လက်ရှိ ရာသီဥတုအခြေနေမှာ မီးလောင်နိုင်သောကြောင့် သတိပြုရန် မိုးလေဝသပညာရှင် တိုက်တွန်း
218
ချယ်ရီ (NP News)- ဇန်နဝါရီလ ၉
လက်ရှိရာသီဥတုအခြေနေမှာ မီးလောင်နိုင်သောကြောင့် သတိပြုရန် မိုးလေဝသပညာရှင် ဦးဝင်းနိုင်က NP News မှ တစ်ဆင့် တိုက်တွန်းပြောကြားသည်။
ဇန်နဝါရီ (၉)ရက် (ယနေ့) မှ ဇန်နဝါရီလ (၁၅) ရက်အထိ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်မြောက်ပိုင်း ဒေသများမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် နေ့အပူချိန်များသည် (၃၀ဒီဂရီ ဆဲလ်စီးယက်) အထက်တွင် ဆက်လက်ရှိနေပြီး ညအပူချိန်များသည် ကရင်ပြည်နယ်တောင်ပိုင်း၊ မွန်ပြည်နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသများမှအပ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် (၂၀ ဒီဂရီဆဲလ်စီးယက်) အောက် သို့ ကျဆင်း၍ အအေးပိုလာနိုင်ကြောင်း သိရသည်။
“အဓိက ကတော့ ဇန်နဝါရီလထဲမှာ စပြီးတော့ အေးနိုင်တယ်ဆိုပြီးတော့ အရင်ကတည်းက ကြိုပြီးတော့ ပြောထားခဲ့ဖူး ပါတယ်။ ဆောင်းတွင်း ဒီဇင်ဘာလထဲမှာ မအေးဘူးနဲ့ ပြောနေကြတော့ မဟုတ်ဘူး။ ဇန်နဝါရီမှာ အေးလာနိုင်တယ် ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အီကွေတာအနားပေါ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေပွေလှိုင်းတွေက တစ်ခုပြီးတစ်ခုဆက်ဖြစ်နေတာပေါ့နော်။ အခုလည်း လောလောဆယ် ဆက်ဖြစ်နေတယ်။ သို့သော် အခုဖြစ်နေတဲ့ တစ်လုံးဟာဆိုရင် လေဖိအားနည်းရပ်ဝန်းအထိတော့ မရောက်ဘူးပေါ့” ဟု ၎င်းက ရှင်းပြသည်။
ထို့ပြင် လက်ရှိရာသီဥတု အခြေအနေမှာ နံနက်အစောပိုင်းနှင့် ညပိုင်းတို့တွင် အေးသော်လည်း နေ့လည်ပိုင်းတွင် ပူပြင်း ခြောက်သွေ့သည့်ရာသီဥတုအခြေအနေရှိနေသောကြောင့် အရာဝတ္ထုပစ္စည်းများမှာ သဘာဝအလျောက် ဓာတ်ပြု၍ မီးလောင်မှုများဖြစ်ပွားနိုင်သောကြောင့် မီးဘေးအန္တရာယ်ကို အထူးသတိထားကြရန် ၎င်းက သတိပေးပြောကြားထား သည်။
“နေ့လည်ဘက်မှာ အပူချိန်မြင့်တယ်။ ညဘက်နဲ့ မနက်အစောဘက်မှာ အေးလာတယ်။ ပြီးတော့ လေထုရဲ့ စိုထိုင်းဆတွေကလည်း ကျသွားတဲ့အတွက်ကြောင့် ကျွန်တော်တို့ လွယ်လွယ်စကားနဲ့ပဲ ပြောမယ်ဆိုရင်တော့ အေးတယ်၊ ပူတယ်၊ လေက ခြောက်သွေ့သွားတယ်။ အဲဒီအခါကျတော့ မီးလောင်နိုင်တဲ့အနေအထား ပိုမြင့်လာတယ်” ဟု ဦးဝင်းနိုင် က ပြောသည်။
