‘ဖွားရွှေ’ (သို့) ဘဝအမောကြားက မငြိမ်းသော မီးတောက်ငယ်
2273
သုတကျော် (NP News) - ဇန်နဝါရီ ၃
နေ့စဉ် ညနေပိုင်း (၃) နာရီခွဲခန့်တွင်မရမ်းကုန်း မြို့နယ်ရှိ မြိုင်ဟေဝန်ပန်းခြံအနီး၌ အရပ်ငါးပေခန့် ရှိပြီး ကိုယ်လုံးကိုယ်ထည်သေးသေးဖြင့် အသက် (၇၀) နီးပါးရှိသောအဖွားရွှေကို အိတ်တစ်လုံးလွယ် လျက်သားဖြင့် တွေ့ကြရပေလိမ့်မည်။ ဤအချိန်ကား အဖွားရွှေ ပုံမှန်အိမ်ပြန်ချိန်ပေတည်း။
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်သူဖြစ်သော ဖွားရွှေသည် သားသမီး (၉) ယောက်ရှိသည့်မိ သားစုတွင် သမီးကြီးဖြစ်ရာ မောင်နှမများကို ငဲ့ညှာ သောအားဖြင့် အများနည်းတူ ပညာမသင်ကြားနိုင်ခဲ့ပါ။ ကျောင်းထွက်ပြီး ဖခင်နှင့်အတူ သတင်းစာ၊ ဂျာနယ်များကို စတင်ရောင်းချရင်း မိသားစုတာဝန်ကို စတင်ထမ်းဆောင်ခဲ့ရသည်။ “လုပ်နိုင်တယ်ဟေ့ဆိုတည်းက အလုပ်လုပ်ရတာလေ။ မွေးထားတာက ကိုးယောက်၊ ငါကအကြီးဆုံး။ ဖအေနဲ့ဒိုးတူ ပေါင်ဖက် လုပ်ရတာပေါ့။ ဖအေနဲ့လိုက်ရတာ။ ကျောင်းက ခြောက်တန်းအထိပဲနေခဲ့ရတယ်။ ဘားမားစတားခေတ်လေ။ တစ် စောင်မှ (၁၅) ပြားလား ပေးရတယ် အကြွေခေတ်က။ လွယ်အိတ်ကြီးလွယ်၊ ထည့်ပြီးရောင်းရတာ” ဟု ဖွားရွှေက အတိတ်ကိုတွေးရင်းဆိုသည်။ ပြောရင်း အတိတ်ကို ပိုပြီး မှတ်မိလာဟန်တူ၏။ ဖွားရွှေကပင် ဖြည့်စွက်ရင်းပြောသည်။
“လွယ်အိတ်ထဲမှာဆိုတာလေ အကြွေစေ့တွေက ချလွင်ချလွင်နဲ့။ ပြေးပြေးပြီးရောင်းရတာ”ဟု ဖွားရွှေက ရယ်သံစွက်သောအသံဖြင့်ဆိုသည်။ လောကဓံကိုအံတုလုပ်ကိုင်ရင်း ဖွားရွှေ မဟုတ်သေးသော မရွှေသည် အသက် (၁၈)နှစ်တွင် ၎င်းထက်သုံး နှစ်ကြီးသူ ပေါင်းတည်မြို့နယ်မှ ရန်ကုန်သို့ ပြောင်းရွှေ့အခြေချသော အမျိုးသားတစ်ဦးနှင့် အကြောင်းပါသည်။ အိမ်ထောင်သက်ကာလတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့ခဲ့၏။ သားနှစ်ဦးလည်း ထွန်းကားခဲ့ သည်။ သို့သော် အပျော်ကား ကြာကြာမခံပါ။ မရွှေအသက်(၂၄)နှစ်အရွယ်တွင် ခင်ပွန်းသည်က လူ့ လောကကိုစွန့်ခွာသွားခဲ့ရာ အသက်(၃)နှစ်နှင့်(၁) နှစ်ရွယ် လူမမည်သားနှစ်ဦးနှင့်အတူ ဘဝကို ရှေ့ ဆက်ရန်အကြောင်းဖန်လာခဲ့သည်။ ကံဆိုး၊ ကံ ကောင်းဟုပင်ခေါ်ရမည်လားမသိ။ ခင်ပွန်းသည်မဆုံး ပါးမီကပင် ယောက္ခမဖြစ်သူနှင့်အတူ ငှားရမ်းထား သောအိမ်တွင် တစ်အိမ်တည်းနေခြင်းဖြစ်ရာ ယောက္ခမ က မရွှေကိုချစ်သည်။ မရွှေကလည်း သမီးအရင်းပမာ ပြုစုခဲ့သည်။ ထို့ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မုဆိုးမဖြစ်လာခဲ့သော မရွှေအတွက် ယောက္ခမသည် စိတ်ပိုင်းဆိုင်ရာ အားကိုးရာတစ်ခုဖြစ် လာသည်။ ယခင်က မောင်တစ်ထမ်း မယ်တစ်ရွက်၊ ယခုတော့ မရွှေတစ် ယောက်တည်းဖြစ်သွားပြီ။ သို့သော် အားမ လျှော့ပါ။ ယောက္ခမကိုပြုစုရင်း၊ လူမမည်သားနှစ်ယောက်ကို လည်း ရှာဖွေကျွေးမွေးရင်း ယောက္ခနှင့်အတူ ခင်ပွန်း သည်၏ဇာတိဖြစ်ရာ ပေါင်းတည်မြို့နယ်ရှိ ကျေးရွာတစ်ရွာသို့ တစ်ရွာမပြောင်း သူကောင်းမဖြစ် ထုံးမူကာ ပြောင်းရွှေ့ အခြေချပြီး ကျေးလက်လုပ်ငန်းများကို ကံဇာတ်ဆရာအလိုကျ လုပ်ကိုင်ရသည်။ “ယောက္ခမက အသက် (၅၀) လောက် ကျတော့ ဖွားသီလဝတ်သွားတယ်” ဟု ဘွားရွှေကဆိုသည်။
ရန်ကုန်သူ မရွှေသည် ပေါင်းသင်၊ မြက်နုတ်မှ စတင်ကာ ကျေးလက်နေတောင်သူတို့လုပ်ကိုင်သမျှကို အများနည်းတူလုပ်ကိုင်နိုင်ခဲ့သောကြောင့် ချီးမွမ်းခံရသည်။ တစ်ဖက်တွင် သီလရှင် ယောက္ခမအတွက် လိုအပ်သမျှ ကိုလည်း ပံ့ပိုးသည်။ “ယောက္ခမကလည်း သီလရှင်ကျောင်းမှာဆိုတော့ လိုရင်ပြုစု၊ ထောက်ပံ့ပေါ့။ ကိုယ့်ဘာသာ အတွက်လည်း ကိုယ်ကရှာရတာပေါ့။ အဲဒီကလူတွေက အံ့တွေဩနေကြတာ။ ရန်ကုန် သူက လုပ်နိုင်ပါလားပေါ့။ အကုန် လုပ်တာ ရွာကလူ တွေလုပ်တဲ့အလုပ်တွေကို။ သူတို့တတ်ရင် ငါဘာလို့ မတတ်ရမှာလဲဆိုတဲ့ စိတ်နဲ့လုပ်တာ” ဟုဖွားရွှေက ဆိုသည်။
