ကိုယ်ကျိုးရှာ ပရဟိတအသင်းအချို့ကြောင့် ဘဏ် Statement ပြဿနာနှင့် အသင်းအချို့ရင်ဆိုင်နေရ
128
သန့်ဇင် (NP News) - ဇန်နဝါရီ ၉
ကိုယ်ကျိုးရှာပရဟိတအသင်းအချို့ကြောင့် တိုင်းအဆင့်လိုင်စင်တင်မည့် ပရဟိတအသင်းများအတွက် မြင့်မား သောဘဏ်အပ်ငွေပြသရမည့်အရေးကိစ္စပေါ်ပေါက်လာခြင်းဖြစ်ဖွယ်ရှိကြောင်း ပရဟိတအသင်းတစ်သင်းမှ တာဝန်ရှိသူ တစ်ဦးက NP News ကို ပြောသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်လိုင်စင်တင်မည့် ပရဟိတအသင်းများအနေဖြင့် ငွေကျပ် သိန်း(၅၀ဝ) ဘဏ်အပ်ငွေပြသရန်လိုပြီး ပြည်ထောင်စုအဆင့်လိုင်စင်တင်မည့် ပရဟိတအသင်းများအနေဖြင့် ငွေကျပ် သိန်း(၁၀ဝဝ) ဘဏ်အပ်ငွေပြသရန် လိုအပ်လာကြောင်း သိရသည်။ ‘အခုကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်အသင်းတွေကို သိန်း(၅၀ဝ)လို့ လိုင်စင်မဲ့အသင်းတွေကို ပါးစပ်နဲ့ပြောတယ်။ တချို့လည်း ပိုက်ဆံထည့်ပြီးတော့ သွားတင်တယ်။ ဒါပေမဲ့ ဘာမှမထူးသေးဘူး။ တင်ထားတဲ့အသင်းတွေလည်း ဘာမှမထူးသေးဘူး။ မတင်ထားတဲ့အသင်းတွေလည်း ဘာမှ မထူးသေးဘူး။ နောက်တစ်ခုက ပြည်ထောင်စုအသင်းတွေလည်း သိန်း(၁၀ဝဝ)လို့ ကြားတယ်’ ဟု အထက်ပါတာဝန်ရှိ သူက ပြောသည်။
ထိုသို့ မြင့်မားသောဘဏ်အပ်ငွေပြရမည့် မှတ်ပုံတင်ကိစ္စထွက်ပေါ်လာရခြင်းမှာ အချို့သောပရဟိတအသင်း များ၏ ငွေကြေးအလွဲသုံးစားလုပ်မှုနှင့် အခြားသောနိုင်ငံရေး၊ လူမှုရေးကိစ္စရပ်များနှင့် အများဆုံးသက်ဆိုင်နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ ‘ဘာကြောင့် ထုတ်ပြန်လဲဆိုတော့ တချို့အသင်းတွေလည်း ငွေကြေးကို အလွဲသုံးစားလုပ်တာတွေလည်းရှိတာပေါ့နော်။ ပြီးတော့ အချင်းချင်းတိုက်ခိုက်တာတွေလည်းရှိတာပေါ့။ ဒီပရဟိတ လောကကလည်း သိုင်းလောကထက်ရှုပ်တယ်။ ပရဟိတအသင်းတွေမှာလည်း ဂယက်တွေရှိတဲ့အသင်းတွေ လည်းပါတယ်ပေါ့နော်။ အတို့အထောင် လုပ်တဲ့ဟာတွေလည်းပါသလို ဟိုဘက်လိုလိုဒီဘက် လိုလိုလုပ်နေတဲ့ အသင်း တွေလည်းပါတယ်။ ဒါမှမဟုတ် ညှောင့်တဲ့ကိစ္စတွေလည်းရှိတော့ ပရဟိတအ ယောင်ဆောင်ပြီး လုပ်တာ တွေလည်း ရှိတယ်။ ဥပမာ-ရေဘေးတို့မှာဆိုရင်လည်း ကိုယ်ကျိုးအမြတ် စီးပွားထုတ်သွားတာတွေလည်းရှိတယ်။ သိန်းပေါင်းထောင် နဲ့ချီပြီးလုပ်သွားတာတွေပေါ့}ဟု ၎င်းက ဆက်ပြောသည်။ ထို့ပြင် လတ်တလော ဖောင်းပွလာ သည့်ပရဟိတ အသင်းများ ကို ထိန်းချုပ်လိုခြင်း ပရဟိတဗန်းပြကာ လုပ်စားသောအသင်းအဖွဲ့များကို စစ်ဆေးလိုသောရည်ရွယ်ချက်ဖြင့် အဆိုပါလိုင်စင်အသစ်မှတ်ပုံတင်ရခြင်းဖြစ်နိုင်ကြောင်းလည်း မွန်ပြည်နယ်အတွင်းရှိ ပရဟိတအသင်းတစ် သင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောကြားသည်။
“မူလပထမက ဥပဒေမူကြမ်းနဲ့ (၂၀၁၂)က အသင်း အဖွဲ့ဆိုင်ရာဥပဒေကို (၂၀၂၂)ခုနှစ်မှာ အသစ်ပြန် ရေးဆွဲပြီး တော့ ထွက်လာတယ်။ အဲဒီမှာလည်း ပြစ်မှုပြစ်ဒဏ်တွေပါလာတယ်။ အဲဒီတုန်းက ကျွန်တော်သိတာက ပြည်ထောင်စုအဆင့် က သိန်း(၂၀ဝ)။ ဒီနှစ် (၁၀)လပိုင်းမှာ ပြည်ထောင်စုအဆင့် အသင်းအဖွဲ့ဆိုင်ရာအစည်းအဝေး လုပ်တယ်လို့ သိရတယ်။ အဲဒီကနေ ဒီမူတစ်ခုကို ချမှတ်လိုက်တယ်လို့ သိရတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
ထိုသို့ ပရဟိတအသင်းများအတွက် လိုင်စင်အသစ်မှတ်ပုံတင်ခြင်းကြောင့် ဒေသတွင်းပရဟိတအသင်း အချို့ ကွယ်ပျောက်သွားနိုင်ပြီး ဆက်လက်ရပ်တည်နေသော အသင်းအဖွဲ့များအတွက် များစွာသော စိန်ခေါ်မှုများဖြစ်ပေါ်နိုင် ကြောင်း ၎င်းက ဆိုသည်။
‘အဲဒီမှာ တကယ်လုပ်နေတဲ့ အသင်းအဖွဲ့တွေသည် ၂၀၂၁ ခုနှစ်နိုင်ငံရေးအခြေအနေပြောင်းလဲပြီးတည်းက အသင်းရဲ့ဘဏ္ဍာငွေတွေက အရမ်းနည်းပါးလာပြီး အလှူရှင်တွေနည်းနည်းနဲ့ ရပ်တည် နေရတဲ့အချိန်မှာ ဒီလိုမျိုးဖြစ်လာ တဲ့အတွက် Show money ပြနိုင်ဖို့က လုံးဝမဖြစ်နိုင်တော့ဘူး။ အဲဒီတော့ တကယ်လုပ်နေတဲ့ အသင်းအဖွဲ့ကြီးတွေက အစ ရပ်နားရမယ့်အနေအထားမျိုးတွေလည်း ဖြစ်ပေါ်နိုင်တယ်။ နောက်တစ်ခုကတော့ ကိုယ့်ပစ္စည်းကို လျှော့ချပြီးတော့ လုပ်ရတဲ့အနေအထားမျိုးတွေဖြစ် သွားနိုင်တယ်။ ဥပမာ ကား(၅)စီးရှိရာကနေ (၃)စီး ရောင်းပြီးလုပ်တော့ (၂)စီးနဲ့ပဲ လုပ်ရတဲ့ အနေအထားမျိုးတွေလည်း ဖြစ်သွားနိုင်တယ်။ အခက်အခဲတွေလည်း ဖြစ်လာနိုင်တယ်။ ပြည်သူတွေ အနေနဲ့လည်း အခက်အခဲတွေ အများကြီးဖြစ်လာနိုင်တယ်’ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
