ခေတ်မီဗိသုကာ လက်ရာတွေကြောင့် နာမည်ကျော်တဲ့ ရော့တာဒမ်

 408

Pika (NP News) - ဇန်နဝါရီ ၃

ရော့တာဒမ်မြို့သည် နယ်သာလန်နိုင်ငံတွင်းတွင် မြို့တော်အယ်စတာဒမ်ပြီးလျှင် ဒုတိယအကြီး ဆုံးမြို့ တစ်မြို့ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် မြို့တွင်းရှိ နေရာအများအပြားကို ပြန်လည်တည် ဆောက်ပြီး နောက်ပေါ်ထွက်လာပြီး ထင်ရှားသည့် ခေတ်မီဗိသုကာလက်ရာများကြောင့် နာမည်ကျော် ကြားသည်။ ရော့တာဒမ်မြို့သည် Rhine-Meuse-Scheldt မြစ်ဝကျွန်းပေါ်ဒေသ၏ North Seaပင်လယ်ဝ ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော South Holland ပြည် နယ်တွင် တည်ရှိသည့်မြို့တစ်မြို့ဖြစ်သည်။ ရော့တာဒမ်မြို့၏သမိုင်းကြောင်းကို ပြန်ကြည့်မည်ဆိုပါက ရော့တီမြစ်ပေါ်တွင် ရေကာတာတစ်ခု တည်ဆောက်ခဲ့သည့် (၁၂၇၀) ပြည့်နှစ်များကို ပြန်သွားရမည်ဖြစ် သည်။ (၁၃၄၀) ပြည့်နှစ်တွင် ရော့တာ ဒမ်မြို့ကို နယ်သာလန် နိုင်ငံ၏မင်းသား William IV က မြို့ လုပ်ပိုင်ခွင့်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် လူဦးရေ (၂ ဒသမ ၇) သန်းခန့်ရှိသော Rotterdam–The Hague မြို့ပြဧရိယာသည် ဥရော ပသမဂ္ဂတွင် (၁၀)ခုမြောက်အကြီးဆုံး မြို့ပြဧရိယာ တစ်ခုဖြစ်ပြီး နယ်သာလန်နိုင်ငံတွင်းတွင် လူဦးရေ အထူထပ်ဆုံး မြို့ပြဧရိယာတစ်ခုလည်းဖြစ်သည်။ အဓိက ထောက်ပံ့ပို့ဆောင်ရေးနှင့် စီးပွားရေးအချက် အချာနေရာတစ်ခုဖြစ်သော ရော့တာဒမ်မြို့သည် ဥရောပ၏အကြီးဆုံးပင်လယ်ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။ (၂၀၂၂)ခုနှစ်တွင် ရော့တာဒမ်မြို့၌ နေထိုင်သူလူဦးရေ (၆၅၅၄၆၈) ဦးရှိပြီး မတူညီသောနိုင်ငံသားပေါင်း (၁၈၀)ကျော်နေထိုင်သည့် နေရာတစ်ခုလည်းဖြစ်သည်။

ရော့တာဒမ်မြို့သည် ၎င်း၏တက္ကသိုလ်များ၊ မြစ်ကမ်းစပ်နေရာ၊ သက်ဝင်ယဉ်ကျေးမှုဘဝ၊ ရေ ကြောင်း အမွေအနှစ်များနှင့် ခေတ်မီဗိသုကာပညာကြောင့် နာမည်ကျော်ကြားသည်။ ဒုတိယကမ္ဘာစစ် အတွင်း ဂျာမန်တို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရော့တာဒမ်မြို့လယ်ကောင်သည် လုံးဝပျက်စီးလုနီးပါး ဖြစ်ခဲ့ပြီးနောက် Rem Koolhaas၊ Piet Blom နှင့် Ben van Berkel တို့ကဲ့သို့သော ဗိသုကာပညာရှင်များ က ဒီဇိုင်းထုတ်ထားသည့် မိုးမျှော်တိုက်များအပါအဝင် မတူညီသောဗိသုကာရှုခင်းများစွာကို ပေါ်ပေါက် လာစေခဲ့ကြောင်းသိရသည်။ ထို့ပြင် ရထားလမ်း၊ ကား လမ်းများနှင့် ရေလမ်းကြောင်းများအပါအဝင် ကျယ် ပြန့်သောဖြန့်ဖြူးရေးစနစ်သည် ရော့တာဒမ်မြို့ကို “Gateway to Europe” နှင့် “ Gateway to the World” ဆိုသည့်နာမည်ပြောင်များကို ရရှိစေခဲ့ကြောင်းလည်း သိရသည်။