အသက်ငယ်ငယ်ဖြင့်မုဆိုးမဖြစ်သွားသော ဖွားရွှေကို ခင်ပွန်းဟောင်းမိသားစုက စာနာသည်။ ထို့ပြင် ကလေးနှစ် ယောက်၏နောင်ရေးအတွက်လည်း တွေးပူသောကြောင့် ရွာထဲမှ ရိုးသားဟန်ရှိသော လူပျိုတစ် ယောက်နှင့်ပေးစား လိုက်ကြသည်။ ထိုစဉ်က မရွှေ အသက်မှာ (၂၇)၊ (၂၈) နှစ်သာရှိသေး၏။ “သူတို့က သူတို့တူနှစ်ယောက်ကို ရန်ကုန် ထည့်ဖို့ စိတ်မချဘူး၊ သူစိမ်းနဲ့ဖြစ်မှာမဟုတ်ဘူးဆိုပြီး လင်ပေးစားလိုက်ကြ တာ”ဟု ဖွားရွှေက ရယ်ရင်းဆိုသည်။ တစ်ပင်လဲမူ တစ်ပင်ထူပြီးနောက် လင်မယားနှစ်ယောက် ရွာတွင် ဒိုးတူပေါင်ဖက် လုပ်ကိုင်စားသောက်ကြသေး၏။ ထို စဉ် သတင်းတစ်ခုရောက်လာသည်။ မရွှေအတွက်လည်း ရန်ကုန်ပြန်ရန် ကံဖန်လာခြင်းဖြစ်သည်။ ညီမ ဖြစ်သူကွယ်လွန်သွားသောကြောင့် ယခင် လက်ငုတ် လက်ရင်းဖြစ်သော သတင်းစာနှင့်ဂျာနယ်ကို ပြန် လည်ရောင်းချရန် ရန်ကုန်မြို့သို့ ခြေဦးပြန်လှည့်ခဲ့သည်။ “သားကြီးကို ယောက္ခမကခေါ်ထားလိုက်တယ်။ သားငယ်ကတော့ ငါနဲ့အတူ တူပါလာတာ” ဟု ဖွားရွှေကဆိုသည်။
ရန်ကုန်မြေကို တစ်ကျော့ပြန်နင်းသော ဖွားရွှေအတွက် အစစအရာရာ အသစ်ကပြန်စရသည်။ အိမ် ပြန်ငှား ရသည်။ ညီမ၏ဖောက်သည်များကို ပြန်စုရ သည်။ သို့သော် ယခင်ကလုပ်ခဲ့ဖူးသည်မို့ အလွန်အ မင်းမခက်ခဲလှပါ။ သို့သော် ခက်သည်က ဒုတိယ အိမ်ထောင်အမျိုးသားဖြစ်သည်။ “ရန်ကုန်ရောက်ပြီး အချိုးပြောင်းလာတာ။ အရင်က ရွာမှာတုန်းကတော့ အေးအေးဆေးဆေးသမား။ ရန်ကုန်ရောက်တော့ မိန်းမက ပွေချင်လာတယ်။ အသောက်အစား လည်း ရှိလာတယ်။ ငါပဲ ပြန်ရှာကျွေးရတာပေါ့” ဟု ဖွားရွှေ ကဆိုသည်။ ယောကျာ်းဖြစ်သူ၏ဒဏ်ကို နှစ်များစွာ ဖွားရွှေ သည်းညည်းခံ၏။ သားငယ်ကလည်း တတ်နိုင်သလောက် အိမ်ကို ပြန်လည်ထောက်ပံ့၏။ သို့နှင့် အိမ်ငှားဘဝဖြင့်ပင် ဖွားရွှေက ဘဝကို ဆက်လက် ဖြတ်သန်းသည်။
ထို့နောက် ယောက္ခမလည်း ကွယ်လွန်ရှာသဖြင့် သားကြီးက ဖွားရွှေထံ ပြန်ရောက်လာသည်။ မိသား စုစုံစုံညီညီနေရရုံဖြင့် နှစ်သိမ့်ကျေနပ်သည်။ သို့သော် လူငယ်တို့သဘာဝကိုကား မလွန်ဆန်နိုင်ပါ။ သား ကြီးနှင့်သားငယ် အိမ်ထောင်ကျသွားသဖြင့် အိမ်ထောင်ခွဲကာ လက်လွှတ်လိုက်ရသည်။ ယောကျာ်းဖြစ် သူကလည်း တစ်အိုးတစ်အိမ် အသစ်ထူထောင်ရန် လုပ်လာသဖြင့် အသက် (၅၀) အရွယ်ခန့်တွင် ဖွားရွှေ၏ ဒုတိယအိမ်ထောင်ရေး ဆုံးခန်းတိုင်ခဲ့သည်။ “အိမ်ထောင်ရေးကံကတော့ ပြောမနေချင်တော့ပါဘူး ကံကိုမကောင်းတာ”ဟု ဖွားရွှေက ဆေးပေါ့လိပ်ဖွာ ရင်း ခပ်ပြုံးပြုံးဆိုသည်။ တစ်ကိုယ်တည်းဖြစ်သွား သောဖွားရွှေက ပုံမှန်အလုပ်ကို ဆက်လုပ်သည်။ တစ်ယောက်တည်း ဆက်လက်ရှင်သန်ရန် ကြိုးပမ်း နေစဉ် သားကြီး အိမ်ထောင်ကွဲလာသဖြင့် သားအမိ နှစ်ယောက် ဆက်လက်ရုန်းကန်ရန် ကြံခဲ့သေးသော် လည်း အဆင်မပြေပါ။ သားကြီးက အရက်စွဲနေပြီဖြစ် သည်။ “ဒီလိုပဲ သားအမိနှစ်ယောက်နေခဲ့ကြတာ ပေါ့”ဟု ဖွားရွှေက သားကြီးကို လွမ်းလွမ်းဆွတ်ဆွတ် ဖြင့်ဆိုသည်။ ဂျာနယ်နှင့်သတင်းစာအပြင် ရယ်ဒီမိတ် ကော်ဖီထုပ်နှင့်ဆေးပေါ့လိပ်များကိုပါ တွဲဖက်ရောင်း ချကာ ဖွားရွှေက ဝမ်းစာရှာသည့်အလုပ်ကိုလုပ်ရင်း၊ သားကြီးက လည်း အရက်ဖိုးရှာရင်းဖြင့် သားအမိနှစ်ယောက် ဘဝကို ဆက်လက်စခန်းသွားနေကြစဉ် (၂၀၁၆)ခုနှစ်၌ ဖွားရွှေ မပဋာကိန်းဆိုက်သည်။
