ဂျပန် Professional Boxing ပြိုင်ပွဲတွင် မြန်မာ့ Boxer (၃) ဦး ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်မည်
250
သန့်ဇင် (NP News) - ဇန်နဝါရီ ၂
ဂျပန်နိုင်ငံတွင် ကျင်းပမည့် Professional Boxing ပြိုင်ပွဲတွင် မြန်မာ့သမိုင်းတစ်လျှောက် ပထမ ဆုံးအဖြစ် Boxer (၃) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း MBC (Myanmar Boxing Comm- ission) မှ တာဝန်ရှိသူဦးကျော်ဝင်းထွန်းက NP News သို့ ပြောသည်။
အဆိုပါ ပြိုင်ပွဲကို လာမည့် (၂၀၂၅)ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်တွင် ဂျပန်နိုင်ငံ၊ အိုဆာကာ မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ “ ပြိုင်မှာက (၃)ယောက်ပြိုင်မှာပါ။ ဝိတ်တန်းတွေက (59) Kg က တစ်တန်း။ (53) Kg ကတစ်တန်း။ (52.1)Kg က တစ်တန်း အဲလိုမျိုး(၃) ယောက်ပေါ့နော်။ ဒီ JBC ကနေ နောက်ထပ်နိုင်ငံတကာပြိုင်ပွဲတွေလျှောက်ပြိုင် သွားမှာပါ။ (၂၀၂၅) မှာ နှစ်လတစ်ခါလောက်ကို တောက်လျှောက်ပြိုင်မှာပါ” ဟု ဦးကျော်ဝင်းထွန်းက ပြောသည်။
အဆိုပါပြိုင်ပွဲတွင် MBC မှကြေးစား Fighter ဖြစ်သည့် (59)Kg(WBC ရွှေတံဆိပ် ၂ ဆုရှင်) နိုင်လတ်၊ (52.1) Kg (WBC ရွှေတံဆိပ် ၂ ဆုရှင်) နော်ဖုန်းနှင့် (53) Kg စောလင်းအောင်တို့က သွား ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြန်မာ့သမိုင်းတစ်လျှောက်ကြေးစား Fighter များ နိုင်ငံ တကာသို့ ခြေ ဆန့်ခြင်းဖြစ်ကြောင်း သိရသည်။
“ဂျပန်မှာပြိုင်တဲ့ပွဲက မြန်မာ့ Boxing သမိုင်းမှာ ပထမဆုံး ကြေးစားလက်ဝှေ့သမားအနေနဲ့ ကစားသမားတွေအပေါ်မှာတော့ နိုင်ချင်တာပေါ့။ နောက်ပြီးမြန်မာအလံကို ခြုံပြီး အောင်ပွဲခံချင်တာပေါ့။ ဒါပေမဲ့ အစ်ကိုတို့အများကြီးကြိုးစားရဦးမှာပါ” ဟု ၎င်းကဆက်ပြောသည်။
“လာမည့် (၂၀၂၅)ခုနှစ်ထဲမှာလည်း မြန်မာနိုင်ငံမှာ Boxing ပွဲကြီး(၆)ပွဲလုပ်ဖို့ရှိပါတယ်။ (၁)လ ပိုင်း (၂၅) ရက်မှာ တစ်ပွဲ ပြန်စမယ်။ အဲဒီကနေ (၃) လပိုင်း၊ (၅) လပိုင်း၊ (၇)လပိုင်းနဲ့ (၉)လပိုင်း၊ (၁၁) လပိုင်းတွေမှာလုပ်မှာပါ။ အဲဒါတွေကတော့ ပြည်တွင်းပွဲစဉ်ပေါ့။ ပြည်ပပွဲစဉ် ကတော့ ဟိုဘက်နဲ့ ညှိနေ တုန်းပဲ။ ဟိုဘက်ကို ဒီနှစ် ထဲမှာ (၁၅)ယောက် အယောက် (၂၀)လောက်လွှတ်ဖို့ ရှိတယ်”ဟု ၎င်းကပြောသည်။
အဆိုပါပြိုင်ပွဲအတွက် ကစားသမားကို လာမည့် (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်တွင် မြန်မာ လက်ဝှေ့အဖွဲ့ချုပ် သုဝဏ္ဏလေ့ကျင့်ရေးကွင်းတွင် စတင်၍ camp သွင်း လေ့ကျင့်နိုင်ရန် စီစဉ်လျက်ရှိပြီး ဇန်နဝါရီလ (၁၉) ရက်၌ JBC မှဒိုင်ချုပ်နှင့်နည်းပြ တာဝန်ထမ်းဆောင်နေသူ Mr Tanaka ကိုယ်တိုင် လာရောက်ကာ နှစ်ပတ်ခန့် လေ့ကျင့်ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။ MBC အနေဖြင့် မျိုးဆက်သစ် Boxer များပေါ်ထွန်းလာရေးအတွက် လာမည့်နှစ်အတွင်း Professional Boxing Match (၆)ပွဲကိုကျင်းပရန်ရှိပြီး ဇန်နဝါရီလ (၂၅) ရက်တွင် PBM 3 ပွဲစဉ်ကို သိမ်ဖြူရိုးရာလက်ဝှေ့ရုံ ၌ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
