ချွတ်ယွင်းမှုအချို့ကြောင့် ယာဉ်အစီးရေ(၇)သိန်းကို Tesla ကုမ္ပဏီ ပြန်လည်သိမ်းဆည်း
471
Pika (NP News) - ဒီဇင်ဘာ ၃ဝ
တာယာဖိအားစောင့်ကြည့်ရေးစနစ်တွင် ချွတ်ယွင်းမှုများနှင့်အတူ မတော်တဆမှုဖြစ်ပွားနိုင်ခြေ မြင့်တက်လာသောကြောင့် EV ကားထုတ်လုပ်သည့် ကုမ္ပဏီ Tesla သည် အမေရိကန်ရှိ ၎င်း၏ကားအစီး ရေ(၇)သိန်းကို ပြန်လည် သိမ်းဆည်းခဲ့ကြောင်း ဘေးကင်းလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့ကို ကိုးကားပြီး Associated Press သတင်းဌာနက ရေးသားဖော်ပြခဲ့သည်။
အဆိုပါပြန်လည်သိမ်းဆည်းမှုသည် 2024 Cybertruck ၊ 2017-2025 Model 3 နှင့် 2020-2025 Model Y မော်တော်ယာဉ်များအပါအဝင် အခြားမော်ဒယ်ပေါင်းများစွာအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း ဒီဇင်ဘာလ(၂၆)ရက် တွင် ထုတ်ပြန်ခဲ့သည့် National Highway Traffic Safety Administration ၏ ထုတ်ပြန်ချက်အရ သိရသည်။
Tesla ကုမ္ပဏီကထုတ်လုပ်ထားသော မော်တော်ယာဉ်များ၏ တာယာဖိအားစောင့်ကြည့်ရေးစနစ် သည် မောင်းနှင်မှုစက်ဝန်း (အချိန်နှင့်အမျှ ယာဉ်၏အရှိန်ကိုကိုယ်စားပြုသည့် ဒေတာအမှတ် များ)ကြားတွင် တာယာဖိအားနည်းသော သတိပေးမီးကို တစ်သမတ်တည်းပြသနိုင်မည်မဟုတ်ကြောင်း ဘေးကင်းလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့က သတိပေးပြောဆိုခဲ့သည်။
အဆိုပါ တာယာဖိအားနည်းသတိပေးမီးကို တစ်သမတ်တည်း မပြသနိုင်မှုနှင့်အတူ မတော်တဆ မှုအန္တရာယ် များကိုတိုးလာစေကြောင်း ဘေးကင်းလုံခြုံရေးစောင့်ကြည့်ရေးအဖွဲ့က ပြောကြားခဲ့သည်။သို့သော်လည်း အခမဲ့ ဆော့ဖ်ဝဲလ်ပြုပြင်မှုများမှတစ်ဆင့် အဆိုပါပြဿနာကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း Tesla ကုမ္ပဏီက ပြောကြား ထားပြီး အကြောင်းကြား စာများကို (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်တွင် ပေးပို့သွားနိုင်ဖွယ်ရှိကြောင်း AP ကရေးသား ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နိုဝင်ဘာလတွင် Tesla ကုမ္ပဏီသည် ပါဝါကျသွားနိုင်သည့် ချို့ယွင်းနေသောအစိတ် အပိုင်းတစ်ခု ကြောင့် ၎င်း၏ပစ်ကပ်ကားအစီးရေ (၂၄၀ဝ) ခန့်ကို ပြန်လည်သိမ်းဆည်းခဲ့ဖူးကြောင်း သိရသည်။ ထို့ပြင် ပြီးခဲ့သည့် ဇွန်လတွင် လေကာမှန် wiper ချွတ်ယွင်းမှုနှင့်အတူ ယာဉ်ရှေ့မြင်ကွင်းကို အနှောင့်အယှက်ဖြစ်စေမှုကြောင့် ၎င်း၏ကားအစီး ရေ(၁၂၀ဝဝ)နီးပါးကို Tesla ကုမ္ပဏီက ပြန်လည်သိမ်းဆည်းခဲ့ကြောင်းသိရသည်။
