မိုးကုတ်မြို့ခံများ တစ်ကြိမ်မှ မကြုံဖူးသော ကပ်ဆိုးနှင့်ရင်ဆိုင်နေရ
738
သုတကျော် (NP News) - ဇန်နဝါရီ ၉
မြန်မာ့ရတနာမြေဖြစ်သော မိုးကုတ်မြို့မှ မြို့ခံများအနေဖြင့် ပလောင်လက်နက်ကိုင် TNLA လက်အောက် ရောက်မှသာ တစ်ကြိမ်မှမကြုံဖူးသော ကပ်ဆိုက်နေကြောင်း အဆိုပါမြို့ခံသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြော သည်။ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက မိုးကုတ်မြို့ကို TNLA က ထိန်းချုပ်ပြီးနောက် TNLA နယ်မြေအတွင်း ထည့်ထားခဲ့ ခြင်းဖြစ်သည်။
“တကယ်လုပ်ကိုင်စားသောက်သူတွေက မြို့မှာ မနေရဲဘူးလေ။ မနေရဲဘူးဆိုတာ အဓိက က လုံခြုံမှု ရှိတယ်လို့ မခံစားရတာပေါ့။ မိုးကုတ်က လူဆိုတာ မိုးကုတ်မှာပဲနေပြီးတော့ အရောင်းအဝယ်လုပ်မယ်၊ ကျောက်တွင်းတူးကြမယ်၊ ကျောက်အရောင်းအဝယ် လုပ်မယ်။ အဲဒီလိုလုပ်ကိုင်စားကြတာ။ မိုးကုတ်မြို့ရဲ့ အထက်တန်းစားနဲ့ အလယ်တန်းစား လူတော်တော် များများက ရန်ကုန်နဲ့မန္တလေးမှာ ရောက်ကုန်ပြီလေ။ အခြေခံလူတန်းစားသာ မဖြစ်မနေ နေလည်းမထူး၊ သေလည်း မထူးပေါ့။ ငါတို့က ပြေးစရာမြေမရှိဘူးဆိုတဲ့ သူတွေကသာ ပေတေနေရင်းနဲ့ လုပ်ကိုင်စား သောက်နေရတာ လေ” ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ထိုသို့ လုပ်ကိုင်စားသောက်သော်လည်း TNLA က အားလုံးကို အခွန်ကောက်ခံနေသည့် အတွက် မြို့ခံများမှာ အခက်အခဲကြုံနေကြရ ကြောင်းလည်း ၎င်းကဆိုသည်။
“အခုဟာက တကယ့်တကယ်တမ်းကျတော့ ဘာလုပ်မလဲရတယ်။ လုပ်ချင်ရာလုပ်အခွန် ကောက်မယ်ပေါ့။ အခွန်ကောက်မယ်လုပ်နေတဲ့ အချိန်ကျတော့ တွင်းလုပ်ရင်လည်း ဘာမှပေးရတာ မဟုတ်တာလေ။ အရောင်းအဝယ် လုပ်လည်း အခွန်အတိအကျ ဆောင်နေရတာမရှိဘူးလေ။ အခုက သိန်းငါးရာအောက်ရောင်းမယ်ဆို ဘယ်လောက်၊ သိန်းငါးရာအထက်ဆို ဘယ်လောက် ဒီလိုတွေပေါ့။ လူတွေက အရောင်းအဝယ် ဖြစ်တာ၊ မဖြစ်တာ အပထား အခွန်ဆောင်ရမှာတော့ အရင်ဆောင်ရမှာပဲလေ မဆောင်ရင် လုပ်မစားနဲ့ပေါ့” ဟု ၎င်းက ဆိုသည်။
