ဖဲချပ်များကို အသုံးပြုပြီး ဂင်းနစ်စံချိန်နှစ်ခုချိုးဖျက်ခဲ့သည့် တရုတ်အမျိုးသား

 202

Pika (NP News) - ဇန်နဝါရီ ၁၅

တမူထူးခြားသောကျွမ်းကျင်မှုများရှိသည့် တရုတ်အမျိုးသားတစ်ဦးသည် ဖဲချပ်များကို ပစ်ကာ သခွားသီးကို ဖြတ်တောက်ပြမှုနှင့် ဖဲချပ်များကို အသုံးပြုကာ မီးခြစ်ဆံများကို မီးတောက်အောင်လုပ်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။ Zhang Yazhou ဆိုသည့် အမျိုးသားက ၎င်းသည် ကလေးဘဝတွင် လောက်လေးဂွများနှင့်ကစားကာ ၎င်း၏လက်တည့်စွမ်းရည်ကို ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်လာခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ပြောကြားခဲ့သည်။

Zhang Yazhou သည် ကောလိပ်တွင် ဖဲချပ်ဖြင့် ပစ်ပေါက်မှုများကို စတင်လေ့ကျင့်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏အရည်အချင်းများကို ဆိုရှယ် မီဒီယာတွင်တင်ခဲ့ပြီးနောက် စတင်လူသိများလာကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို စတင်နိုင် လာခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ သို့သော်လည်း Zhang Yazhou ၏ ဗီဒီယိုများမှာအတုများသာဖြစ်ပြီး ဖန်တီးထားခြင်းများသာဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။

နောက်ပိုင်းတွင် Zhang Yazhou သည် ၎င်း၏ကျွမ်းကျင်မှုများကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ရန်နှင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်သူဖြစ်လာရန်အတွက် လပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့ရကြောင်းလည်းသိရသည်။ Zhang Yazhou သည် အချိန်တစ်မိနစ်အတွင်း ချိတ်ဆွဲထားသော သခွားသီး (၄၁)လုံးကို ဖဲချပ်များဖြင့်ပစ်ကာ အောင်မြင်စွာဖြတ်ပြနိုင်ခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အချိန်ခနကြာပြီးနောက် Zhang Yazhou သည် ၎င်း၏ကိုယ်ပိုင်ဖဲချပ်များကိုအသုံး ပြုကာ မီးခြစ်ဆံ(၂၉)ခုကို မီးတောက်အောင်လုပ်ပြခဲ့ပြီးနောက် ဒုတိယမြောက်ဂင်းနစ်စံချိန်ကို ထပ်မံရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် Zhang Yazhou က ၎င်း၏ဖဲချပ်ပစ်ပေါက်မှု အကွာအဝေးကို တိုးမြှင့်ရန်အတွက် နည်းစနစ်အသစ်များကို စမ်းသပ်နေပြီး အနာဂတ်တွင် နောက်ထပ်မှတ်တမ်း အသစ်များကို ရယူနိုင်ရန်အတွက် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ သည်။

zawgyi version
ဖဲခ်ပ္မ်ားကို အသုံးျပဳၿပီး ဂင္းနစ္စံခ်ိန္ႏွစ္ခုခ်ိဳးဖ်က္ခဲ့သည့္ တ႐ုတ္အမ်ိဳးသား
Pika (NP News) - ဇန္နဝါရီ ၁၅

တမူထူးျခားေသာကြၽမ္းက်င္မႈမ်ားရွိသည့္ တ႐ုတ္အမ်ိဳးသားတစ္ဦးသည္ ဖဲခ်ပ္မ်ားကို ပစ္ကာ သခြားသီးကို ျဖတ္ေတာက္ျပမႈႏွင့္ ဖဲခ်ပ္မ်ားကို အသုံးျပဳကာ မီးျခစ္ဆံမ်ားကို မီးေတာက္ေအာင္လုပ္ျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ႏွစ္ခုကို ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္းသိရသည္။ Zhang Yazhou ဆိုသည့္ အမ်ိဳးသားက ၎သည္ ကေလးဘဝတြင္ ေလာက္ေလးဂြမ်ားႏွင့္ကစားကာ ၎၏လက္တည့္စြမ္းရည္ကို ပိုမိုေကာင္းမြန္လာေအာင္ ေလ့က်င့္လာခဲ့ျခင္းျဖစ္ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ေျပာၾကားခဲ့သည္။

Zhang Yazhou သည္ ေကာလိပ္တြင္ ဖဲခ်ပ္ျဖင့္ ပစ္ေပါက္မႈမ်ားကို စတင္ေလ့က်င့္ခဲ့ၿပီး ေနာက္ပိုင္းတြင္ ၎၏အရည္အခ်င္းမ်ားကို ဆိုရွယ္ မီဒီယာတြင္တင္ခဲ့ၿပီးေနာက္ စတင္လူသိမ်ားလာကာ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းတစ္ခုကို စတင္ႏိုင္ လာခဲ့ျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ သို႔ေသာ္လည္း Zhang Yazhou ၏ ဗီဒီယိုမ်ားမွာအတုမ်ားသာျဖစ္ၿပီး ဖန္တီးထားျခင္းမ်ားသာျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုမႈမ်ားလည္းရွိခဲ့သည္။

ေနာက္ပိုင္းတြင္ Zhang Yazhou သည္ ၎၏ကြၽမ္းက်င္မႈမ်ားကို ေနာက္ထပ္အဆင့္တစ္ခုသို႔ ျမႇင့္တင္ရန္ႏွင့္ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္သူျဖစ္လာရန္အတြက္ လေပါင္းမ်ားစြာၾကာေအာင္ ေလ့က်င့္ခဲ့ရေၾကာင္းလည္းသိရသည္။ Zhang Yazhou သည္ အခ်ိန္တစ္မိနစ္အတြင္း ခ်ိတ္ဆြဲထားေသာ သခြားသီး (၄၁)လုံးကို ဖဲခ်ပ္မ်ားျဖင့္ပစ္ကာ ေအာင္ျမင္စြာျဖတ္ျပႏိုင္ခဲ့ၿပီးေနာက္ ၎၏ ပထမဆုံးဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

အခ်ိန္ခနၾကာၿပီးေနာက္ Zhang Yazhou သည္ ၎၏ကိုယ္ပိုင္ဖဲခ်ပ္မ်ားကိုအသုံး ျပဳကာ မီးျခစ္ဆံ(၂၉)ခုကို မီးေတာက္ေအာင္လုပ္ျပခဲ့ၿပီးေနာက္ ဒုတိယေျမာက္ဂင္းနစ္စံခ်ိန္ကို ထပ္မံရရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ Zhang Yazhou က ၎၏ဖဲခ်ပ္ပစ္ေပါက္မႈ အကြာအေဝးကို တိုးျမႇင့္ရန္အတြက္ နည္းစနစ္အသစ္မ်ားကို စမ္းသပ္ေနၿပီး အနာဂတ္တြင္ ေနာက္ထပ္မွတ္တမ္း အသစ္မ်ားကို ရယူႏိုင္ရန္အတြက္ ႀကိဳးပမ္းေနေၾကာင္း ေျပာၾကားခဲ့ သည္။

Related news

© 2021. All rights reserved.