စီးပွားရေး
ရော့တာဒမ်မြို့သည် နယ်သာလန်နိုင်ငံတွင်းရှိ သင်္ဘောလုပ်ငန်းအတွက် အဓိကအချက်အချာကျ သောနေရာများထဲမှတစ်ခုဖြစ်သည်။ (၁၆၀၂)ခုနှစ် တွင်တည်ထောင်ခဲ့သော ကမ္ဘာ့ပထမဆုံးနိုင်ငံစုံ အဖွဲ့ အစည်း Rotterdam Chamber of the VOC မှ (၁၉၇၀) ပြည့်နှစ်တွင်တည်ထောင်ခဲ့သော Royal Nedlloyd သင်္ဘောကုမ္ပဏီအထိ (၁၉၈၈) ခုနှစ်တွင် ရော့တာဒမ်မြို့၏ ကော်ပိုရိတ်ရုံးချုပ်များသည် “Willemswerf ”အထင်ကရ အဆောက်အအုံတွင် တည်ရှိကြကြောင်းသိရသည်။ (၁၉၉၇)ခုနှစ်တွင် Royal Nedlloyd ကုမ္ပဏီသည် ဗြိတိန်သင်္ဘောလုပ်ငန်းခေါင်းဆောင် P&O ကုမ္ပဏီနှင့် ပေါင်းစည်းပြီး ကမ္ဘာ့တတိယအကြီးဆုံး ကုန်သည်သင်္ဘောကုမ္ပဏီကို ဖွဲ့စည်းခဲ့ကြောင်းလည်းသိရသည်။

ထို့ပြင် ရော့တာဒမ်မြို့သည် ဓာတုကုမ္ပဏီ LyondellBasell ၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီ Glencore ၊ ဆေးဝါးကုမ္ပဏီ Pfizer ၊ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများ Stolt-Nielsen ၊ လျှပ်စစ်ပစ္စည်းကိရိယာကုမ္ပဏီ ABB နှင့် လူသုံးကုန်ပစ္စည်းကုမ္ပဏီ Procter & Gamble တို့၏ ဒေသဆိုင်ရာရုံးချုပ်များ တည်ရှိရာနေရာတစ်ခုလည်းဖြစ်သည်။

ရော့တာဒမ်မြို့တွင် Allianz ၊ Maersk ၊ Petrobras ၊ Samskip ၊ Louis Dreyfus Group နှင့် Aon ကုမ္ပဏီတို့၏ ဒတ်ချ်ဌာနချုပ်များရှိကြောင်းလည်း သိရသည်။ ရော့တာဒမ်မြို့သည် အစိုးရတစ်ပိုင်း ကုမ္ပဏီများ Roteb (သန့်ရှင်းရေး၊ အမှိုက် စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုအမျိုးမျိုးကို ဂရုစိုက်ရန်) နှင့် ရော့တာဒမ်ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (ရော့တာဒမ် ဆိပ်ကမ်းကို ထိန်းသိမ်းရန်) ဝန်ဆောင်မှုများကို အသုံးပြုသည်။ အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးသည် တစ်ချိန်က မြူနီစီပယ်အဖွဲ့များဖြစ်ခဲ့ကြပြီး လက်ရှိ အချိန်တွင် မြို့ကပိုင်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဖွဲ့အစည်းများဖြစ်နေပြီဖြစ်ကြောင်းလည်းသိရသည်။

နယ်သာလန်နိုင်ငံတွင်းတွင် အကြီးဆုံးဆိပ်ကမ်းနှင့် အကြီးဆုံးမြို့များထဲမှတစ်မြို့ဖြစ်သော ရော့ တာဒမ်သည် အထူးသဖြင့် ပိုက်ဆံအများကြီး မပေးရသောအလုပ်သမားအခန်းကဏ္ဍတွင် အလုပ်အကိုင် ရှာဖွေနေသူများကို ဆွဲဆောင်လျက်ရှိပြီး မြို့၏အလုပ်လက်မဲ့နှုန်းသည် (၁၂)ရာခိုင်နှုန်းရှိပြီး နိုင်ငံလုံးဆိုင်ရာပျမ်းမျှထက် နှစ်ဆနီးပါးရှိကြောင်းသိရသည်။

