အဂတိအမှုများဖြင့် တရားစွဲစစ်ဆေးစဉ် အမေရိကန်ဒေါ်လာ(၄)သန်းနှင့် ကျပ်ဘီလျံ (၃၀)နီးပါး နိုင်ငံ့ဘဏ္ဍာအဖြစ် ပြန်လည်ရရှိခဲ့
853
မြူနစ် (NP News) - ဇန်နဝါရီ ၁၅
အဂတိအမှုများဖြင့် တရားစွဲစစ်ဆေးစဉ် အမေရိကန်ဒေါ်လာ (၄)သန်းကျော်နှင့် ကျပ်ဘီလျံ (၃၀)နီးပါးကို ပြည်သူ့ဘဏ္ဍာအဖြစ် ပြန်လည်သိမ်းဆည်းရရှိခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံမှ သိရသည်။
ရာထူးတာဝန်ကို အလွဲသုံးစားပြုသည့် လာဘ်ပေးလာဘ်ယူမှုများအပါအဝင် နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းနစ်နာဆုံးရှုံးမှုများ၊ အများပြည်သူ အကျိုးစီးပွားထိခိုက်နစ်နာဆုံးရှုံးမှုများကိုပါ ကော်မရှင်အနေဖြင့် ဖော်ထုတ်အရေးယူနေသည်ဟုဆိုသည်။
မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို (၂၀၁၄) ခုနှစ်မှစတင်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ လက်ရှိအချိန်ထိ တိုင်ကြားစာပေါင်း (၃၇၆၁၃)စောင်ရရှိခဲ့ကြောင်း ကော်မရှင်ဘက်ကဆို သည်။ စုံစမ်းစစ်ဆေးဖော်ထုတ်မှုများအရ အဂတိ လိုက်စားမှုကျူးလွန်သူ (၃၄၈)ဦးရှိခဲ့ပြီး ၎င်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခဲ့သကဲ့သို့ နိုင်ငံ့ဝန်ထမ်းပေါင်း (၃၀ဝ၈)ဦးကိုလည်း နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့် အသီးသီးအရေးယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကျူးလွန်သူများကို တရားစွဲဆိုစစ်ဆေးသည့် အမှုများထဲမှ ငွေကျပ် (၂၇ ဒသမ ၃၃)ဘီလျံနှင့် အမေရိကန်ဒေါ်လာ (၄)သန်းကျော်ကို နိုင်ငံ့ဘဏ္ဍာများအဖြစ် ပြန်လည်သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။ “အဂတိလိုက်စားတာက ဥပမာ သိန်းတစ်ထောင်ရှိတယ်ဆိုရင် အဲဒီသိန်းတစ်ထောင်ပေါ်မှာပဲမူတည်ပြီး သိမ်းရမယ်လေ။ ဟိုး မိရိုးဖလာအရရှိလာ တဲ့ အမွေပစ္စည်း၊ ဘိုးဘွားပိုင်ပစ္စည်းကို သွားသိမ်းလို့ မရဘူး။ အဂတိလိုက်စားတဲ့ငွေပမာဏပေါ်မှာပဲ ဆုံး ဖြတ်ရမှာပေါ့။ အဲဒီအတွက်လည်း ပြစ်ဒဏ်ကျရမှာ ပေါ့။ ကျွန်တော်ကတော့ အဲဒီလိုမြင်ပါတယ်။ အမှန် တကယ်ကတော့ အဂတိကင်းစင်မှပဲ ကောင်းမှာ။ အားလုံးက အဂတိကင်းစင်မှပဲ စီးပွားရေးပိုင်းမှာ ကောင်းလာမယ်။ နိုင်ငံအတွက်လည်း ကောင်းသလို ပြည်သူပြည်သားတွေအတွက်လည်း ကောင်းသွားမယ်” ဟု ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီမှ ဒုဥက္ကဋ္ဌ ဦးရန်နိုင်ဝင်းက NP News ကို သုံးသပ်ပြောကြားသည်။
