ခရီးသွားပြည်သူများ၏ စိတ်ကို အကြောက်တရားဖြစ်စေရန် လုပ်ဆောင်သူများသည် အစွန်းရောက်များသာဖြစ်
3480
သန့်ဇင် (NP News) - ဇန်နဝါရီ ၁၁
ခရီးသွားပြည်သူများ၏ စိတ်အား အကြောက်တရားအဖြစ် ပြောင်းလဲစေရန် အွန်လိုင်းမှ ချဲ့ကားရေးသားသူများသည် အစွန်းရောက်များသာဖြစ်ကြောင်း နိုင်ငံရေးသုံးသပ်လေ့လာသူတစ်ဦးက NP News သို့ ပြောသည်။
“ရှင်းရှင်းပြောရရင် ပြည်သူတွေက မပျော်ပါဘူး။ ကြပ်တည်းနေပါတယ်။ ဒါမျိုးကိုလည်း မြင်စေချင်တယ်။ သူတို့က ဒါမျိုးကို မြင်စေချင်တာ။ ပြည်သူတွေမှာက သူတို့ပျော်တဲ့နေ့လေးတစ်နေ့ရှိတယ်လေ။ အခါကြီးရက်ကြီးမှာ ဘုရားသွား ရင်လည်း မဟုတ်ဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့။ Happy New year မှာ ပြည်သူ့ရင်ပြင်သွားရင်လည်း မဟုတ်ပြန် ဘူး။ ဒါကတော့ နိုင်ငံရေးမှာ နည်းနည်းအစွန်းရောက်ရာဖြစ်သွားပြီလို့ မြင်တယ်။ ပြည်သူဆိုတာ သူ့မှာ ပျော်ခွင့်ရှိတယ်။ ဒီကာလမှ အခက်အခဲတွေရှိတယ်။ အလုပ်မှာလည်း အခက်အခဲတွေရှိနေတဲ့ကြားမှာ သူ့မှာ ပျော်ခွင့်တော့ ရှိတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဖြန့်ကားသတင်းများ၏ အကျိုးဆက်အဖြစ် ခရီးသွားပြည်သူ ဝင်ရောက်မှုနည်းပါးရာ ဒေသများတွင် ဒေသခံ ပြည်သူလူထု၏ စားဝတ်နေရေးအပေါ်များစွာ အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဒီလိုသတင်းတွေ ဘာတွေကတော့ ရှိမှာပဲ။ လက်တွေ့မှာတော့ သွားလို့အဆင်ပြေတယ်ဆိုရင်တော့ ပြည်သူလူထု ကတော့ သွားနေကြမှာပဲလေ။ ကျန်တဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ပြဿနာကြီးကြီးမားမားမရှိရင် သာမာန်ပြည်သူ့ လူထုကတော့ သွားတတ်မှာပါ။ ကျွန်တော်ကတော့ အဲဒီလိုပဲမြင်တယ်။ ဒီသတင်းတွေကြောင့် ခရီးစဉ်တွေဖြတ်လိုက် ကြတော့ ဟိုတယ်တွေအတွက်လည်း နစ်နာတယ်။ အဲဒီမှာရှိတဲ့ သာမန်ပြည်သူလူထုအတွက်လည်း အများကြီး နစ်နာ ဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တာပေါ့” ဟု ၎င်းက ဆိုသည်။
Zawgyi Version;
ခရီးသြားျပည္သူမ်ား၏ စိတ္ကို အေၾကာက္တရားျဖစ္ေစရန္ လုပ္ေဆာင္သူမ်ားသည္ အစြန္းေရာက္မ်ားသာျဖစ္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၁၁
ခရီးသြားျပည္သူမ်ား၏ စိတ္အား အေၾကာက္တရားအျဖစ္ ေျပာင္းလဲေစရန္ အြန္လိုင္းမွ ခ်ဲ႕ကားေရးသားသူမ်ားသည္ အစြန္းေရာက္မ်ားသာျဖစ္ေၾကာင္း ႏိုင္ငံေရးသုံးသပ္ေလ့လာသူတစ္ဦးက NP News သို႔ ေျပာသည္။
“ရွင္းရွင္းေျပာရရင္ ျပည္သူေတြက မေပ်ာ္ပါဘူး။ ၾကပ္တည္းေနပါတယ္။ ဒါမ်ိဳးကိုလည္း ျမင္ေစခ်င္တယ္။ သူတို႔က ဒါမ်ိဳးကို ျမင္ေစခ်င္တာ။ ျပည္သူေတြမွာက သူတို႔ေပ်ာ္တဲ့ေန႔ေလးတစ္ေန႔ရွိတယ္ေလ။ အခါႀကီးရက္ႀကီးမွာ ဘုရားသြား ရင္လည္း မဟုတ္ဘူး။ ဘာျဖစ္တယ္။ ညာျဖစ္တယ္နဲ႔။ Happy New year မွာ ျပည္သူ႔ရင္ျပင္သြားရင္လည္း မဟုတ္ျပန္ ဘူး။ ဒါကေတာ့ ႏိုင္ငံေရးမွာ နည္းနည္းအစြန္းေရာက္ရာျဖစ္သြားၿပီလို႔ ျမင္တယ္။ ျပည္သူဆိုတာ သူ႔မွာ ေပ်ာ္ခြင့္ရွိတယ္။ ဒီကာလမွ အခက္အခဲေတြရွိတယ္။ အလုပ္မွာလည္း အခက္အခဲေတြရွိေနတဲ့ၾကားမွာ သူ႔မွာ ေပ်ာ္ခြင့္ေတာ့ ရွိတယ္” ဟု ၎က ဆိုသည္။
အဆိုပါ ျဖန႔္ကားသတင္းမ်ား၏ အက်ိဳးဆက္အျဖစ္ ခရီးသြားျပည္သူ ဝင္ေရာက္မႈနည္းပါးရာ ေဒသမ်ားတြင္ ေဒသခံ ျပည္သူလူထု၏ စားဝတ္ေနေရးအေပၚမ်ားစြာ အခက္အခဲမ်ားျဖစ္ေပၚလာႏိုင္ေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနႏွင့္ နီးစပ္သူတစ္ဦးက ေျပာသည္။
“ဒီလိုသတင္းေတြ ဘာေတြကေတာ့ ရွိမွာပဲ။ လက္ေတြ႕မွာေတာ့ သြားလို႔အဆင္ေျပတယ္ဆိုရင္ေတာ့ ျပည္သူလူထု ကေတာ့ သြားေနၾကမွာပဲေလ။ က်န္တဲ့ လုံၿခဳံေရးနဲ႔ပတ္သက္တဲ့ျပႆနာႀကီးႀကီးမားမားမရွိရင္ သာမာန္ျပည္သူ႔ လူထုကေတာ့ သြားတတ္မွာပါ။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုပဲျမင္တယ္။ ဒီသတင္းေတြေၾကာင့္ ခရီးစဥ္ေတြျဖတ္လိုက္ ၾကေတာ့ ဟိုတယ္ေတြအတြက္လည္း နစ္နာတယ္။ အဲဒီမွာရွိတဲ့ သာမန္ျပည္သူလူထုအတြက္လည္း အမ်ားႀကီး နစ္နာ ဆုံးရႈံးမႈမ်ား ျဖစ္ေပၚႏိုင္တာေပါ့” ဟု ၎က ဆိုသည္။