ရော့တာဒမ်မြို့သည် ဥရောပတွင် အကြီးဆုံး ဆိပ်ကမ်းတစ်ခုဖြစ်ပြီး Maas နှင့် Rhine မြစ်များ သည် ဆွစ်ဇာလန်နိုင်ငံ ဘေဆယ်မြို့နှင့် ပြင်သစ်နိုင်ငံတို့သို့ရောက်ရှိပြီး ကုန်းတွင်းပိုင်းအထက်ပိုင်းသို့ ကောင်းစွာဝင်ရောက်နိုင်ကြောင်းသိရသည်။ (၂၀ဝ၆)ခုနှစ်တွင် ရော့တာဒမ်မြို့သည် ပေနှစ်ဆယ်ဖြင့် ညီမျှသော ယူနစ်သတ်မှတ်ချက်များ (TEU) ဖြင့်ကိုင်တွယ်ဆောင်ရွက်သော ကမ္ဘာ့သတ္တမမြောက်အကြီး ဆုံးကွန်တိန်နာဆိပ်ကမ်းဖြစ်ခဲ့ပြီး (၂၀၁၄)ခုနှစ်တွင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့သည် ကမ္ဘာ့အလုပ်အများ ဆုံးကွန်တိန်နာဆိပ်ကမ်းအဖြစ် အဆင့်သတ်မှတ်ခံခဲ့ရကြောင်းသိရသည်။ ရော့တာဒမ် ဆိပ်ကမ်း၏ အဓိက လုပ်ဆောင်ချက်များမှာ ရေနံဓာတုဗေဒ လုပ် ငန်းများ၊ အထွေထွေကုန်တင်ကုန်ချလုပ်ငန်းနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ဖြစ်ကြောင်းသိရသည်။ ထို့ပြင် ရော့တာဒမ်ဆိပ်ကမ်းသည် ဥရောပ တိုက်နှင့် အခြားပြည်ပနိုင်ငံများကြားရှိ အစုလိုက်အပြုံလိုက်ပစ္စည်းများအတွက် အရေးကြီးသော သယ်ယူပို့ဆောင် ရေးနေရာတစ်ခုအဖြစ် လုပ်ဆောင်ပေးပြီး မြို့မှကုန်ပစ္စည်းများကို သင်္ဘော၊ တွဲ သင်္ဘော၊ ရထား သို့မဟုတ် ကားလမ်းဖြင့်ပို့ဆောင်ကြောင်းလည်း သိရသည်။ (၂၀၁၇)ခုနှစ်တွင် ရော့တာဒမ်မြို့မှ ဂျာမနီ နိုင်ငံသို့ ကုန်စည်အမြန်ပို့ဆောင်ရေးရထားလမ်းသစ်တစ်ခုဖြစ်သော Betuweroute ကို ပြီးစီးခဲ့ကြောင်း သိရသည်။

ရော့တာဒမ်မြို့ရှိ လူသိများသောလမ်းများမှာ (၁၉၅၃)ခုနှစ်တွင်ဖွင့်လှစ်ခဲ့သော နယ်သာလန်နိုင်ငံ ၏ ပထမဆုံးလူသွားလမ်းများ Lijnbaan ၊ Hoog- straat လမ်းနှင့်စက်ဘီးစီးသူများ၊ လူသွားလမ်းများကို ပိုမိုနေရာပေးရန်အတွက် (၂၀၁၈)ခုနှစ် နှင့် (၂၀၂၁) ခုနှစ်ကြားတွင် ပြန် လည်ပြုပြင်မွမ်းမံထားသော Coolsingel လမ်းတို့ဖြစ်ကြောင်းသိရသည်။ အခြား အဓိကလမ်းမတစ်ခုမှာ မြို့လယ်ကောင်ရထားဘူတာရုံမှ Hofplein ပြည်သူ့ရင်ပြင်ထိရှည်သော လမ်းမကြီးဖြစ်ကြောင်းသိရသည်။

ထို့ပြင် Kruiskade လမ်းသည် Michael Kors ၊ 7 For All Mankind ၊ Calvin Klein ၊ Hugo Boss ၊ Tommy Hilfiger နှင့် လူသိများသော အမျိုးသားအဝတ်အထည် Oger ကဲ့သို့သော လက်လီ ရောင်းချသည့်ဆိုင်များရှိပြီး ပိုမိုကြီးမားသော ဈေးဝယ်လမ်းတစ်ခုလည်းဖြစ်သည်။ Alexandrium ဟု ခေါ်သော ထင်ရှားသည့်ဈေးဝယ်စင်တာတစ်ခုသည် ရော့တာဒမ်မြို့၏အရှေ့ဘက်ခြမ်းတွင်တည်ရှိပြီး ကြီးမားသောမီးဖိုချောင်တစ်ခုနှင့် ပရိဘောဂစင်တာတစ်ခုတို့ပါဝင်ကြောင်းလည်းသိရသည်။

