက ေၾကာက္ေနရတာေပါ့” ဟု ေရၾကည္ၿမိဳ႕နယ္တြင္ ေနထိုင္သူတစ္ဦးက ဆိုသည္။ ေရၾကည္ၿမိဳ႕နယ္မွ သတင္းရင္းျမစ္ႏွင့္ ငါးသိုင္းေခ်ာင္းၿမိဳ႕နယ္မွ သတင္းရင္းျမစ္ႏွစ္ဦးစလုံးတြင္တူသည့္ အခ်က္မွာ စစ္ေၾကာင့္ ေျပးလႊားတိမ္းေရွာင္ရမည့္ဆိုပါက မည္သည့္ေနရာသို႔ တိမ္းေရွာင္ ရမည္ဆိုေသာ စိုးရိမ္စိတ္ျဖစ္သည္။

‘‘တကယ့္တကယ္ေျပးရင္လည္း ဘယ္ကို ေျပးရမွန္းလဲမသိဘူး။ ျဖစ္လာေတာ့မွပဲ ေျပး႐ုံပဲရွိ တာေပါ့။ ေျပးလည္းလြတ္ေရာလြတ္ပါ့မလား။ ရခိုင္ဘက္မွာျဖစ္တုန္းကဆို လိုင္းေပၚမွာတက္လာတာ ေတြေတြ႕တယ္ေလ။ ေျပးၾကလႊားၾကတယ္ေလ။ အဲဒီလိုမ်ိဳးဆို ဘယ္လိုေတြလုပ္မလဲ။ အခုဆိုရင္ အရင္ကလိုလည္း အသြားအလာ ေတြမရွိၾက ေတာ့ဘူး။ ညဘက္ဆိုအကုန္တိတ္ဆိတ္ေနတာပဲ}ဟု ေရၾကည္ ၿမိဳ႕နယ္တြင္ ေနထိုင္သူက ဆိုသည္။ တိုက္ပြဲမ်ားသာ ဧရာဝတီတိုင္းဘက္သို႔ ေရာက္ရွိလာပါက ဖြံ႕ၿဖိဳးမႈမ်ား ေနာက္က်သြားမည္ကို ေဒသခံမ်ားက စိုးရိမ္သည္။ ယခင္ရရွိထားေသာ တိုး တက္မႈ အသီးအပြင့္မ်ား ျပန္လည္ ပ်က္စီးသြားမည္ကို ပူပန္ၾကသည္။ ‘‘တိုးတက္တယ္။ အခုက လမ္းေတြမီး ေတြရတယ္။ တိုက္ပြဲျဖစ္မယ္ဆိုရင္ အဲဒါေတြတိုး တက္မႈေတြ မရေတာ့မွာ ပူတယ္” ဟု မေအးျမင့္ (အမည္လႊဲ)က ဆိုသည္။

