(၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့ (အပိုင်း - ၁)

 338

ကျွန်းသားငမန်း (NP News) - ဇန်နဝါရီ ၁ဝ

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၃)ခုရှိခဲ့သည်။ ပထမဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေမှာ (၁၉၄၇)ခုနှစ်ဥပဒေဖြစ်ပြီး (၁၉၆၂) ခုနှစ်တွင် တပ်မ တော်မှအာဏာရယူခဲ့ပြီးနောက် ဖျက်သိမ်းခဲ့သည်။ ဤဥပဒေမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို အခြေခံရေး ဆွဲထားခြင်းဖြစ်သည်။ ဒုတိယရေးဆွဲအတည်ပြုခဲ့သောအခြေခံဥပဒေမှာ (၁၉၇၄) ခုနှစ် အခြေခံဥပဒေ ဖြစ်သည်။ တစ်ပါတီစနစ်ကိုအခြေခံပြီး ဆိုရှယ်လစ်စနစ်ကိုအကောင်အထည်အဖော်ရန်ရေးဆွဲခဲ့သော ဥပဒေဖြစ်သည်။ ဤဥပဒေကိုလည်း (၁၉၈၈)ခုနှစ်တွင် တပ်မတော်မှအာဏာကိုရယူခဲ့ပြီးနောက် ဖျက် သိမ်းခဲ့သည်။ တတိယရေးဆွဲအတည်ပြုခဲ့သော အခြေခံဥပဒေမှာ (၂၀ဝ၈) ခုနှစ် အခြေခံဥပဒေ ဖြစ်ပြီး ပါတီစုံ ဒီမိုကရေစီစနစ်ကို အခြေခံရေးဆွဲထားသော ဥပဒေဖြစ်သည်။ ဤဥပဒေ (၃)ခုလုံးတွင် ချို့ယွင်း ချက်၊ အားနည်းချက်များရှိခဲ့သည်။ အထူးသဖြင့် တိုင်းရင်းသားရေးရာများနှင့်ပတ်သက်၍ အငြင်းပွား ဖွယ်ရာ များရှိနေခဲ့သည်။ ထိုကြောင့်လည်း ဖွဲ့စည်းပုံအခြေဥပဒေများကြောင့်ပင် မကျေမလည်မှုတွေ ဖြစ်နေကြပြီး အချင်းချင်း သွေးကွဲသည့်အနေအထားသို့ ရောက်ရှိခဲ့ကြသည်။ ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအ ကျင်းတွင်လည်း လက်ရှိ (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက် များကို ထောက်ပြပြီး ပြု ပြင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်များကို တွေ့ရသည်။ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ (၂၀၁၀-၂၀၁၅) ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက် ထက်တွင်လည်းကောင်း၊ (၂၀၁၅-၂၀၂၀) အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရလက်ထက်တွင်လည်းကောင်း (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘောင် အတွင်းမှ နေ၍ ပြင်ဆင်ရန်ကြိုးပမ်းခဲ့ကြသည်။ သို့ရာတွင် အောင်မြင်ခြင်းမရှိခဲ့။

အခြေခံဥပဒေပြင်ဆင်ရေးနှင့်(NCA) စာချုပ်
ဤနေရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၌အဓိကကျနေသည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘော တူချက်များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကား နှယ်နှယ်ရရစာချုပ် တစ်ရပ်မဟုတ်ပေ။ ဤစာချုပ်သည် နိုင်ငံတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကတိ ကဝတ်ပြု၊ သဘောတူညီချက်၊ သဘောတူစာချုပ်ဖြစ် သည်။ (NCA)စာချုပ်ပါ အခန်း(၁)အခြေခံမူများတွင် “ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကိုအခြေခံ သော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ် များ နှင့် အညီတည်ဆောက်သွားရန်”၊ “နိုင်ငံသားအားလုံး တန်းတူရည်တူအခွင့်အရေးများရရှိစေရန်” ဆိုသည့် ပြဋ္ဌာန်းချက်များပါရှိသည်။ အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်း ကဏ္ဍတွင် “ ပြည် ထောင်စုညီလာခံမှထွက်ပေါ်လာသောဆုံး ဖြတ်ချက် များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင်ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီပြုလုပ်ရန်သဘောတူညီသည်”ဟု ထည့် သွင်းသဘောတူညီထားသည်။ ယင်းအခြေခံမူသည် နိုင်ငံတော်က အသွင်ကူးပြောင်းနေသည့်ယဉ်ကျေးမှုနှင့်အညီ ဒီမိုကရေစီနည်းလမ်း များဖြင့် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

NLD အစိုးရလက်ထက်တွင် (၂၁) ရာစု ပင်လုံညီလာခံအမည်ဖြင့် (NCA)စာချုပ်ချုပ်ပါ အချက် များကို ဆက်လက်အကောင်အထည်ဖော်ရန်ဆောင်ရွက်ခဲ့သည်။ ဤဆောင်ရွက်မှု၏ရလဒ်အဖြစ် ပြည် ထောင်စုသဘောတူစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး၊ ပြည်ထောင်စုသဘောတူညီချက်စာချုပ်အစိတ်အပိုင်းများ ကို ဆက်လက်ဆွေးနွေးခဲ့ကြရာ သဘောတူစာချုပ် အစိတ်အပိုင်း(၁)ကို (၂၀၁၇)ခုနှစ် မေလ (၂၄)ရက်မှ (၂၉)ရက်အထိကျင်းပခဲ့ပြီး နိုင်ငံရေးအတွက် (၁၂)ချက်၊ စီးပွားရေးအတွက်(၁၁)ချက်၊ လူမှုရေးအတွက် (၄)ချက်နှင့် မြေယာ/သဘာဝနှင့်ပတ်သက်သည့်အချက်(၁၀)ချက်အထိ စုစုပေါင်း သဘောတူညီချက် (၃၇)ချက်ရရှိခဲ့သည်။ အဆိုပါအချက်များအနက် စီးပွားရေးကဏ္ဍတွင် “တိုင်းဒေသကြီးနှင့် ပြည်နယ်အ စိုးရများအနေဖြင့် ပြည်တွင်းနှင့်နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင် ရွက်ခွင့်” စသည့်အချက်များ ပါဝင်ခဲ့သည်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၂)ကို (၂၀၁၈)ခုနှစ် ဇူလိုင်လ (၁၁)ရက်မှ (၁၆)ရက်အထိ ဆွေးနွေးခဲ့ရာ နိုင်ငံရေးအတွက်(၄)ချက်၊ လူမှုရေးအ တွက်(၇)ချက်၊ စီးပွားရေးအတွက်(၁)ချက်နှင့် မြေယာအတွက်(၂)ချက်၊ စုစုပေါင်း(၁၄)ချက် သဘော တူညီမှုရခဲ့သည်။ အဆိုပါ (၁၄)ချက်ထဲတွင် ကျား/ မတန်းတူမှုများ၊ ပညာရေးကဏ္ဍ၊ မသန်စွမ်းနှင့် သက် ကြီးရွယ်အိုများကိစ္စ၊ နိုင်ငံသားစစ်စစ်သာ မြေယာပိုင် ဆိုင်ရမည်ဆိုသည့်အချက်များကို သဘောတူညီ မှုရခဲ့ကြသည်။ ပြည်ထောင်စုသဘောတူညီမှုအစိတ် အပိုင်း(၃)ကို (၂၀၂၀)ပြည့်နှစ် ဩဂုတ်လ (၂၁) ရက် တွင် ဆွေးနွေးသဘောတူညီမှုရခဲ့သည်။

