ကိုယ်ရေးကိုယ်တာ စည်းမျဉ်းတွေ ချိုးဖောက်ခြင်းကြောင့် အီတလီက ChatGPT ကို ယူရို (၁၅)သန်း ဒဏ်ရိုက်
87
ရောင်နီ (NP News) - ဒီဇင်ဘာ ၂၂
အီတလီနိုင်ငံရဲ့ ဒေတာကာကွယ်ရေး အေဂျင်စီက ဉာဏ်ရည်တု (AI) အပလီကေးရှင်းမှ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အသုံးပြုမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပိတ်ပြီးတဲ့နောက် ChatGPT ထုတ်လုပ်သူ OpenAI ကို ယူရို (၁၅)သန်း (ဒေါ်လာ ၁၅.၅၈ သန်း) ဒဏ်ရိုက်ခဲ့တယ်လို့ သောကြာနေ့(ဒီဇင်ဘာ ၂၀ ရက်) က ပြောကြားခဲ့ပါတယ်။
OpenAI ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို လုံလောက်တဲ့ တရားဝင်မှု မရှိဘဲ ChatGPT ကို လေ့ကျင့်ပေးနေကာ အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အသုံးပြုမှုဆိုင်ရာ အချက်အလက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အာဏာပိုင်တွေက တွေ့ရှိပြီးနောက် ဒဏ်ကြေးငွေ ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ ၎င်းတို့က ဆိုပါတယ်။ OpenAI ကတော့ အဆိုပါ ဆုံးဖြတ်ချက်ဟာ မညီမျှကြောင်း နဲ့ ကုမ္ပဏီကို အယူခံတင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အီတလီနိုင်ငံဟာ ၂၀၂၃ ခုနှစ်ကတည်းက အမေရိကန်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Open AI ကို အသက် ၁၃ နှစ်အောက် ကလေးတွေအတွက် မသင့်လျော်တဲ့ AI ထုတ်ပေးတဲ့ အကြောင်းအရာတွေကို ကာကွယ်ဖို့ လုံလောက်တဲ့ အသက်အရွယ် စိစစ်မှုစနစ်မရှိဘူးဆိုတဲ့ အကြောင်းအရင်းနဲ့ စုံစမ်းစစ်ဆေးမှု စတင်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း Chat GPT ဟာ အီးယူရဲ့ ကိုယ်ရေးကိုယ်တာ စည်းမျဉ်းတွေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲမှုမှုကြောင့် ခေတ္တပိတ်ပင်ခံခဲ့ရဖူးပါတယ်။
zawgyi version
ကိုယ္ေရးကိုယ္တာ စည္းမ်ဥ္းေတြ ခ်ိဳးေဖာက္ျခင္းေၾကာင့္ အီတလီက ChatGPT ကို ယူ႐ို (၁၅)သန္း ဒဏ္႐ိုက္
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၂
အီတလီႏိုင္ငံရဲ႕ ေဒတာကာကြယ္ေရး ေအဂ်င္စီက ဉာဏ္ရည္တု (AI) အပလီေကးရွင္းမွ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြ အသုံးျပဳမႈနဲ႔ပတ္သက္ၿပီး စုံစမ္းစစ္ေဆးမႈ ပိတ္ၿပီးတဲ့ေနာက္ ChatGPT ထုတ္လုပ္သူ OpenAI ကို ယူ႐ို (၁၅)သန္း (ေဒၚလာ ၁၅.၅၈ သန္း) ဒဏ္႐ိုက္ခဲ့တယ္လို႔ ေသာၾကာေန႔(ဒီဇင္ဘာ ၂၀ ရက္) က ေျပာၾကားခဲ့ပါတယ္။
OpenAI ဟာ သုံးစြဲသူေတြရဲ႕ ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို လုံေလာက္တဲ့ တရားဝင္မႈ မရွိဘဲ ChatGPT ကို ေလ့က်င့္ေပးေနကာ အသုံးျပဳသူေတြရဲ႕ ကိုယ္ေရးကိုယ္တာ အသုံးျပဳမႈဆိုင္ရာ အခ်က္အလက္ေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အာဏာပိုင္ေတြက ေတြ႕ရွိၿပီးေနာက္ ဒဏ္ေၾကးေငြ ခ်မွတ္ခဲ့ျခင္းျဖစ္တယ္လို႔ ၎တို႔က ဆိုပါတယ္။ OpenAI ကေတာ့ အဆိုပါ ဆုံးျဖတ္ခ်က္ဟာ မညီမွ်ေၾကာင္း နဲ႔ ကုမၸဏီကို အယူခံတင္သြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အီတလီႏိုင္ငံဟာ ၂၀၂၃ ခုႏွစ္ကတည္းက အေမရိကန္အေျခစိုက္ ကုမၸဏီျဖစ္တဲ့ Open AI ကို အသက္ ၁၃ ႏွစ္ေအာက္ ကေလးေတြအတြက္ မသင့္ေလ်ာ္တဲ့ AI ထုတ္ေပးတဲ့ အေၾကာင္းအရာေတြကို ကာကြယ္ဖို႔ လုံေလာက္တဲ့ အသက္အ႐ြယ္ စိစစ္မႈစနစ္မရွိဘူးဆိုတဲ့ အေၾကာင္းအရင္းနဲ႔ စုံစမ္းစစ္ေဆးမႈ စတင္ခဲ့တာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကလည္း Chat GPT ဟာ အီးယူရဲ႕ ကိုယ္ေရးကိုယ္တာ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ စြပ္စြဲမႈမႈေၾကာင့္ ေခတၱပိတ္ပင္ခံခဲ့ရဖူးပါတယ္။