ထိုင်ဝမ်၊ တိုင်ပေမြို့တော်မှာ သစ်ပင်ရဲ့ အမြစ်ပုပ်တွေကို ရှာဖွေဖို့ အနံ့ခံခွေးတွေကို အသုံးပြု

 251

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၃

ထိုင်ဝမ်၊ တိုင်ပေမြို့တော်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ထိန်းသိမ်းဖို့လိုအပ်တဲ့ သစ်ပင်တွေကို အနံ့ခံခွေး အသုံးပြုပြီး ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

အနံ့ခံ ခွေးတွေကို သစ်ပင်တွေရဲ့ ရနံ့တွေ ရှူရှိုက်ခွဲခြားနိုင်ဖို့ လေ့ကျင့်ပေးထားပြီး အပင် အကိုင်းအခက်အရွက်တွေဆီကို ရေနဲ့အာဟာရဓာတ် ဖြတ်တောက်စေတဲ့ အမြစ်ပုပ်တွေကို ရှာဖွေဖော်ထုတ်ရပါတယ်။ လက်ရှိ တိုင်ပေမှာ ပျံ့နှံ့နေတဲ့ သစ်ပင်တွေမှာ ကပ်ငြိနေတတ်တဲ့ မှိုပိုးဟာ သစ်ပင်တွေကို ဆွေးမြေ့ပြီး သေဆုံးစေနိုင်ပါတယ်။ တိုင်ဖွန်းရာသီကြောင့်မဟုတ်ပဲ ပြိုကျတဲ့ သစ်ပင် (၉၀)ရာခိုင်နှုန်းလောက်ဟာ ဒီပြဿနာကြောင့် ဖြစ်တယ်လို့ ယူဆထားပါတယ်။ အထူးသဖြင့် လူဦးရေ (၂.၅)သန်းရှိတဲ့ ထိုင်ပေလို လူနေထူထပ်တဲ့ မြို့ကြီးမှာ သစ်ပင်တွေ လဲကျမှုကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ အညိုရောင် အမြစ်ပုပ်ရောဂါဟာ သစ်ပင်တွေရဲ့ အမြစ်၊ မြေအောက်မှာ ဖြစ်ပွားတာ ဖြစ်တဲ့အတွက် ရှာဖွေရခက်ပါတယ်။ မှိုစွဲတဲ့လက္ခဏာတွေ ပေါ်လွင်လာတဲ့အခါမှာတော့ သစ်ပင်တွေဟာ ကယ်လို့မရတော့ပဲ သေဆုံးကုန်ပါတယ်။

ဒါကြောင့် အနံ့ခံခွေးတွေဟာ မြို့ရဲ့ကျန်းမာရေးမကောင်းတဲ့ သစ်ပင်တွေကို ရှာဖွေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ အစိုးရကလည်း မြို့ပြဘေးကင်းရေးအတွက် ခွေးတွေရဲ့ ထူးခြားတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုတဲ့ အနေနဲ့ လာမယ့်နှစ်မှာ ခွေးတစ်ကောင်ကို အမေရိကန်ဒေါ်လာ ၉၀,၀၀၀ အထိ ရန်ပုံငွေ နှစ်ဆတိုးချဲ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

zawgyi version
ထိုင္ဝမ္၊ တိုင္ေပၿမိဳ႕ေတာ္မွာ သစ္ပင္ရဲ႕ အျမစ္ပုပ္ေတြကို ရွာေဖြဖို႔ အနံ႔ခံေခြးေတြကို အသုံးျပဳ
ေရာင္နီ (NP News) - ဒီဇင္ဘာ ၂၃

ထိုင္ဝမ္၊ တိုင္ေပၿမိဳ႕ေတာ္မွာ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရးအတြက္ ထိန္းသိမ္းဖို႔လိုအပ္တဲ့ သစ္ပင္ေတြကို အနံ႔ခံေခြး အသုံးျပဳၿပီး ရွာေဖြမႈေတြ ျပဳလုပ္ေနပါတယ္။

အနံ႔ခံ ေခြးေတြကို သစ္ပင္ေတြရဲ႕ ရနံ႔ေတြ ရႉရႈိက္ခြဲျခားႏိုင္ဖို႔ ေလ့က်င့္ေပးထားၿပီး အပင္ အကိုင္းအခက္အ႐ြက္ေတြဆီကို ေရနဲ႔အာဟာရဓာတ္ ျဖတ္ေတာက္ေစတဲ့ အျမစ္ပုပ္ေတြကို ရွာေဖြေဖာ္ထုတ္ရပါတယ္။ လက္ရွိ တိုင္ေပမွာ ပ်ံ႕ႏွံ႔ေနတဲ့ သစ္ပင္ေတြမွာ ကပ္ၿငိေနတတ္တဲ့ မႈိပိုးဟာ သစ္ပင္ေတြကို ေဆြးေျမ့ၿပီး ေသဆုံးေစႏိုင္ပါတယ္။ တိုင္ဖြန္းရာသီေၾကာင့္မဟုတ္ပဲ ၿပိဳက်တဲ့ သစ္ပင္ (၉၀)ရာခိုင္ႏႈန္းေလာက္ဟာ ဒီျပႆနာေၾကာင့္ ျဖစ္တယ္လို႔ ယူဆထားပါတယ္။ အထူးသျဖင့္ လူဦးေရ (၂.၅)သန္းရွိတဲ့ ထိုင္ေပလို လူေနထူထပ္တဲ့ ၿမိဳ႕ႀကီးမွာ သစ္ပင္ေတြ လဲက်မႈေၾကာင့္ ထိခိုက္ဒဏ္ရာရၿပီး ေသဆုံးတဲ့အထိ ျဖစ္ေစႏိုင္ပါတယ္။ မႈိေၾကာင့္ျဖစ္တဲ့ အညိဳေရာင္ အျမစ္ပုပ္ေရာဂါဟာ သစ္ပင္ေတြရဲ႕ အျမစ္၊ ေျမေအာက္မွာ ျဖစ္ပြားတာ ျဖစ္တဲ့အတြက္ ရွာေဖြရခက္ပါတယ္။ မႈိစြဲတဲ့လကၡဏာေတြ ေပၚလြင္လာတဲ့အခါမွာေတာ့ သစ္ပင္ေတြဟာ ကယ္လို႔မရေတာ့ပဲ ေသဆုံးကုန္ပါတယ္။

ဒါေၾကာင့္ အနံ႔ခံေခြးေတြဟာ ၿမိဳ႕ရဲ႕က်န္းမာေရးမေကာင္းတဲ့ သစ္ပင္ေတြကို ရွာေဖြရာမွာ အေရးႀကီးတဲ့ အခန္းက႑မွ ပါဝင္ပါတယ္။ အစိုးရကလည္း ၿမိဳ႕ျပေဘးကင္းေရးအတြက္ ေခြးေတြရဲ႕ ထူးျခားတဲ့ အခန္းက႑ကို အသိအမွတ္ျပဳတဲ့ အေနနဲ႔ လာမယ့္ႏွစ္မွာ ေခြးတစ္ေကာင္ကို အေမရိကန္ေဒၚလာ ၉၀,၀၀၀ အထိ ရန္ပုံေငြ ႏွစ္ဆတိုးခ်ဲ႕ဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.