NCA မူဘောင်ကိုအခြေခံသည့် အချက်(၁၅)ချက်
(၂၀၂၀)အလွန်မှာ အဆင့်လိုက်လုပ်ရမည့် လုပ်ငန်းစဉ်များနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် လမ်းညွှန်အခြေခံမူ(၅)ချက်ကို သ ဘောတူညီချက်ခဲ့ကြသည်။ ဤအချက်များတွင် လူမျိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စသည်များကို ခွဲခြားခြင်းမပြုရဆိုသည့်အချက်များပါဝင်ခဲ့သကဲ့သို့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးကိစ္စလုပ် ငန်းစဉ်များကိုNCAစာချုပ်အပိုင်း(၂၀)ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်းဆောင်ရွက်ရန်ဆိုသည့် အချက်များပါဝင်ခဲ့သည်။

ဆက်လက်ဆွေးနွေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတာဝန်ယူခဲ့ပြီးနောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ကြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီအဆင့်ဆင့် တို့က (၂၀၂၂) ခုနှစ် ဧပြီလ (၂၂) ရက်တွင် ငြိမ်းချမ်း ရေးအတွက် တွေ့ဆုံဆွေးနွေးရန်၊ ပါတီစုံဒီမိုကရေစ စနစ်ကို လက်ခံမှု ရှိ မရှိ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ်အပေါ် လက်ခံမှု ရှိ မရှိ အပေါ်မူတည် ပြီး မည်သည့်ကန့်သတ်ချက်မှမပါသော တွေ့ဆုံ ဆွေးနွေးပွဲကို ဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ရေးထိုး ထားသော EAO အဖွဲ့(၇)ဖွဲ့၊ NCA လက်မှတ်ရေး ထိုးထားခြင်းမရှိသော EAO အဖွဲ့(၃)ဖွဲ့တို့မှကိုယ်စား လှယ်များနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ခြင်းလုပ်ငန်းများကို လုပ် ဆောင်နိုင်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ဘုံသဘော တူညီချက်များအဖြစ် (၁)ပါတီစုံ ဒီမိုကရေနိုင်ငံရေးစ နစ်ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်ရေး၊ (၂) တိုင်းရင်းသားပြည်သူတစ် ရပ်လုံး၏ လိုလားချက်ပန်းတိုင်ဖြစ်သည့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ (၃) ပြည်ထောင်စုငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ (၄) တရားဥပ ဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍တရားမျှတစွာယှဉ် ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး စသည့် အချက်(၄)ချက်ကိုရရှိခဲ့ကြောင်းလည်းသိရသည်။ ထို့အတူ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးဆွေးနွေးခဲ့ရာတွင်လည်း သဘောတူညီချက် (၂၁)ချက်ကိုရရှိခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။ သို့ရာတွင် မည်သည့်အချက်များပါဝင်ခဲ့သည်ကိုမူ ပြည်သူများ မသိကြရ။ ထုတ်ပြန်ခြင်းလည်းမရှိ။

(၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုဆောင်ရွက်ခဲ့သည်မှာ (၁၆)နှစ် ကျော်ကြာဖြင့်ခဲ့ပြီးဖြစ်သည်။ လက်တွေ့ကျင့်ကြံကျင့် သုံးခဲ့သည်မှာလည်း ဒီမိုကရေစီအစိုးရနှစ်ဆက်နှင့် လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်အထိ အစိုးရ(၃)ဆက်ရှိလာခဲ့ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာသိရှိခဲ့ကြပြီးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈)ပြင်ဆင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက် ခဲ့သည်များမှာ စိတ်ဝင်စားစရာများဖြစ်သလို NCA စာချုပ်ကိုအခြေခံဆွေးနွေးပြီးခဲ့သော၊ ပြည်ထောင်စု သဘောတူစာချုပ်ပါဆွေးနွေးရရှိခဲ့သည့် အချက်များမှာလည်း လက်ရှိဆွေးနွေးပွဲများအတွက် အထောက်အကူ အများကြီးရနိုင်သည်သာ ဖြစ် သည်။ ထို့အတူပင် စာရေးသူတို့တွေ့ကြုံဖြတ်သန်းခဲ့ရသော (၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် လျှောက်လှမ်းခဲ့ရသည့်ခရီးနှင့် (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပေဒ ဖြင့်လျှောက်လှမ်းလာခဲ့သည့် ခရီး အတွေ့အကြုံများမှလည်း သင်ခန်းစာများရယူနိုင်မည်ဖြစ်သည်။

ကြုံတွေ့ဖြတ်သန်း
စာရေးသူသည် (၁၉၇၄)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစဉ်ကာလကို သိမှီခဲ့သည်။ကိုယ် တိုင်ကိုယ်ကျ ပါဝင်ရေးဆွဲခြင်းမပြုခဲ့ဖူးသော်လည်း (၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)ကို လမ်းစဉ်ပါတီမှဦးဆောင်ပြီး တိုင်းရင်းသားပြည်သူများ ရှိရာမြို့နယ်များသို့ သွားရောက်ရှင်းပြခဲ့ရာ တက် ရောက် နားထောင်ခွင့်၊ လေ့လာခွင့်ရခဲ့သည်။ တက်ရောက်လာ ကြသူများကလည်း ပွင့်လင်းမြင်သာစွာ ဆွေးနွေးအကြံပေးခဲ့သည်များကိုလည်း တွေ့မြင်ခဲ့ရသည်။ စာရေးသူမှာ (၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဖွဲ့စည်းခဲ့သော အုပ်ချုပ်မှုယန္တရားတွင် ဝန်ထမ်းတစ်ဦးအဖြစ် ပါဝင်လှုပ်ရှားခဲ့ရဖူးသည်။ ကြိုက် သော်ရှိ၊ မကြိုက်သော်ရှိ (၁၉၇၄)ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဆိုရှယ်လစ် ဒီမို ကရေစီ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရာတွင် အုတ်တစ်ချပ်သဲ တစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက် ခဲ့ရသည်ကို ဝန်ခံရပေမည်။
(၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲရာတွင်မူ ပြည်သူများပါဝင်ခွင့်မရခဲ့ပေ။ အလွှာ အသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းရေးဆွဲခဲ့သည်ဟုဆိုသော်လည်း ထိုစဉ်က တပ်မတော်အစိုးရနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စိတ်တိုင်းကျရွေးချယ်ခဲ့သော ပုဂ္ဂိုလ် များ ဖြင့်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ အငြိမ်းစားဝန်ထမ်းများ၊ ဝန်ထမ်းများမှာ အများစုဖြစ်ကြသည်။ ပြည်သူ့ ကိုယ်စားလှယ်များဟုဆို၍မရ။ (၁၉၉၀)ပြည့်နှစ်ရွေးကောက်ပွဲအနိုင်ရှိခဲ့သော နိုင်ငံရေးပါတီမှပုဂ္ဂိုလ်များ အချိုး လိုက်ပါဝင်ခွင့်ရရှိခဲ့သည်ဆိုသော်လည်း ပြောပလောက်အောင်မရှိခဲ့ပေ။ ထိုအထဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီများမှာ ဖျက်သိမ်းခြင်းခံခဲ့ရသဖြင့် ကိုယ်စားလှယ် အဖြစ် ပါဝင်ခွင့်ပင်မရှိခဲ့သည်ကိုတွေ့ရသည်။