မီးလောင်သော ဧရိယာကျဉ်းပါက မသိသာသော်လည်း မီးလောင်သော ဧရိယာကျယ်ပါက ပူသောဧရိယာကို လေတိုးဝင်ခြင်းများရှိကြောင်း ၎င်းက ဆိုသည်။
“ဥပမာ - အခု အမေရိကားမှာ ဟောလိဝုဒ်မှာတိုက်တဲ့ ပြန်ဖြစ်တဲ့မီးလောင်တဲ့ အနေအထားဟာဆိုရင် ပင်လယ်ဘက် ကနေပြီးတော့ လေတိုက်နှုန်းက (၁)နာရီကို မိုင်(၁၀၀)နှုန်းလောက်အထိ ဝင်တယ်လို့ပြောတယ်။ အခုဒီမှာလည်း အဲဒီလိုပဲ။ မီးလောင်တယ်။ မီးဧရိယာကျယ်တယ်ဆိုရင် အပြင်ကနေပြီးတော့ လေထုက အလုံးအရင်းနဲ့ ဝင်တတ်တယ်။ ဒါကြောင့်မို့လို့ မီးလောင်ရာလေပင့် ဖြစ်မယ်။ ဒီအချိန်မှာ မီးဘေးအန္တယ်ကိုတော့ အထူးသတိထားကြဖို့ လိုမယ်။ ပေါ့ဆလို့ မရဘူး။ သတိထားရမယ်။ သိတဲ့အတိုင်းပဲ အခုလောလောဆယ်မှာ မီးပျက်တဲ့ အချိန်တွေဟာ များလာတယ်။ မီးက လာလိုက်၊ပျက်လိုက်တာမျိုး ရှိတယ်။ အဲဒီဟာမျိုးကြောင့်မို့ မီးဘေးအန္တရာယ်ကို ပိုပြီးတော့ သတိထားရပါမယ်” ဟု ဦးဝင်းနိုင်က ပြောသည်။
Zawgyi Version;
လက္ရွိ ရာသီဥတုအေျခေနမွာ မီးေလာင္ႏိုင္ေသာေၾကာင့္ သတိျပဳရန္ မိုးေလဝသပညာရွင္ တိုက္တြန္း
ခ်ယ္ရီ (NP News)- ဇန္နဝါရီလ ၉
လက္ရွိရာသီဥတုအေျခေနမွာ မီးေလာင္ႏိုင္ေသာေၾကာင့္ သတိျပဳရန္ မိုးေလဝသပညာရွင္ ဦးဝင္းႏိုင္က NP News မွ တစ္ဆင့္ တိုက္တြန္းေျပာၾကားသည္။
ဇန္နဝါရီ (၉)ရက္ (ယေန႔) မွ ဇန္နဝါရီလ (၁၅) ရက္အထိ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္၊ ရွမ္းျပည္နယ္၊ ကယား ျပည္နယ္ႏွင့္ ကရင္ျပည္နယ္ေျမာက္ပိုင္း ေဒသမ်ားမွအပ က်န္ျပည္နယ္တိုင္းေဒသအားလုံးတြင္ ေန႔အပူခ်ိန္မ်ားသည္ (၃၀ဒီဂရီ ဆဲလ္စီးယက္) အထက္တြင္ ဆက္လက္ရွိေနၿပီး ညအပူခ်ိန္မ်ားသည္ ကရင္ျပည္နယ္ေတာင္ပိုင္း၊ မြန္ျပည္နယ္ ေတာင္ပိုင္းႏွင့္ တနသၤာရီတိုင္းေဒသမ်ားမွအပ က်န္ျပည္နယ္တိုင္းေဒသအားလုံးတြင္ (၂၀ ဒီဂရီဆဲလ္စီးယက္) ေအာက္ သို႔ က်ဆင္း၍ အေအးပိုလာႏိုင္ေၾကာင္း သိရသည္။