ပြတိုက်များ၊ စာကြည့်တိုက်များနှင့် မော်ကွန်းတိုက်များ
ရော့တာဒမ်မြို့တွင် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းအမျိုးမျိုးရှိပြီး လူသိများသောပြတိုက်များမှာ Boijmans Van Beuningen ပြတိုက်၊ Het Nieuwe Instituut ပြတိုက်၊ Wereldmuseum ပြတိုက်၊ Kunsthal ပြတိုက်၊ Kunstinstituut Melly အနုပညာပြခန်းနှင့် ရော့တာဒမ်ရေကြောင်း ပြတိုက်တို့ ဖြစ် သည်။ ရော့တာဒမ် သမိုင်းပြတိုက်သည် ခေတ်ပြိုင်နိုင်ငံဖြတ်ကျော်မြို့တစ်မြို့အဖြစ် ဖွံ့ဖြိုးတိုးတက် မှုကိုပြသရန်ရည်ရွယ်ပြီး ရော့တာဒမ်ပြတိုက် အဖြစ် ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ အခြားပြတိုက်များတွင် အခွန်နှင့် အကောက်ခွန်ပြတိုက်၊ နယ်သာလန် မရိန်းတပ်ဖွဲ့ပြတိုက်၊ ရော့တာဒမ် ပြည် သူ့သယ်ယူပို့ဆောင်ရေးပြတိုက်နှင့် သဘာဝသမိုင်း ပြတိုက်တို့ပါဝင်ပြီး ရွှေ့ပြောင်းနေထိုင်မှုပြတိုက် Fenix ကို (၂၀၂၅) ခုနှစ်တွင် ဖွင့်လှစ်သွားမည်ဖြစ် ကြောင်းလည်းသိရသည်။

ရော့တာဒမ်၏ ပထမဆုံး မြူနီစီပယ်စာကြည့် တိုက်ကို (၁၆၀၄)ခုနှစ်တွင် တည်ထောင်ခဲ့သည်။ အများပြည်သူစာကြည့်တိုက် Bibliotheek Rotte- rdam ကို (၁၈၆၉)ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ရော့တာဒမ်မြို့၌ အကြီးဆုံး ယဉ် ကျေးမှုအဖွဲ့အစည်းတစ်ခုဖြစ်ကာ မြို့တစ်ဝန်း စာ ကြည့်တိုက်ခွဲပေါင်း(၁၅)ခုရှိကြောင်းလည်းသိရသည်။ ရော့တာဒမ်မြို့ မော်ကွန်းတိုက် (Stadsar- chief Rott- erdam) ကို (၁၆၀၄) ခုနှစ်တွင်တည်ထောင်ခဲ့ပြီးရော့တာဒမ်မြို့၏သမိုင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အုပ်ချုပ်ရေးမှတ်တမ်းများနှင့် မူရင်းအထောက် အ ထားများကို အဆိုပါနေရာတွင်ရှာဖွေနိုင်ကြောင်း လည်း သိရသည်။ မော်ကွန်းတိုက်နှင့်သက် ဆိုင်သောသိမ်းဆည်းမှုများတွင် အထွေထွေမှတ်တမ်းများ၊ စာရွက်စာတမ်းများ၊ ရုပ်မြင်သံကြားစုဆောင်းမှုများနှင့် စာကြည့်တိုက်တို့ပါဝင်ကြောင်း သိရသည်။

zawgyi version
ေခတ္မီဗိသုကာ လက္ရာေတြေၾကာင့္ နာမည္ေက်ာ္တဲ့ ေရာ့တာဒမ္
Pika (NP News) - ဇန္နဝါရီ ၃