စာရေးသူတင်ပြလိုရင်းမှာ (၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများသို့ ချပြအကြံ တောင်း ရေးဆွဲခဲ့သည်ဆိုသော်လည်း မြန်မာ့ဆို ရှယ်လမ်းစဉ်ပါတီ၏လမ်းညွှန်မှုအောက်တွင် ရေးဆွဲ ခဲ့ခြင်းဖြစ်သဖြင့် ဆိုရှယ်လစ်အငွေ့အသက်မကင်း သော အခြေခံဥပဒေတစ်ရပ်ဖြစ်ခဲ့သည်။ (၂၀ဝ၈) ခုနှစ်ရေးဆွဲခဲ့သောဥပဒေမှာလည်း တပ်မတော်မှဦးဆောင်ရေးဆွဲခဲ့သောဥပဒေဖြစ်ရာ တပ်၏အလိုကျ ရေးဆွဲခဲ့သောဥပဒေတစ်ရပ်ပင်ဖြစ်သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များဖွဲ့စည်းမှု
(၁၉၇၄)ခုနှစ် အခြေခံဥပဒေကိုရေးဆွဲခဲ့ စဉ်က အခြေခံဥပဒေမူကြမ်းအားချပြရာတွင် ပြည်နယ် နှင့်တိုင်းများအားဖွဲ့စည်းရာတွင် လူမျိုးအမည်ကို မသုံးဘဲဖွဲ့စည်းရန် အဆိုပြုတင်ပြခဲ့သည်ကို မှတ်သား ခဲ့ရသည်။ ရခိုင်ပြည်နယ်အား ဓညဝတီတိုင်း၊ မွန်ပြည်နယ်အား ရာမညတိုင်း၊ ရှမ်းပြည်နယ်အား ကမ္ဘောဇ တိုင်း၊ ကယားပြည်နယ်အား ကန္တာရဝတီတိုင်း စသည်ဖြင့် ဖွဲ့စည်းရန်အဆိုပြုလာခဲ့သည်ကို တွေ့ရသည်။ ထိုစဉ်က အမြင့်ဆုံးအဖွဲ့အစည်းဖြစ် သော ဒေသပါတီကော်မတီအမည်များအားလည်း လူမျိုးအမည် ပါသော တိုင်းဒေသကြီးအဖြစ်ဖွဲ့စည်း ခေါ်ဝေါ်ခြင်းမပြုဘဲ တိုင်းခွဲ (၁)၊ တိုင်းခွဲ (၂)၊ (၃)၊ (၄)စသည်ဖြင့် ဖွဲ့စည်းခေါ်ဝေါ်ခဲ့သည်ကိုတွေ့ရ သည်။ ရခိုင်တိုင်းဒေသပါတီကော်မတီမှာ တိုင်းခွဲ (၁၃)ဖြစ်သည်။ သို့ရာတွင် (၁၉၇၄) ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအတည်ပြုပြီးသည့်နောက် (၁၉၄၇) ခုနှစ်ဥပဒေတွင် ပါရှိသည့် ချင်းဝိသေသတိုင်းကို ချင်း ပြည်နယ်ဟုလည်းကောင်း၊ ရခိုင်တိုင်းကို ရခိုင်ပြည်နယ်ဟူ၍ လည်းကောင်း၊ မွန်ပြည်နယ်ဟူ၍လည်း ကောင်းဖြစ်ပေါ်လာခဲ့သည်။

(၁၉၈၈) ခုနှစ် လူထုအုံကြွမှုကြောင့် လမ်း စဉ်ပါတီအစိုးရမှ တပ်မတော်အားအာဏာ လွှဲပြောင်းပေးအပ်ခဲ့သည်။ တပ်မတော်မှအာဏာသိမ်းခဲ့ခြင်း ကား မဟုတ်ပေ။ သို့ရာတွင် တပ်မ တော်အစိုးရအာဏာရယူခဲ့ပြီး (၁၉၇၄) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခဲ့သည်။ သို့ဖြင့် (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံ အ ခြေခံဥပဒေကို ရေးဆွဲရန်ဖြစ်လာခဲ့သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုရေးဆွဲရာတွင်လည်း (၁၉၇၄)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေး ဆွဲရာတွင် ပြင်ဆင် ထည့် သွင်း ရန်အကြံပြုခဲ့သည့်အတိုင်း လူမျိုး ကိုအခြေခံသော ပြည်နယ်များ၏ ဖြစ်တည်မှုကိုမလို လားဘဲ ဒေသအခြေခံအမည်နာမများကိုပြင်ဆင်ရန် ထည့်သွင်းဆောင်ရွက်ခဲ့သည်ကိုတွေ့ရသည်။ သို့ရာ တွင် အခြေခံဥပဒေရေးဆွဲရေးတွင်ပါဝင်ခွင့်ရသည့် ကိုယ်စားလှယ်များ၏ကန့်ကွက်မှုကြောင့် လူမျိုးကိုအ ခြေခံသော တိုင်းအမည်များကိုပြင်ဆင်ပြီး ဒေသကို အခြေခံမည့်ဒေသများအဖြစ်ဆောင်ရွက်မှုမှာ အောင် မြင်ခြင်းမရှိခဲ့ပေ။ သို့ရာတွင် လူမျိုး(၁၃၅)မျိုး၏အမည် စာရင်းတစ်ခုထွက်ပေါ်လာခဲ့သည်ကို တွေ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အစိုးရနှင့် ပြည်သူများအကြား ချုပ်နှောင်ထားသောစည်းမျဉ်း ဖြစ်သည့် အခြေခံဥပဒေတွင် လူမျိုးကိုအခြေခံသော ပြည်နယ်များ ပါရှိခြင်း မရှိခြင်းမှာ တိုင်းရင်းသားလူ မျိုးအားလုံးနှင့်သာသက်ဆိုင်လျက်ရှိသည်။ (၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်းကောင်း၊ (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ကောင်းလူမျိုးကိုအခြေခံသောပြည်နယ်များအဖြစ် ထည့်သွင်းပြဋ္ဌာန်းခဲ့သကဲ့သို့ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်မူ ပြည်နယ်များသာမက လူမျိုးကို အခြေခံသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသကြီးများ ကိုပါ ထည့်သွင်းပြဋ္ဌာန်းပေးခဲ့ကြောင်းတွေ့ရပေသည်။

(၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ
(၁၉၇၄) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လည်းကောင်း၊ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ရပ် စလုံး၌ပင် ပြည်ထောင်စုအစိုးရနှင့်ပြည်နယ် များအ ကြား အာဏာခွဲဝေသုံးစွဲမှု မညီမမျှမှုများရှိနေသည် ကိုတွေ့ရမည်ပင်ဖြစ်သည်။ (၁၉၇၄)ခုနှစ် ဥပဒေသည် တစ်ပါတီစနစ်၊ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အခြေ ခံထားသည်ဖြစ်ရာ ဗဟိုချုပ်ကိုင်မှုများ လွန်းသည်။ (၁၉၇၄) ခုနှစ် အခြေခံဥပဒေအရ ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော်ဟုခေါ်ဆိုနိုင် သည့် ပြည်သူ့ကောင် စီများကို ဖွဲ့စည်းခွင့်ရခဲ့ သည်။