“အဓိက ကေတာ့ ဇန္နဝါရီလထဲမွာ စၿပီးေတာ့ ေအးႏိုင္တယ္ဆိုၿပီးေတာ့ အရင္ကတည္းက ႀကိဳၿပီးေတာ့ ေျပာထားခဲ့ဖူး ပါတယ္။ ေဆာင္းတြင္း ဒီဇင္ဘာလထဲမွာ မေအးဘူးနဲ႔ ေျပာေနၾကေတာ့ မဟုတ္ဘူး။ ဇန္နဝါရီမွာ ေအးလာႏိုင္တယ္ ေပါ့ေနာ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အီေကြတာအနားေပါ့ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းမွာ ေလေပြလႈိင္းေတြက တစ္ခုၿပီးတစ္ခုဆက္ျဖစ္ေနတာေပါ့ေနာ္။ အခုလည္း ေလာေလာဆယ္ ဆက္ျဖစ္ေနတယ္။ သို႔ေသာ္ အခုျဖစ္ေနတဲ့ တစ္လုံးဟာဆိုရင္ ေလဖိအားနည္းရပ္ဝန္းအထိေတာ့ မေရာက္ဘူးေပါ့” ဟု ၎က ရွင္းျပသည္။
ထို႔ျပင္ လက္ရွိရာသီဥတု အေျခအေနမွာ နံနက္အေစာပိုင္းႏွင့္ ညပိုင္းတို႔တြင္ ေအးေသာ္လည္း ေန႔လည္ပိုင္းတြင္ ပူျပင္း ေျခာက္ေသြ႕သည့္ရာသီဥတုအေျခအေနရွိေနေသာေၾကာင့္ အရာဝတၳဳပစၥည္းမ်ားမွာ သဘာဝအေလ်ာက္ ဓာတ္ျပဳ၍ မီးေလာင္မႈမ်ားျဖစ္ပြားႏိုင္ေသာေၾကာင့္ မီးေဘးအႏၲရာယ္ကို အထူးသတိထားၾကရန္ ၎က သတိေပးေျပာၾကားထား သည္။
“ေန႔လည္ဘက္မွာ အပူခ်ိန္ျမင့္တယ္။ ညဘက္နဲ႔ မနက္အေစာဘက္မွာ ေအးလာတယ္။ ၿပီးေတာ့ ေလထုရဲ႕ စိုထိုင္းဆေတြကလည္း က်သြားတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ လြယ္လြယ္စကားနဲ႔ပဲ ေျပာမယ္ဆိုရင္ေတာ့ ေအးတယ္၊ ပူတယ္၊ ေလက ေျခာက္ေသြ႕သြားတယ္။ အဲဒီအခါက်ေတာ့ မီးေလာင္ႏိုင္တဲ့အေနအထား ပိုျမင့္လာတယ္” ဟု ဦးဝင္းႏိုင္ က ေျပာသည္။
မီးေလာင္ေသာ ဧရိယာက်ဥ္းပါက မသိသာေသာ္လည္း မီးေလာင္ေသာ ဧရိယာက်ယ္ပါက ပူေသာဧရိယာကို ေလတိုးဝင္ျခင္းမ်ားရွိေၾကာင္း ၎က ဆိုသည္။
“ဥပမာ - အခု အေမရိကားမွာ ေဟာလိဝုဒ္မွာတိုက္တဲ့ ျပန္ျဖစ္တဲ့မီးေလာင္တဲ့ အေနအထားဟာဆိုရင္ ပင္လယ္ဘက္ ကေနၿပီးေတာ့ ေလတိုက္ႏႈန္းက (၁)နာရီကို မိုင္(၁၀၀)ႏႈန္းေလာက္အထိ ဝင္တယ္လို႔ေျပာတယ္။ အခုဒီမွာလည္း အဲဒီလိုပဲ။ မီးေလာင္တယ္။ မီးဧရိယာက်ယ္တယ္ဆိုရင္ အျပင္ကေနၿပီးေတာ့ ေလထုက အလုံးအရင္းနဲ႔ ဝင္တတ္တယ္။ ဒါေၾကာင့္မို႔လို႔ မီးေလာင္ရာေလပင့္ ျဖစ္မယ္။ ဒီအခ်ိန္မွာ မီးေဘးအႏၲယ္ကိုေတာ့ အထူးသတိထားၾကဖို႔ လိုမယ္။ ေပါ့ဆလို႔ မရဘူး။ သတိထားရမယ္။ သိတဲ့အတိုင္းပဲ အခုေလာေလာဆယ္မွာ မီးပ်က္တဲ့ အခ်ိန္ေတြဟာ မ်ားလာတယ္။ မီးက လာလိုက္၊ပ်က္လိုက္တာမ်ိဳး ရွိတယ္။ အဲဒီဟာမ်ိဳးေၾကာင့္မို႔ မီးေဘးအႏၲရာယ္ကို ပိုၿပီးေတာ့ သတိထားရပါမယ္” ဟု ဦးဝင္းႏိုင္က ေျပာသည္။