ထိုင်းနိုင်ငံကနေ တောင်ကိုရီးယားသို့ပျံသန်းလာတဲ့ ခရီးသည်တင်လေယာဉ် ဆင်းသက်ချိန်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးနိုင်ဖွယ်ရှိနေ

 8188

Pika (NP News) - ဒီဇင်ဘာ ၂၉

ဒီဇင်ဘာလ(၂၉)ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ပျံသန်းလာတဲ့ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ တောင်ကိုရီးယားနိုင်ငံ မူအန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ဖို့ကြိုးပမ်းချိန်အတွင်း ပြေးလမ်းပေါ်ကနေချော်ကျပြီး နံရံတစ်ခုကိုဝင်တိုက်မိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၆၂)ဦးသေဆုံးခဲ့တယ်လို့ အစောပိုင်းသတင်းတွေအရ သိရပါတယ်။
လက်ရှိအချိန်အထိတော့ လူ(၂)ဦးကိုသာ ကယ်ဆယ်နိုင်သေးတယ်လို့ တောင်ကိုရီးယားအမျိုးသားမီးသတ်အေဂျင်စီက ပြောကြားခဲ့ပါတယ်။

ခရီးသည်(၁၇၅)ဦး နဲ့ အမှုထမ်း(၆)ဦးတို့ လိုက်ပါလာပြီး ဘန်ကောက်မြို့ကနေ ပျံသန်းလာတဲ့ Jeju လေကြောင်းလိုင်း ခရီးစဉ် 7C2216 ရဲ့ Boeing 737-800 ခရီးသည်တင်လေယာဉ်ဟာ ဒီဇင်ဘာလ(၂၉)ရက် နံနက်(၉)နာရီအချိန်မှာ မူအန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ချိန်အတွင်း အခုလို နံရံကိုတိုက်မိပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီပေါက်ကွဲမှုအတွင်း သေဆုံးတဲ့ လူအရေအတွက်နဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ အစီရင်ခံစာတွေကို တောင်ကိုရီးယားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အတည်ပြုတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးနောက် လူနှစ်ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ မူအန်းမီးသတ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒါ့ပြင် လေယာဉ်ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့တဲ့ လူအရေအတွက်ကို သတင်းဌာနအများအပြားက အမျိုးမျိုးဖော်ပြမှုတွေလည်း ရှိနေပါတယ်။ တောင်ကိုရီးယားဒေသအတွင်း မီဒီယာတွေက မျှဝေထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ အင်ဂျင်နှစ်လုံးတပ်ခရီးသည်တင်လေယာဉ်ဟာ နံရံကိုဝင်တိုက်ပြီး မပေါက်ကွဲခင် ပြေးလမ်းပေါ်ကနေ ချော်ကျသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ အခြားဓါတ်ပုံတွေမှာတော့ လေယာဉ်ရဲ့အစိတ်အပိုင်းတွေကနေ မီးခိုးလုံးတွေနဲ့မီးတောက်တွေ ထွက်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ငှက်တစ်ကောင်က ဝင်တိုက်မှုနဲ့အတူ လေယာဉ်ရဲ့အဆင်းဂီယာက စက်ချို့ယွင်းမှုဖြစ်သွားပုံပေါ်တယ်လို့ လေဆိပ်အာဏာပိုင်တွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြထားပါတယ်။
အခုလိုပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းအရင်းနဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ထိုင္းႏိုင္ငံကေန ေတာင္ကိုရီးယားသို႔ပ်ံသန္းလာတဲ့ ခရီးသည္တင္ေလယာဥ္ ဆင္းသက္ခ်ိန္အတြင္း ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး လူအမ်ားအျပား ေသဆုံးႏိုင္ဖြယ္ရွိေန