ဒေသအစိုးရဟုဆိုနိုင်သော ရပ်ကွက်၊ ကျေးရွာ အုပ်စု
ပြည်သူက ကောင်စီ၊ မြို့နယ်ပြည်သူ့ ကောင်စီများကိုဖွဲ့စည်းကာ စီမံခန့်ခွဲရေး၊ တရားစီရင် ရေးအာဏာများကို ကျေးရွာ၊ရပ်ကွက်အဆင့်မှ စတင်ပြီး ပြည်သူ့ကိုယ်စားလှယ်များကိုယ်တိုင် ကိုင် တွယ်ကျင့်သုံးခွင့်ရခဲ့သည်။ ပြည်နယ် ပြည်သူ့ကောင် စီတွင် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးပါဝင်သော အလုပ်အမှုဆောင်အဖွဲ့ ဖြင့် ပြည်နယ်၊ တိုင်းများ၏ စီမံခန့်ခွဲခွင့်ကို ကျင့်သုံးနိုင် ခဲ့သည်။ တရားစီရင်ရေးတွင်လည်း ပြည်သူ့ကိုယ်စား လှယ်များဖြင့် တရားသူကြီးအဖွဲ့များကို ဖွဲ့စည်းတာ ဝန်ပေးဆောင်ရွက်စေခဲ့သည်။ အမြင်အားဖြင့် ဒေသ အလိုက် စီမံအုပ်ချုပ်ရေး၊ တရားစီ ရင်ရေး စသည်များ ကို ပြည်သူ့ကိုယ်စားလှယ်များဖြင့် လုပ်ဆောင်ခွင်ပြုခဲ့သယောင် တွေ့မြင်ရမည်ဖြစ် သော်လည်း လက်တွေ့ အားဖြင့် နိုင်ငံတော်၏ဦးဆောင်ပါတီဖြစ်သော မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဒေသပါတီကော်မတီများ (စစ်တိုင်းမှူးများက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်) ၏ ချုပ်ကိုင်မှုနှင့်လွတ် ကင်းခြင်းမရှိခဲ့။ အခြားတစ်ဖက်တွင်လည်း ဒေသဆိုင်ရာအစိုးရဖြစ်သော ပြည်သူ့ ကောင်စီများသည် ဥပဒေပြုရေးအခွင့်အာဏာမရှိခဲ့သ လို ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲပိုင်ခွင့်မရှိခဲ့။ ဗဟိုမှချ မှတ်ပေးသည့် အတိုင်းသာ လုပ်ဆောင်ခဲ့ရသည်။ ဆို လိုသည်မှာ ကျောင်းတစ်ကျောင်း၊ ဆေးရုံ၊ ဆေးပေး ခန်းတစ်ခု၊ လမ်းတစ်လမ်း ဖောက်လုပ်ရန် ဘဏ္ဍာငွေ သုံးစွဲခွင့် မရှိခဲ့။ ဘဏ္ဍာငွေစီမံခန့်ခွဲမှုမှာ ဗဟိုမှ ချုပ်ကိုင်ထား ခြင်းဖြစ်သည်။ ဝန်ထမ်းရေးရာ စီမံခန့်ခွဲပိုင်ခွင့် အနည်းအကျဉ်းအားဖြင့် ရှိခဲ့သည်။ နောက်ဆုံး ပြည်သူ့ ကောင်စီအဆင့်ဆင့်သည် အပေါ်မှခိုင်းသည် ကိုသာ လုပ်ကိုင်အကောင်အထည်ဖော်ပေးခဲ့ရသော အဆင့် တွင်သာရှိခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။

zawgyi version
(၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပည္နယ္လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႕ (အပိုင္း - ၁)
ကြၽန္းသားငမန္း (NP News) - ဇန္နဝါရီ ၁ဝ

ျမန္မာႏိုင္ငံလြတ္လပ္ေရးရၿပီးေနာက္ ျမန္မာႏိုင္ငံ၏အုပ္ခ်ဳပ္ေရးတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (၃)ခုရွိခဲ့သည္။ ပထမဆုံး ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ (၁၉၄၇)ခုႏွစ္ဥပေဒျဖစ္ၿပီး (၁၉၆၂) ခုႏွစ္တြင္ တပ္မ ေတာ္မွအာဏာရယူခဲ့ၿပီးေနာက္ ဖ်က္သိမ္းခဲ့သည္။ ဤဥပေဒမွာ ပါလီမန္ဒီမိုကေရစီစနစ္ကို အေျခခံေရး ဆြဲထားျခင္းျဖစ္သည္။ ဒုတိယေရးဆြဲအတည္ျပဳခဲ့ေသာအေျခခံဥပေဒမွာ (၁၉၇၄) ခုႏွစ္ အေျခခံဥပေဒ ျဖစ္သည္။ တစ္ပါတီစနစ္ကိုအေျခခံၿပီး ဆိုရွယ္လစ္စနစ္ကိုအေကာင္အထည္အေဖာ္ရန္ေရးဆြဲခဲ့ေသာ ဥပေဒျဖစ္သည္။ ဤဥပေဒကိုလည္း (၁၉၈၈)ခုႏွစ္တြင္ တပ္မေတာ္မွအာဏာကိုရယူခဲ့ၿပီးေနာက္ ဖ်က္ သိမ္းခဲ့သည္။ တတိယေရးဆြဲအတည္ျပဳခဲ့ေသာ အေျခခံဥပေဒမွာ (၂၀ဝ၈) ခုႏွစ္ အေျခခံဥပေဒ ျဖစ္ၿပီး ပါတီစုံ ဒီမိုကေရစီစနစ္ကို အေျခခံေရးဆြဲထားေသာ ဥပေဒျဖစ္သည္။ ဤဥပေဒ (၃)ခုလုံးတြင္ ခ်ိဳ႕ယြင္း ခ်က္၊ အားနည္းခ်က္မ်ားရွိခဲ့သည္။ အထူးသျဖင့္ တိုင္းရင္းသားေရးရာမ်ားႏွင့္ပတ္သက္၍ အျငင္းပြား ဖြယ္ရာ မ်ားရွိေနခဲ့သည္။ ထိုေၾကာင့္လည္း ဖြဲ႕စည္းပုံအေျခဥပေဒမ်ားေၾကာင့္ပင္ မေက်မလည္မႈေတြ ျဖစ္ေနၾကၿပီး အခ်င္းခ်င္း ေသြးကြဲသည့္အေနအထားသို႔ ေရာက္ရွိခဲ့ၾကသည္။ ယေန႔ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအခင္းအ က်င္းတြင္လည္း လက္ရွိ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အားနည္းခ်က္ မ်ားကို ေထာက္ျပၿပီး ျပဳ ျပင္ႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္ေနၾကသည္မ်ားကို ေတြ႕ရသည္။ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရးႏွင့္ပတ္သက္၍ (၂၀၁၀-၂၀၁၅) ျပည္ေထာင္စုႀကံ့ခိုင္ေရး ႏွင့္ ဖြံ႕ၿဖိဳးေရးပါတီအစိုးရလက္ ထက္တြင္လည္းေကာင္း၊ (၂၀၁၅-၂၀၂၀) အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီ အစိုးရလက္ထက္တြင္လည္းေကာင္း (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ေဘာင္ အတြင္းမွ ေန၍ ျပင္ဆင္ရန္ႀကိဳးပမ္းခဲ့ၾကသည္။ သို႔ရာတြင္ ေအာင္ျမင္ျခင္းမရွိခဲ့။

