အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့နှင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူအများအပြား သေဆုံးနိုင်ဖွယ်ရှိနေ

 603

Pika (NP News) - ဇန်နဝါရီ ၇

အမေရိကန်နိုင်ငံ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ကြီးမားတဲ့နှင်းဖုံးလွှမ်းမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ နှင်းမုန်တိုင်းကြောင့် လူသန်းပေါင်းများစွာရဲ့ခရီးစဉ်တွေ အနှောင့်အယှက်ဖြစ်ခဲ့ရပြီး လူအများအပြားသေဆုံးနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
နှင်းမုန်တိုင်းကြောင့် အမေရိကန်လေကြောင်းလိုင်းခရီးစဉ် (၂၃၀၀)ကျော်ကို ဖျက်သိမ်းခဲ့ရတယ်လို့ လေကြောင်းခြေရာခံဝက်ဘ်ဆိုက်ရဲ့ပြောကြားချက်အရ သိရပါတယ်။

မစ်ဆူရီပြည်နယ်ကနေ ဗာဂျီးနီးယားပြည်နယ်အထိ လူပေါင်း(၂)သိန်းနီးပါးဟာ လျှပ်စစ်မီးပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရတယ်လို့ Poweroutage.us ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့ပြင် အဲဒီနှင်းမုန်တိုင်းဟာ အတ္တလန္တိတ်အနောက်ဘက်ကို လျင်မြန်စွာ ထွက်ခွာသွားနိုင်ပေမယ့်လည်း နှင်းကျမှုတွေ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ အမျိုးသားမိုးလေဝသဌာနက ပြောကြားခဲ့ပါတယ်။
အဲဒီနှင်းမုန်တိုင်းရဲ့နောက်ကွယ်မှာ ရက်အနည်းငယ်အထိ အအေးဓါတ်ပိုနိုင်ပြီး ကန်းဆက်စီးတီးလိုမျိုး မြို့ကြီးတွေမှာ အနှုတ်(၁၇)ဒီဂရီဆဲလ်စီးယက်စ်အထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားမှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။

ဒါ့ပြင် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ပြင်းထန်တဲ့ရာသီဥတုကို အနီးကပ်စောင့်ကြည့်မှုတွေလုပ်ဆောင်နေပြီး မုန်တိုင်းဒဏ်သင့်ပြည်နယ်တွေကို ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေတယ်လို့ အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံမွာ ျပင္းထန္တဲ့ႏွင္းမုန္တိုင္း တိုက္ခတ္မႈေၾကာင့္ လူအမ်ားအျပား ေသဆုံးႏိုင္ဖြယ္ရွိေန
Pika (NP News) - ဇန္နဝါရီ ၇

အေမရိကန္ႏိုင္ငံ အလယ္ပိုင္းနဲ႔ အေရွ႕ပိုင္းတို႔မွာ ႀကီးမားတဲ့ႏွင္းဖုံးလႊမ္းမႈေတြကို ျဖစ္ေပၚေစခဲ့တဲ့ ႏွင္းမုန္တိုင္းေၾကာင့္ လူသန္းေပါင္းမ်ားစြာရဲ႕ခရီးစဥ္ေတြ အေႏွာင့္အယွက္ျဖစ္ခဲ့ရၿပီး လူအမ်ားအျပားေသဆုံးႏိုင္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။
ႏွင္းမုန္တိုင္းေၾကာင့္ အေမရိကန္ေလေၾကာင္းလိုင္းခရီးစဥ္ (၂၃၀၀)ေက်ာ္ကို ဖ်က္သိမ္းခဲ့ရတယ္လို႔ ေလေၾကာင္းေျခရာခံဝက္ဘ္ဆိုက္ရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

မစ္ဆူရီျပည္နယ္ကေန ဗာဂ်ီးနီးယားျပည္နယ္အထိ လူေပါင္း(၂)သိန္းနီးပါးဟာ လွ်ပ္စစ္မီးျပတ္ေတာက္မႈကို ႀကဳံေတြ႕ခဲ့ရတယ္လို႔ Poweroutage.us ရဲ႕ထုတ္ျပန္ခ်က္အရ သိရပါတယ္။ ဒါ့ျပင္ အဲဒီႏွင္းမုန္တိုင္းဟာ အတၱလႏၲိတ္အေနာက္ဘက္ကို လ်င္ျမန္စြာ ထြက္ခြာသြားႏိုင္ေပမယ့္လည္း ႏွင္းက်မႈေတြ ဆက္လက္ျဖစ္ေပၚေနႏိုင္တယ္လို႔ အမ်ိဳးသားမိုးေလဝသဌာနက ေျပာၾကားခဲ့ပါတယ္။
အဲဒီႏွင္းမုန္တိုင္းရဲ႕ေနာက္ကြယ္မွာ ရက္အနည္းငယ္အထိ အေအးဓါတ္ပိုႏိုင္ၿပီး ကန္းဆက္စီးတီးလိုမ်ိဳး ၿမိဳ႕ႀကီးေတြမွာ အႏႈတ္(၁၇)ဒီဂရီဆဲလ္စီးယက္စ္အထိ ရွိလာႏိုင္တယ္လို႔ ခန္႔မွန္းထားမႈေတြလည္းရွိေနတယ္လို႔ သိရပါတယ္။

ဒါ့ျပင္ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ျပင္းထန္တဲ့ရာသီဥတုကို အနီးကပ္ေစာင့္ၾကည့္မႈေတြလုပ္ေဆာင္ေနၿပီး မုန္တိုင္းဒဏ္သင့္ျပည္နယ္ေတြကို ေထာက္ပံ့မႈေတြလုပ္ေဆာင္ဖို႔ အဆင္သင့္ရွိေနတယ္လို႔ အေမရိကန္အစိုးရေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.