“(၂၀၁၆)ခုနှစ်မှာ သားနှစ်ယောက်စလုံးဆုံးတာ။ သားအငယ်က အရင်ဆုံးတယ်။ ပြီးတော့ လပဲခြားပြီး သားအကြီးဆုံးတာ”ဟု ဝေသီသောမျက်လုံးအစုံဖြင့် ဖွားရွှေကဆိုသည်။ ရင်ကွဲပက်လက်ဆိုသောစကားပုံ ကို ထိုစဉ်မှပင် ဖွားရွှေသိတော့သည်။ သားဆိုသည် မှာအားဟု မြန်မာစကားပုံတွင် ဆိုရိုးရှိ၏။ ထို့ပြင် လက်ရုံးဟုလည်း အချို့က ဆိုကြသည်။ ဖွားရွှေအတွက် အားဖြစ်သောလက်ရုံးနှစ်ဖက်စလုံး တစ်ပြိုင် နက်တည်းလိုလို ပြုတ်ထွက်သွားခြင်းပင်။ ထိုစဉ်က အဖြစ်အပျက်ကို ဖွားရွှေ ပြန်ပင်မစဉ်းစားချင်တော့ဟု ဆိုသည်။ မိခင်တစ်ယောက်၏သောကကို ဖွားရွှေ နှစ်ဆခံစားလိုက်ရသည်။ ရက်ပေါင်းများစွာငိုခဲ့ရသည်။ စိတ်ဓာတ်များလည်း ကျခဲ့ရသည်။ သို့သော် စိတ်ဓာတ်ကျ ၍ထူးမနေကြောင်း ဖွားရွှေသိသည်။ ဘဝကို လက်တွေ့ကျကျဖြတ်သန်းရန် ဆုံးဖြတ်ထား လေပြီဖြစ်သောဖွားရွှေအတွက် အားရအောင်ငိုပြီး နောက် သေရင်မြေကြီး ရှင်ရင်ရွှေထီးဟု သဘောထား လိုက်သည်။ မည်သူ့ကိုမျှ အားမကိုးတတ်သော ဖွားရွှေသည် တစ်ကိုယ်တည်းသမားဘဝကို ကျေကျေနပ် နပ်ခံယူသည်။ ထို့နောက် ဘဝကို ပုံမှန်အတိုင်း အကောင်းဆုံး ဆက်လက်ရှင်သန်ရန် ဆုံးဖြတ်သည်။ သားကြီးနှင့်အတူငှားနေသော နှစ်ခန်းပါ အိမ်ငယ်တွင် ဆက်လက်နေထိုင်ပြီး လက်ငုတ်လက်ရင်းအလုပ်ကို ပင်ပြန်လုပ်သည်။ စင်စစ်အားဖြင့် ဖွားရွှေ၏ ဂျာနယ်ရောင်းသည့်နေရာမှာ များစွာမကြီး ကျယ်လှပါ။ ခုံငယ်တစ်ခုပေါ်တင်ပြီး ရောင်းချခြင်းဖြစ်သည်။ သို့သော် ဤအရာသည်ပင် ဖွားရွှေအတွက် စိတ်တည် ငြိမ်ရာနှင့် ဘဝဖြစ်လာသည်။ ထို့ပြင် တစ်ကိုယ်ရေ တစ်ကာ ယသမားဖြစ်သည့်အတွက် အထက်ပါငှားရမ်းနေထိုင် သောအခန်းသည်ပင် မလိုအပ်တော့ဟု ဖွားရွှေတွေး သည်။ ငွေကိုလည်း ချွေတာလိုသည်။ ထို့ကြောင့် တစ်ခန်းတည်း သာပါသော အဆောင်သို့ပြောင်းသည်။ ဖွားရွှေ၏အခန်းသည် အိပ်ရာနှင့်ပစ္စည်းများထားရုံ ဖြင့်ပြည့်နေပြီဖြစ်သော ကြောင့် လိုအပ်ချက်နှင့်လည်း ကွက်တိကျသည်။
“သားကြီးရှိတုန်းကတော့ သူက အပြင်မှာအိပ် ငါက အထဲမှာ အိပ်ပေါ့။ နောက်တော့ အထဲအခန်းမှာ ငါလည်း မအိပ်တော့ဘူး။ အပြင်ခန်းမှာပဲ အိပ်တော့ တယ်။ ပြီးတော့ အခုနေရာကိုပြောင်းလာခဲ့တာ” ဟု ဖွားရွှေကဆိုသည်။ ထို့ပြင် တစ်နေ့တာလုပ်ငန်းဆောင်တာများအားလုံးသည် ဖွားရွှေအတွက် ပုံမှန် နရီစည်းချက်အတိုင်း ဖြစ်လာသည်။
“မနက်ဆို သုံးနာရီခွဲထတယ်။ ရေနွေးအိုးတည်တယ်။ ဘုရားရှိခိုးတယ်။ နောက်ဖေးနောက်ဖီသွားတယ်။ လေးနာရီဆယ့်ငါးမိနစ်ကျတော့ လမ်းထိပ်ကို ဈေးကားဆီသွားတယ်။ ပြီးတော့ သမိုင်းကိုသွားပြီး ဂျာနယ်နဲ့သတင်းစာ တွေယူတယ်။ ရောင်းတဲ့နေရာကို မနက်ခြောက်နာရီလောက်ရောက်တယ်။ တစ်ခါတ လေကျ မိုးတောင်မလင်းသေးဘူး ရောက်နေပြီ” ဟု ဖွားရွှေ နေ့တစ်နေ့၏အစကို ပြောပြသည်။ ထို့နောက် တစ်နေကုန်နီးပါး ဖွားရွှေက ဆိုင်နေရာတွင် ရောင်းချစရာရှိသည်များကို ညနေပိုင်းပြန်ချိန်အထိ ရောင်းချသည်။ စကားများများစားစားမပြောသော်ငြား အလုပ်အပေါ် သာ အာရုံစိုက်သောဖွားရွှေကို ပတ် ဝန်းကျင်ကလည်း ချစ်ကြသည်။ ဝယ်သူကို ငြူငြူစူစူ မရှိဘဲ ပြုံးပြီးဆက်ဆံတတ်ကာ ဝယ်သူပါးသောနေ့ များတွင် မျက်နှာမကောင်းတတ်သောဖွားရွှေကို စ ကြသည်။ ထိုသို့သောအခါများတွင် ဖွားရွှေမျက်နှာ ပြုံးသွားတတ်၏။ ထို့ပြင် စားစရာများကိုလည်း ကြုံ လျှင်ပေးတတ်ကြသေးသည်။ အဆိုပါ မေတ္တာစာများမှာလည်း အကျန်များမဟုတ်။ အကောင်းများကိုသာ ပေးကြခြင်းဖြစ်သည်။