အေျခခံဥပေဒျပင္ဆင္ေရးႏွင့္(NCA) စာခ်ဳပ္
ဤေနရာတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ေရး၌အဓိကက်ေနသည့္ တစ္ႏိုင္ငံလုံးအပစ္ အခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA)ပါ သေဘာ တူခ်က္မ်ားကိုလည္း ထည့္သြင္းစဥ္းစားရန္လိုအပ္သည္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကား ႏွယ္ႏွယ္ရရစာခ်ဳပ္ တစ္ရပ္မဟုတ္ေပ။ ဤစာခ်ဳပ္သည္ ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားအၾကား ကတိ ကဝတ္ျပဳ၊ သေဘာတူညီခ်က္၊ သေဘာတူစာခ်ဳပ္ျဖစ္ သည္။ (NCA)စာခ်ဳပ္ပါ အခန္း(၁)အေျခခံမူမ်ားတြင္ “ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္တို႔ကိုအေျခခံ ေသာ ျပည္ေထာင္စုကို ႏိုင္ငံေရး ေဆြးေႏြးပြဲရလဒ္ မ်ား ႏွင့္ အညီတည္ေဆာက္သြားရန္”၊ “ႏိုင္ငံသားအားလုံး တန္းတူရည္တူအခြင့္အေရးမ်ားရရွိေစရန္” ဆိုသည့္ ျပ႒ာန္းခ်က္မ်ားပါရွိသည္။ အားလုံးပါဝင္သည့္ ႏိုင္ငံေရးေတြ႕ဆုံေဆြးေႏြးပြဲမ်ားက်င္းပျခင္း က႑တြင္ “ ျပည္ ေထာင္စုညီလာခံမွထြက္ေပၚလာေသာဆုံး ျဖတ္ခ်က္ မ်ားအေပၚအေျခခံ၍ ဖြဲ႕စည္းပုံ အေျခခံဥပေဒ အပါအဝင္ဥပေဒမ်ားကို လိုအပ္သလိုျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းႏွင့္ ပယ္ဖ်က္ျခင္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီျပဳလုပ္ရန္သေဘာတူညီသည္”ဟု ထည့္ သြင္းသေဘာတူညီထားသည္။ ယင္းအေျခခံမူသည္ ႏိုင္ငံေတာ္က အသြင္ကူးေျပာင္းေနသည့္ယဥ္ေက်းမႈႏွင့္အညီ ဒီမိုကေရစီနည္းလမ္း မ်ားျဖင့္ ေဆာင္႐ြက္ျခင္းလည္းျဖစ္သည္။

NLD အစိုးရလက္ထက္တြင္ (၂၁) ရာစု ပင္လုံညီလာခံအမည္ျဖင့္ (NCA)စာခ်ဳပ္ခ်ဳပ္ပါ အခ်က္ မ်ားကို ဆက္လက္အေကာင္အထည္ေဖာ္ရန္ေဆာင္႐ြက္ခဲ့သည္။ ဤေဆာင္႐ြက္မႈ၏ရလဒ္အျဖစ္ ျပည္ ေထာင္စုသေဘာတူစာခ်ဳပ္ကို ခ်ဳပ္ဆိုႏိုင္ခဲ့ၿပီး၊ ျပည္ေထာင္စုသေဘာတူညီခ်က္စာခ်ဳပ္အစိတ္အပိုင္းမ်ား ကို ဆက္လက္ေဆြးေႏြးခဲ့ၾကရာ သေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၁)ကို (၂၀၁၇)ခုႏွစ္ ေမလ (၂၄)ရက္မွ (၂၉)ရက္အထိက်င္းပခဲ့ၿပီး ႏိုင္ငံေရးအတြက္ (၁၂)ခ်က္၊ စီးပြားေရးအတြက္(၁၁)ခ်က္၊ လူမႈေရးအတြက္ (၄)ခ်က္ႏွင့္ ေျမယာ/သဘာဝႏွင့္ပတ္သက္သည့္အခ်က္(၁၀)ခ်က္အထိ စုစုေပါင္း သေဘာတူညီခ်က္ (၃၇)ခ်က္ရရွိခဲ့သည္။ အဆိုပါအခ်က္မ်ားအနက္ စီးပြားေရးက႑တြင္ “တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အ စိုးရမ်ားအေနျဖင့္ ျပည္တြင္းႏွင့္ႏိုင္ငံတကာရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္ ႐ြက္ခြင့္” စသည့္အခ်က္မ်ား ပါဝင္ခဲ့သည္။ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အစိတ္အပိုင္း(၂)ကို (၂၀၁၈)ခုႏွစ္ ဇူလိုင္လ (၁၁)ရက္မွ (၁၆)ရက္အထိ ေဆြးေႏြးခဲ့ရာ ႏိုင္ငံေရးအတြက္(၄)ခ်က္၊ လူမႈေရးအ တြက္(၇)ခ်က္၊ စီးပြားေရးအတြက္(၁)ခ်က္ႏွင့္ ေျမယာအတြက္(၂)ခ်က္၊ စုစုေပါင္း(၁၄)ခ်က္ သေဘာ တူညီမႈရခဲ့သည္။ အဆိုပါ (၁၄)ခ်က္ထဲတြင္ က်ား/ မတန္းတူမႈမ်ား၊ ပညာေရးက႑၊ မသန္စြမ္းႏွင့္ သက္ ႀကီး႐ြယ္အိုမ်ားကိစၥ၊ ႏိုင္ငံသားစစ္စစ္သာ ေျမယာပိုင္ ဆိုင္ရမည္ဆိုသည့္အခ်က္မ်ားကို သေဘာတူညီ မႈရခဲ့ၾကသည္။ ျပည္ေထာင္စုသေဘာတူညီမႈအစိတ္ အပိုင္း(၃)ကို (၂၀၂၀)ျပည့္ႏွစ္ ဩဂုတ္လ (၂၁) ရက္ တြင္ ေဆြးေႏြးသေဘာတူညီမႈရခဲ့သည္။

NCA မူေဘာင္ကိုအေျခခံသည့္ အခ်က္(၁၅)ခ်က္
(၂၀၂၀)အလြန္မွာ အဆင့္လိုက္လုပ္ရမည့္ လုပ္ငန္းစဥ္မ်ားႏွင့္ ဒီမိုကေရစီႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံသည့္ လမ္းၫႊန္အေျခခံမူ(၅)ခ်က္ကို သ ေဘာတူညီခ်က္ခဲ့ၾကသည္။ ဤအခ်က္မ်ားတြင္ လူမ်ိဳးေရး၊ ဘာသာေရး၊ ယဥ္ေက်းမႈ စသည္မ်ားကို ခြဲျခားျခင္းမျပဳရဆိုသည့္အခ်က္မ်ားပါဝင္ခဲ့သကဲ့သို႔ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းေရးကိစၥလုပ္ ငန္းစဥ္မ်ားကိုNCAစာခ်ဳပ္အပိုင္း(၂၀)ပါ ႏိုင္ငံေရး လမ္းျပေျမပုံအတိုင္းေဆာင္႐ြက္ရန္ဆိုသည့္ အခ်က္မ်ားပါဝင္ခဲ့သည္။

