ကမ္ဘာ့အကြီးဆုံး ရေလွှာလှိုင်းလျှောစီးသူအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ဖွယ်ရှိနေသည့် အမေရိကန်ရေလွှာလျှောစီးသမား
161
Pika (NP News) - ဇန်နဝါရီ ၁၅
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ရေလွှာလျှောစီးသမားတစ်ဦးသည် ခန့်မှန်းခြေ(၁၀၈)ပေ အမြင့်ရှိသော လှိုင်းလုံးပေါ်တွင် ရေလွှာလျှောစီးခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးရေလွှာလှိုင်းလျှောစီးသူအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ဖွယ်ရှိနေကြောင်းသိရသည်။
အသက်(၂၃)နှစ်အရွယ် အလက်ဆန် ဒရိုဆလီဘာဆိုသည့် အမျိုးသားသည် ပြီးခဲ့သည့် ရက်ပိုင်းတွင် Half Moon Bay မြို့အနီးရှိ Mavericks ကမ်းခြေတွင် သူငယ်ချင်းနှင့်အတူ ရေလွှာလျှောစီးနေစဉ်အချိန်အတွင်း ယခုကဲ့သို့ ဖြစ်ရပ်များနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။ အလက် ဆန်ဒရိုဆလီဘာက "တစ်နာရီ မိုင်(၃၀)၊(၄၀)၊(၅၀)မိုင်လောက်ရှိတဲ့ အရမ်းမြန်တဲ့အရှိန်နဲ့ ရေလွှာ လျှောစီးရတာ တကယ်ကိုကောင်းပါတယ်။ လှိုင်းလုံးတွေက အရမ်းမြင့်ပြီး ကိုယ့်ဆီကိုကျလာတဲ့ လှိုင်းလုံးတွေကြားမှာ ရေလွှာလျှောစီးရတာ အရမ်းကိုကောင်း မွန်တဲ့ ခံစားချက်တစ်ခုပါ။ ပြီးတော့ ရေလွှာလျှောစီးတဲ့ ဘုတ်အောက်မှာ ရေတွေပွတ်တိုက်နေတာကို ခံစားရတာလည်း တကယ်မိုက်ပါတယ်။ ဒီလိုမျိုးအရမ်းမြင့် တဲ့ လှိုင်းလုံးတွေကို ကျွန်တော်တစ်ခါမှမစီးခဲ့ဖူးပါဘူး"ဟုပြောဆိုခဲ့သည်။
အကယ်၍ အဆိုပါလှိုင်းလုံးအမြင့်ကို ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့နှင့် ကမ္ဘာ့ရေ လွှာလှိုင်း အဖွဲ့ချုပ်တို့က အတည်ပြုခဲ့မည်ဆိုပါက အလက်ဆန် ဒရိုဆလီဘာသည် ကမ္ဘာ့အကြီး ရေလွှာလှိုင်း လျှောစီးသူအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်နိုင်မည်ဖြစ် ကြောင်းလည်းသိရသည်။ လက်ရှိအချိန်တွင် အဆိုပါဂင်းနစ်စံချိန်ကို ကိုင်ဆောင်ထားသူမှာ ဆီဘက်စတီယန်စတက်နာဆိုသည့် အမျိုးသား ဖြစ်ကြောင်းသိရသည်။ ဆီဘက်စတီယန် စတက်နာ သည် (၂၀၂၀)ခုနှစ်တွင် ပေါ်တူဂီနိုင်ငံကမ်းလွန်မှာ အမြင့်(၈၆)ပေရှိ လှိုင်းလုံးပေါ်တွင် ရေလွှာလျှော စီးခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး ရေလွှာလှိုင်းလျှောစီး သမားအဖြစ် ဂင်းနစ်စံချိန်ကို ရယူနိုင်ခဲ့ကြောင်းသိရ သည်။
zawgyi version