လက်ရှိ မိုးကုတ်တွင် TNLA ကို ဆန့် ကျင်သည်ဟု ယူဆရသူများကို ဖမ်းဆီး၊ ရိုက်နှက်၊ နှိပ်စက်ခြင်းများရှိနေပြီး အချို့သေဆုံးသူများအထိ ပင် ရှိနေကြောင်းလည်း ၎င်းကဆိုသည်။
“သဘောတရားကတော့ အရင်တုန်းက စစ်တပ်အုပ်ချုပ်တယ်၊ ရဲအုပ်ချုပ်တယ်ဆိုရင် စစ်တပ်က လုပ်လို့၊ ရဲကလုပ်လို့ ရဲစခန်းမှာ အမှုသွားဖွင့်လို့ ရတယ်။ တရားရုံးမှာ သွားတိုင်လို့ရတယ်ပေါ့။ အခုက ဖမ်းပြီဆီးပြီဆို ဘယ်သူ့ကို သွားတိုင်မှာတုံး။ ဒါအကြမ်းဖက်သမားပဲလေ တိုင်စရာမှမရှိတာ။ အကြမ်းဖက်သမားပဲကို။ ကိုယ့်ကံကြမ္မာနဲ့ကိုယ်လေ။ မဖြစ်မနေမို့လို့သာနေနေတာ အထိတ်ထိတ်အလန့် လန့်တော့ ရှိတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
မိုးကုတ်မြို့သည် ဘာသာတရားရှိသော မြို့၊ ကမ္ဘာကျော်သော မြို့ဖြစ်သည့်အတွက် ယခုကဲ့သို့ ဥပဒေမဲ့သူများ အုပ်ချုပ်သူများအောက် ရောက်နေ ခြင်းမှာ မတတ်နိုင်၍သာ ငြိမ်ခံနေရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“အခု မိုးကုတ်မြို့ဆိုရင် ပလောင်ပြည် နယ်ပေါ့။ နမ်ဆန်ခရိုင်၊ မိုးကုတ်မြို့နယ်ဆိုတာ ဘယ် သမိုင်းမှာရှိလို့လဲ၊ ဘယ်ရာဇဝင်မှာရှိလို့လဲ။ ဘာမှ ရာဇဝင်မရှိတဲ့ဟာ၊ သမိုင်းမရှိတဲ့ဟာတွေကိုလာပြီး လုပ်နေတော့လေ။ လောလောဆယ် တော့ မိုးကုတ် မြို့ကတော့ နှစ်ပေါင်းရာနဲ့ချီတဲ့ အတောအတွင်းမှာ မကြုံဖူးတဲ့ ကပ်ဆိုက်တာပေါ့” ဟု ၎င်းက ဆိုသည်။
မိုးကုတ်မြို့၏ သယံဇာတရှိသောနေရာများကို TNLA က ဗရမ်းဗတာ တူးဖော်မှုများပြုလုပ်နေ ကြောင်းလည်း ၎င်းက ဆိုသည်။
“ခေတ်အဆက်ဆက်ကတော့ ဒါတွေက သားစဉ်မြေးဆက်တူးဖို့ရာအတွက် ဘယ်လိုထိန်းသိမ်းစောင့်ရှောက် ရမယ် လုပ်ခဲ့တာလေ။ အစိုးရအဆက်ဆက်မှာပေါ့။ အစိုးရအဆက်ဆက်မှာ ဖွင့်မပေးခဲ့ပါဘူး။ အကုန်လုံးက ထိန်းထိန်း သိမ်းသိမ်းတူခဲ့တာ။ ဒီဂေါက်ကွင်းဆိုရင် ဘယ်သူမှပေးမတူးခဲ့ဘူး။ အခု ကျန်တဲ့နေရာတွေလည်း အဲဒီလိုပဲ။ အခု ပလောင် လက်ထဲကျမှ ရရစားစား ဝါးဝါးမျိူမျိုဆိုတော့ ရသမျှ အကုန်ယူမှာပဲ” ဟု ၎င်းက ဆိုသည်။