ေရာ့တာဒမ္ၿမိဳ႕သည္ နယ္သာလန္ႏိုင္ငံတြင္းတြင္ ၿမိဳ႕ေတာ္အယ္စတာဒမ္ၿပီးလွ်င္ ဒုတိယအႀကီး ဆုံးၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ၿပီး ဒုတိယကမာၻစစ္အၿပီးတြင္ ၿမိဳ႕တြင္းရွိ ေနရာအမ်ားအျပားကို ျပန္လည္တည္ ေဆာက္ၿပီး ေနာက္ေပၚထြက္လာၿပီး ထင္ရွားသည့္ ေခတ္မီဗိသုကာလက္ရာမ်ားေၾကာင့္ နာမည္ေက်ာ္ ၾကားသည္။ ေရာ့တာဒမ္ၿမိဳ႕သည္ Rhine-Meuse-Scheldt ျမစ္ဝကြၽန္းေပၚေဒသ၏ North Seaပင္လယ္ဝ ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေသာ South Holland ျပည္ နယ္တြင္ တည္ရွိသည့္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္သည္။ ေရာ့တာဒမ္ၿမိဳ႕၏သမိုင္းေၾကာင္းကို ျပန္ၾကည့္မည္ဆိုပါက ေရာ့တီျမစ္ေပၚတြင္ ေရကာတာတစ္ခု တည္ေဆာက္ခဲ့သည့္ (၁၂၇၀) ျပည့္ႏွစ္မ်ားကို ျပန္သြားရမည္ျဖစ္ သည္။ (၁၃၄၀) ျပည့္ႏွစ္တြင္ ေရာ့တာ ဒမ္ၿမိဳ႕ကို နယ္သာလန္ ႏိုင္ငံ၏မင္းသား William IV က ၿမိဳ႕ လုပ္ပိုင္ခြင့္ကို ေပးအပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ လူဦးေရ (၂ ဒသမ ၇) သန္းခန႔္ရွိေသာ Rotterdam–The Hague ၿမိဳ႕ျပဧရိယာသည္ ဥေရာ ပသမဂၢတြင္ (၁၀)ခုေျမာက္အႀကီးဆုံး ၿမိဳ႕ျပဧရိယာ တစ္ခုျဖစ္ၿပီး နယ္သာလန္ႏိုင္ငံတြင္းတြင္ လူဦးေရ အထူထပ္ဆုံး ၿမိဳ႕ျပဧရိယာတစ္ခုလည္းျဖစ္သည္။ အဓိက ေထာက္ပံ့ပို႔ေဆာင္ေရးႏွင့္ စီးပြားေရးအခ်က္ အခ်ာေနရာတစ္ခုျဖစ္ေသာ ေရာ့တာဒမ္ၿမိဳ႕သည္ ဥေရာပ၏အႀကီးဆုံးပင္လယ္ဆိပ္ကမ္းတစ္ခုလည္း ျဖစ္သည္။ (၂၀၂၂)ခုႏွစ္တြင္ ေရာ့တာဒမ္ၿမိဳ႕၌ ေနထိုင္သူလူဦးေရ (၆၅၅၄၆၈) ဦးရွိၿပီး မတူညီေသာႏိုင္ငံသားေပါင္း (၁၈၀)ေက်ာ္ေနထိုင္သည့္ ေနရာတစ္ခုလည္းျဖစ္သည္။

ေရာ့တာဒမ္ၿမိဳ႕သည္ ၎၏တကၠသိုလ္မ်ား၊ ျမစ္ကမ္းစပ္ေနရာ၊ သက္ဝင္ယဥ္ေက်းမႈဘဝ၊ ေရ ေၾကာင္း အေမြအႏွစ္မ်ားႏွင့္ ေခတ္မီဗိသုကာပညာေၾကာင့္ နာမည္ေက်ာ္ၾကားသည္။ ဒုတိယကမာၻစစ္ အတြင္း ဂ်ာမန္တို႔၏ ဗုံးႀကဲတိုက္ခိုက္မႈေၾကာင့္ ေရာ့တာဒမ္ၿမိဳ႕လယ္ေကာင္သည္ လုံးဝပ်က္စီးလုနီးပါး ျဖစ္ခဲ့ၿပီးေနာက္ Rem Koolhaas၊ Piet Blom ႏွင့္ Ben van Berkel တို႔ကဲ့သို႔ေသာ ဗိသုကာပညာရွင္မ်ား က ဒီဇိုင္းထုတ္ထားသည့္ မိုးေမွ်ာ္တိုက္မ်ားအပါအဝင္ မတူညီေသာဗိသုကာရႈခင္းမ်ားစြာကို ေပၚေပါက္ လာေစခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ရထားလမ္း၊ ကား လမ္းမ်ားႏွင့္ ေရလမ္းေၾကာင္းမ်ားအပါအဝင္ က်ယ္ ျပန႔္ေသာျဖန႔္ျဖဴးေရးစနစ္သည္ ေရာ့တာဒမ္ၿမိဳ႕ကို “Gateway to Europe” ႏွင့္ “ Gateway to the World” ဆိုသည့္နာမည္ေျပာင္မ်ားကို ရရွိေစခဲ့ေၾကာင္းလည္း သိရသည္။