“ပြန်သွားရင်တော့ ဟိုရောက်လို့ရှိရင် ဘယ်သူ့မှလည်း စကားမပြောဖြစ်ဘူး။ ငါကလည်း အိမ်တွေ ဘာတွေ လည်တတ်တဲ့အကျင့် မရှိဘူးလေ။ အိမ်ရောက်ပြီး ချက်ပြုတ်၊ ရေချိုးဘုရားရှိခိုးပေါ့။ သူများ အိမ်ကိုလည်း ဧည့်သည် လုပ်ပြီးသွားမလည်တတ်ဘူး” ဟု ဖွားရွှေကဆိုသည်။ ပုံမှန် ဈေးရောင်းချ၍ရသည့် ငွေများမှာ ဖွားရွှေအတွက် သုံးစရာ
အလွန်အမင်း မရှိလှပါ။ မူလကပင် ချွေချွေတာတာ နေတတ်သော ဖွားရွှေအတွက် အနည်းငယ် စုမိဆောင်းမိရှိသည်။ ပတ်ဝန်းကျင်ကပေးသော စားစရာနှင့်သီးနှံ အချို့ကို ပင်လျှင် ရင်းနှီးသောဖောက်သည်အချို့ကို ဘွားရွှေက ရံဖန်ရံခါပြန် ကျွေးတတ်သေးသည်။ “ယူသွား အကောင်းကြီးပဲရှိသေးတယ် စားလို့ရတယ်”ဟု စားစ ရာပေးကာ ပြောတတ်သော စကားမှာ စကားအလှ များ တန်ဆာဆင်ထည့်သွင်းခြင်းမရှိဘဲ ဖွားရွှေ၏ ဝသီအတိုင်း ပြောခြင်းဖြစ်သော်လည်း တစ်ဖက်လူက မေတ္တာကိုခံစားရသည်။
ထို့ပြင် ကျစ်ကျစ်ပါအောင်စုထားသောငွေများဖြင့် ဖွားရွှေသည် တစ်နှစ်တစ်ခါ ပုံမှန်အလှူငယ် တစ်ခုလုပ် နိုင်သည်။ အလှူကိုလည်း ကွယ်လွန်သူ ခင်ပွန်းဟောင်း၏ကျေးရွာဘက်တွင် ပြန်လုပ်လေ့ရှိ သည်။ “နိုင်သလောက် လှူတာပေါ့။ ဟိုမှာက ရန်ကုန် လိုမဟုတ်ဘူး ချို့တဲ့ကြတာ” ဟု ဖွားရွှေကဆိုသည်။
ပုံမှန်ဖြစ်နေသော ဖွားရွှေ၏ဘဝအတွက် တစ်ကြိမ်တွင်မူ ကံကြမ္မာဆိုးတစ်ခုဝင်လာသေးသည်။ ဘယ် ဘက်ခြေ သန်းမှ နာကျင်လာခြင်းဖြစ်သည်။ သက်သာ လိုသက်သာငြား ဆေးမြီးတိုများဖြင့်ကုသည်။ သို့သော် အလျှင်းမပျောက် သည့်အပြင် အနာက သည်းလာ တတ်သေး၏။ ထို့ကြောင့် ဆရာဝန်ကိုပြသရာ နှစ်ရှည်လများ ဆေးလိပ်သောက်လာ သောအကျိုးကြောင့် သွေးကြောပိတ်ခြင်းဟုအဖြေထွက်သည်။ ရောဂါကြီးကြီးမားမားမဖြစ်ပါစေနှင့်ဟု ဆုတောင်း ထားသော ဖွားရွှေ၏ဆုတောင်း တစ်ဝက်ပြည့်သွားသည်။ ကျန်တစ်ဝက်တော့ မပြည့်လိုက်ပါ။ အဆိုပါ ဝေဒနာကို သက်သာရန်အတွက် ဘယ်ဘက်ခြေသန်းကို ခွဲစိတ်ဖြတ်တောက်ကုသရမည်ဟု ဆရာဝန်က ဆိုလာသည်။
ဖွားရွှေ ငွေကြေးအတွက်ပူပန်ရပြန်သည်။ စုထားဆောင်းထားသည့် ပိုက်ဆံအချို့ရှိသည်ဟုဆို သော်လည်း ဆေးဖိုးပြည့်မီနိုင်မည်လားဟု ပူပန်သည်။ ထိုအခါ ပတ်ဝန်းကျင်မှအကူအညီများကို ဖွားရွှေရရှိသည်။ ဆေးကုသရန် အတွက် အလုံးစုံ ပြည့်စုံခြင်းမရှိသော်လည်း တစ်သောင်းနှစ်သောင်းမှ စတင်ကာ နှစ်သိန်းအထိ ဖွားရွှေကိုထောက်ပံ့ သူများရှိခဲ့သည်။ ထိုအခါ စုထားသောငွေအပြင် ဆေးဖိုးအတွက်အထောက်အပံ့ရရှိပြီး ကောင်းစွာ ဆေးဝါးကု သနိုင်ခဲ့ သည်။ ဆေးရုံတက်ပြီး နားနေစဉ်ကာလတွင်လည်း အဆောင်ပိုင်ရှင်မိသားစုက နာလန်ထစ အညှော်ရှောင်နေရသော ဖွားရွှေအတွက် ဟင်းပို့ပေးသည်။ ဤသို့ဖြင့် ဖွားရွှေကျန်းမာလာ
သည်။
ထို့နောက် ပုံမှန်လုပ်ငန်းဆောင်တာများကို ဆက်လုပ်သည်။ ဖွားရွှေသည် စကားများစွာ ပြော တတ်သူ မဟုတ်ပါ။ မေးလျှင်တော့ပြောသည်။ ဆိုင် တွင်လာထိုင်သူများ၏ပြောသမျှကိုလည်း နားထောင်တတ်သည်။ တစ်ခါတစ်ရံ စိတ်ပေါက်လျှင် ငယ်ဘဝ အကြောင်းများကိုပြောတတ်သည်။ ဖွားရွှေ၏ နွေး ထွေးသောအပြုံးနှင့် စကားခပ် ပြတ်ပြတ် ပြောတတ် ခြင်းကပင်လျှင် ဖောက်သည်များကို ဆွဲဆောင်ရာ တစ်ခုဖြစ်နေသည်။ “အားကတော့ မငယ်ပါဘူး။ သူ များကိုလည်းအားမကိုးတတ်ဘူးဟ။ တစ်ယောက် တည်းလည်း လုပ်စားနိုင်တာပဲ။ နောက်ဆုံးအချိန် အထိတော့ အလုပ်လုပ်သွားမှာ”ဟု ဖွားရွှေက ထုံးစံအတိုင်း စကားခပ်ပြတ်ပြတ်ဆိုသည်။ ညနေပိုင်းသုံး နာရီခွဲခန့်တွင် ဖွားရွှေဆိုင်သိမ်းကာ အထုပ်ငယ် တစ်ထုပ်ကိုလွယ်ပြီး အိမ်ပြန်မည်။ ပြီးလျှင် နေ့ရက်များစွာကို ယနေ့ ဈေးရောင်း ကောင်းမည်လော ဆို သည့်စိတ်ဖြင့် ခွန်အားမွေးကာ တစ်နေ့ပြီးတစ်နေ့ဖြတ်သန်းနေပေလိမ့်မည်။
