ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် IOSA လက်မှတ်ကို MAI က သက်တမ်းတိုး

 1342

ယွန်း (NP News)- ဇန်နဝါရီ ၇

ကမ္ဘာ့လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် IOSA လက်မှတ်ကို MAI က သက်တမ်းတိုးလိုက်ကြောင်း အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း(MAI) ၏ ထုတ်ပြန်ချက်အရ သိရသည်။

MAI အနေဖြင့် အဆိုပါ အပြည်ပြည်ဆိုင်ရာလေကြောင်းပို့‌ဆောင်ရေးအဖွဲ့ IATA ၏ လုပ်ငန်းဆိုင်ရာ အရည်အသွေးစစ်ဆေးမှုအစီအစဉ် (IOSA) လက်မှတ်အား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ကတည်းကပင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ IOSA Program သည် လေကြောင်းပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုဆိုင်ရာတင်းကျပ်သည့် စစ်ဆေးအကဲဖြတ်မှုများကြောင့် ကမ္ဘာ့တစ်ဝန်းလုံးမှ အသိအမှတ်ပြုထားသည့် Program တစ်ခုလည်းဖြစ်သည်။

ထို့ပြင် IOSA သည် လေကြောင်းလိုင်းတစ်ခု၏ ပျံသန်းမှုဆိုင်ရာ လုပ်ငန်းကဏ္ဍအားလုံးပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်၊ အရည်အသွေးထိန်းသိမ်းမှုနှင့် လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုတို့ကို စစ်ဆေးအကဲဖြတ်ရန် ရေးဆွဲထားသည့် ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစံနှုန်းတစ်ခုဖြစ်ပြီး IATA အဖွဲ့ဝင်လေကြောင်းလိုင်းအားလုံးသည် စစ်ဆေးအကဲဖြတ်မှုကို နှစ်နှစ်လျှင်တစ်ကြိမ်ခံယူကြရကြောင်း သိရသည်။

ထို့ကြောင့် MAI ၏ IOSA လက်မှတ်ကို အောင်မြင်စွာသက်တမ်းတိုးနိုင်ခြင်းသည် လုပ်ငန်း‌ ဆောင်ရွက်ချက်အားလုံးတွင် တည်တံ့သောယုံကြည်စိတ်ချအားထားရမှု၊ MAI ၏ ပြုပြင် ပြောင်းလဲမှုကတိကဝတ်များနှင့် ခရီးစဥ်တိုင်းတွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေးမြင့်မားရေးနှင့် ကောင်းမွန်သည့်ဝန်ဆောင်မှုများ‌ပေးနိုင်‌ရေးတို့အပေါ် MAI၏ အလေးထားမှုပင်ဖြစ်ကြောင်း သိရသည်။

zawgyi version
ကမာၻ႔ေလေၾကာင္း ပို႔ေဆာင္ေရးက႑တြင္ အျမင့္ဆုံးသတ္မွတ္ခ်က္ျဖစ္သည့္ IOSA လက္မွတ္ကို MAI က သက္တမ္းတိုး

ယြန္း(NP News)- ဇန္နဝါရီ ၇

ကမာၻ႔ေလေၾကာင္း ပို႔ေဆာင္ေရးက႑တြင္ အျမင့္ဆုံးသတ္မွတ္ခ်က္ျဖစ္သည့္ IOSA လက္မွတ္ကို MAI က သက္တမ္းတိုးလိုက္ေၾကာင္း အျပည္ျပည္ဆိုင္ရာျမန္မာ ေလေၾကာင္းလိုင္း(MAI) ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

MAI အေနျဖင့္ အဆိုပါ အျပည္ျပည္ဆိုင္ရာေလေၾကာင္းပို႔‌ေဆာင္ေရးအဖြဲ႕ IATA ၏ လုပ္ငန္းဆိုင္ရာ အရည္အေသြးစစ္ေဆးမႈအစီအစဥ္ (IOSA) လက္မွတ္အား ၿပီးခဲ့သည့္ ၂၀၁၂ ခုႏွစ္ ကတည္းကပင္ ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ IOSA Program သည္ ေလေၾကာင္းပို႔ေဆာင္ေရး ေဘးအႏၲရာယ္ကင္းရွင္းလုံၿခဳံမႈဆိုင္ရာတင္းက်ပ္သည့္ စစ္ေဆးအကဲျဖတ္မႈမ်ားေၾကာင့္ ကမာၻ႔တစ္ဝန္းလုံးမွ အသိအမွတ္ျပဳထားသည့္ Program တစ္ခုလည္းျဖစ္သည္။

ထို႔ျပင္ IOSA သည္ ေလေၾကာင္းလိုင္းတစ္ခု၏ ပ်ံသန္းမႈဆိုင္ရာ လုပ္ငန္းက႑အားလုံးေပၚတြင္ ေဘးအႏၲရာယ္ကင္းရွင္းေရးဆိုင္ရာ စီမံခန႔္ခြဲမႈစနစ္၊ အရည္အေသြးထိန္းသိမ္းမႈႏွင့္ လုပ္ငန္းလည္ပတ္ျခင္းဆိုင္ရာစီမံခန႔္ခြဲမႈတို႔ကို စစ္ေဆးအကဲျဖတ္ရန္ ေရးဆြဲထားသည့္ ကမာၻလုံးဆိုင္ရာလုပ္ငန္းစံႏႈန္းတစ္ခုျဖစ္ၿပီး IATA အဖြဲ႕ဝင္ေလေၾကာင္းလိုင္းအားလုံးသည္ စစ္ေဆးအကဲျဖတ္မႈကို ႏွစ္ႏွစ္လွ်င္တစ္ႀကိမ္ခံယူၾကရေၾကာင္း သိရသည္။

ထို႔ေၾကာင့္ MAI ၏ IOSA လက္မွတ္ကို ေအာင္ျမင္စြာသက္တမ္းတိုးႏိုင္ျခင္းသည္ လုပ္ငန္း‌ ေဆာင္႐ြက္ခ်က္အားလုံးတြင္ တည္တံ့ေသာယုံၾကည္စိတ္ခ်အားထားရမႈ၊ MAI ၏ ျပဳျပင္ ေျပာင္းလဲမႈကတိကဝတ္မ်ားႏွင့္ ခရီးစဥ္တိုင္းတြင္ ေဘးအႏၲရာယ္ကင္းရွင္းေရး၊ အရည္အေသြးျမင့္မားေရးႏွင့္ ေကာင္းမြန္သည့္ဝန္ေဆာင္မႈမ်ား‌ေပးႏိုင္‌ေရးတို႔အေပၚ MAI၏ အေလးထားမႈပင္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.