စီးပြားေရး
ေရာ့တာဒမ္ၿမိဳ႕သည္ နယ္သာလန္ႏိုင္ငံတြင္းရွိ သေဘၤာလုပ္ငန္းအတြက္ အဓိကအခ်က္အခ်ာက် ေသာေနရာမ်ားထဲမွတစ္ခုျဖစ္သည္။ (၁၆၀၂)ခုႏွစ္ တြင္တည္ေထာင္ခဲ့ေသာ ကမာၻ႔ပထမဆုံးႏိုင္ငံစုံ အဖြဲ႕ အစည္း Rotterdam Chamber of the VOC မွ (၁၉၇၀) ျပည့္ႏွစ္တြင္တည္ေထာင္ခဲ့ေသာ Royal Nedlloyd သေဘၤာကုမၸဏီအထိ (၁၉၈၈) ခုႏွစ္တြင္ ေရာ့တာဒမ္ၿမိဳ႕၏ ေကာ္ပိုရိတ္႐ုံးခ်ဳပ္မ်ားသည္ “Willemswerf ”အထင္ကရ အေဆာက္အအုံတြင္ တည္ရွိၾကေၾကာင္းသိရသည္။ (၁၉၉၇)ခုႏွစ္တြင္ Royal Nedlloyd ကုမၸဏီသည္ ၿဗိတိန္သေဘၤာလုပ္ငန္းေခါင္းေဆာင္ P&O ကုမၸဏီႏွင့္ ေပါင္းစည္းၿပီး ကမာၻ႔တတိယအႀကီးဆုံး ကုန္သည္သေဘၤာကုမၸဏီကို ဖြဲ႕စည္းခဲ့ေၾကာင္းလည္းသိရသည္။

ထို႔ျပင္ ေရာ့တာဒမ္ၿမိဳ႕သည္ ဓာတုကုမၸဏီ LyondellBasell ၊ ကုန္စည္ ကူးသန္းေရာင္းဝယ္ေရး ကုမၸဏီ Glencore ၊ ေဆးဝါးကုမၸဏီ Pfizer ၊ ေထာက္ပံ့ပို႔ေဆာင္ေရးကုမၸဏီမ်ား Stolt-Nielsen ၊ လွ်ပ္စစ္ပစၥည္းကိရိယာကုမၸဏီ ABB ႏွင့္ လူသုံးကုန္ပစၥည္းကုမၸဏီ Procter & Gamble တို႔၏ ေဒသဆိုင္ရာ႐ုံးခ်ဳပ္မ်ား တည္ရွိရာေနရာတစ္ခုလည္းျဖစ္သည္။

ေရာ့တာဒမ္ၿမိဳ႕တြင္ Allianz ၊ Maersk ၊ Petrobras ၊ Samskip ၊ Louis Dreyfus Group ႏွင့္ Aon ကုမၸဏီတို႔၏ ဒတ္ခ်္ဌာနခ်ဳပ္မ်ားရွိေၾကာင္းလည္း သိရသည္။ ေရာ့တာဒမ္ၿမိဳ႕သည္ အစိုးရတစ္ပိုင္း ကုမၸဏီမ်ား Roteb (သန႔္ရွင္းေရး၊ အမႈိက္ စီမံခန႔္ခြဲမႈႏွင့္ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳးကို ဂ႐ုစိုက္ရန္) ႏွင့္ ေရာ့တာဒမ္ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕ (ေရာ့တာဒမ္ ဆိပ္ကမ္းကို ထိန္းသိမ္းရန္) ဝန္ေဆာင္မႈမ်ားကို အသုံးျပဳသည္။ အဆိုပါ ကုမၸဏီႏွစ္ခုစလုံးသည္ တစ္ခ်ိန္က ျမဴနီစီပယ္အဖြဲ႕မ်ားျဖစ္ခဲ့ၾကၿပီး လက္ရွိ အခ်ိန္တြင္ ၿမိဳ႕ကပိုင္ေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အဖြဲ႕အစည္းမ်ားျဖစ္ေနၿပီျဖစ္ေၾကာင္းလည္းသိရသည္။

နယ္သာလန္ႏိုင္ငံတြင္းတြင္ အႀကီးဆုံးဆိပ္ကမ္းႏွင့္ အႀကီးဆုံးၿမိဳ႕မ်ားထဲမွတစ္ၿမိဳ႕ျဖစ္ေသာ ေရာ့ တာဒမ္သည္ အထူးသျဖင့္ ပိုက္ဆံအမ်ားႀကီး မေပးရေသာအလုပ္သမားအခန္းက႑တြင္ အလုပ္အကိုင္ ရွာေဖြေနသူမ်ားကို ဆြဲေဆာင္လ်က္ရွိၿပီး ၿမိဳ႕၏အလုပ္လက္မဲ့ႏႈန္းသည္ (၁၂)ရာခိုင္ႏႈန္းရွိၿပီး ႏိုင္ငံလုံးဆိုင္ရာပ်မ္းမွ်ထက္ ႏွစ္ဆနီးပါးရွိေၾကာင္းသိရသည္။

