(၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်နယ်လွှတ်တော်နှင့် အစိုးရအဖွဲ့ (၂)
186
ကျွန်းသားငမန်း (NP News) - ဇန်နဝါရီ ၁၇
၂၀ဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ
(၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ ရာတွင်ပါဝင်ခွင့်မရသော်လည်း ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲဖြင့် အတည်ပြုရာတွင်မူ ထောက်ခံမဲပေးခြင်း ဖြင့်တစ်တပ်တစ်အားပါဝင်ခဲ့သည်။ နီးစပ်သူများကိုလည်းထောက်ခံ ကြရန် စည်းရုံးဆော်ဩပေးခဲ့သည်။ ကြိုက်နှစ်သက်လို့တော့မဟုတ်။ အထူးသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ ဖွဲ့စည်း ခြင်းကိစ္စရပ်များ၊ နိုင်ငံတော်အုပ်ချုပ်ရာတွင် တပ်မတော်သား ကိုယ်စားလှယ် (၂၅%)ပါဝင်သည့်ကိစ္စရပ်များကို ဘဝင်မ ကျခဲ့။ သို့ရာတွင် (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအ ခြေခံဥပဒေကို အတည်ပြုခြင်းမပြုနိုင်ခဲ့လျှင် စစ် အာဏာရှင်တို့ လက်အောက် တွင်ဆက်လက်ရှင်သန် နေသွားကြရဦးမည်။
အခြေခံဥပဒေသစ်တစ်ရပ်ရေးဆွဲဖို့အချိန်တွေဘယ်လောက်ကြာမည်လည်းမသိနိုင်။ ထိုကြောင့် စစ်အစိုးရ၏ စိတ်ကြိုက်ရေးဆွဲထားသော(၂၀ဝ၈) ခုနှစ်အခြေခံဥပဒေ အတည်ဖြစ်ရေးကိုထောက်ခံခဲ့ ခြင်းဖြစ်သည်။ (၂၀ဝ၈) ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပ ဒေအတည်ဖြစ်ပြီး ဥပဒေနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့ များ ဖွဲ့စည်းဖြစ်ပေါ်လာသည့်တိုင် ပြည်သူများလို လားသော ဒီမိုကရေစီအုပ်ချုပ်ရေးပီပီပြင်ပြင်ရရှိလာ နိုင်ဦးမည်ဟုကား စာရေးသူတို့မျှော်လင့်ထားခြင်းမရှိခဲ့။ အနည်းဆုံး အုပ်ချုပ်မှု (၅)နှစ်သက်တမ်း နှစ်ကြိမ်၊ သုံးကြိမ်ခန့်မှသာရရှိနိုင်မည်ဟူ၍မျှော် လင့်ထားခဲ့ကြသည်။ စာရေးသူ တို့ထောက်ခံမဲပေးခဲ့သော (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း တစ်စချင်းပြင်ဆင်နိုင် မည်ဟုမျှော်လင့်ခဲ့ သည်။
စာရေးသူသည် (၂၀၁၀)ပြည့်နှစ်တွင် ကျင်းပခဲ့သည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ထဲထဲဝင် ဝင်ပါဝင်ခဲ့ သည်။ ထိုစဉ်က (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဦးဆောင်ရေးဆွဲခဲ့သူများနှင့်လည်း တွေ့ဆုံဖြစ်ခဲ့ သည်။ ၎င်းတို့ကိုယ်တိုင်ကလည်းဖွဲ့ စည်းပုံအခြေခံဥပဒေတွင် အားနည်းချက်များရှိကြောင်း၊ ထိုကြောင့်ပြင်ဆင်ရန် လိုအပ် ကြောင်းဖြင့်ပြောကြားခဲ့ကြသည်။
လက်တွေ့အနေအထား