Zawgyi Version;
ကိုယ္က်ိဳးရွာ ပရဟိတအသင္းအခ်ိဳ႕ေၾကာင့္ ဘဏ္ Statement ျပႆနာႏွင့္ အသင္းအခ်ိဳ႕ရင္ဆိုင္ေနရ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၉
ကိုယ္က်ိဳးရွာပရဟိတအသင္းအခ်ိဳ႕ေၾကာင့္ တိုင္းအဆင့္လိုင္စင္တင္မည့္ ပရဟိတအသင္းမ်ားအတြက္ ျမင့္မား ေသာဘဏ္အပ္ေငြျပသရမည့္အေရးကိစၥေပၚေပါက္လာျခင္းျဖစ္ဖြယ္ရွိေၾကာင္း ပရဟိတအသင္းတစ္သင္းမွ တာဝန္ရွိသူ တစ္ဦးက NP News ကို ေျပာသည္။
တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အဆင့္လိုင္စင္တင္မည့္ ပရဟိတအသင္းမ်ားအေနျဖင့္ ေငြက်ပ္ သိန္း(၅၀ဝ) ဘဏ္အပ္ေငြျပသရန္လိုၿပီး ျပည္ေထာင္စုအဆင့္လိုင္စင္တင္မည့္ ပရဟိတအသင္းမ်ားအေနျဖင့္ ေငြက်ပ္ သိန္း(၁၀ဝဝ) ဘဏ္အပ္ေငြျပသရန္ လိုအပ္လာေၾကာင္း သိရသည္။ ‘အခုကေတာ့ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္အသင္းေတြကို သိန္း(၅၀ဝ)လို႔ လိုင္စင္မဲ့အသင္းေတြကို ပါးစပ္နဲ႔ေျပာတယ္။ တခ်ိဳ႕လည္း ပိုက္ဆံထည့္ၿပီးေတာ့ သြားတင္တယ္။ ဒါေပမဲ့ ဘာမွမထူးေသးဘူး။ တင္ထားတဲ့အသင္းေတြလည္း ဘာမွမထူးေသးဘူး။ မတင္ထားတဲ့အသင္းေတြလည္း ဘာမွ မထူးေသးဘူး။ ေနာက္တစ္ခုက ျပည္ေထာင္စုအသင္းေတြလည္း သိန္း(၁၀ဝဝ)လို႔ ၾကားတယ္’ ဟု အထက္ပါတာဝန္ရွိ သူက ေျပာသည္။
ထိုသို႔ ျမင့္မားေသာဘဏ္အပ္ေငြျပရမည့္ မွတ္ပုံတင္ကိစၥထြက္ေပၚလာရျခင္းမွာ အခ်ိဳ႕ေသာပရဟိတအသင္း မ်ား၏ ေငြေၾကးအလြဲသုံးစားလုပ္မႈႏွင့္ အျခားေသာႏိုင္ငံေရး၊ လူမႈေရးကိစၥရပ္မ်ားႏွင့္ အမ်ားဆုံးသက္ဆိုင္ႏိုင္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။ ‘ဘာေၾကာင့္ ထုတ္ျပန္လဲဆိုေတာ့ တခ်ိဳ႕အသင္းေတြလည္း ေငြေၾကးကို အလြဲသုံးစားလုပ္တာေတြလည္းရွိတာေပါ့ေနာ္။ ၿပီးေတာ့ အခ်င္းခ်င္းတိုက္ခိုက္တာေတြလည္းရွိတာေပါ့။ ဒီပရဟိတ ေလာကကလည္း သိုင္းေလာကထက္ရႈပ္တယ္။ ပရဟိတအသင္းေတြမွာလည္း ဂယက္ေတြရွိတဲ့အသင္းေတြ လည္းပါတယ္ေပါ့ေနာ္။ အတို႔အေထာင္ လုပ္တဲ့ဟာေတြလည္းပါသလို ဟိုဘက္လိုလိုဒီဘက္ လိုလိုလုပ္ေနတဲ့ အသင္း ေတြလည္းပါတယ္။ ဒါမွမဟုတ္ ေညႇာင့္တဲ့ကိစၥေတြလည္းရွိေတာ့ ပရဟိတအ ေယာင္ေဆာင္ၿပီး လုပ္တာ ေတြလည္း ရွိတယ္။ ဥပမာ-ေရေဘးတို႔မွာဆိုရင္လည္း