zawgyi version
‘ဖြားေ႐ႊ’ (သို႔) ဘဝအေမာၾကားက မၿငိမ္းေသာ မီးေတာက္ငယ္
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၃
ေန႔စဥ္ ညေနပိုင္း (၃) နာရီခြဲခန႔္တြင္မရမ္းကုန္း ၿမိဳ႕နယ္ရွိ ၿမိဳင္ေဟဝန္ပန္းၿခံအနီး၌ အရပ္ငါးေပခန႔္ ရွိၿပီး ကိုယ္လုံးကိုယ္ထည္ေသးေသးျဖင့္ အသက္ (၇၀) နီးပါးရွိေသာအဖြားေ႐ႊကို အိတ္တစ္လုံးလြယ္ လ်က္သားျဖင့္ ေတြ႕ၾကရေပလိမ့္မည္။ ဤအခ်ိန္ကား အဖြားေ႐ႊ ပုံမွန္အိမ္ျပန္ခ်ိန္ေပတည္း။
ရန္ကုန္တိုင္းေဒသႀကီး အလုံၿမိဳ႕နယ္သူျဖစ္ေသာ ဖြားေ႐ႊသည္ သားသမီး (၉) ေယာက္ရွိသည့္မိ သားစုတြင္ သမီးႀကီးျဖစ္ရာ ေမာင္ႏွမမ်ားကို ငဲ့ညႇာ ေသာအားျဖင့္ အမ်ားနည္းတူ ပညာမသင္ၾကားႏိုင္ခဲ့ပါ။ ေက်ာင္းထြက္ၿပီး ဖခင္ႏွင့္အတူ သတင္းစာ၊ ဂ်ာနယ္မ်ားကို စတင္ေရာင္းခ်ရင္း မိသားစုတာဝန္ကို စတင္ထမ္းေဆာင္ခဲ့ရသည္။ “လုပ္ႏိုင္တယ္ေဟ့ဆိုတည္းက အလုပ္လုပ္ရတာေလ။ ေမြးထားတာက ကိုးေယာက္၊ ငါကအႀကီးဆုံး။ ဖေအနဲ႔ဒိုးတူ ေပါင္ဖက္ လုပ္ရတာေပါ့။ ဖေအနဲ႔လိုက္ရတာ။ ေက်ာင္းက ေျခာက္တန္းအထိပဲေနခဲ့ရတယ္။ ဘားမားစတားေခတ္ေလ။ တစ္ ေစာင္မွ (၁၅) ျပားလား ေပးရတယ္ အေႂကြေခတ္က။ လြယ္အိတ္ႀကီးလြယ္၊ ထည့္ၿပီးေရာင္းရတာ” ဟု ဖြားေ႐ႊက အတိတ္ကိုေတြးရင္းဆိုသည္။ ေျပာရင္း အတိတ္ကို ပိုၿပီး မွတ္မိလာဟန္တူ၏။ ဖြားေ႐ႊကပင္ ျဖည့္စြက္ရင္းေျပာသည္။
“လြယ္အိတ္ထဲမွာဆိုတာေလ အေႂကြေစ့ေတြက ခ်လြင္ခ်လြင္နဲ႔။ ေျပးေျပးၿပီးေရာင္းရတာ”ဟု ဖြားေ႐ႊက ရယ္သံစြက္ေသာအသံျဖင့္ဆိုသည္။ ေလာကဓံကိုအံတုလုပ္ကိုင္ရင္း ဖြားေ႐ႊ မဟုတ္ေသးေသာ မေ႐ႊသည္ အသက္ (၁၈)ႏွစ္တြင္ ၎ထက္သုံး ႏွစ္ႀကီးသူ ေပါင္းတည္ၿမိဳ႕နယ္မွ ရန္ကုန္သို႔ ေျပာင္းေ႐ႊ႕အေျခခ်ေသာ အမ်ိဳးသားတစ္ဦးႏွင့္ အေၾကာင္းပါသည္။ အိမ္ေထာင္သက္ကာလတစ္ေလွ်ာက္လုံး ေပ်ာ္႐ႊင္ခ်မ္းေျမ့ခဲ့၏။ သားႏွစ္ဦးလည္း ထြန္းကားခဲ့ သည္။ သို႔ေသာ္ အေပ်ာ္ကား ၾကာၾကာမခံပါ။ မေ႐ႊအသက္(၂၄)ႏွစ္အ႐ြယ္တြင္ ခင္ပြန္းသည္က လူ႔ ေလာကကိုစြန႔္ခြာသြားခဲ့ရာ အသက္(၃)ႏွစ္ႏွင့္(၁) ႏွစ္႐ြယ္ လူမမည္သားႏွစ္ဦးႏွင့္အတူ ဘဝကို ေရွ႕ ဆက္ရန္အေၾကာင္းဖန္လာခဲ့သည္။ ကံဆိုး၊ ကံ ေကာင္းဟုပင္ေခၚရမည္လားမသိ။ ခင္ပြန္းသည္မဆုံး ပါးမီကပင္ ေယာကၡမျဖစ္သူႏွင့္အတူ ငွားရမ္းထား ေသာအိမ္တြင္ တစ္အိမ္တည္းေနျခင္းျဖစ္ရာ ေယာကၡမ က မေ႐ႊကိုခ်စ္သည္။ မေ႐ႊကလည္း သမီးအရင္းပမာ ျပဳစုခဲ့သည္။ ထို႔ေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ မုဆိုးမျဖစ္လာခဲ့ေသာ မေ႐ႊအတြက္ ေယာကၡမသည္ စိတ္ပိုင္းဆိုင္ရာ အားကိုးရာတစ္ခုျဖစ္ လာသည္။ ယခင္က ေမာင္တစ္ထမ္း မယ္တစ္႐ြက္၊ ယခုေတာ့ မေ႐ႊတစ္ ေယာက္တည္းျဖစ္သြားၿပီ။ သို႔ေသာ္ အားမ ေလွ်ာ့ပါ။ ေယာကၡမကိုျပဳစုရင္း၊ လူမမည္သားႏွစ္ေယာက္ကို လည္း ရွာေဖြေကြၽးေမြးရင္း ေယာကၡႏွင့္အတူ ခင္ပြန္း သည္၏ဇာတိျဖစ္ရာ ေပါင္းတည္ၿမိဳ႕နယ္ရွိ ေက်း႐ြာတစ္႐ြာသို႔ တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ ထုံးမူကာ ေျပာင္းေ႐ႊ႕ အေျခခ်ၿပီး ေက်းလက္လုပ္ငန္းမ်ားကို ကံဇာတ္ဆရာအလိုက် လုပ္ကိုင္ရသည္။ “ေယာကၡမက အသက္ (၅၀) ေလာက္ က်ေတာ့ ဖြားသီလဝတ္သြားတယ္” ဟု ဘြားေ႐ႊကဆိုသည္။
ရန္ကုန္သူ မေ႐ႊသည္ ေပါင္းသင္၊ ျမက္ႏုတ္မွ စတင္ကာ ေက်းလက္ေနေတာင္သူတို႔လုပ္ကိုင္သမွ်ကို အမ်ားနည္းတူလုပ္ကိုင္ႏိုင္ခဲ့ေသာေၾကာင့္ ခ်ီးမြမ္းခံရသည္။ တစ္ဖက္တြင္ သီလရွင္ ေယာကၡမအတြက္ လိုအပ္သမွ် ကိုလည္း ပံ့ပိုးသည္။ “ေယာကၡမကလည္း သီလရွင္ေက်ာင္းမွာဆိုေတာ့ လိုရင္ျပဳစု၊ ေထာက္ပံ့ေပါ့။ ကိုယ့္ဘာသာ အတြက္လည္း ကိုယ္ကရွာရတာေပါ့။ အဲဒီကလူေတြက အံ့ေတြဩေနၾကတာ။ ရန္ကုန္ သူက လုပ္ႏိုင္ပါလားေပါ့။ အကုန္ လုပ္တာ ႐ြာကလူ ေတြလုပ္တဲ့အလုပ္ေတြကို။ သူတို႔တတ္ရင္ ငါဘာလို႔ မတတ္ရမွာလဲဆိုတဲ့ စိတ္နဲ႔လုပ္တာ” ဟုဖြားေ႐ႊက ဆိုသည္။