ျပည္သူလူထုမ်ားအေနျဖင့္လည္း နယ္ေျမအတြင္း မသကၤာျဖစ္စဥ္မ်ား ျဖစ္လာမည္၊ လူ စိမ္းမ်ားဝင္လာမည္၊ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စုဖြဲ႕ကာ အဖ်က္လုပ္ငန္းမ်ား ေဆာင္႐ြက္ေတာ့မည္ဟု သိရွိပါက သက္ဆိုင္ရာအဖြဲ႕အစည္း မ်ားႏွင့္ ေပါင္းစပ္ကာ လုံၿခဳံေရးအပိုင္းအတြက္ သတိရွိရန္လိုအပ္ေၾကာင္း ေသနဂၤမဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ ဦးသိန္းထြန္းဦးက ဆိုသည္။ “သူတို႔ အသာရတယ္လို႔ ထင္တဲ့အခ်ိန္ စစ္ေဘာင္ကို ခ်ဲ႕လိုက္ၾကတာထုံးစံပါပဲ။ ဒါေပမဲ့ အေနအထားအရ ကြၽန္ေတာ္တို႔သည္ ဒါကို လက္ခံလို႔ လည္းမရဘူး။ ဘာလို႔လဲဆိုေတာ့ ပြင့္ပြင့္လင္းလင္း ေျပာရင္ တိုင္းရင္းသား အခြင့္အေရးေအာက္မွာ ေခါင္းစဥ္ဗန္ျပၿပီး သူတို႔လိုခ်င္တဲ့ စစ္ဘုရင္လုပ္ေနၾကတာပဲ။ ထိစပ္ေနတယ္ဆို ပဲခူးတိုင္း ရွိတယ္။ ဧရာဝတီ တိုင္းရွိတယ္။ ဒါကို လက္ခံမလား။ လက္ခံမယ္လို႔လည္း ကြၽန္ေတာ္ေတာ့မယုံၾကည္ပါဘူး။ ေသခ်ာ တာက သက္ဆိုင္ရာအဖြဲ႕အစည္းေတြနဲ႔ ေပါင္းစပ္ၿပီး ညႇိႏႈိင္းမယ္ဆိုရင္ စိုးရိမ္စိတ္ေတြ ေလ်ာ့ပါးသြားေစပါ လိမ့္မယ္” ဟု ၎က ဆိုသည္။ ထို႔ျပင္ လုံၿခဳံေရးဆိုင္ရာ လိုအပ္ခ်က္မ်ားကိုလည္း ျပည္သူမ်ားအေနျဖင့္ ေဆာင္႐ြက္ရန္လိုၿပီး ႏိုင္ငံေတာ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္လည္း တာဝန္အတိုင္း ေဆာင္႐ြက္မည္ျဖစ္ရာ ေဒသခံျပည္ သူမ်ားအေနျဖင့္လည္း အာဏာပိုင္အဖြဲ႕အစည္းမ်ားႏွင့္ ေပါင္းစပ္လုပ္ေဆာင္ပါက ေၾကာက္႐ြံ႕မႈမ်ား ျဖစ္လာမည္ မဟုတ္ေၾကာင္း ဦးသိန္းထြန္းဦးက ထပ္မံေျပာၾကားသည္။

AA ၏ ဧရာဝတီတိုင္းႏွင့္ ပတ္သက္၍ သေဘာထားအေပၚ အျမင္အမ်ိဳးမ်ိဳးရွိေနသည္။ အခ်ိဳ႕ကလည္း ဂြၿမိဳ႕ နယ္တြင္ AA က ရပ္သြားမည္ဟု ခန႔္မွန္းကာ အခ်ိဳ႕ကလည္း ဧရာဝတီတိုင္းအထိ အနည္းငယ္ တို႔ထိႏိုင္ဖြယ္ရွိသည္ ဟုဆိုသည္။ လတ္တေလာ ေျမျပင္အေျခအေနအရ AA တို႔၏ ရခိုင္ျပည္နယ္က တိုက္ပြဲမ်ားအတြင္း ဂြၿမိဳ႕နယ္ႏွင့္ အမ္းၿမိဳ႕ နယ္က တိုက္ပြဲမ်ားအၿပီးတြင္ တ႐ုတ္ႏိုင္ငံႏွင့္ စကားေျပာရန္အတြက္ အေရးႀကီးေသာ ေက်ာက္ျဖဴၿမိဳ႕ကို AA က ဆက္လက္ တိုက္ခိုက္ဖြယ္ရွိသည္။ တစ္ဖက္တြင္ျပန္ၾကည့္ပါက AA ၏ ထိန္းခ်ဳပ္နယ္ေျမမ်ားအတြင္းမွ ျပည္သူမ်ား၏ အေျခ အေနမွာဆိုးဝါးေနၿပီး ေဆးဝါးႏွင့္ကုန္ပစၥည္း ျပတ္လပ္ျခင္းေဘးကို ႀကဳံေနရကာ ကုန္ေဈးႏႈန္းကလည္း ေခါင္ခိုက္ေနၿပီ ျဖစ္သည္။ ထို႔ျပင္ တပ္မေတာ္ႏွင့္ တိုက္ပြဲမ်ားအတြင္း AA ဘက္၌ ေသဆုံးသူ အေရအတြက္မ်ားျပားခဲ့သည္။ ဧရာဝတီတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္ နယ္စပ္တြင္ တပ္မေတာ္ကို AA က ဆိုင္ထားၿပီး ၎တို႔လက္ေဝခံ PDF မ်ားျဖင့္ ေျခရႈပ္ႏိုင္ဖြယ္ရွိေၾကာင္း သုံးသပ္မႈမ်ားရွိသည္။