zawgyi version
ခြၽတ္ယြင္းမႈအခ်ိဳ႕ေၾကာင့္ ယာဥ္အစီးေရ(၇)သိန္းကို Tesla ကုမၸဏီ ျပန္လည္သိမ္းဆည္း
Pika (NP News) - ဒီဇင္ဘာ ၃ဝ
တာယာဖိအားေစာင့္ၾကည့္ေရးစနစ္တြင္ ခြၽတ္ယြင္းမႈမ်ားႏွင့္အတူ မေတာ္တဆမႈျဖစ္ပြားႏိုင္ေျခ ျမင့္တက္လာေသာေၾကာင့္ EV ကားထုတ္လုပ္သည့္ ကုမၸဏီ Tesla သည္ အေမရိကန္ရွိ ၎၏ကားအစီး ေရ(၇)သိန္းကို ျပန္လည္ သိမ္းဆည္းခဲ့ေၾကာင္း ေဘးကင္းလုံၿခဳံေရးေစာင့္ၾကည့္ေရးအဖြဲ႕ကို ကိုးကားၿပီး Associated Press သတင္းဌာနက ေရးသားေဖာ္ျပခဲ့သည္။
အဆိုပါျပန္လည္သိမ္းဆည္းမႈသည္ 2024 Cybertruck ၊ 2017-2025 Model 3 ႏွင့္ 2020-2025 Model Y ေမာ္ေတာ္ယာဥ္မ်ားအပါအဝင္ အျခားေမာ္ဒယ္ေပါင္းမ်ားစြာအေပၚ သက္ေရာက္မႈမ်ားရွိခဲ့ေၾကာင္း ဒီဇင္ဘာလ(၂၆)ရက္ တြင္ ထုတ္ျပန္ခဲ့သည့္ National Highway Traffic Safety Administration ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
Tesla ကုမၸဏီကထုတ္လုပ္ထားေသာ ေမာ္ေတာ္ယာဥ္မ်ား၏ တာယာဖိအားေစာင့္ၾကည့္ေရးစနစ္ သည္ ေမာင္းႏွင္မႈစက္ဝန္း (အခ်ိန္ႏွင့္အမွ် ယာဥ္၏အရွိန္ကိုကိုယ္စားျပဳသည့္ ေဒတာအမွတ္ မ်ား)ၾကားတြင္ တာယာဖိအားနည္းေသာ သတိေပးမီးကို တစ္သမတ္တည္းျပသႏိုင္မည္မဟုတ္ေၾကာင္း ေဘးကင္းလုံၿခဳံေရးေစာင့္ၾကည့္ေရးအဖြဲ႕က သတိေပးေျပာဆိုခဲ့သည္။
အဆိုပါ တာယာဖိအားနည္းသတိေပးမီးကို တစ္သမတ္တည္း မျပသႏိုင္မႈႏွင့္အတူ မေတာ္တဆ မႈအႏၲရာယ္ မ်ားကိုတိုးလာေစေၾကာင္း ေဘးကင္းလုံၿခဳံေရးေစာင့္ၾကည့္ေရးအဖြဲ႕က ေျပာၾကားခဲ့သည္။သို႔ေသာ္လည္း အခမဲ့ ေဆာ့ဖ္ဝဲလ္ျပဳျပင္မႈမ်ားမွတစ္ဆင့္ အဆိုပါျပႆနာကို ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း Tesla ကုမၸဏီက ေျပာၾကား ထားၿပီး အေၾကာင္းၾကား စာမ်ားကို (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလ (၁၅)ရက္တြင္ ေပးပို႔သြားႏိုင္ဖြယ္ရွိေၾကာင္း AP ကေရးသား ေဖာ္ျပခဲ့သည္။
ၿပီးခဲ့သည့္ႏိုဝင္ဘာလတြင္ Tesla ကုမၸဏီသည္ ပါဝါက်သြားႏိုင္သည့္ ခ်ိဳ႕ယြင္းေနေသာအစိတ္ အပိုင္းတစ္ခု ေၾကာင့္ ၎၏ပစ္ကပ္ကားအစီးေရ (၂၄၀ဝ) ခန႔္ကို ျပန္လည္သိမ္းဆည္းခဲ့ဖူးေၾကာင္း သိရသည္။ ထို႔ျပင္ ၿပီးခဲ့သည့္ ဇြန္လတြင္ ေလကာမွန္ wiper ခြၽတ္ယြင္းမႈႏွင့္အတူ ယာဥ္ေရွ႕ျမင္ကြင္းကို အေႏွာင့္အယွက္ျဖစ္ေစမႈေၾကာင့္ ၎၏ကားအစီး ေရ(၁၂၀ဝဝ)နီးပါးကို Tesla ကုမၸဏီက ျပန္လည္သိမ္းဆည္းခဲ့ေၾကာင္းသိရသည္။