အသက္ငယ္ငယ္ျဖင့္မုဆိုးမျဖစ္သြားေသာ ဖြားေ႐ႊကို ခင္ပြန္းေဟာင္းမိသားစုက စာနာသည္။ ထို႔ျပင္ ကေလးႏွစ္ ေယာက္၏ေနာင္ေရးအတြက္လည္း ေတြးပူေသာေၾကာင့္ ႐ြာထဲမွ ႐ိုးသားဟန္ရွိေသာ လူပ်ိဳတစ္ ေယာက္ႏွင့္ေပးစား လိုက္ၾကသည္။ ထိုစဥ္က မေ႐ႊ အသက္မွာ (၂၇)၊ (၂၈) ႏွစ္သာရွိေသး၏။ “သူတို႔က သူတို႔တူႏွစ္ေယာက္ကို ရန္ကုန္ ထည့္ဖို႔ စိတ္မခ်ဘူး၊ သူစိမ္းနဲ႔ျဖစ္မွာမဟုတ္ဘူးဆိုၿပီး လင္ေပးစားလိုက္ၾက တာ”ဟု ဖြားေ႐ႊက ရယ္ရင္းဆိုသည္။ တစ္ပင္လဲမူ တစ္ပင္ထူၿပီးေနာက္ လင္မယားႏွစ္ေယာက္ ႐ြာတြင္ ဒိုးတူေပါင္ဖက္ လုပ္ကိုင္စားေသာက္ၾကေသး၏။ ထို စဥ္ သတင္းတစ္ခုေရာက္လာသည္။ မေ႐ႊအတြက္လည္း ရန္ကုန္ျပန္ရန္ ကံဖန္လာျခင္းျဖစ္သည္။ ညီမ ျဖစ္သူကြယ္လြန္သြားေသာေၾကာင့္ ယခင္ လက္ငုတ္ လက္ရင္းျဖစ္ေသာ သတင္းစာႏွင့္ဂ်ာနယ္ကို ျပန္ လည္ေရာင္းခ်ရန္ ရန္ကုန္ၿမိဳ႕သို႔ ေျခဦးျပန္လွည့္ခဲ့သည္။ “သားႀကီးကို ေယာကၡမကေခၚထားလိုက္တယ္။ သားငယ္ကေတာ့ ငါနဲ႔အတူ တူပါလာတာ” ဟု ဖြားေ႐ႊကဆိုသည္။
ရန္ကုန္ေျမကို တစ္ေက်ာ့ျပန္နင္းေသာ ဖြားေ႐ႊအတြက္ အစစအရာရာ အသစ္ကျပန္စရသည္။ အိမ္ ျပန္ငွား ရသည္။ ညီမ၏ေဖာက္သည္မ်ားကို ျပန္စုရ သည္။ သို႔ေသာ္ ယခင္ကလုပ္ခဲ့ဖူးသည္မို႔ အလြန္အ မင္းမခက္ခဲလွပါ။ သို႔ေသာ္ ခက္သည္က ဒုတိယ အိမ္ေထာင္အမ်ိဳးသားျဖစ္သည္။ “ရန္ကုန္ေရာက္ၿပီး အခ်ိဳးေျပာင္းလာတာ။ အရင္က ႐ြာမွာတုန္းကေတာ့ ေအးေအးေဆးေဆးသမား။ ရန္ကုန္ေရာက္ေတာ့ မိန္းမက ေပြခ်င္လာတယ္။ အေသာက္အစား လည္း ရွိလာတယ္။ ငါပဲ ျပန္ရွာေကြၽးရတာေပါ့” ဟု ဖြားေ႐ႊ ကဆိုသည္။ ေယာက်ာ္းျဖစ္သူ၏ဒဏ္ကို ႏွစ္မ်ားစြာ ဖြားေ႐ႊ သည္းညည္းခံ၏။ သားငယ္ကလည္း တတ္ႏိုင္သေလာက္ အိမ္ကို ျပန္လည္ေထာက္ပံ့၏။ သို႔ႏွင့္ အိမ္ငွားဘဝျဖင့္ပင္ ဖြားေ႐ႊက ဘဝကို ဆက္လက္ ျဖတ္သန္းသည္။
ထို႔ေနာက္ ေယာကၡမလည္း ကြယ္လြန္ရွာသျဖင့္ သားႀကီးက ဖြားေ႐ႊထံ ျပန္ေရာက္လာသည္။ မိသား စုစုံစုံညီညီေနရ႐ုံျဖင့္ ႏွစ္သိမ့္ေက်နပ္သည္။ သို႔ေသာ္ လူငယ္တို႔သဘာဝကိုကား မလြန္ဆန္ႏိုင္ပါ။ သား ႀကီးႏွင့္သားငယ္ အိမ္ေထာင္က်သြားသျဖင့္ အိမ္ေထာင္ခြဲကာ လက္လႊတ္လိုက္ရသည္။ ေယာက်ာ္းျဖစ္ သူကလည္း တစ္အိုးတစ္အိမ္ အသစ္ထူေထာင္ရန္ လုပ္လာသျဖင့္ အသက္ (၅၀) အ႐ြယ္ခန႔္တြင္ ဖြားေ႐ႊ၏ ဒုတိယအိမ္ေထာင္ေရး ဆုံးခန္းတိုင္ခဲ့သည္။ “အိမ္ေထာင္ေရးကံကေတာ့ ေျပာမေနခ်င္ေတာ့ပါဘူး ကံကိုမေကာင္းတာ”ဟု ဖြားေ႐ႊက ေဆးေပါ့လိပ္ဖြာ ရင္း ခပ္ၿပဳံးၿပဳံးဆိုသည္။ တစ္ကိုယ္တည္းျဖစ္သြား ေသာဖြားေ႐ႊက ပုံမွန္အလုပ္ကို ဆက္လုပ္သည္။ တစ္ေယာက္တည္း ဆက္လက္ရွင္သန္ရန္ ႀကိဳးပမ္း ေနစဥ္ သားႀကီး အိမ္ေထာင္ကြဲလာသျဖင့္ သားအမိ ႏွစ္ေယာက္ ဆက္လက္႐ုန္းကန္ရန္ ႀကံခဲ့ေသးေသာ္ လည္း အဆင္မေျပပါ။ သားႀကီးက အရက္စြဲေနၿပီျဖစ္ သည္။ “ဒီလိုပဲ သားအမိႏွစ္ေယာက္ေနခဲ့ၾကတာ ေပါ့”ဟု ဖြားေ႐ႊက သားႀကီးကို လြမ္းလြမ္းဆြတ္ဆြတ္ ျဖင့္ဆိုသည္။ ဂ်ာနယ္ႏွင့္သတင္းစာအျပင္ ရယ္ဒီမိတ္ ေကာ္ဖီထုပ္ႏွင့္ေဆးေပါ့လိပ္မ်ားကိုပါ တြဲဖက္ေရာင္း ခ်ကာ ဖြားေ႐ႊက ဝမ္းစာရွာသည့္အလုပ္ကိုလုပ္ရင္း၊ သားႀကီးက လည္း အရက္ဖိုးရွာရင္းျဖင့္ သားအမိႏွစ္ေယာက္ ဘဝကို ဆက္လက္စခန္းသြားေနၾကစဥ္ (၂၀၁၆)ခုႏွစ္၌ ဖြားေ႐ႊ မပဋာကိန္းဆိုက္သည္။
