နယ်သာလန်နိုင်ငံကို ရောက်ရှိနေတဲ့ အင်ဒိုနီးရှား ရှေးဟောင်းရုပ်တု ပြန်လည်ရောက်ရှိ

839

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၂
၁၉ ရာစုအလယ်ပိုင်းက ဒတ်ခ်ျကိုလိုနီအရာရှိတွေ အင်ဒိုနီးရှားရဲ့ ကံဆိုးခြင်းတွေကို ကာကွယ်ပေးတဲ့ ဟိန္ဒူနတ်ဘုရား ဂါနစ်ရှရဲ့ရပ်တော်မူ ရှေးဟောင်းရုပ်တုကြီးတစ်ခုကို လုယက်ယူဆောင်ပြီး နယ်သာလန်နိုင်ငံကို ရွှေ့ပြောင်းခဲ့ကြပါတယ်။
အဲဒီရုပ်တုဟာ ဒီဇင်ဘာ ၂၂ ရက်မှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာ အမျိုးသားပြတိုက်ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ နယ်သာလန်ဟာ ၁၇ ရာစုနှောင်းပိုင်း၊ ၁၉၄၅ ခုနှစ် လွတ်လပ်ရေးရချိန်အထိ သူတို့ရဲ့ကိုလိုနီအုပ်စိုးသူဟောင်းတွေ လုယက်သွားခဲ့တဲ့ သမိုင်းကြောင်း ရှေးဟောင်းအစိတ်အပိုင်းတွေနဲ့ အလားတူ လုယက်ဖျက်ဆီးခံခဲ့ရတဲ့ ရတနာရာပေါင်းများစွာကို ပြန်လည်လွှဲပြောင်းပေးလျက်ရှိပါတယ်။ အဆိုပါ ကြိုးပမ်းမှုဟာ ရှေးတုန်းက လုယူထားတဲ့ ကုန်ပစ္စည်းတွေကို ကမ္ဘာလုံးဆိုင်ရာ ပြန်လည်ပေးအပ်တဲ့လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကိုလိုနီခေတ် အတိတ်က ဆယ်စုနှစ်များစွာကြာခဲ့တဲ့ ပျောက်ဆုံးနေတဲ့ အပိုင်းအစတွေကို ပြန်လည်နေရာမှန်ထားရှိဖို့ ပြင်ဆင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
ဒီနှစ် ဒီဇင်ဘာလလယ်အထိ နယ်သာလန်က အင်ဒိုနီးရှားရဲ့ ယဉ်ကျေးမှု ပစ္စည်း (၈၂၈)ခုကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ အင်ဒိုနီးရှား အမွေအနှစ်အေဂျင်စီရဲ့ပြောကြားချက်အရ သိရပါတယ်။ အဲဒီထဲမှာ အကြွေစေ့တွေ၊ လက်ဝတ်လက်စားတွေမှစ အထည်အလိပ်နဲ့ လက်နက်တွေအထိ ပါဝင်တယ်လို့ သိရပါတယ်။ နယ်သာလန်အစိုးရကလည်း ၂၀၂၀ ခုနှစ် အစိုးရအကြံပေးကော်မတီရဲ့ အကြံပြုချက်အပေါ် အခြေခံပြီး ရာစုနှစ်သုံးစုကျော်အတွင်း ဒတ်ခ်ျထိန်းချုပ်မှုက ယူဆောင်သွားတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများကို ပြန်လည်ပေးအပ်သွားမယ်လို့ ကတိပြုထားပါတယ်။
မတ်တပ်ရပ်နေတဲ့ ဂါနစ်ရှ ရုပ်တုဟာ ကမ္ဘာပေါ်မှာ အနည်းငယ်သာရှိတဲ့ထဲက တစ်ခုဖြစ်တယ်လို့ အရှေ့ဂျာဗားအခြေစိုက် ရှေးဟောင်းသုတေသနပညာရှင် ဒွီကာဟိုနိုက ပြောကြားပါတယ်။