zawgyi version
ဂ်ပန္ Professional Boxing ၿပိဳင္ပြဲတြင္ ျမန္မာ့ Boxer (၃) ဦး ပထမဆုံးအႀကိမ္ပါဝင္ယွဥ္ၿပိဳင္မည္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂
ဂ်ပန္ႏိုင္ငံတြင္ က်င္းပမည့္ Professional Boxing ၿပိဳင္ပြဲတြင္ ျမန္မာ့သမိုင္းတစ္ေလွ်ာက္ ပထမ ဆုံးအျဖစ္ Boxer (၃) ဦး ပါဝင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း MBC (Myanmar Boxing Comm- ission) မွ တာဝန္ရွိသူဦးေက်ာ္ဝင္းထြန္းက NP News သို႔ ေျပာသည္။
အဆိုပါ ၿပိဳင္ပြဲကို လာမည့္ (၂၀၂၅)ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၀)ရက္တြင္ ဂ်ပန္ႏိုင္ငံ၊ အိုဆာကာ ၿမိဳ႕၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။ “ ၿပိဳင္မွာက (၃)ေယာက္ၿပိဳင္မွာပါ။ ဝိတ္တန္းေတြက (59) Kg က တစ္တန္း။ (53) Kg ကတစ္တန္း။ (52.1)Kg က တစ္တန္း အဲလိုမ်ိဳး(၃) ေယာက္ေပါ့ေနာ္။ ဒီ JBC ကေန ေနာက္ထပ္ႏိုင္ငံတကာၿပိဳင္ပြဲေတြေလွ်ာက္ၿပိဳင္ သြားမွာပါ။ (၂၀၂၅) မွာ ႏွစ္လတစ္ခါေလာက္ကို ေတာက္ေလွ်ာက္ၿပိဳင္မွာပါ” ဟု ဦးေက်ာ္ဝင္းထြန္းက ေျပာသည္။
အဆိုပါၿပိဳင္ပြဲတြင္ MBC မွေၾကးစား Fighter ျဖစ္သည့္ (59)Kg(WBC ေ႐ႊတံဆိပ္ ၂ ဆုရွင္) ႏိုင္လတ္၊ (52.1) Kg (WBC ေ႐ႊတံဆိပ္ ၂ ဆုရွင္) ေနာ္ဖုန္းႏွင့္ (53) Kg ေစာလင္းေအာင္တို႔က သြား ေရာက္ယွဥ္ၿပိဳင္ရမည္ျဖစ္ၿပီး ျမန္မာ့သမိုင္းတစ္ေလွ်ာက္ေၾကးစား Fighter မ်ား ႏိုင္ငံ တကာသို႔ ေျခ ဆန႔္ျခင္းျဖစ္ေၾကာင္း သိရသည္။
“ဂ်ပန္မွာၿပိဳင္တဲ့ပြဲက ျမန္မာ့ Boxing သမိုင္းမွာ ပထမဆုံး ေၾကးစားလက္ေဝွ႔သမားအေနနဲ႔ ကစားသမားေတြအေပၚမွာေတာ့ ႏိုင္ခ်င္တာေပါ့။ ေနာက္ၿပီးျမန္မာအလံကို ၿခဳံၿပီး ေအာင္ပြဲခံခ်င္တာေပါ့။ ဒါေပမဲ့ အစ္ကိုတို႔အမ်ားႀကီးႀကိဳးစားရဦးမွာပါ” ဟု ၎ကဆက္ေျပာသည္။
“လာမည့္ (၂၀၂၅)ခုႏွစ္ထဲမွာလည္း ျမန္မာႏိုင္ငံမွာ Boxing ပြဲႀကီး(၆)ပြဲလုပ္ဖို႔ရွိပါတယ္။ (၁)လ ပိုင္း (၂၅) ရက္မွာ တစ္ပြဲ ျပန္စမယ္။ အဲဒီကေန (၃) လပိုင္း၊ (၅) လပိုင္း၊ (၇)လပိုင္းနဲ႔ (၉)လပိုင္း၊ (၁၁) လပိုင္းေတြမွာလုပ္မွာပါ။ အဲဒါေတြကေတာ့ ျပည္တြင္းပြဲစဥ္ေပါ့။ ျပည္ပပြဲစဥ္ ကေတာ့ ဟိုဘက္နဲ႔ ညႇိေန တုန္းပဲ။ ဟိုဘက္ကို ဒီႏွစ္ ထဲမွာ (၁၅)ေယာက္ အေယာက္ (၂၀)ေလာက္လႊတ္ဖို႔ ရွိတယ္”ဟု ၎ကေျပာသည္။
အဆိုပါၿပိဳင္ပြဲအတြက္ ကစားသမားကို လာမည့္ (၂၀၂၅) ခုႏွစ္၊ ဇန္နဝါရီလ (၆) ရက္တြင္ ျမန္မာ လက္ေဝွ႔အဖြဲ႕ခ်ဳပ္ သုဝဏၰေလ့က်င့္ေရးကြင္းတြင္ စတင္၍ camp သြင္း ေလ့က်င့္ႏိုင္ရန္ စီစဥ္လ်က္ရွိၿပီး ဇန္နဝါရီလ (၁၉) ရက္၌ JBC မွဒိုင္ခ်ဳပ္ႏွင့္နည္းျပ တာဝန္ထမ္းေဆာင္ေနသူ Mr Tanaka ကိုယ္တိုင္ လာေရာက္ကာ ႏွစ္ပတ္ခန႔္ ေလ့က်င့္ေပးသြားမည္ ျဖစ္ေၾကာင္းလည္း သိရသည္။ MBC အေနျဖင့္ မ်ိဳးဆက္သစ္ Boxer မ်ားေပၚထြန္းလာေရးအတြက္ လာမည့္ႏွစ္အတြင္း Professional Boxing Match (၆)ပြဲကိုက်င္းပရန္ရွိၿပီး ဇန္နဝါရီလ (၂၅) ရက္တြင္ PBM 3 ပြဲစဥ္ကို သိမ္ျဖဴ႐ိုးရာလက္ေဝွ႔႐ုံ ၌ က်င္းပ သြားမည္ျဖစ္ေၾကာင္း သိရသည္။