အလားတူ နိုင်ငံ့ဘဏ္ဍာများဖြစ်သည့် ငွေကျပ် (၁၅၆)ဘီလျံနှင့် ယူရိုငွေ(၃)သန်းကျော်ကိုလည်း ဆုံးရှုံးမှုမရှိစေရေးအတွက်ကို လည်း အဂတိလိုက်စားမှုအခြေအနေမှ ကာကွယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကဆိုသည်။ မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဖြစ်ပေါ်လေ့ရှိပြီး နိုင်ငံရေးနယ်ပယ်များတွင်ပါ ပိုမိုပါဝင်ပတ်သက်လာနေသည်ကို တွေ့ရှိရကြောင်းလည်း ကော်မရှင်ဘက်က ပြောဆိုထားသည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းပြီး ဆယ်စုနှစ်တာကာလအတွင်း၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံခဲ့ရသည့်လူပုဂ္ဂိုလ်ပေါင်းမှာ (၃၄၈)ဦးရှိခဲ့ကြောင်း တွေ့ရှိရသည်။
အဆိုပါ လူပုဂ္ဂိုလ်များထဲတွင် နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူ(၆၇)ဦး၊ အဆင့်မြင့်အရာရှိ (၂၃)ဦး၊ အရာထမ်း (၁၀၁)ဦး၊ အမှုထမ်း (၈၆)ဦး၊ ပြည်သူ့ ဝန်ထမ်း (၁၈)ဦး နှင့် အခြားပုဂ္ဂိုလ် (၅၃)ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးဟောင်းများ၏ အဂတိလိုက်စားမှုများကြောင့် အမေရိကန် ဒေါ်လာ (၁၃)သန်းကျော်နှင့် ငွေကျပ် (၃၆၁)ဘီလျံ ကျော်ကို နိုင်ငံတော်က နစ်နာဆုံးရှုံးခဲ့ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုခဲ့ဖူးသည်။
zawgyi version
အဂတိအမႈမ်ားျဖင့္ တရားစြဲစစ္ေဆးစဥ္ အေမရိကန္ေဒၚလာ(၄)သန္းႏွင့္ က်ပ္ဘီလ်ံ (၃၀)နီးပါး ႏိုင္ငံ့ဘ႑ာအျဖစ္ ျပန္လည္ရရွိခဲ့
ျမဴနစ္ (NP News) - ဇန္နဝါရီ ၁၅
အဂတိအမႈမ်ားျဖင့္ တရားစြဲစစ္ေဆးစဥ္ အေမရိကန္ေဒၚလာ (၄)သန္းေက်ာ္ႏွင့္ က်ပ္ဘီလ်ံ (၃၀)နီးပါးကို ျပည္သူ႔ဘ႑ာအျဖစ္ ျပန္လည္သိမ္းဆည္းရရွိခဲ့ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ထံမွ သိရသည္။
ရာထူးတာဝန္ကို အလြဲသုံးစားျပဳသည့္ လာဘ္ေပးလာဘ္ယူမႈမ်ားအပါအဝင္ ႏိုင္ငံေတာ္၏ ေငြေၾကးႏွင့္ ပစၥည္းနစ္နာဆုံးရႈံးမႈမ်ား၊ အမ်ားျပည္သူ အက်ိဳးစီးပြားထိခိုက္နစ္နာဆုံးရႈံးမႈမ်ားကိုပါ ေကာ္မရွင္အေနျဖင့္ ေဖာ္ထုတ္အေရးယူေနသည္ဟုဆိုသည္။
ျမန္မာႏိုင္ငံအဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကို (၂၀၁၄) ခုႏွစ္မွစတင္ကာ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး ယင္းအခ်ိန္မွစ၍ လက္ရွိအခ်ိန္ထိ တိုင္ၾကားစာေပါင္း (၃၇၆၁၃)ေစာင္ရရွိခဲ့ေၾကာင္း ေကာ္မရွင္ဘက္ကဆို သည္။ စုံစမ္းစစ္ေဆးေဖာ္ထုတ္မႈမ်ားအရ အဂတိ လိုက္စားမႈက်ဴးလြန္သူ (၃၄၈)ဦးရွိခဲ့ၿပီး ၎တို႔ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူခဲ့သကဲ့သို႔ ႏိုင္ငံ့ဝန္ထမ္းေပါင္း (၃၀ဝ၈)ဦးကိုလည္း ႏိုင္ငံ့ဝန္ထမ္းဥပေဒျဖင့္ အသီးသီးအေရးယူခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ေကာ္မရွင္အေနျဖင့္ အဂတိလိုက္စားမႈက်ဴးလြန္သူမ်ားကို တရားစြဲဆိုစစ္ေဆးသည့္ အမႈမ်ားထဲမွ ေငြက်ပ္ (၂၇ ဒသမ ၃၃)ဘီလ်ံႏွင့္ အေမရိကန္ေဒၚလာ (၄)သန္းေက်ာ္ကို ႏိုင္ငံ့ဘ႑ာမ်ားအျဖစ္ ျပန္လည္သိမ္းဆည္းရရွိခဲ့ေၾကာင္းသိရသည္။ “အဂတိလိုက္စားတာက ဥပမာ သိန္းတစ္ေထာင္ရွိတယ္ဆိုရင္ အဲဒီသိန္းတစ္ေထာင္ေပၚမွာပဲမူတည္ၿပီး သိမ္းရမယ္ေလ။ ဟိုး မိ႐ိုးဖလာအရရွိလာ တဲ့ အေမြပစၥည္း၊ ဘိုးဘြားပိုင္ပစၥည္းကို သြားသိမ္းလို႔ မရဘူး။ အဂတိလိုက္စားတဲ့ေငြပမာဏေပၚမွာပဲ ဆုံး ျဖတ္ရမွာေပါ့။ အဲဒီအတြက္လည္း ျပစ္ဒဏ္က်ရမွာ ေပါ့။ ကြၽန္ေတာ္ကေတာ့ အဲဒီလိုျမင္ပါတယ္။ အမွန္ တကယ္ကေတာ့ အဂတိကင္းစင္မွပဲ ေကာင္းမွာ။ အားလုံးက အဂတိကင္းစင္မွပဲ စီးပြားေရးပိုင္းမွာ ေကာင္းလာမယ္။ ႏိုင္ငံအတြက္လည္း ေကာင္းသလို ျပည္သူျပည္သားေတြအတြက္လည္း ေကာင္းသြားမယ္” ဟု ဖက္ဒရယ္ဒီမိုကရက္တစ္ပါတီမွ ဒုဥကၠ႒ ဦးရန္ႏိုင္ဝင္းက NP News ကို သုံးသပ္ေျပာၾကားသည္။
အလားတူ ႏိုင္ငံ့ဘ႑ာမ်ားျဖစ္သည့္ ေငြက်ပ္ (၁၅၆)ဘီလ်ံႏွင့္ ယူ႐ိုေငြ(၃)သန္းေက်ာ္ကိုလည္း ဆုံးရႈံးမႈမရွိေစေရးအတြက္ကို လည္း အဂတိလိုက္စားမႈအေျခအေနမွ ကာကြယ္ႏိုင္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကဆိုသည္။ ျမန္မာႏိုင္ငံတြင္ အဂတိလိုက္စားမႈသည္ နယ္ပယ္က႑အသီးသီးတြင္ ျဖစ္ေပၚေလ့ရွိၿပီး ႏိုင္ငံေရးနယ္ပယ္မ်ားတြင္ပါ ပိုမိုပါဝင္ပတ္သက္လာေနသည္ကို ေတြ႕ရွိရေၾကာင္းလည္း ေကာ္မရွင္ဘက္က ေျပာဆိုထားသည္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ဖြဲ႕စည္းၿပီး ဆယ္စုႏွစ္တာကာလအတြင္း၌ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အေရးယူခံခဲ့ရသည့္လူပုဂၢိဳလ္ေပါင္းမွာ (၃၄၈)ဦးရွိခဲ့ေၾကာင္း ေတြ႕ရွိရသည္။
အဆိုပါ လူပုဂၢိဳလ္မ်ားထဲတြင္ ႏိုင္ငံေရး ရာထူးလက္ရွိျဖစ္သူ(၆၇)ဦး၊ အဆင့္ျမင့္အရာရွိ (၂၃)ဦး၊ အရာထမ္း (၁၀၁)ဦး၊ အမႈထမ္း (၈၆)ဦး၊ ျပည္သူ႔ ဝန္ထမ္း (၁၈)ဦး ႏွင့္ အျခားပုဂၢိဳလ္ (၅၃)ဦးတို႔ ပါဝင္ခဲ့ေၾကာင္း သိရသည္။ ႏိုင္ငံေတာ္သမၼတေဟာင္း ဦးဝင္းျမင့္၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဟာင္း ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ဝန္ႀကီးေဟာင္းမ်ား၏ အဂတိလိုက္စားမႈမ်ားေၾကာင့္ အေမရိကန္ ေဒၚလာ (၁၃)သန္းေက်ာ္ႏွင့္ ေငြက်ပ္ (၃၆၁)ဘီလ်ံ ေက်ာ္ကို ႏိုင္ငံေတာ္က နစ္နာဆုံးရႈံးခဲ့ေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ထုတ္ေဖာ္ ေျပာဆိုခဲ့ဖူးသည္။