“(၂၀၁၆)ခုႏွစ္မွာ သားႏွစ္ေယာက္စလုံးဆုံးတာ။ သားအငယ္က အရင္ဆုံးတယ္။ ၿပီးေတာ့ လပဲျခားၿပီး သားအႀကီးဆုံးတာ”ဟု ေဝသီေသာမ်က္လုံးအစုံျဖင့္ ဖြားေ႐ႊကဆိုသည္။ ရင္ကြဲပက္လက္ဆိုေသာစကားပုံ ကို ထိုစဥ္မွပင္ ဖြားေ႐ႊသိေတာ့သည္။ သားဆိုသည္ မွာအားဟု ျမန္မာစကားပုံတြင္ ဆို႐ိုးရွိ၏။ ထို႔ျပင္ လက္႐ုံးဟုလည္း အခ်ိဳ႕က ဆိုၾကသည္။ ဖြားေ႐ႊအတြက္ အားျဖစ္ေသာလက္႐ုံးႏွစ္ဖက္စလုံး တစ္ၿပိဳင္ နက္တည္းလိုလို ျပဳတ္ထြက္သြားျခင္းပင္။ ထိုစဥ္က အျဖစ္အပ်က္ကို ဖြားေ႐ႊ ျပန္ပင္မစဥ္းစားခ်င္ေတာ့ဟု ဆိုသည္။ မိခင္တစ္ေယာက္၏ေသာကကို ဖြားေ႐ႊ ႏွစ္ဆခံစားလိုက္ရသည္။ ရက္ေပါင္းမ်ားစြာငိုခဲ့ရသည္။ စိတ္ဓာတ္မ်ားလည္း က်ခဲ့ရသည္။ သို႔ေသာ္ စိတ္ဓာတ္က် ၍ထူးမေနေၾကာင္း ဖြားေ႐ႊသိသည္။ ဘဝကို လက္ေတြ႕က်က်ျဖတ္သန္းရန္ ဆုံးျဖတ္ထား ေလၿပီျဖစ္ေသာဖြားေ႐ႊအတြက္ အားရေအာင္ငိုၿပီး ေနာက္ ေသရင္ေျမႀကီး ရွင္ရင္ေ႐ႊထီးဟု သေဘာထား လိုက္သည္။ မည္သူ႔ကိုမွ် အားမကိုးတတ္ေသာ ဖြားေ႐ႊသည္ တစ္ကိုယ္တည္းသမားဘဝကို ေက်ေက်နပ္ နပ္ခံယူသည္။ ထို႔ေနာက္ ဘဝကို ပုံမွန္အတိုင္း အေကာင္းဆုံး ဆက္လက္ရွင္သန္ရန္ ဆုံးျဖတ္သည္။ သားႀကီးႏွင့္အတူငွားေနေသာ ႏွစ္ခန္းပါ အိမ္ငယ္တြင္ ဆက္လက္ေနထိုင္ၿပီး လက္ငုတ္လက္ရင္းအလုပ္ကို ပင္ျပန္လုပ္သည္။ စင္စစ္အားျဖင့္ ဖြားေ႐ႊ၏ ဂ်ာနယ္ေရာင္းသည့္ေနရာမွာ မ်ားစြာမႀကီး က်ယ္လွပါ။ ခုံငယ္တစ္ခုေပၚတင္ၿပီး ေရာင္းခ်ျခင္းျဖစ္သည္။ သို႔ေသာ္ ဤအရာသည္ပင္ ဖြားေ႐ႊအတြက္ စိတ္တည္ ၿငိမ္ရာႏွင့္ ဘဝျဖစ္လာသည္။ ထို႔ျပင္ တစ္ကိုယ္ေရ တစ္ကာ ယသမားျဖစ္သည့္အတြက္ အထက္ပါငွားရမ္းေနထိုင္ ေသာအခန္းသည္ပင္ မလိုအပ္ေတာ့ဟု ဖြားေ႐ႊေတြး သည္။ ေငြကိုလည္း ေခြၽတာလိုသည္။ ထို႔ေၾကာင့္ တစ္ခန္းတည္း သာပါေသာ အေဆာင္သို႔ေျပာင္းသည္။ ဖြားေ႐ႊ၏အခန္းသည္ အိပ္ရာႏွင့္ပစၥည္းမ်ားထား႐ုံ ျဖင့္ျပည့္ေနၿပီျဖစ္ေသာ ေၾကာင့္ လိုအပ္ခ်က္ႏွင့္လည္း ကြက္တိက်သည္။
“သားႀကီးရွိတုန္းကေတာ့ သူက အျပင္မွာအိပ္ ငါက အထဲမွာ အိပ္ေပါ့။ ေနာက္ေတာ့ အထဲအခန္းမွာ ငါလည္း မအိပ္ေတာ့ဘူး။ အျပင္ခန္းမွာပဲ အိပ္ေတာ့ တယ္။ ၿပီးေတာ့ အခုေနရာကိုေျပာင္းလာခဲ့တာ” ဟု ဖြားေ႐ႊကဆိုသည္။ ထို႔ျပင္ တစ္ေန႔တာလုပ္ငန္းေဆာင္တာမ်ားအားလုံးသည္ ဖြားေ႐ႊအတြက္ ပုံမွန္ နရီစည္းခ်က္အတိုင္း ျဖစ္လာသည္။
“မနက္ဆို သုံးနာရီခြဲထတယ္။ ေရေႏြးအိုးတည္တယ္။ ဘုရားရွိခိုးတယ္။ ေနာက္ေဖးေနာက္ဖီသြားတယ္။ ေလးနာရီဆယ့္ငါးမိနစ္က်ေတာ့ လမ္းထိပ္ကို ေဈးကားဆီသြားတယ္။ ၿပီးေတာ့ သမိုင္းကိုသြားၿပီး ဂ်ာနယ္နဲ႔သတင္းစာ ေတြယူတယ္။ ေရာင္းတဲ့ေနရာကို မနက္ေျခာက္နာရီေလာက္ေရာက္တယ္။ တစ္ခါတ ေလက် မိုးေတာင္မလင္းေသးဘူး ေရာက္ေနၿပီ” ဟု ဖြားေ႐ႊ ေန႔တစ္ေန႔၏အစကို ေျပာျပသည္။ ထို႔ေနာက္ တစ္ေနကုန္နီးပါး ဖြားေ႐ႊက ဆိုင္ေနရာတြင္ ေရာင္းခ်စရာရွိသည္မ်ားကို ညေနပိုင္းျပန္ခ်ိန္အထိ ေရာင္းခ်သည္။ စကားမ်ားမ်ားစားစားမေျပာေသာ္ျငား အလုပ္အေပၚ သာ အာ႐ုံစိုက္ေသာဖြားေ႐ႊကို ပတ္ ဝန္းက်င္ကလည္း ခ်စ္ၾကသည္။ ဝယ္သူကို ျငဴျငဴစူစူ မရွိဘဲ ၿပဳံးၿပီးဆက္ဆံတတ္ကာ ဝယ္သူပါးေသာေန႔ မ်ားတြင္ မ်က္ႏွာမေကာင္းတတ္ေသာဖြားေ႐ႊကို စ ၾကသည္။ ထိုသို႔ေသာအခါမ်ားတြင္ ဖြားေ႐ႊမ်က္ႏွာ ၿပဳံးသြားတတ္၏။ ထို႔ျပင္ စားစရာမ်ားကိုလည္း ႀကဳံ လွ်င္ေပးတတ္ၾကေသးသည္။ အဆိုပါ ေမတၱာစာမ်ားမွာလည္း အက်န္မ်ားမဟုတ္။ အေကာင္းမ်ားကိုသာ ေပးၾကျခင္းျဖစ္သည္။