Zawgyi Version;
မိုးကုတ္ၿမိဳ႕ခံမ်ား တစ္ႀကိမ္မွ မႀကဳံဖူးေသာ ကပ္ဆိုးႏွင့္ ရင္ဆိုင္ေနရ
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၉
ျမန္မာ့ရတနာေျမျဖစ္ေသာ မိုးကုတ္ၿမိဳ႕မွ ၿမိဳ႕ခံမ်ားအေနျဖင့္ ပေလာင္လက္နက္ကိုင္ TNLA လက္ေအာက္ ေရာက္မွသာ တစ္ႀကိမ္မွမႀကဳံဖူးေသာ ကပ္ဆိုက္ေနေၾကာင္း အဆိုပါၿမိဳ႕ခံသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာ သည္။ ၿပီးခဲ့သည့္ႏွစ္ ဇြန္လအတြင္းက မိုးကုတ္ၿမိဳ႕ကို TNLA က ထိန္းခ်ဳပ္ၿပီးေနာက္ TNLA နယ္ေျမအတြင္း ထည့္ထားခဲ့ ျခင္းျဖစ္သည္။
“တကယ္လုပ္ကိုင္စားေသာက္သူေတြက ၿမိဳ႕မွာ မေနရဲဘူးေလ။ မေနရဲဘူးဆိုတာ အဓိက က လုံၿခဳံမႈ ရွိတယ္လို႔ မခံစားရတာေပါ့။ မိုးကုတ္က လူဆိုတာ မိုးကုတ္မွာပဲေနၿပီးေတာ့ အေရာင္းအဝယ္လုပ္မယ္၊ ေက်ာက္တြင္းတူးၾကမယ္၊ ေက်ာက္အေရာင္းအဝယ္ လုပ္မယ္။ အဲဒီလိုလုပ္ကိုင္စားၾကတာ။ မိုးကုတ္ၿမိဳ႕ရဲ႕ အထက္တန္းစားနဲ႔ အလယ္တန္းစား လူေတာ္ေတာ္ မ်ားမ်ားက ရန္ကုန္နဲ႔မႏၲေလးမွာ ေရာက္ကုန္ၿပီေလ။ အေျခခံလူတန္းစားသာ မျဖစ္မေန ေနလည္းမထူး၊ ေသလည္း မထူးေပါ့။ ငါတို႔က ေျပးစရာေျမမရွိဘူးဆိုတဲ့ သူေတြကသာ ေပေတေနရင္းနဲ႔ လုပ္ကိုင္စား ေသာက္ေနရတာ ေလ” ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
ထိုသို႔ လုပ္ကိုင္စားေသာက္ေသာ္လည္း TNLA က အားလုံးကို အခြန္ေကာက္ခံေနသည့္ အတြက္ ၿမိဳ႕ခံမ်ားမွာ အခက္အခဲႀကဳံေနၾကရ ေၾကာင္းလည္း ၎ကဆိုသည္။
“အခုဟာက တကယ့္တကယ္တမ္းက်ေတာ့ ဘာလုပ္မလဲရတယ္။ လုပ္ခ်င္ရာလုပ္အခြန္ ေကာက္မယ္ေပါ့။ အခြန္ေကာက္မယ္လုပ္ေနတဲ့ အခ်ိန္က်ေတာ့ တြင္းလုပ္ရင္လည္း ဘာမွေပးရတာ မဟုတ္တာေလ။ အေရာင္းအဝယ္ လုပ္လည္း အခြန္အတိအက် ေဆာင္ေနရတာမရွိဘူးေလ။ အခုက သိန္းငါးရာေအာက္ေရာင္းမယ္ဆို ဘယ္ေလာက္၊ သိန္းငါးရာအထက္ဆို ဘယ္ေလာက္ ဒီလိုေတြေပါ့။ လူေတြက အေရာင္းအဝယ္ ျဖစ္တာ၊ မျဖစ္တာ အပထား အခြန္ေဆာင္ရမွာေတာ့ အရင္ေဆာင္ရမွာပဲေလ မေဆာင္ရင္ လုပ္မစားနဲ႔ေပါ့” ဟု ၎က ဆိုသည္။
