ချင်းမိုင်တိရစ္ဆာန်ရုံမှာ ဆောင်းရာသီအအေးဒဏ်ကြား တိရစ္ဆာန်တွေ နွေးထွေးစေဖို့ အစီအမံများ ဆောင်ရွက်နေ

 45

ရောင်နီ (NP News) - ဇန်နဝါရီ ၁၅

ထိုင်းနိုင်ငံ၊ မြောက်ပိုင်းခရိုင်၊ ချင်းမိုင်မှာ အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားတဲ့အတွက် ချင်းမိုင်တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေနွေးထွေးစေဖို့ အပူမီးချောင်းများ တပ်ဆင်ခြင်း၊ ဗီတာမင်တိုက်ကျွေးခြင်းတို့အပါအဝင် တိရစ္ဆာန်တွေ နွေးထွေးကျန်းမာရေး အစီအမံတွေကို အကောင်အထည်ဖော်လျက်ရှိပါတယ်။

ချင်းမိုင်ခရိုင် တိရစ္ဆာန်ရုံဟာ တောင်ခြေရင်းအနီးမှာတည်ရှိသောကြောင့် ညဘက်နဲ့ နံနက်အစောပိုင်းတွေမှာ အပူချိန် သိသိသာသာကျဆင်းလာတယ်လို့ တိရစ္ဆာန်ရုံ ဒါရိုက်တာ ဝစ်တီချိုင်မန်းမန်က ဇန်နဝါရီ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။ တိရစ္ဆာန်တွေ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အအေးဒဏ်ကို တိုက်ဖျက်ဖို့အတွက် တိရစ္ဆာန်ရုံ တာဝန်ရှိသူတွေက အပူပေးမီးအိမ်တွေ ထွန်းခြင်း၊ တိရစ္ဆာန် နေထိုင်ရာ နေရာများကို မြက်ပင်အထပ်ထပ်အုပ်ကာ နွေးအောင်ဖန်တီးခြင်း၊ တိရစ္ဆာန်တွေ ကျန်းမာသန်စွမ်းပြီး ပြောင်းလဲလာတဲ့ ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ ဗီတာမင်နဲ့ အာဟာရဖြည့်စွက်စာများ လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ လိပ်တွေအတွက် လေဒဏ်မှကာကွယ်နိုင်ဖို့ အမိုးအကာများ ဆောက်ပေးထားသလို ငါးပြတိုက်ရှိ ရေအပူချိန်ကိုလည်း ၂၅ ဒီဂရီ စင်တီဂရိတ်ကနေ ၂၇ ဒီဂရီ စင်တီဂရိတ်ကြားမှာ ထိန်းသိမ်းထားနိုင်ဖို့ လောင်စာအတွက် တစ်ရက်ကို ရေနံဓာတ်ငွေ့ရည်(၁၆)ဗူး အသုံးပြုနေတယ်လို့ မစ္စတာ ဝစ်တီချိုင်က ပြောကြားပါတယ်။

ဒါ့ပြင် အအေးပိုင်းကာလမှာ တိရစ္ဆာန်လေးတွေ မဖျားမနာရစေဖို့ ဆောင်းရာသီ အပူ မီးခွက်တွေနဲ့ မြက်ခြောက်တွေ အပိုဆောင်းပေးမယ်လို့ ၄င်းက ပြောကြားခဲ့ပါတယ်။

zawgyi version
ခ်င္းမိုင္တိရစာၦန္႐ုံမွာ ေဆာင္းရာသီအေအးဒဏ္ၾကား တိရစာၦန္ေတြ ေႏြးေထြးေစဖို႔ အစီအမံမ်ား ေဆာင္႐ြက္ေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၁၅

ထိုင္းႏိုင္ငံ၊ ေျမာက္ပိုင္းခ႐ိုင္၊ ခ်င္းမိုင္မွာ အပူခ်ိန္ ၁၀ ဒီဂရီစင္တီဂရိတ္အထိ က်ဆင္းသြားတဲ့အတြက္ ခ်င္းမိုင္တိရစာၦန္႐ုံမွာ တိရစာၦန္ေတြေႏြးေထြးေစဖို႔ အပူမီးေခ်ာင္းမ်ား တပ္ဆင္ျခင္း၊ ဗီတာမင္တိုက္ေကြၽးျခင္းတို႔အပါအဝင္ တိရစာၦန္ေတြ ေႏြးေထြးက်န္းမာေရး အစီအမံေတြကို အေကာင္အထည္ေဖာ္လ်က္ရွိပါတယ္။

ခ်င္းမိုင္ခ႐ိုင္ တိရစာၦန္႐ုံဟာ ေတာင္ေျခရင္းအနီးမွာတည္ရွိေသာေၾကာင့္ ညဘက္နဲ႔ နံနက္အေစာပိုင္းေတြမွာ အပူခ်ိန္ သိသိသာသာက်ဆင္းလာတယ္လို႔ တိရစာၦန္႐ုံ ဒါ႐ိုက္တာ ဝစ္တီခ်ိဳင္မန္းမန္က ဇန္နဝါရီ ၁၄ ရက္မွာ ေျပာၾကားခဲ့ပါတယ္။ တိရစာၦန္ေတြ က်န္းမာေရးကို ထိခိုက္ေစႏိုင္တဲ့ အေအးဒဏ္ကို တိုက္ဖ်က္ဖို႔အတြက္ တိရစာၦန္႐ုံ တာဝန္ရွိသူေတြက အပူေပးမီးအိမ္ေတြ ထြန္းျခင္း၊ တိရစာၦန္ ေနထိုင္ရာ ေနရာမ်ားကို ျမက္ပင္အထပ္ထပ္အုပ္ကာ ေႏြးေအာင္ဖန္တီးျခင္း၊ တိရစာၦန္ေတြ က်န္းမာသန္စြမ္းၿပီး ေျပာင္းလဲလာတဲ့ ရာသီဥတုဒဏ္ကို ခံႏိုင္ရည္ရွိေစဖို႔ ဗီတာမင္နဲ႔ အာဟာရျဖည့္စြက္စာမ်ား လုပ္ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။ လိပ္ေတြအတြက္ ေလဒဏ္မွကာကြယ္ႏိုင္ဖို႔ အမိုးအကာမ်ား ေဆာက္ေပးထားသလို ငါးျပတိုက္ရွိ ေရအပူခ်ိန္ကိုလည္း ၂၅ ဒီဂရီ စင္တီဂရိတ္ကေန ၂၇ ဒီဂရီ စင္တီဂရိတ္ၾကားမွာ ထိန္းသိမ္းထားႏိုင္ဖို႔ ေလာင္စာအတြက္ တစ္ရက္ကို ေရနံဓာတ္ေငြ႕ရည္(၁၆)ဗူး အသုံးျပဳေနတယ္လို႔ မစၥတာ ဝစ္တီခ်ိဳင္က ေျပာၾကားပါတယ္။

ဒါ့ျပင္ အေအးပိုင္းကာလမွာ တိရစာၦန္ေလးေတြ မဖ်ားမနာရေစဖို႔ ေဆာင္းရာသီ အပူ မီးခြက္ေတြနဲ႔ ျမက္ေျခာက္ေတြ အပိုေဆာင္းေပးမယ္လို႔ ၄င္းက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.