Pika (NP News) - ဒီဇင္ဘာ ၂၉

ဒီဇင္ဘာလ(၂၉)ရက္မွာ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ကေန ပ်ံသန္းလာတဲ့ ခရီးသည္တင္ေလယာဥ္တစ္စင္းဟာ ေတာင္ကိုရီးယားႏိုင္ငံ မူအန္းအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဆင္းသက္ဖို႔ႀကိဳးပမ္းခ်ိန္အတြင္း ေျပးလမ္းေပၚကေနေခ်ာ္က်ၿပီး နံရံတစ္ခုကိုဝင္တိုက္မိကာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ အနည္းဆုံးလူ(၆၂)ဦးေသဆုံးခဲ့တယ္လို႔ အေစာပိုင္းသတင္းေတြအရ သိရပါတယ္။
လက္ရွိအခ်ိန္အထိေတာ့ လူ(၂)ဦးကိုသာ ကယ္ဆယ္ႏိုင္ေသးတယ္လို႔ ေတာင္ကိုရီးယားအမ်ိဳးသားမီးသတ္ေအဂ်င္စီက ေျပာၾကားခဲ့ပါတယ္။

ခရီးသည္(၁၇၅)ဦး နဲ႔ အမႈထမ္း(၆)ဦးတို႔ လိုက္ပါလာၿပီး ဘန္ေကာက္ၿမိဳ႕ကေန ပ်ံသန္းလာတဲ့ Jeju ေလေၾကာင္းလိုင္း ခရီးစဥ္ 7C2216 ရဲ႕ Boeing 737-800 ခရီးသည္တင္ေလယာဥ္ဟာ ဒီဇင္ဘာလ(၂၉)ရက္ နံနက္(၉)နာရီအခ်ိန္မွာ မူအန္းအျပည္ျပည္ဆိုင္ရာေလဆိပ္မွာ ဆင္းသက္ခ်ိန္အတြင္း အခုလို နံရံကိုတိုက္မိၿပီး ေပါက္ကြဲခဲ့တာျဖစ္တယ္လို႔ ေတာင္ကိုရီးယားသယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲဒီေပါက္ကြဲမႈအတြင္း ေသဆုံးတဲ့ လူအေရအတြက္နဲ႔ပတ္သက္ၿပီး ထြက္ေပၚလာတဲ့ အစီရင္ခံစာေတြကို ေတာင္ကိုရီးယားသယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနက အတည္ျပဳတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
ေပါက္ကြဲမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ လူႏွစ္ဦးကို အသက္ရွင္လ်က္ေတြ႕ရွိခဲ့ၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းေတြကို ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ မူအန္းမီးသတ္အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

ဒါ့ျပင္ ေလယာဥ္ေပါက္ကြဲမႈအတြင္း ေသဆုံးခဲ့တဲ့ လူအေရအတြက္ကို သတင္းဌာနအမ်ားအျပားက အမ်ိဳးမ်ိဳးေဖာ္ျပမႈေတြလည္း ရွိေနပါတယ္။ ေတာင္ကိုရီးယားေဒသအတြင္း မီဒီယာေတြက မွ်ေဝထားတဲ့ ဗီဒီယိုဖိုင္တစ္ခုမွာ အင္ဂ်င္ႏွစ္လုံးတပ္ခရီးသည္တင္ေလယာဥ္ဟာ နံရံကိုဝင္တိုက္ၿပီး မေပါက္ကြဲခင္ ေျပးလမ္းေပၚကေန ေခ်ာ္က်သြားတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ အျခားဓါတ္ပုံေတြမွာေတာ့ ေလယာဥ္ရဲ႕အစိတ္အပိုင္းေတြကေန မီးခိုးလုံးေတြနဲ႔မီးေတာက္ေတြ ထြက္ေနတာကို ေတြ႕ျမင္ခဲ့ရပါတယ္။ ငွက္တစ္ေကာင္က ဝင္တိုက္မႈနဲ႔အတူ ေလယာဥ္ရဲ႕အဆင္းဂီယာက စက္ခ်ိဳ႕ယြင္းမႈျဖစ္သြားပုံေပၚတယ္လို႔ ေလဆိပ္အာဏာပိုင္ေတြရဲ႕ ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပထားပါတယ္။
အခုလိုေပါက္ကြဲမႈျဖစ္ရတဲ့အေၾကာင္းအရင္းနဲ႔ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို တာဝန္ရွိသူေတြက စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.