ပြည်မြို့တွင် အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံး

 2360

နာမူ (NP News) - ဒီဇင်ဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အမျိုးသားတစ်ဦး ကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးခဲ့ကာ တိုက်သည့်ကားမောင်းပြေးသည့်အပြင် အမျိုးအစားပါ မသိရသေးကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတပါရမီလူမှုကူညီရေးအသင်း(ပြည်)ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၉ ရက်)၊ နံနက် ၆ နာရီအချိန်ဝန်းကျင်ခန့်က ပြည်မြို့၊ ဗိုလ်ချုပ်လမ်းမ ပေါ်ရှိ လေးကျွန်းမဏ္ဍိုင်ဆီစက်ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီကို ဖုန်းဝင်လာတဲ့အချိန်က ၆ ခွဲလောက်မှပါ။ ဒါပေမဲ့ တိုက်သွားတဲ့အချိန်က ခန့်မှန်းခြေကတော့ ၆ နာရီထိုးလောက်ကြီး။ မနက်အစောကြီး”ဟု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အသေးစိတ်အား မသိရှိရသေးဘဲ တိုက်သွားသည့် ယာဉ်မှာလည်း တိမ်းရှောင်ထွက်ပြေးသွားကြောင်း သိရသည်။ “အဲဒီမှာ လူတွေအများကြီးရှိတဲ့အချိန်မှာ ဘာ(ကား)တိုက်လို့ တိုက်သွားမှန်းမသိဘူး။ ဒါပေမဲ့ အခင်းဖြစ်တဲ့နေရာမှာတော့ မှန်ကွဲစတွေတော့ ရှိတယ်။ မှန်ကွဲစနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်းကိုပဲ တွေ့တယ်။ တိုက်တာတော့ ဘာ(ကား)တိုက်လို့ တိုက်သွားမှန်း မသိဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အသက် (၅၀)နှစ်ဝန်းကျင် အမျိုးသားတွင် ဦးခေါင်းငယ်ထိပ်ပေါက်ဒဏ်ရာနှင့် ဘယ်နံရိုးကျိုးဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။ သေ ဆုံးသွားသည့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် နေရာအနီးတစ်ဝိုက်တွင် နေထိုင်သူဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

zawgyi version
ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံး
နာမူ (NP News) - ဒီဇင္ဘာ ၃၀

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးခဲ့ကာ တိုက္သည့္ကားေမာင္းေျပးသည့္အျပင္ အမ်ိဳးအစားပါ မသိရေသးေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕ ပရဟိတပါရမီလူမႈကူညီေရးအသင္း(ျပည္)ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဒီဇင္ဘာလ ၂၉ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ဝန္းက်င္ခန႔္က ျပည္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္လမ္းမ ေပၚရွိ ေလးကြၽန္းမ႑ိဳင္ဆီစက္ေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကြၽန္ေတာ္တို႔ဆီကို ဖုန္းဝင္လာတဲ့အခ်ိန္က ၆ ခြဲေလာက္မွပါ။ ဒါေပမဲ့ တိုက္သြားတဲ့အခ်ိန္က ခန႔္မွန္းေျခကေတာ့ ၆ နာရီထိုးေလာက္ႀကီး။ မနက္အေစာႀကီး”ဟု အဆိုပါအသင္း၏ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည့္ ျဖစ္စဥ္အေသးစိတ္အား မသိရွိရေသးဘဲ တိုက္သြားသည့္ ယာဥ္မွာလည္း တိမ္းေရွာင္ထြက္ေျပးသြားေၾကာင္း သိရသည္။ “အဲဒီမွာ လူေတြအမ်ားႀကီးရွိတဲ့အခ်ိန္မွာ ဘာ(ကား)တိုက္လို႔ တိုက္သြားမွန္းမသိဘူး။ ဒါေပမဲ့ အခင္းျဖစ္တဲ့ေနရာမွာေတာ့ မွန္ကြဲစေတြေတာ့ ရွိတယ္။ မွန္ကြဲစနဲ႔ ေသဆုံးေနတဲ့ အမ်ိဳးသားအေလာင္းကိုပဲ ေတြ႕တယ္။ တိုက္တာေတာ့ ဘာ(ကား)တိုက္လို႔ တိုက္သြားမွန္း မသိဘူး”ဟု ၎က ေျပာသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ အသက္ (၅၀)ႏွစ္ဝန္းက်င္ အမ်ိဳးသားတြင္ ဦးေခါင္းငယ္ထိပ္ေပါက္ဒဏ္ရာႏွင့္ ဘယ္နံ႐ိုးက်ိဳးဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ ေသ ဆုံးသြားသည့္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည့္ ေနရာအနီးတစ္ဝိုက္တြင္ ေနထိုင္သူျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။

Picture

Mg Oger

30/12/2024 16:33

မေမြို့မန်းလေး အတက်ဆင်းလမ်း သကာရည်တွဲက မူးပြီးခွေလိုနွားလိုမောင်းလို့ မိန်မတစ်ဦးယောက်ျာတစ်းဦးထိခိုက်ခဲ့ပါတယ်ကားနှစ်စီး ဆိုင်ကယ်တစ်စီးပြတ်စီးခဲ့ပါတယ် ကိုယ့်ရှေ့တွင်ဖြစ်ခဲ့ပါတယ်

Related news

© 2021. All rights reserved.