ကမာၻ႔အႀကီးဆုံး ေရလႊာလႈိင္းေလွ်ာစီးသူအျဖစ္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ဖြယ္ရွိေနသည့္ အေမရိကန္ေရလႊာေလွ်ာစီးသမား
Pika (NP News) - ဇန္နဝါရီ ၁၅
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္မွ ေရလႊာေလွ်ာစီးသမားတစ္ဦးသည္ ခန႔္ မွန္းေျခ(၁၀၈)ေပ အျမင့္ရွိေသာ လႈိင္းလုံးေပၚတြင္ ေရလႊာေလွ်ာစီးခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံးေရလႊာလႈိင္းေလွ်ာစီးသူအျဖစ္ ဂင္းနစ္စံခ်ိန္တင္ႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။
အသက္(၂၃)ႏွစ္အ႐ြယ္ အလက္ဆန္ ဒ႐ိုဆလီဘာဆိုသည့္ အမ်ိဳးသားသည္ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ Half Moon Bay ၿမိဳ႕အနီးရွိ Mavericks ကမ္းေျခတြင္ သူငယ္ခ်င္းႏွင့္အတူ ေရလႊာေလွ်ာစီးေနစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ ျဖစ္ရပ္မ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရျခင္းျဖစ္သည္။ အလက္ ဆန္ဒ႐ိုဆလီဘာက "တစ္နာရီ မိုင္(၃၀)၊(၄၀)၊(၅၀)မိုင္ေလာက္ရွိတဲ့ အရမ္းျမန္တဲ့အရွိန္နဲ႔ ေရလႊာ ေလွ်ာစီးရတာ တကယ္ကိုေကာင္းပါတယ္။ လႈိင္းလုံးေတြက အရမ္းျမင့္ၿပီး ကိုယ့္ဆီကိုက်လာတဲ့ လႈိင္းလုံးေတြၾကားမွာ ေရလႊာေလွ်ာစီးရတာ အရမ္းကိုေကာင္း မြန္တဲ့ ခံစားခ်က္တစ္ခုပါ။ ၿပီးေတာ့ ေရလႊာေလွ်ာစီးတဲ့ ဘုတ္ေအာက္မွာ ေရေတြပြတ္တိုက္ေနတာကို ခံစားရတာလည္း တကယ္မိုက္ပါတယ္။ ဒီလိုမ်ိဳးအရမ္းျမင့္ တဲ့ လႈိင္းလုံးေတြကို ကြၽန္ေတာ္တစ္ခါမွမစီးခဲ့ဖူးပါဘူး"ဟုေျပာဆိုခဲ့သည္။
အကယ္၍ အဆိုပါလႈိင္းလုံးအျမင့္ကို ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ႏွင့္ ကမာၻ႔ေရ လႊာလႈိင္း အဖြဲ႕ခ်ဳပ္တို႔က အတည္ျပဳခဲ့မည္ဆိုပါက အလက္ဆန္ ဒ႐ိုဆလီဘာသည္ ကမာၻ႔အႀကီး ေရလႊာလႈိင္း ေလွ်ာစီးသူအျဖစ္ ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္မည္ျဖစ္ ေၾကာင္းလည္းသိရသည္။ လက္ရွိအခ်ိန္တြင္ အဆိုပါဂင္းနစ္စံခ်ိန္ကို ကိုင္ေဆာင္ထားသူမွာ ဆီဘက္စတီယန္စတက္နာဆိုသည့္ အမ်ိဳးသား ျဖစ္ေၾကာင္းသိရသည္။ ဆီဘက္စတီယန္ စတက္နာ သည္ (၂၀၂၀)ခုႏွစ္တြင္ ေပၚတူဂီႏိုင္ငံကမ္းလြန္မွာ အျမင့္(၈၆)ေပရွိ လႈိင္းလုံးေပၚတြင္ ေရလႊာေလွ်ာ စီးခဲ့ၿပီးေနာက္ ကမာၻ႔အႀကီးဆုံး ေရလႊာလႈိင္းေလွ်ာစီး သမားအျဖစ္ ဂင္းနစ္စံခ်ိန္ကို ရယူႏိုင္ခဲ့ေၾကာင္းသိရ သည္။