ဆက္လက္ေဆြးေႏြး
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီတာဝန္ယူခဲ့ၿပီးေနာက္ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးႏွင့္ ႀကိမ္းခ်မ္းေရးေဖာ္ေဆာင္မႈေကာ္မတီအဆင့္ဆင့္ တို႔က (၂၀၂၂) ခုႏွစ္ ဧၿပီလ (၂၂) ရက္တြင္ ၿငိမ္းခ်မ္း ေရးအတြက္ ေတြ႕ဆုံေဆြးေႏြးရန္၊ ပါတီစုံဒီမိုကေရစ စနစ္ကို လက္ခံမႈ ရွိ မရွိ၊ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စုစနစ္အေပၚ လက္ခံမႈ ရွိ မရွိ အေပၚမူတည္ ၿပီး မည္သည့္ကန႔္သတ္ခ်က္မွမပါေသာ ေတြ႕ဆုံ ေဆြးေႏြးပြဲကို ဖိတ္ေခၚခဲ့သည္။ NCA လက္မွတ္ေရးထိုး ထားေသာ EAO အဖြဲ႕(၇)ဖြဲ႕၊ NCA လက္မွတ္ေရး ထိုးထားျခင္းမရွိေသာ EAO အဖြဲ႕(၃)ဖြဲ႕တို႔မွကိုယ္စား လွယ္မ်ားႏွင့္ေတြ႕ဆုံၿပီး ၿငိမ္းခ်မ္းေရးေဆြးေႏြးျခင္း၊ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ျခင္းလုပ္ငန္းမ်ားကို လုပ္ ေဆာင္ႏိုင္ခဲ့သည္။ တစ္ဆက္တည္းမွာပင္ ဘုံသေဘာ တူညီခ်က္မ်ားအျဖစ္ (၁)ပါတီစုံ ဒီမိုကေရႏိုင္ငံေရးစ နစ္ခိုင္မာေစေရးအတြက္ ပူးေပါင္းအေကာင္အထည္ ေဖာ္ေဆာင္႐ြက္ေရး၊ (၂) တိုင္းရင္းသားျပည္သူတစ္ ရပ္လုံး၏ လိုလားခ်က္ပန္းတိုင္ျဖစ္သည့္ ဒီမိုကေရစီ ႏွင့္ ဖက္ဒရယ္စနစ္တို႔ကိုအေျခခံေသာ ျပည္ေထာင္စု တည္ေဆာက္ေရး၊ (၃) ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လက္တြဲပူးေပါင္းအေကာင္အထည္ေဖာ္ေဆာင္႐ြက္ေရး၊ (၄) တရားဥပ ေဒစိုးမိုးေရး၊ ေဒသတည္ၿငိမ္ေရးႏွင့္ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲမ်ား လြတ္လပ္၍တရားမွ်တစြာယွဥ္ ၿပိဳင္ႏိုင္ေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ေရး စသည့္ အခ်က္(၄)ခ်က္ကိုရရွိခဲ့ေၾကာင္းလည္းသိရသည္။ ထို႔အတူ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ႏိုင္ေရးေဆြးေႏြးခဲ့ရာတြင္လည္း သေဘာတူညီခ်က္ (၂၁)ခ်က္ကိုရရွိခဲ့ၿပီးျဖစ္ေၾကာင္းလည္းသိရသည္။ သို႔ရာတြင္ မည္သည့္အခ်က္မ်ားပါဝင္ခဲ့သည္ကိုမူ ျပည္သူမ်ား မသိၾကရ။ ထုတ္ျပန္ျခင္းလည္းမရွိ။

(၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲအတည္ျပဳေဆာင္႐ြက္ခဲ့သည္မွာ (၁၆)ႏွစ္ ေက်ာ္ၾကာျဖင့္ခဲ့ၿပီးျဖစ္သည္။ လက္ေတြ႕က်င့္ႀကံက်င့္ သုံးခဲ့သည္မွာလည္း ဒီမိုကေရစီအစိုးရႏွစ္ဆက္ႏွင့္ လက္ရွိ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစိုးရ လက္ထက္အထိ အစိုးရ(၃)ဆက္ရွိလာခဲ့ၿပီ။ ဖြဲ႕စည္းပုံ အေျခခံဥပေဒ၏ အားနည္းခ်က္၊ အားသာခ်က္မ်ားကို ေလ့လာသိရွိခဲ့ၾကၿပီးျဖစ္သည္။ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀ဝ၈)ျပင္ဆင္ေရးႏွင့္ပတ္သက္၍ ေဆာင္႐ြက္ ခဲ့သည္မ်ားမွာ စိတ္ဝင္စားစရာမ်ားျဖစ္သလို NCA စာခ်ဳပ္ကိုအေျခခံေဆြးေႏြးၿပီးခဲ့ေသာ၊ ျပည္ေထာင္စု သေဘာတူစာခ်ဳပ္ပါေဆြးေႏြးရရွိခဲ့သည့္ အခ်က္မ်ားမွာလည္း လက္ရွိေဆြးေႏြးပြဲမ်ားအတြက္ အေထာက္အကူ အမ်ားႀကီးရႏိုင္သည္သာ ျဖစ္ သည္။ ထို႔အတူပင္ စာေရးသူတို႔ေတြ႕ႀကဳံျဖတ္သန္းခဲ့ရေသာ (၁၉၇၄) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ ေလွ်ာက္လွမ္းခဲ့ရသည့္ခရီးႏွင့္ (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥေပဒ ျဖင့္ေလွ်ာက္လွမ္းလာခဲ့သည့္ ခရီး အေတြ႕အႀကဳံမ်ားမွလည္း သင္ခန္းစာမ်ားရယူႏိုင္မည္ျဖစ္သည္။

ႀကဳံေတြ႕ျဖတ္သန္း
စာေရးသူသည္ (၁၉၇၄)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲစဥ္ကာလကို သိမွီခဲ့သည္။ကိုယ္ တိုင္ကိုယ္က် ပါဝင္ေရးဆြဲျခင္းမျပဳခဲ့ဖူးေသာ္လည္း (၁၉၇၄)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ (မူၾကမ္း)ကို လမ္းစဥ္ပါတီမွဦးေဆာင္ၿပီး တိုင္းရင္းသားျပည္သူမ်ား ရွိရာၿမိဳ႕နယ္မ်ားသို႔ သြားေရာက္ရွင္းျပခဲ့ရာ တက္ ေရာက္ နားေထာင္ခြင့္၊ ေလ့လာခြင့္ရခဲ့သည္။ တက္ေရာက္လာ ၾကသူမ်ားကလည္း ပြင့္လင္းျမင္သာစြာ ေဆြးေႏြးအႀကံေပးခဲ့သည္မ်ားကိုလည္း ေတြ႕ျမင္ခဲ့ရသည္။ စာေရးသူမွာ (၁၉၇၄)ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒျဖင့္ ဖြဲ႕စည္းခဲ့ေသာ အုပ္ခ်ဳပ္မႈယႏၲရားတြင္ ဝန္ထမ္းတစ္ဦးအျဖစ္ ပါဝင္လႈပ္ရွားခဲ့ရဖူးသည္။ ႀကိဳက္ ေသာ္ရွိ၊ မႀကိဳက္ေသာ္ရွိ (၁၉၇၄)ခုႏွစ္တြင္ျပ႒ာန္းခဲ့သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ဆိုရွယ္လစ္ ဒီမို ကေရစီ အုပ္ခ်ဳပ္ေရးယႏၲရားလည္ပတ္ရာတြင္ အုတ္တစ္ခ်ပ္သဲ တစ္ပြင့္အျဖစ္ ပါဝင္ေဆာင္႐ြက္ ခဲ့ရသည္ကို ဝန္ခံရေပမည္။
(၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲရာတြင္မူ ျပည္သူမ်ားပါဝင္ခြင့္မရခဲ့ေပ။ အလႊာ အသီးသီးမွ အသိပညာရွင္၊ အတတ္ပညာရွင္မ်ားျဖင့္ ဖြဲ႕စည္းေရးဆြဲခဲ့သည္ဟုဆိုေသာ္လည္း ထိုစဥ္က တပ္မေတာ္အစိုးရႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ စိတ္တိုင္းက်ေ႐ြးခ်ယ္ခဲ့ေသာ ပုဂၢိဳလ္ မ်ား ျဖင့္ေရးဆြဲခဲ့ျခင္းျဖစ္သည္။ အၿငိမ္းစားဝန္ထမ္းမ်ား၊ ဝန္ထမ္းမ်ားမွာ အမ်ားစုျဖစ္ၾကသည္။ ျပည္သူ႔ ကိုယ္စားလွယ္မ်ားဟုဆို၍မရ။ (၁၉၉၀)ျပည့္ႏွစ္ေ႐ြးေကာက္ပြဲအႏိုင္ရွိခဲ့ေသာ ႏိုင္ငံေရးပါတီမွပုဂၢိဳလ္မ်ား အခ်ိဳး လိုက္ပါဝင္ခြင့္ရရွိခဲ့သည္ဆိုေသာ္လည္း ေျပာပေလာက္ေအာင္မရွိခဲ့ေပ။ ထိုအထဲတြင္ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္အပါအဝင္ တိုင္းရင္းသားပါတီမ်ားမွာ ဖ်က္သိမ္းျခင္းခံခဲ့ရသျဖင့္ ကိုယ္စားလွယ္ အျဖစ္ ပါဝင္ခြင့္ပင္မရွိခဲ့သည္ကိုေတြ႕ရသည္။

