ကမ္ဘောဒီးယားအတိုက်ခံနိုင်ငံရေးသမားကို လုပ်ကြံခဲ့သည့် ထိုင်းမရိန်းတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီး
121
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၉
ကမ္ဘောဒီးယား ရဲတပ်ဖွဲ့သည် ဘန်ကောက်မြို့လည်တွင် ကမ္ဘောဒီးယားအတိုက်ခံနိုင်ငံရေးသမားကို ပစ်သတ်ခဲ့သော ထိုင်းမရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြည်ပြေးအဖြစ်နေထိုင်နေသည့် ကမ္ဘောဒီးယား အတိုက်ခံနိုင်ငံရေးသမား ဆန်ရိန်စီက ပြင်သစ်နိုင်ငံသားအဖြစ် ခံယူထားသော ကမ္ဘောဒီးယား အတိုက်ခံနိုင်ငံရေးသမား ဖြစ်သူ လင်ကင်ယာကို လုပ်ကြံသတ်ဖြတ်ရန် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲထား သည်။
လင်ကင်ယာသည် ပြီးခဲ့သောရက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံမှ ဘန်ကောက်မြို့သို့ ဘတ်စ်ကားဖြင့်ရောက်ရှိလာချိန် အတွင်း ဆိုင်ကယ်အပေါမှ သေနတ်သမားတစ်ဦး၏ လုပ်ကြံပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း သိရသည်။ ၄င်းသည် ဇနီးဖြစ်သူနှင့်အတူ ဘန်ကောက်မြို့သို့ ရောက်ရှိလာချိန်အတွင်း လုပ်ကြံခံရခြင်းဖြစ်သည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က လုပ်ကြံ သတ်ဖြတ်မှုကျူးလွန်သူကို ထိုင်း နှင့် ကမ္ဘောဒီးယားနယ်စပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ ထိုင်းရဲတပ်ဖွဲ့က သေနတ်သမားသည် ထိုင်းနိုင်ငံသားဖြစ်ပြီး မရိန်းတပ်ဖွဲ့ဝင်ဟောင်းဖြစ်ကြောင်း ပြောသည်။ သေနတ်သမားသည် ထိုင်းနိုင်ငံတွင် ဆိုင်ကယ်တက္ကစီ ဆွဲနေသူဖြစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဟု ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ပြောသည်။
Zawgyi Version;