“ျပန္သြားရင္ေတာ့ ဟိုေရာက္လို႔ရွိရင္ ဘယ္သူ႔မွလည္း စကားမေျပာျဖစ္ဘူး။ ငါကလည္း အိမ္ေတြ ဘာေတြ လည္တတ္တဲ့အက်င့္ မရွိဘူးေလ။ အိမ္ေရာက္ၿပီး ခ်က္ျပဳတ္၊ ေရခ်ိဳးဘုရားရွိခိုးေပါ့။ သူမ်ား အိမ္ကိုလည္း ဧည့္သည္ လုပ္ၿပီးသြားမလည္တတ္ဘူး” ဟု ဖြားေ႐ႊကဆိုသည္။ ပုံမွန္ ေဈးေရာင္းခ်၍ရသည့္ ေငြမ်ားမွာ ဖြားေ႐ႊအတြက္ သုံးစရာ
အလြန္အမင္း မရွိလွပါ။ မူလကပင္ ေခြၽေခြၽတာတာ ေနတတ္ေသာ ဖြားေ႐ႊအတြက္ အနည္းငယ္ စုမိေဆာင္းမိရွိသည္။ ပတ္ဝန္းက်င္ကေပးေသာ စားစရာႏွင့္သီးႏွံ အခ်ိဳ႕ကို ပင္လွ်င္ ရင္းႏွီးေသာေဖာက္သည္အခ်ိဳ႕ကို ဘြားေ႐ႊက ရံဖန္ရံခါျပန္ ေကြၽးတတ္ေသးသည္။ “ယူသြား အေကာင္းႀကီးပဲရွိေသးတယ္ စားလို႔ရတယ္”ဟု စားစ ရာေပးကာ ေျပာတတ္ေသာ စကားမွာ စကားအလွ မ်ား တန္ဆာဆင္ထည့္သြင္းျခင္းမရွိဘဲ ဖြားေ႐ႊ၏ ဝသီအတိုင္း ေျပာျခင္းျဖစ္ေသာ္လည္း တစ္ဖက္လူက ေမတၱာကိုခံစားရသည္။
ထို႔ျပင္ က်စ္က်စ္ပါေအာင္စုထားေသာေငြမ်ားျဖင့္ ဖြားေ႐ႊသည္ တစ္ႏွစ္တစ္ခါ ပုံမွန္အလႉငယ္ တစ္ခုလုပ္ ႏိုင္သည္။ အလႉကိုလည္း ကြယ္လြန္သူ ခင္ပြန္းေဟာင္း၏ေက်း႐ြာဘက္တြင္ ျပန္လုပ္ေလ့ရွိ သည္။ “ႏိုင္သေလာက္ လႉတာေပါ့။ ဟိုမွာက ရန္ကုန္ လိုမဟုတ္ဘူး ခ်ိဳ႕တဲ့ၾကတာ” ဟု ဖြားေ႐ႊကဆိုသည္။
ပုံမွန္ျဖစ္ေနေသာ ဖြားေ႐ႊ၏ဘဝအတြက္ တစ္ႀကိမ္တြင္မူ ကံၾကမၼာဆိုးတစ္ခုဝင္လာေသးသည္။ ဘယ္ ဘက္ေျခ သန္းမွ နာက်င္လာျခင္းျဖစ္သည္။ သက္သာ လိုသက္သာျငား ေဆးၿမီးတိုမ်ားျဖင့္ကုသည္။ သို႔ေသာ္ အလွ်င္းမေပ်ာက္ သည့္အျပင္ အနာက သည္းလာ တတ္ေသး၏။ ထို႔ေၾကာင့္ ဆရာဝန္ကိုျပသရာ ႏွစ္ရွည္လမ်ား ေဆးလိပ္ေသာက္လာ ေသာအက်ိဳးေၾကာင့္ ေသြးေၾကာပိတ္ျခင္းဟုအေျဖထြက္သည္။ ေရာဂါႀကီးႀကီးမားမားမျဖစ္ပါေစႏွင့္ဟု ဆုေတာင္း ထားေသာ ဖြားေ႐ႊ၏ဆုေတာင္း တစ္ဝက္ျပည့္သြားသည္။ က်န္တစ္ဝက္ေတာ့ မျပည့္လိုက္ပါ။ အဆိုပါ ေဝဒနာကို သက္သာရန္အတြက္ ဘယ္ဘက္ေျခသန္းကို ခြဲစိတ္ျဖတ္ေတာက္ကုသရမည္ဟု ဆရာဝန္က ဆိုလာသည္။
ဖြားေ႐ႊ ေငြေၾကးအတြက္ပူပန္ရျပန္သည္။ စုထားေဆာင္းထားသည့္ ပိုက္ဆံအခ်ိဳ႕ရွိသည္ဟုဆို ေသာ္လည္း ေဆးဖိုးျပည့္မီႏိုင္မည္လားဟု ပူပန္သည္။ ထိုအခါ ပတ္ဝန္းက်င္မွအကူအညီမ်ားကို ဖြားေ႐ႊရရွိသည္။ ေဆးကုသရန္ အတြက္ အလုံးစုံ ျပည့္စုံျခင္းမရွိေသာ္လည္း တစ္ေသာင္းႏွစ္ေသာင္းမွ စတင္ကာ ႏွစ္သိန္းအထိ ဖြားေ႐ႊကိုေထာက္ပံ့ သူမ်ားရွိခဲ့သည္။ ထိုအခါ စုထားေသာေငြအျပင္ ေဆးဖိုးအတြက္အေထာက္အပံ့ရရွိၿပီး ေကာင္းစြာ ေဆးဝါးကု သႏိုင္ခဲ့ သည္။ ေဆး႐ုံတက္ၿပီး နားေနစဥ္ကာလတြင္လည္း အေဆာင္ပိုင္ရွင္မိသားစုက နာလန္ထစ အေညႇာ္ေရွာင္ေနရေသာ ဖြားေ႐ႊအတြက္ ဟင္းပို႔ေပးသည္။ ဤသို႔ျဖင့္ ဖြားေ႐ႊက်န္းမာလာ
သည္။
ထို႔ေနာက္ ပုံမွန္လုပ္ငန္းေဆာင္တာမ်ားကို ဆက္လုပ္သည္။ ဖြားေ႐ႊသည္ စကားမ်ားစြာ ေျပာ တတ္သူ မဟုတ္ပါ။ ေမးလွ်င္ေတာ့ေျပာသည္။ ဆိုင္ တြင္လာထိုင္သူမ်ား၏ေျပာသမွ်ကိုလည္း နားေထာင္တတ္သည္။ တစ္ခါတစ္ရံ စိတ္ေပါက္လွ်င္ ငယ္ဘဝ အေၾကာင္းမ်ားကိုေျပာတတ္သည္။ ဖြားေ႐ႊ၏ ေႏြး ေထြးေသာအၿပဳံးႏွင့္ စကားခပ္ ျပတ္ျပတ္ ေျပာတတ္ ျခင္းကပင္လွ်င္ ေဖာက္သည္မ်ားကို ဆြဲေဆာင္ရာ တစ္ခုျဖစ္ေနသည္။ “အားကေတာ့ မငယ္ပါဘူး။ သူ မ်ားကိုလည္းအားမကိုးတတ္ဘူးဟ။ တစ္ေယာက္ တည္းလည္း လုပ္စားႏိုင္တာပဲ။ ေနာက္ဆုံးအခ်ိန္ အထိေတာ့ အလုပ္လုပ္သြားမွာ”ဟု ဖြားေ႐ႊက ထုံးစံအတိုင္း စကားခပ္ျပတ္ျပတ္ဆိုသည္။ ညေနပိုင္းသုံး နာရီခြဲခန႔္တြင္ ဖြားေ႐ႊဆိုင္သိမ္းကာ အထုပ္ငယ္ တစ္ထုပ္ကိုလြယ္ၿပီး အိမ္ျပန္မည္။ ၿပီးလွ်င္ ေန႔ရက္မ်ားစြာကို ယေန႔ ေဈးေရာင္း ေကာင္းမည္ေလာ ဆို သည့္စိတ္ျဖင့္ ခြန္အားေမြးကာ တစ္ေန႔ၿပီးတစ္ေန႔ျဖတ္သန္းေနေပလိမ့္မည္။