TikTok သဘောတူညီချက်ကို ဒေါ်နယ်ထရမ့် အတည်ပြု

187

Pika (NP News) - စက်တင်ဘာ ၂၈
TikTokဆိုရှယ်မီဒီယာပလက်ဖောင်းရဲ့အမေရိကန်မှာလည်ပတ်မှုတွေကို အမေရိကန်နဲ့နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ တွေထံ လွှဲပြောင်းပေးမယ့် အမှုဆောင်အမိန့်ကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ၎င်းဟာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့လည်း စကားပြောဆိုမှုတွေလုပ်ဆောင်ခဲ့ပြီး TikTok နဲ့ပတ်သက်ပြီး ရှေ့ဆက်လုပ်ဆောင်ဖို့ ရှီကျင့်ဖျင်က ပြောကြားခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ တရုတ်ကုမ္ပဏီ ByteDance က ပိုင်ဆိုင်တဲ့ TikTok ဟာ အမေရိကန်ဆယ်ကျော်သက်တွေနဲ့လူငယ်တွေကြားမှာ ရေပန်းစားတဲ့ အပ်ပ်တစ်ခုလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ TikTok ကို အသုံးပြုတဲ့ အမေရိကန်နိုင်ငံသားအရေအတွက်ဟာ သန်း(၁၇၀)ခန့်ရှိတယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံသားအများအပြားက TikTok ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာမှုနဲ့အတူ အမေရိကန်အသုံးပြုတွေရဲ့ဒေတာအချက်အလက်တွေကို တရုတ်အစိုးရက ဝင်ရောက်ကြည့်ရှုခွင့်ရသွားမှာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာခဲ့တယ်လို့လည်းသိရပါတယ်။ အဲဒီစိုးရိမ်မှုနဲ့အတူ TikTok အပ်ပ်ကို နိုင်ငံအတွင်းမှာ အသုံးပြုခွင့်ပိတ်ပင်ဖို့အတွက် အမေရိကန်အစိုးရကလုပ်ဆောင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာ အမေရိကန်ကို ရောင်းချမှုနဲ့ အဆုံးသတ်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် TikTok ပလက်ဖောင်းကို အမေရိကန်နဲ့ရင်းနှီးမြှုပ်နှံသူတွေဆီကို လွှဲပြောင်းပေးဖို့ (၂၀၂၆)ခုနှစ် ဇန်နဝါရီလ(၂၀)ရက်ကို နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
TikTok သေဘာတူညီခ်က္ကို ေဒၚနယ္ထရမ့္ အတည္ျပဳ
Pika (NP News) - စက္တင္ဘာ ၂၈
TikTokဆိုရွယ္မီဒီယာပလက္ေဖာင္းရဲ႕အေမရိကန္မွာလည္ပတ္မႈေတြကို အေမရိကန္နဲ႔ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံသူ ေတြထံ လႊဲေျပာင္းေပးမယ့္ အမႈေဆာင္အမိန႔္ကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က လက္မွတ္ေရးထိုးခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ၎ဟာ တ႐ုတ္သမၼတရွီက်င့္ဖ်င္နဲ႔လည္း စကားေျပာဆိုမႈေတြလုပ္ေဆာင္ခဲ့ၿပီး TikTok နဲ႔ပတ္သက္ၿပီး ေရွ႕ဆက္လုပ္ေဆာင္ဖို႔ ရွီက်င့္ဖ်င္က ေျပာၾကားခဲ့တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ တ႐ုတ္ကုမၸဏီ ByteDance က ပိုင္ဆိုင္တဲ့ TikTok ဟာ အေမရိကန္ဆယ္ေက်ာ္သက္ေတြနဲ႔လူငယ္ေတြၾကားမွာ ေရပန္းစားတဲ့ အပ္ပ္တစ္ခုလည္းျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ TikTok ကို အသုံးျပဳတဲ့ အေမရိကန္ႏိုင္ငံသားအေရအတြက္ဟာ သန္း(၁၇၀)ခန႔္ရွိတယ္လို႔လည္း သိရပါတယ္။ အေမရိကန္ႏိုင္ငံသားအမ်ားအျပားက TikTok ကို တြင္တြင္က်ယ္က်ယ္အသုံးျပဳလာမႈနဲ႔အတူ အေမရိကန္အသုံးျပဳေတြရဲ႕ေဒတာအခ်က္အလက္ေတြကို တ႐ုတ္အစိုးရက ဝင္ေရာက္ၾကည့္ရႈခြင့္ရသြားမွာနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြ ထြက္ေပၚလာခဲ့တယ္လို႔လည္းသိရပါတယ္။ အဲဒီစိုးရိမ္မႈနဲ႔အတူ TikTok အပ္ပ္ကို ႏိုင္ငံအတြင္းမွာ အသုံးျပဳခြင့္ပိတ္ပင္ဖို႔အတြက္ အေမရိကန္အစိုးရကလုပ္ေဆာင္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာ အေမရိကန္ကို ေရာင္းခ်မႈနဲ႔ အဆုံးသတ္သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ TikTok ပလက္ေဖာင္းကို အေမရိကန္နဲ႔ရင္းႏွီးျမႇဳပ္ႏွံသူေတြဆီကို လႊဲေျပာင္းေပးဖို႔ (၂၀၂၆)ခုႏွစ္ ဇန္နဝါရီလ(၂၀)ရက္ကို ေနာက္ဆုံးရက္အျဖစ္ သတ္မွတ္ထားတယ္လို႔လည္း သိရပါတယ္။