zawgyi version
နယ္သာလန္ႏိုင္ငံကို ေရာက္ရွိေနတဲ့ အင္ဒိုနီးရွား ေရွးေဟာင္း႐ုပ္တု ျပန္လည္ေရာက္ရွိ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၂
၁၉ ရာစုအလယ္ပိုင္းက ဒတ္ခ္်ကိုလိုနီအရာရွိေတြ အင္ဒိုနီးရွားရဲ႕ ကံဆိုးျခင္းေတြကို ကာကြယ္ေပးတဲ့ ဟိႏၵဴနတ္ဘုရား ဂါနစ္ရွရဲ႕ရပ္ေတာ္မူ ေရွးေဟာင္း႐ုပ္တုႀကီးတစ္ခုကို လုယက္ယူေဆာင္ၿပီး နယ္သာလန္ႏိုင္ငံကို ေ႐ႊ႕ေျပာင္းခဲ့ၾကပါတယ္။
အဲဒီ႐ုပ္တုဟာ ဒီဇင္ဘာ ၂၂ ရက္မွာေတာ့ အင္ဒိုနီးရွားႏိုင္ငံ၊ ၿမိဳ႕ေတာ္ဂ်ကာတာ အမ်ိဳးသားျပတိုက္ကို ျပန္လည္ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ နယ္သာလန္ဟာ ၁၇ ရာစုေႏွာင္းပိုင္း၊ ၁၉၄၅ ခုႏွစ္ လြတ္လပ္ေရးရခ်ိန္အထိ သူတို႔ရဲ႕ကိုလိုနီအုပ္စိုးသူေဟာင္းေတြ လုယက္သြားခဲ့တဲ့ သမိုင္းေၾကာင္း ေရွးေဟာင္းအစိတ္အပိုင္းေတြနဲ႔ အလားတူ လုယက္ဖ်က္ဆီးခံခဲ့ရတဲ့ ရတနာရာေပါင္းမ်ားစြာကို ျပန္လည္လႊဲေျပာင္းေပးလ်က္ရွိပါတယ္။ အဆိုပါ ႀကိဳးပမ္းမႈဟာ ေရွးတုန္းက လုယူထားတဲ့ ကုန္ပစၥည္းေတြကို ကမာၻလုံးဆိုင္ရာ ျပန္လည္ေပးအပ္တဲ့လႈပ္ရွားမႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္ၿပီး ကိုလိုနီေခတ္ အတိတ္က ဆယ္စုႏွစ္မ်ားစြာၾကာခဲ့တဲ့ ေပ်ာက္ဆုံးေနတဲ့ အပိုင္းအစေတြကို ျပန္လည္ေနရာမွန္ထားရွိဖို႔ ျပင္ဆင္ေနတဲ့ ကမာၻလုံးဆိုင္ရာ လႈပ္ရွားမႈရဲ႕ တစ္စိတ္တစ္ပိုင္းလည္း ျဖစ္ပါတယ္။
ဒီႏွစ္ ဒီဇင္ဘာလလယ္အထိ နယ္သာလန္က အင္ဒိုနီးရွားရဲ႕ ယဥ္ေက်းမႈ ပစၥည္း (၈၂၈)ခုကို ျပန္လည္ေပးအပ္ခဲ့တယ္လို႔ အင္ဒိုနီးရွား အေမြအႏွစ္ေအဂ်င္စီရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။ အဲဒီထဲမွာ အေႂကြေစ့ေတြ၊ လက္ဝတ္လက္စားေတြမွစ အထည္အလိပ္နဲ႔ လက္နက္ေတြအထိ ပါဝင္တယ္လို႔ သိရပါတယ္။ နယ္သာလန္အစိုးရကလည္း ၂၀၂၀ ခုႏွစ္ အစိုးရအႀကံေပးေကာ္မတီရဲ႕ အႀကံျပဳခ်က္အေပၚ အေျခခံၿပီး ရာစုႏွစ္သုံးစုေက်ာ္အတြင္း ဒတ္ခ္်ထိန္းခ်ဳပ္မႈက ယူေဆာင္သြားတဲ့ ယဥ္ေက်းမႈဆိုင္ရာ ပစၥည္းမ်ားကို ျပန္လည္ေပးအပ္သြားမယ္လို႔ ကတိျပဳထားပါတယ္။
မတ္တပ္ရပ္ေနတဲ့ ဂါနစ္ရွ ႐ုပ္တုဟာ ကမာၻေပၚမွာ အနည္းငယ္သာရွိတဲ့ထဲက တစ္ခုျဖစ္တယ္လို႔ အေရွ႕ဂ်ာဗားအေျခစိုက္ ေရွးေဟာင္းသုေတသနပညာရွင္ ဒြီကာဟိုႏိုက ေျပာၾကားပါတယ္။