‘‘ကြၽန္ေတာ့္ အျမင္ကေတာ့ ရခိုင္ျပည္နယ္ ဧရိယာ နယ္နိမိတ္ကိုသိမ္းဖို႔ေတာ့ ႀကိဳးစားလိမ့္မယ္။ ႀကိဳးစားမွာေပါ့ ေနာ္။ ႀကိဳးစားခ်ိန္မွာ အလြန္ဆုံး ျမန္မာနယ္နိမိတ္ထဲ နည္းနည္းကြၽံဝင္ရင္ ဝင္လိမ့္မယ္။ ၿငိမ္း ခ်မ္းေရး စကားေျပာၿပီး ရင္ေတာ့ သူတို႔ဆုတ္မွာေပါ့။ သူတို႔က ျမန္မာျပည္ကိုေထာက္ထားၿပီး PDF နဲ႔ ေမႊေကာင္း ေမႊခိုင္းထားႏိုင္တယ္။ သူတို႔က ရခိုင္ ျပည္နယ္ကို လိုခ်င္တာေလ။ ျမန္မာႏိုင္ငံကို သိမ္းခ်င္ တာမဟုတ္ဘူး။ ဒီအတြက္ သူသာ အင္အားတကယ္ရွိ ေနတယ္ ဆိုရင္ေတာ့ ရခိုင္ - ဧရာဝတီ နယ္စပ္ကေန တိုးထားၿပီးေတာ့ ၿငိမ္းခ်မ္းေရးေဆြးေႏြးလိမ့္မယ္ အဲဒါက ျဖစ္႐ိုးျဖစ္စဥ္အတိုင္း။ ႏိုင္ငံေရးႏႊယ္သြား ရင္ေတာ့ PDF ေတြေကာက္ထည့္ထားႏိုင္တယ္။ သူတို႔ ရခိုင္လူမ်ိဳးကို PDF အဝတ္ အဝတ္ၿပီးေတာ့ ေမႊခိုင္းထားမယ္ ဒါမ်ိဳးေလးေတာ့ လုပ္ေကာင္းလုပ္ႏိုင္တယ္” ဟု NP News ၏သတင္းရင္းျမစ္ စစ္ေရးသုံးသပ္ေလ့လာသူတစ္ဦးက ခန႔္မွန္းသည္။

AA အေနျဖင့္ ၎တို႔ သိမ္းပိုက္ထားေသာ နယ္ေျမသို႔ ဝင္မလာႏိုင္ေစရန္ အျခားသူပိုင္နယ္ေျမ တြင္ ရႈပ္ျခင္းမွာ ထုံးစံျဖစ္ေၾကာင္းႏွင့္ ေဒသခံမ်ား အေနျဖင့္ ၎တို႔ကစားသည့္ ကစားကြက္အတိုင္း လိုက္ပါသြားၾကမည္လားဟု ေသနဂၤ မဟာဗ်ဴဟာ ေလ့လာေရးအဖြဲ႕မွ ဒါ႐ိုက္တာ ဦးသိန္းထြန္းဦးက ေမးခြန္းထုတ္ေျပာၾကားသည္။

