သထုံမြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ဧက(၉)ထောင်ကျော် ကျယ်ဝန်းသောနယ်မြေကို “ကဏန်းကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်

 84

စော (NP News) - ဇန်နဝါရီ ၉

သထုံမြို့နယ်ရှိ ဧရိယာအကျယ်အဝန်း ဧက(၉)ထောင်ကျော်ကျယ်ဝန်းသောနယ်မြေကို “ကဏန်းကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က ယနေ့ (ဇန်နဝါရီလ ၉ ရက်) တွင် ကြေညာထားသည်။

အဆိုပါဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် မွန်ပြည်နယ် သထုံခရိုင် သထုံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာ အကျယ်အဝန်း ၉,၂၈၄ ဧကရှိသော နယ်မြေကို “ကဏန်းကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော” အဖြစ် ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်မှစ၍ သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝ စေရန်၊ လှိုင်းဒဏ်/ လေမုန်တိုင်းဒဏ်ခံစားရမှုများကို သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်နှင့် ဒေသခံပြည်သူ များအတွက် သား၊ ငါး၊ ဂဏန်း၊ ပုစွန်စသော ရေသယံဇာတများ စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ သတ်မှတ်ခြင်းဖြင့် ဒီရေတောအဓိကသစ်မျိုးများဖြစ်သည့် သမဲ့၊ ကန့်ပလာ၊ ဓနိ စသည့် ဒီရေတောသစ်ပင်များအား ထိန်းသိမ်းနိုင်မည့်အပြင် ဗြူးခြေထောက်၊ ဗြူးကြက်တက်၊ နှံဗြူး၊ ဗြူးအုပ်ဆောင်း၊ သမဲ့ကြီး၊ ကန့်ပလာစသည့် သစ်မျိုးများဖြင့် စိုက်ပျိုးတည်ထောင်ထားသည့် ဒီရေတောစိုက်ခင်းများကိုပါ ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် သား၊ ငါး၊ ဂဏန်း၊ ပုစွန်များရှင်သန်ပေါက်ဖွားရာ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ခြင်း၊ ဒီရေတောများသည် အဏ္ဏဝါဂေဟစနစ်ကို တည်ငြိမ်မှု အတွက် အရေးပါသည့်ဂေဟစနစ်တစ်ခုဖြစ်ခြင်း၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိပေးနိုင်ခြင်း၊ မြေတိုက်စားမှုနှင့် ကမ်းပါးပြိုမှုများကဲ့သို့သော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ် ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးထားသည်။

Zawgyi Version;
သထုံၿမိဳ႕နယ္ရွိ ဧရိယာအက်ယ္အဝန္း ဧက(၉)ေထာင္ေက်ာ္ က်ယ္ဝန္းေသာနယ္ေျမကို “ကဏန္းကြၽန္း ဒီေရေတာ ႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ သတ္မွတ္
ေစာ (NP News) - ဇန္နဝါရီ ၉

သထုံၿမိဳ႕နယ္ရွိ ဧရိယာအက်ယ္အဝန္း ဧက(၉)ေထာင္ေက်ာ္က်ယ္ဝန္းေသာနယ္ေျမကို “ကဏန္းကြၽန္းဒီေရေတာ ႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ သတ္မွတ္လိုက္ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန က ယေန႔ (ဇန္နဝါရီလ ၉ ရက္) တြင္ ေၾကညာထားသည္။

အဆိုပါဝန္ႀကီးဌာနသည္ ၂၀၁၈ ခုႏွစ္တြင္ ျပ႒ာန္းထားသည့္ သစ္ေတာဥပေဒပုဒ္မ ၆၊ ပုဒ္မခြဲ(င) အရ အပ္ႏွင္းထားေသာ လုပ္ပိုင္ခြင့္မ်ားကို က်င့္သုံးလ်က္ မြန္ျပည္နယ္ သထုံခ႐ိုင္ သထုံၿမိဳ႕နယ္အတြင္း က်ေရာက္ေနသည့္ ဧရိယာ အက်ယ္အဝန္း ၉,၂၈၄ ဧကရွိေသာ နယ္ေျမကို “ကဏန္းကြၽန္းဒီေရေတာႀကိဳးျပင္ကာကြယ္ေတာ” အျဖစ္ ၿပီးခဲ့သည့္ ဇန္နဝါရီလ ၂ ရက္မွစ၍ သတ္မွတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဒီေရေတာေဂဟစနစ္ ေရရွည္တည္တံ့ေစရန္ႏွင့္ စီမံအုပ္ခ်ဳပ္မႈ ပိုမိုေကာင္းမြန္လာေစရန္၊ ဇီဝမ်ိဳးစုံမ်ိဳးကြဲမ်ား ေပါႂကြယ္ဝ ေစရန္၊ လႈိင္းဒဏ္/ ေလမုန္တိုင္းဒဏ္ခံစားရမႈမ်ားကို သဘာဝတံတိုင္းႀကီးမ်ားသဖြယ္ ကာကြယ္ရန္ႏွင့္ ေဒသခံျပည္သူ မ်ားအတြက္ သား၊ ငါး၊ ဂဏန္း၊ ပုစြန္စေသာ ေရသယံဇာတမ်ား စဥ္ဆက္မျပတ္ ထုတ္ယူသုံးစြဲႏိုင္ရန္ ရည္႐ြယ္၍ ဒီေရေတာႀကိဳးဝိုင္း/ ႀကိဳးျပင္ကာကြယ္ေတာမ်ား ဖြဲ႕စည္းသတ္မွတ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔သို႔ သတ္မွတ္ျခင္းျဖင့္ ဒီေရေတာအဓိကသစ္မ်ိဳးမ်ားျဖစ္သည့္ သမဲ့၊ ကန႔္ပလာ၊ ဓနိ စသည့္ ဒီေရေတာသစ္ပင္မ်ားအား ထိန္းသိမ္းႏိုင္မည့္အျပင္ ျဗဴးေျခေထာက္၊ ျဗဴးၾကက္တက္၊ ႏွံျဗဴး၊ ျဗဴးအုပ္ေဆာင္း၊ သမဲ့ႀကီး၊ ကန႔္ပလာစသည့္ သစ္မ်ိဳးမ်ားျဖင့္ စိုက္ပ်ိဳးတည္ေထာင္ထားသည့္ ဒီေရေတာစိုက္ခင္းမ်ားကိုပါ ထိန္းသိမ္းကာကြယ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
ထိုျပင္ သား၊ ငါး၊ ဂဏန္း၊ ပုစြန္မ်ားရွင္သန္ေပါက္ဖြားရာ ေဂဟစနစ္ ပိုမိုေကာင္းမြန္လာေစျခင္း၊ ေဒသခံျပည္သူမ်ား၏ လူမႈစီးပြားဖြံ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳႏိုင္ျခင္း၊ ဒီေရေတာမ်ားသည္ အဏၰဝါေဂဟစနစ္ကို တည္ၿငိမ္မႈ အတြက္ အေရးပါသည့္ေဂဟစနစ္တစ္ခုျဖစ္ျခင္း၊ ရာသီဥတုေျပာင္းလဲမႈကို ထိန္းညႇိေပးႏိုင္ျခင္း၊ ေျမတိုက္စားမႈႏွင့္ ကမ္းပါးၿပိဳမႈမ်ားကဲ့သို႔ေသာ သဘာဝေဘးအႏၲရာယ္မွ ကာကြယ္ေပးႏိုင္ျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားရရွိႏိုင္မည္ျဖစ္ ေၾကာင္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.