ကိုယ္က်ိဳးအျမတ္ စီးပြားထုတ္သြားတာေတြလည္းရွိတယ္။ သိန္းေပါင္းေထာင္ နဲ႔ခ်ီၿပီးလုပ္သြားတာေတြေပါ့}ဟု ၎က ဆက္ေျပာသည္။ ထို႔ျပင္ လတ္တေလာ ေဖာင္းပြလာ သည့္ပရဟိတ အသင္းမ်ား ကို ထိန္းခ်ဳပ္လိုျခင္း ပရဟိတဗန္းျပကာ လုပ္စားေသာအသင္းအဖြဲ႕မ်ားကို စစ္ေဆးလိုေသာရည္႐ြယ္ခ်က္ျဖင့္ အဆိုပါလိုင္စင္အသစ္မွတ္ပုံတင္ရျခင္းျဖစ္ႏိုင္ေၾကာင္းလည္း မြန္ျပည္နယ္အတြင္းရွိ ပရဟိတအသင္းတစ္ သင္းမွ တာဝန္ရွိသူတစ္ဦးက သုံးသပ္ေျပာၾကားသည္။
“မူလပထမက ဥပေဒမူၾကမ္းနဲ႔ (၂၀၁၂)က အသင္း အဖြဲ႕ဆိုင္ရာဥပေဒကို (၂၀၂၂)ခုႏွစ္မွာ အသစ္ျပန္ ေရးဆြဲၿပီး ေတာ့ ထြက္လာတယ္။ အဲဒီမွာလည္း ျပစ္မႈျပစ္ဒဏ္ေတြပါလာတယ္။ အဲဒီတုန္းက ကြၽန္ေတာ္သိတာက ျပည္ေထာင္စုအဆင့္ က သိန္း(၂၀ဝ)။ ဒီႏွစ္ (၁၀)လပိုင္းမွာ ျပည္ေထာင္စုအဆင့္ အသင္းအဖြဲ႕ဆိုင္ရာအစည္းအေဝး လုပ္တယ္လို႔ သိရတယ္။ အဲဒီကေန ဒီမူတစ္ခုကို ခ်မွတ္လိုက္တယ္လို႔ သိရတယ္” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
ထိုသို႔ ပရဟိတအသင္းမ်ားအတြက္ လိုင္စင္အသစ္မွတ္ပုံတင္ျခင္းေၾကာင့္ ေဒသတြင္းပရဟိတအသင္း အခ်ိဳ႕ ကြယ္ေပ်ာက္သြားႏိုင္ၿပီး ဆက္လက္ရပ္တည္ေနေသာ အသင္းအဖြဲ႕မ်ားအတြက္ မ်ားစြာေသာ စိန္ေခၚမႈမ်ားျဖစ္ေပၚႏိုင္ ေၾကာင္း ၎က ဆိုသည္။
‘အဲဒီမွာ တကယ္လုပ္ေနတဲ့ အသင္းအဖြဲ႕ေတြသည္ ၂၀၂၁ ခုႏွစ္ႏိုင္ငံေရးအေျခအေနေျပာင္းလဲၿပီးတည္းက အသင္းရဲ႕ဘ႑ာေငြေတြက အရမ္းနည္းပါးလာၿပီး အလႉရွင္ေတြနည္းနည္းနဲ႔ ရပ္တည္ ေနရတဲ့အခ်ိန္မွာ ဒီလိုမ်ိဳးျဖစ္လာ တဲ့အတြက္ Show money ျပႏိုင္ဖို႔က လုံးဝမျဖစ္ႏိုင္ေတာ့ဘူး။ အဲဒီေတာ့ တကယ္လုပ္ေနတဲ့ အသင္းအဖြဲ႕ႀကီးေတြက အစ ရပ္နားရမယ့္အေနအထားမ်ိဳးေတြလည္း ျဖစ္ေပၚႏိုင္တယ္။ ေနာက္တစ္ခုကေတာ့ ကိုယ့္ပစၥည္းကို ေလွ်ာ့ခ်ၿပီးေတာ့ လုပ္ရတဲ့အေနအထားမ်ိဳးေတြျဖစ္ သြားႏိုင္တယ္။ ဥပမာ ကား(၅)စီးရွိရာကေန (၃)စီး ေရာင္းၿပီးလုပ္ေတာ့ (၂)စီးနဲ႔ပဲ လုပ္ရတဲ့ အေနအထားမ်ိဳးေတြလည္း ျဖစ္သြားႏိုင္တယ္။ အခက္အခဲေတြလည္း ျဖစ္လာႏိုင္တယ္။ ျပည္သူေတြ အေနနဲ႔လည္း အခက္အခဲေတြ အမ်ားႀကီးျဖစ္လာႏိုင္တယ္’ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။