စာေရးသူတင္ျပလိုရင္းမွာ (၁၉၇၄) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ ျပည္သူမ်ားသို႔ ခ်ျပအႀကံ ေတာင္း ေရးဆြဲခဲ့သည္ဆိုေသာ္လည္း ျမန္မာ့ဆို ရွယ္လမ္းစဥ္ပါတီ၏လမ္းၫႊန္မႈေအာက္တြင္ ေရးဆြဲ ခဲ့ျခင္းျဖစ္သျဖင့္ ဆိုရွယ္လစ္အေငြ႕အသက္မကင္း ေသာ အေျခခံဥပေဒတစ္ရပ္ျဖစ္ခဲ့သည္။ (၂၀ဝ၈) ခုႏွစ္ေရးဆြဲခဲ့ေသာဥပေဒမွာလည္း တပ္မေတာ္မွဦးေဆာင္ေရးဆြဲခဲ့ေသာဥပေဒျဖစ္ရာ တပ္၏အလိုက် ေရးဆြဲခဲ့ေသာဥပေဒတစ္ရပ္ပင္ျဖစ္သည္။

တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားဖြဲ႕စည္းမႈ
(၁၉၇၄)ခုႏွစ္ အေျခခံဥပေဒကိုေရးဆြဲခဲ့ စဥ္က အေျခခံဥပေဒမူၾကမ္းအားခ်ျပရာတြင္ ျပည္နယ္ ႏွင့္တိုင္းမ်ားအားဖြဲ႕စည္းရာတြင္ လူမ်ိဳးအမည္ကို မသုံးဘဲဖြဲ႕စည္းရန္ အဆိုျပဳတင္ျပခဲ့သည္ကို မွတ္သား ခဲ့ရသည္။ ရခိုင္ျပည္နယ္အား ဓညဝတီတိုင္း၊ မြန္ျပည္နယ္အား ရာမညတိုင္း၊ ရွမ္းျပည္နယ္အား ကေမာၻဇ တိုင္း၊ ကယားျပည္နယ္အား ကႏၲာရဝတီတိုင္း စသည္ျဖင့္ ဖြဲ႕စည္းရန္အဆိုျပဳလာခဲ့သည္ကို ေတြ႕ရသည္။ ထိုစဥ္က အျမင့္ဆုံးအဖြဲ႕အစည္းျဖစ္ ေသာ ေဒသပါတီေကာ္မတီအမည္မ်ားအားလည္း လူမ်ိဳးအမည္ ပါေသာ တိုင္းေဒသႀကီးအျဖစ္ဖြဲ႕စည္း ေခၚေဝၚျခင္းမျပဳဘဲ တိုင္းခြဲ (၁)၊ တိုင္းခြဲ (၂)၊ (၃)၊ (၄)စသည္ျဖင့္ ဖြဲ႕စည္းေခၚေဝၚခဲ့သည္ကိုေတြ႕ရ သည္။ ရခိုင္တိုင္းေဒသပါတီေကာ္မတီမွာ တိုင္းခြဲ (၁၃)ျဖစ္သည္။ သို႔ရာတြင္ (၁၉၇၄) ခုႏွစ္ဖြဲ႕စည္းပုံ အေျခခံဥပေဒအတည္ျပဳၿပီးသည့္ေနာက္ (၁၉၄၇) ခုႏွစ္ဥပေဒတြင္ ပါရွိသည့္ ခ်င္းဝိေသသတိုင္းကို ခ်င္း ျပည္နယ္ဟုလည္းေကာင္း၊ ရခိုင္တိုင္းကို ရခိုင္ျပည္နယ္ဟူ၍ လည္းေကာင္း၊ မြန္ျပည္နယ္ဟူ၍လည္း ေကာင္းျဖစ္ေပၚလာခဲ့သည္။

(၁၉၈၈) ခုႏွစ္ လူထုအုံႂကြမႈေၾကာင့္ လမ္း စဥ္ပါတီအစိုးရမွ တပ္မေတာ္အားအာဏာ လႊဲေျပာင္းေပးအပ္ခဲ့သည္။ တပ္မေတာ္မွအာဏာသိမ္းခဲ့ျခင္း ကား မဟုတ္ေပ။ သို႔ရာတြင္ တပ္မ ေတာ္အစိုးရအာဏာရယူခဲ့ၿပီး (၁၉၇၄) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဖ်က္သိမ္းခဲ့သည္။ သို႔ျဖင့္ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံ အ ေျခခံဥပေဒကို ေရးဆြဲရန္ျဖစ္လာခဲ့သည္။ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံ အေျခခံ ဥပေဒကိုေရးဆြဲရာတြင္လည္း (၁၉၇၄)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒေရး ဆြဲရာတြင္ ျပင္ဆင္ ထည့္ သြင္း ရန္အႀကံျပဳခဲ့သည့္အတိုင္း လူမ်ိဳး ကိုအေျခခံေသာ ျပည္နယ္မ်ား၏ ျဖစ္တည္မႈကိုမလို လားဘဲ ေဒသအေျခခံအမည္နာမမ်ားကိုျပင္ဆင္ရန္ ထည့္သြင္းေဆာင္႐ြက္ခဲ့သည္ကိုေတြ႕ရသည္။ သို႔ရာ တြင္ အေျခခံဥပေဒေရးဆြဲေရးတြင္ပါဝင္ခြင့္ရသည့္ ကိုယ္စားလွယ္မ်ား၏ကန႔္ကြက္မႈေၾကာင့္ လူမ်ိဳးကိုအ ေျခခံေသာ တိုင္းအမည္မ်ားကိုျပင္ဆင္ၿပီး ေဒသကို အေျခခံမည့္ေဒသမ်ားအျဖစ္ေဆာင္႐ြက္မႈမွာ ေအာင္ ျမင္ျခင္းမရွိခဲ့ေပ။ သို႔ရာတြင္ လူမ်ိဳး(၁၃၅)မ်ိဳး၏အမည္ စာရင္းတစ္ခုထြက္ေပၚလာခဲ့သည္ကို ေတြ႕ရသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒသည္ အစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်ဳပ္ေႏွာင္ထားေသာစည္းမ်ဥ္း ျဖစ္သည့္ အေျခခံဥပေဒတြင္ လူမ်ိဳးကိုအေျခခံေသာ ျပည္နယ္မ်ား ပါရွိျခင္း မရွိျခင္းမွာ တိုင္းရင္းသားလူ မ်ိဳးအားလုံးႏွင့္သာသက္ဆိုင္လ်က္ရွိသည္။ (၁၉၇၄) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္လည္းေကာင္း၊ (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္လည္း ေကာင္းလူမ်ိဳးကိုအေျခခံေသာျပည္နယ္မ်ားအျဖစ္ ထည့္သြင္းျပ႒ာန္းခဲ့သကဲ့သို႔ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံ အေျခခံဥပေဒတြင္မူ ျပည္နယ္မ်ားသာမက လူမ်ိဳးကို အေျခခံေသာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ေဒသႀကီးမ်ား ကိုပါ ထည့္သြင္းျပ႒ာန္းေပးခဲ့ေၾကာင္းေတြ႕ရေပသည္။