‘‘ဒါေပမဲ့ အဓိကအေရးႀကီးတာ က်န္တဲ့ နယ္ေျမက လူေတြကစဥ္းစားရမွာက ကိုယ့္နယ္ေျမ မွာ အဲဒီလိုအရႈပ္ခံ ၿပီး သူတို႔ရဲ႕ကစားတဲ့ ကစားကြက္မွာ လိုက္ပါသြားၾကမွာလား။ အထူးသျဖင့္ ဒါကိုယ့္ ေဒသကို ကာကြယ္မယ့္ လူငယ္ ေတြက ပိုၿပီးစဥ္းစားရမယ့္ အပိုင္းျဖစ္တယ္။ Proxy war က သူတို႔ဘက္က ႀကိဳး စားတာကေတာ့ ရွိေကာင္းရွိပါလိမ့္မယ္။ ဒါေပမဲ့ ေဒသခံေတြအေနနဲ႔ ဒီဥစၥာကိုလက္မခံဘူး၊ ကိုယ့္ဘာ သာကိုယ္ ေအးေအးေဆးေဆးေနတာမွာ သူတို႔ လာရႈပ္တဲ့ လမ္းစဥ္အတိုင္း သြားရမယ္ဆိုရင္ေတာ့ ကိုယ့္ဒုကၡကိုယ္ ရွာသလို ျဖစ္မွာေပါ့။ ေသခ်ာတာက ကိုယ္ကိုယ္တိုင္က သူတို႔ ကစားမယ့္ဟာကို လက္မခံ ဘူး။ လမ္းေၾကာင္းေတြကို ပိတ္ဆို႔ဖို႔ ႀကိဳးစားမယ္ဆိုရင္ သူတို႔ ႀကိဳးစားသည့္တိုင္ေအာင္ ေအာင္ျမင္မႈရမွာ မဟုတ္ပါဘူး။ ကိုယ့္ေဒသကို ကိုယ္ေဒသခ်စ္စိတ္နဲ႔ ဘယ္လိုကာကြယ္ၾကမလဲဆိုတာ အဓိက က်ပါတယ္။ အေရးႀကီးတဲ့အခ်က္ျဖစ္သြားပါလိမ့္မယ္” ဟု ၎က ဆိုသည္။

သို႔ေသာ္ ပထဝီနယ္ေျမ အေနအထားအရ ဧရာဝတီတိုင္းေဒသႀကီးတြင္ AA အေနျဖင့္ ေက်ာ္ လာႏိုင္မည္ မဟုတ္ေၾကာင္းႏွင့္ ေျခရႈပ္ရန္ ခက္ခဲ ေၾကာင္း ေတြးထင္မႈမ်ားလည္းရွိသည္။

“ဧရာဝတီသည္ ရခိုင္နဲ႔ ဖြဲ႕စည္းတည္ ေဆာက္မႈ မတူဘူး။ သူက ျမစ္ဝကြၽန္းေပၚျဖစ္တယ္။ ေနာက္တစ္ခ်က္က ဧရာဝတီရဲ႕ ပုံစံက တကယ္တမ္း ဆဲလ္သာ စိမ့္ဝင္လို႔ရရင္ ရန္ကုန္နဲ႔ အလွမ္းမကြာ ေတာ့ဘူးေလ။ အခု ျဖစ္စဥ္ေတြကို ျပန္ၾကည့္လိုက္ရင္ ျပည္နယ္နဲ႔ တိုင္း ၿမိဳ႕ေတာ္အျဖစ္ သတ္မွတ္ထားတာ ဘယ္ႏွၿမိဳ႕ က်ခဲ့လဲ ၿမိဳ႕ေတာ္ေတြ မက်ဘူးဗ်။ AA က ေရွ႕ကို ေသြးတိုးစမ္းဖို႔ တစ္ခုခု သုံးမယ္ထင္တယ္။ ဒါေပမဲ့ ေျပာသာေျပာတာ နယ္ေျမႏွစ္ခုမတူဘူး။ လာရ မယ့္လမ္း မတူဘူး။ ရခိုင္ကေန ႐ိုးမေတာင္ကို ေက်ာ္မယ္၊ ေရနံသာကို ျဖတ္မယ္။ ကြၽန္ေတာ္ကေတာ့ ဧရာဝတီမွာျဖစ္ဖို႔ ခက္မယ္ထင္တယ္” ဟု ရခိုင့္အေရးကြၽမ္းက်င္သူတစ္ဦးက ခန႔္မွန္းသည္။