ေရာ့တာဒမ္ၿမိဳ႕သည္ ဥေရာပတြင္ အႀကီးဆုံး ဆိပ္ကမ္းတစ္ခုျဖစ္ၿပီး Maas ႏွင့္ Rhine ျမစ္မ်ား သည္ ဆြစ္ဇာလန္ႏိုင္ငံ ေဘဆယ္ၿမိဳ႕ႏွင့္ ျပင္သစ္ႏိုင္ငံတို႔သို႔ေရာက္ရွိၿပီး ကုန္းတြင္းပိုင္းအထက္ပိုင္းသို႔ ေကာင္းစြာဝင္ေရာက္ႏိုင္ေၾကာင္းသိရသည္။ (၂၀ဝ၆)ခုႏွစ္တြင္ ေရာ့တာဒမ္ၿမိဳ႕သည္ ေပႏွစ္ဆယ္ျဖင့္ ညီမွ်ေသာ ယူနစ္သတ္မွတ္ခ်က္မ်ား (TEU) ျဖင့္ကိုင္တြယ္ေဆာင္႐ြက္ေသာ ကမာၻ႔သတၱမေျမာက္အႀကီး ဆုံးကြန္တိန္နာဆိပ္ကမ္းျဖစ္ခဲ့ၿပီး (၂၀၁၄)ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕သည္ ကမာၻ႔အလုပ္အမ်ား ဆုံးကြန္တိန္နာဆိပ္ကမ္းအျဖစ္ အဆင့္သတ္မွတ္ခံခဲ့ရေၾကာင္းသိရသည္။ ေရာ့တာဒမ္ ဆိပ္ကမ္း၏ အဓိက လုပ္ေဆာင္ခ်က္မ်ားမွာ ေရနံဓာတုေဗဒ လုပ္ ငန္းမ်ား၊ အေထြေထြကုန္တင္ကုန္ခ်လုပ္ငန္းႏွင့္ ကုန္စည္သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းတို႔ျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ ေရာ့တာဒမ္ဆိပ္ကမ္းသည္ ဥေရာပ တိုက္ႏွင့္ အျခားျပည္ပႏိုင္ငံမ်ားၾကားရွိ အစုလိုက္အၿပဳံလိုက္ပစၥည္းမ်ားအတြက္ အေရးႀကီးေသာ သယ္ယူပို႔ေဆာင္ ေရးေနရာတစ္ခုအျဖစ္ လုပ္ေဆာင္ေပးၿပီး ၿမိဳ႕မွကုန္ပစၥည္းမ်ားကို သေဘၤာ၊ တြဲ သေဘၤာ၊ ရထား သို႔မဟုတ္ ကားလမ္းျဖင့္ပို႔ေဆာင္ေၾကာင္းလည္း သိရသည္။ (၂၀၁၇)ခုႏွစ္တြင္ ေရာ့တာဒမ္ၿမိဳ႕မွ ဂ်ာမနီ ႏိုင္ငံသို႔ ကုန္စည္အျမန္ပို႔ေဆာင္ေရးရထားလမ္းသစ္တစ္ခုျဖစ္ေသာ Betuweroute ကို ၿပီးစီးခဲ့ေၾကာင္း သိရသည္။

ေရာ့တာဒမ္ၿမိဳ႕ရွိ လူသိမ်ားေသာလမ္းမ်ားမွာ (၁၉၅၃)ခုႏွစ္တြင္ဖြင့္လွစ္ခဲ့ေသာ နယ္သာလန္ႏိုင္ငံ ၏ ပထမဆုံးလူသြားလမ္းမ်ား Lijnbaan ၊ Hoog- straat လမ္းႏွင့္စက္ဘီးစီးသူမ်ား၊ လူသြားလမ္းမ်ားကို ပိုမိုေနရာေပးရန္အတြက္ (၂၀၁၈)ခုႏွစ္ ႏွင့္ (၂၀၂၁) ခုႏွစ္ၾကားတြင္ ျပန္ လည္ျပဳျပင္မြမ္းမံထားေသာ Coolsingel လမ္းတို႔ျဖစ္ေၾကာင္းသိရသည္။ အျခား အဓိကလမ္းမတစ္ခုမွာ ၿမိဳ႕လယ္ေကာင္ရထားဘူတာ႐ုံမွ Hofplein ျပည္သူ႔ရင္ျပင္ထိရွည္ေသာ လမ္းမႀကီးျဖစ္ေၾကာင္းသိရသည္။

ထို႔ျပင္ Kruiskade လမ္းသည္ Michael Kors ၊ 7 For All Mankind ၊ Calvin Klein ၊ Hugo Boss ၊ Tommy Hilfiger ႏွင့္ လူသိမ်ားေသာ အမ်ိဳးသားအဝတ္အထည္ Oger ကဲ့သို႔ေသာ လက္လီ ေရာင္းခ်သည့္ဆိုင္မ်ားရွိၿပီး ပိုမိုႀကီးမားေသာ ေဈးဝယ္လမ္းတစ္ခုလည္းျဖစ္သည္။ Alexandrium ဟု ေခၚေသာ ထင္ရွားသည့္ေဈးဝယ္စင္တာတစ္ခုသည္ ေရာ့တာဒမ္ၿမိဳ႕၏အေရွ႕ဘက္ျခမ္းတြင္တည္ရွိၿပီး ႀကီးမားေသာမီးဖိုေခ်ာင္တစ္ခုႏွင့္ ပရိေဘာဂစင္တာတစ္ခုတို႔ပါဝင္ေၾကာင္းလည္းသိရသည္။