လက္ရွိ မိုးကုတ္တြင္ TNLA ကို ဆန႔္ က်င္သည္ဟု ယူဆရသူမ်ားကို ဖမ္းဆီး၊ ႐ိုက္ႏွက္၊ ႏွိပ္စက္ျခင္းမ်ားရွိေနၿပီး အခ်ိဳ႕ေသဆုံးသူမ်ားအထိ ပင္ ရွိေနေၾကာင္းလည္း ၎ကဆိုသည္။
“သေဘာတရားကေတာ့ အရင္တုန္းက စစ္တပ္အုပ္ခ်ဳပ္တယ္၊ ရဲအုပ္ခ်ဳပ္တယ္ဆိုရင္ စစ္တပ္က လုပ္လို႔၊ ရဲကလုပ္လို႔ ရဲစခန္းမွာ အမႈသြားဖြင့္လို႔ ရတယ္။ တရား႐ုံးမွာ သြားတိုင္လို႔ရတယ္ေပါ့။ အခုက ဖမ္းၿပီဆီးၿပီဆို ဘယ္သူ႔ကို သြားတိုင္မွာတုံး။ ဒါအၾကမ္းဖက္သမားပဲေလ တိုင္စရာမွမရွိတာ။ အၾကမ္းဖက္သမားပဲကို။ ကိုယ့္ကံၾကမၼာနဲ႔ကိုယ္ေလ။ မျဖစ္မေနမို႔လို႔သာေနေနတာ အထိတ္ထိတ္အလန႔္ လန႔္ေတာ့ ရွိတာေပါ့” ဟု ၎က ရွင္းျပသည္။
မိုးကုတ္ၿမိဳ႕သည္ ဘာသာတရားရွိေသာ ၿမိဳ႕၊ ကမာၻေက်ာ္ေသာ ၿမိဳ႕ျဖစ္သည့္အတြက္ ယခုကဲ့သို႔ ဥပေဒမဲ့သူမ်ား အုပ္ခ်ဳပ္သူမ်ားေအာက္ ေရာက္ေန ျခင္းမွာ မတတ္ႏိုင္၍သာ ၿငိမ္ခံေနရျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“အခု မိုးကုတ္ၿမိဳ႕ဆိုရင္ ပေလာင္ျပည္ နယ္ေပါ့။ နမ္ဆန္ခ႐ိုင္၊ မိုးကုတ္ၿမိဳ႕နယ္ဆိုတာ ဘယ္ သမိုင္းမွာရွိလို႔လဲ၊ ဘယ္ရာဇဝင္မွာရွိလို႔လဲ။ ဘာမွ ရာဇဝင္မရွိတဲ့ဟာ၊ သမိုင္းမရွိတဲ့ဟာေတြကိုလာၿပီး လုပ္ေနေတာ့ေလ။ ေလာေလာဆယ္ ေတာ့ မိုးကုတ္ ၿမိဳ႕ကေတာ့ ႏွစ္ေပါင္းရာနဲ႔ခ်ီတဲ့ အေတာအတြင္းမွာ မႀကဳံဖူးတဲ့ ကပ္ဆိုက္တာေပါ့” ဟု ၎က ဆိုသည္။
မိုးကုတ္ၿမိဳ႕၏ သယံဇာတရွိေသာေနရာမ်ားကို TNLA က ဗရမ္းဗတာ တူးေဖာ္မႈမ်ားျပဳလုပ္ေန ေၾကာင္းလည္း ၎က ဆိုသည္။
“ေခတ္အဆက္ဆက္ကေတာ့ ဒါေတြက သားစဥ္ေျမးဆက္တူးဖို႔ရာအတြက္ ဘယ္လိုထိန္းသိမ္းေစာင့္ေရွာက္ ရမယ္ လုပ္ခဲ့တာေလ။ အစိုးရအဆက္ဆက္မွာေပါ့။ အစိုးရအဆက္ဆက္မွာ ဖြင့္မေပးခဲ့ပါဘူး။ အကုန္လုံးက ထိန္းထိန္း သိမ္းသိမ္းတူခဲ့တာ။ ဒီေဂါက္ကြင္းဆိုရင္ ဘယ္သူမွေပးမတူးခဲ့ဘူး။ အခု က်န္တဲ့ေနရာေတြလည္း အဲဒီလိုပဲ။ အခု ပေလာင္ လက္ထဲက်မွ ရရစားစား ဝါးဝါးမ်ိဴမ်ိဳဆိုေတာ့ ရသမွ် အကုန္ယူမွာပဲ” ဟု ၎က ဆိုသည္။