AA အေနျဖင့္အင္အားအေနအထားကို ေခြၽတာရန္ လိုအပ္လာမည္ျဖစ္သည့္အျပင္ ဦးတည္ခ်က္ႏွင့္ မူဝါဒအရ ရခိုင္ျပည္နယ္အတြက္ဟု ေျပာထားေသာေၾကာင့္ ျပည္ပေရာက္ အခ်ိဳ႕မီဒီယာမ်ားတြင္ AA ႏွင့္ ဧရာဝတီကို ခ်ိတ္ဆက္ ေျပာျခင္းသည္ လိုဘကို ေျပာျခင္းလား၊ ျပည္သူကို ေျခာက္လွန႔္ျခင္းလား၊ ႏွပ္ေၾကာင္းေပးျခင္းလား ဟု ေတြးထင္မိေၾကာင္း ၎က ဆိုသည္။

“ဧရာဝတီသည္ ေျမျပန႔္ ျဖစ္ေနတာေလ။ ဒီရခိုင္က ၿမိဳ႕ေတြမွာေတာင္ ေတာင္ေတြရွိတာကို ျပည္သူကေျပးဖို႔ ဒုကၡမ်ားေနတာ ေျမျပန႔္ေနရာမွာ ဆိုရင္ေတာ့ ပိုၿပီးဆိုးသြားမွာ။ မစြန႔္စားၾကဘူး ထင္ တယ္။ အကာအကြယ္သိပ္မရွိဘူး။ ဒီလိုေနရာမွာ စစ္ျဖစ္ဖို႔ နည္းတယ္လို႔ထင္တယ္။ ကခ်င္ေတြ၊ ကရင္ေတြ အခု ျဖစ္တဲ့ေနရာေတြမွာက ေရေျမ၊ ေတာ ေတာင္ အကာအကြယ္ေတြရွိတယ္။ ေျမျပန႔္ေနရာဆို အညာ ျဖစ္တယ္ဆို တျခားေနရာထက္ ဆိုးဆိုး႐ြား႐ြားခံေနရ တာေလ။ ဧရာဝတီဟာ ေျမျပန္ေဒသျဖစ္လို႔ စြန႔္ဖို႔လူ ကလည္း ေတြးရမွာျဖစ္သလို အဝင္ကိုပိတ္မယ္ဆို ဧရာဝတီ ဘက္ကို ေရာက္မယ္မထင္ဘူး” ဟု ၎က သုံးသပ္ေျပာၾကားသည္။ စစ္ပြဲ ျဖစ္မည္ကို ျပည္သူမ်ားက စိုးရိမ္သည္။ မိသားစုဘဝမ်ား ပူေလာင္မည္။ ေျပးရလႊားရမည္ ဆိုျခင္းမွာ ဧရာဝတီတိုင္းေဒသႀကီးမွ ျပည္သူမ်ားအတြက္ အသားမက်ပါ။

‘‘တိုက္ပြဲျဖစ္မွာ မလိုလားဘူး။ ေအးေအး ေဆးေဆး ေနခ်င္တာေပါ့။ သူသူကိုယ္ကိုယ္ေလ။ သားသမီးေတြနဲ႔ ေနခ်င္တာေပါ့” ဟု မေအးျမင့္ က ေလသံတိုးတိုးျဖင့္ေျပာေလသည္။ ေအးျမင့္အေနျဖင့္ ယခုထြက္ေပၚေန ေသာသတင္းမ်ားသည္ အိပ္မက္ဆိုးမ်ားသာျဖစ္ၿပီး အိပ္ရာမွႏိုးပါက အားလုံးအဆင္ေျပသြားမည္ဟု ေတြးေကာင္းေတြးေနေပလိမ့္မည္။

Related news

© 2021. All rights reserved.