ျပတိုက္မ်ား၊ စာၾကည့္တိုက္မ်ားႏွင့္ ေမာ္ကြန္းတိုက္မ်ား
ေရာ့တာဒမ္ၿမိဳ႕တြင္ ယဥ္ေက်းမႈဆိုင္ရာအဖြဲ႕အစည္းအမ်ိဳးမ်ိဳးရွိၿပီး လူသိမ်ားေသာျပတိုက္မ်ားမွာ Boijmans Van Beuningen ျပတိုက္၊ Het Nieuwe Instituut ျပတိုက္၊ Wereldmuseum ျပတိုက္၊ Kunsthal ျပတိုက္၊ Kunstinstituut Melly အႏုပညာျပခန္းႏွင့္ ေရာ့တာဒမ္ေရေၾကာင္း ျပတိုက္တို႔ ျဖစ္ သည္။ ေရာ့တာဒမ္ သမိုင္းျပတိုက္သည္ ေခတ္ၿပိဳင္ႏိုင္ငံျဖတ္ေက်ာ္ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ ဖြံ႕ၿဖိဳးတိုးတက္ မႈကိုျပသရန္ရည္႐ြယ္ၿပီး ေရာ့တာဒမ္ျပတိုက္ အျဖစ္ ေျပာင္းလဲခဲ့ေၾကာင္းလည္းသိရသည္။ အျခားျပတိုက္မ်ားတြင္ အခြန္ႏွင့္ အေကာက္ခြန္ျပတိုက္၊ နယ္သာလန္ မရိန္းတပ္ဖြဲ႕ျပတိုက္၊ ေရာ့တာဒမ္ ျပည္ သူ႔သယ္ယူပို႔ေဆာင္ေရးျပတိုက္ႏွင့္ သဘာဝသမိုင္း ျပတိုက္တို႔ပါဝင္ၿပီး ေ႐ႊ႕ေျပာင္းေနထိုင္မႈျပတိုက္ Fenix ကို (၂၀၂၅) ခုႏွစ္တြင္ ဖြင့္လွစ္သြားမည္ျဖစ္ ေၾကာင္းလည္းသိရသည္။

ေရာ့တာဒမ္၏ ပထမဆုံး ျမဴနီစီပယ္စာၾကည့္ တိုက္ကို (၁၆၀၄)ခုႏွစ္တြင္ တည္ေထာင္ခဲ့သည္။ အမ်ားျပည္သူစာၾကည့္တိုက္ Bibliotheek Rotte- rdam ကို (၁၈၆၉)ခုႏွစ္တြင္ စတင္တည္ေထာင္ခဲ့ၿပီး လက္ရွိအခ်ိန္တြင္ ေရာ့တာဒမ္ၿမိဳ႕၌ အႀကီးဆုံး ယဥ္ ေက်းမႈအဖြဲ႕အစည္းတစ္ခုျဖစ္ကာ ၿမိဳ႕တစ္ဝန္း စာ ၾကည့္တိုက္ခြဲေပါင္း(၁၅)ခုရွိေၾကာင္းလည္းသိရသည္။ ေရာ့တာဒမ္ၿမိဳ႕ ေမာ္ကြန္းတိုက္ (Stadsar- chief Rott- erdam) ကို (၁၆၀၄) ခုႏွစ္တြင္တည္ေထာင္ခဲ့ၿပီးေရာ့တာဒမ္ၿမိဳ႕၏သမိုင္းဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ အုပ္ခ်ဳပ္ေရးမွတ္တမ္းမ်ားႏွင့္ မူရင္းအေထာက္ အ ထားမ်ားကို အဆိုပါေနရာတြင္ရွာေဖြႏိုင္ေၾကာင္း လည္း သိရသည္။ ေမာ္ကြန္းတိုက္ႏွင့္သက္ ဆိုင္ေသာသိမ္းဆည္းမႈမ်ားတြင္ အေထြေထြမွတ္တမ္းမ်ား၊ စာ႐ြက္စာတမ္းမ်ား၊ ႐ုပ္ျမင္သံၾကားစုေဆာင္းမႈမ်ားႏွင့္ စာၾကည့္တိုက္တို႔ပါဝင္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.