(၁၉၇၄) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ
(၁၉၇၄) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒတြင္ လည္းေကာင္း၊ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံ အေျခခံ ဥပေဒတြင္ လည္းေကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွစ္ရပ္ စလုံး၌ပင္ ျပည္ေထာင္စုအစိုးရႏွင့္ျပည္နယ္ မ်ားအ ၾကား အာဏာခြဲေဝသုံးစြဲမႈ မညီမမွ်မႈမ်ားရွိေနသည္ ကိုေတြ႕ရမည္ပင္ျဖစ္သည္။ (၁၉၇၄)ခုႏွစ္ ဥပေဒသည္ တစ္ပါတီစနစ္၊ ဆိုရွယ္လစ္စီးပြားေရးစနစ္ကို အေျခ ခံထားသည္ျဖစ္ရာ ဗဟိုခ်ဳပ္ကိုင္မႈမ်ား လြန္းသည္။ (၁၉၇၄) ခုႏွစ္ အေျခခံဥပေဒအရ ျပည္နယ္အစိုးရႏွင့္ ျပည္နယ္လႊတ္ေတာ္ဟုေခၚဆိုႏိုင္ သည့္ ျပည္သူ႔ေကာင္ စီမ်ားကို ဖြဲ႕စည္းခြင့္ရခဲ့ သည္။

ေဒသအစိုးရဟုဆိုႏိုင္ေသာ ရပ္ကြက္၊ ေက်း႐ြာ အုပ္စု
ျပည္သူက ေကာင္စီ၊ ၿမိဳ႕နယ္ျပည္သူ႔ ေကာင္စီမ်ားကိုဖြဲ႕စည္းကာ စီမံခန႔္ခြဲေရး၊ တရားစီရင္ ေရးအာဏာမ်ားကို ေက်း႐ြာ၊ရပ္ကြက္အဆင့္မွ စတင္ၿပီး ျပည္သူ႔ကိုယ္စားလွယ္မ်ားကိုယ္တိုင္ ကိုင္ တြယ္က်င့္သုံးခြင့္ရခဲ့သည္။ ျပည္နယ္ ျပည္သူ႔ေကာင္ စီတြင္ ျပည္သူ႔ကိုယ္စားလွယ္မ်ားပါဝင္သည့္ ဥကၠ႒၊ အတြင္းေရးမႉးပါဝင္ေသာ အလုပ္အမႈေဆာင္အဖြဲ႕ ျဖင့္ ျပည္နယ္၊ တိုင္းမ်ား၏ စီမံခန႔္ခြဲခြင့္ကို က်င့္သုံးႏိုင္ ခဲ့သည္။ တရားစီရင္ေရးတြင္လည္း ျပည္သူ႔ကိုယ္စား လွယ္မ်ားျဖင့္ တရားသူႀကီးအဖြဲ႕မ်ားကို ဖြဲ႕စည္းတာ ဝန္ေပးေဆာင္႐ြက္ေစခဲ့သည္။ အျမင္အားျဖင့္ ေဒသ အလိုက္ စီမံအုပ္ခ်ဳပ္ေရး၊ တရားစီ ရင္ေရး စသည္မ်ား ကို ျပည္သူ႔ကိုယ္စားလွယ္မ်ားျဖင့္ လုပ္ေဆာင္ခြင္ျပဳခဲ့သေယာင္ ေတြ႕ျမင္ရမည္ျဖစ္ ေသာ္လည္း လက္ေတြ႕ အားျဖင့္ ႏိုင္ငံေတာ္၏ဦးေဆာင္ပါတီျဖစ္ေသာ ျမန္မာ့ ဆိုရွယ္လစ္လမ္းစဥ္ပါတီ၊ ေဒသပါတီေကာ္မတီမ်ား (စစ္တိုင္းမႉးမ်ားက ဥကၠ႒အျဖစ္ေဆာင္႐ြက္သည္) ၏ ခ်ဳပ္ကိုင္မႈႏွင့္လြတ္ ကင္းျခင္းမရွိခဲ့။ အျခားတစ္ဖက္တြင္လည္း ေဒသဆိုင္ရာအစိုးရျဖစ္ေသာ ျပည္သူ႔ ေကာင္စီမ်ားသည္ ဥပေဒျပဳေရးအခြင့္အာဏာမရွိခဲ့သ လို ဘ႑ာေရးဆိုင္ရာစီမံခန႔္ခြဲပိုင္ခြင့္မရွိခဲ့။ ဗဟိုမွခ် မွတ္ေပးသည့္ အတိုင္းသာ လုပ္ေဆာင္ခဲ့ရသည္။ ဆို လိုသည္မွာ ေက်ာင္းတစ္ေက်ာင္း၊ ေဆး႐ုံ၊ ေဆးေပး ခန္းတစ္ခု၊ လမ္းတစ္လမ္း ေဖာက္လုပ္ရန္ ဘ႑ာေငြ သုံးစြဲခြင့္ မရွိခဲ့။ ဘ႑ာေငြစီမံခန႔္ခြဲမႈမွာ ဗဟိုမွ ခ်ဳပ္ကိုင္ထား ျခင္းျဖစ္သည္။ ဝန္ထမ္းေရးရာ စီမံခန႔္ခြဲပိုင္ခြင့္ အနည္းအက်ဥ္းအားျဖင့္ ရွိခဲ့သည္။ ေနာက္ဆုံး ျပည္သူ႔ ေကာင္စီအဆင့္ဆင့္သည္ အေပၚမွခိုင္းသည္ ကိုသာ လုပ္ကိုင္အေကာင္အထည္ေဖာ္ေပးခဲ့ရေသာ အဆင့္ တြင္သာရွိခဲ့သည္။

ဆက္လက္ေဖာ္ျပပါမည္။

Related news

© 2021. All rights reserved.