စာရေးသူသည် (၁၉၇၄) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် ပြည်သူ့ ကောင်စီတွင် (၁၉၇၆)မှ(၁၉၈၄)ခုနှစ်ထိ သုံးဆက်တိုင်တိုင် ပြည်နယ်ပြည်သူ့ကောင်စီဥက္ကဋ္ဌ၏ကိုယ်ရေး အရာရှိတာဝန် ဖြင့် ပြည်နယ်၏အုပ်ချုပ်ရေး ယန္တရားတွင် ထဲထဲဝင်ဝင်ပတ်သက်သိရှိခွင့်ရခဲ့သည်။ထို့အတူ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့်ဖွဲ့စည်းဖြစ်ပေါ်ခဲ့သည့် ပထမအကြိမ်ရခိုင်ပြည်နယ် လွှတ်တော်နှင့်ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ် တော်တို့တွင်ဥပဒေရေးရာနှင့်အခြားကိစ္စရပ်များဆိုင်ရာအကြံပေးအဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရခဲ့သည်။
ပထမအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဦးစီးခဲ့သောလွှတ် တော်ဖြစ်ခဲ့ပြီး ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီမှဦးစီးချုပ်ကိုင်ခဲ့သော လွှတ်တော်ဖြစ် သည်။ လွှတ်တော် နှစ်ရပ်လုံးသည် အယူအဆ၊ သဘောမတူသောလွှတ်တော်ကိုယ်စား လှယ်များဖြင့်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင် ပြည်နယ်အစိုးရအဖွဲ့သည်လည်းကောင်း၊ ပြည်နယ်လွှတ် တော်သည် လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှဖြစ်ခဲ့သဖြင့်ပွတ်တိုက်မှုများမရှိခဲ့။ သို့ရာတွင် ဒုတိယ အကြိမ်လွှတ်တော်သက်တမ်းတွင် ပြည်နယ် အစိုးရအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှဖြစ်ကာ ပြည်နယ် လွှတ်တော်မှာ ရခိုင်တိုင်းရင်း သားပါတီမှကြီးစိုးလွှမ်းမိုးထားသဖြင့်ပွတ်တိုက်မှုများရှိခဲ့သည်။
စာရေးသူသည် ရေးရာကော်မတီအဖွဲ့ဝင်တစ်ဦး အဖြစ်ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်လွှတ်တော်မှ ထုတ်ဝေ ခဲ့သည့် ရခိုင်လွှတ်တော်ဂျာနယ်အယ်ဒီတာချုပ်တစ်ဦးအနေဖြင့်လည်းကောင်း၊ လွှတ်တော်အစည်းအဝေးများသို့ တက် ရောက်ခွင့်ရခဲ့သဖြင့် လွှတ် တော်နှင့်အစိုးရအဖွဲ့ဆက်ဆံရေးများကို ထဲထဲဝင်ဝင် သိခွင့်ရခဲ့သည်။
လက်တွေ့လေ့လာဆန်းစစ်
(၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ကျွမ်းကျင်သူဥပဒေပညာရှင်များက ဤဥပဒေတွင် ဖက်ဒရယ်စနစ်၊ သဘောတရားများပါဝင်နေကြောင်းထောက်ပြနေကြသည်များကို တွေ့ရသည်။ အခြေခံသဘော တရား အားဖြင့် မှန်ချင်မှန်မည်။ သို့ရာတွင်လက်တွေ့ဆောင်ရွက်ရာတွင်မည် သို့ရှိပါသနည်း။ အထူးသဖြင့် အောက်ခြေ အဆင့် (တိုင်းဒေသကြီးများနှင့်ပြည်နယ်အဆင့်)တွင် ဆောင်ရွက်ချက်များကို လက်တွေ့အားဖြင့်လေ့လာ ဆန်းစစ် ကြည့်နိုင်ရန်လိုသည်။ ယထဘူတကျကျ ကြည့်မြင်တတ်ရန်လိုသည်။
တိုင်းဒေသကြီးများနှင့် ပြည်နယ်အဆင့်တွင် ဗဟိုမှာကဲ့သို့ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရားစီရင်ရေးမဏ္ဍိုင်များထားရှိကာ မဏ္ဍိုင်(၃) ရပ်အပြန်အလှန်ထိန်းကျောင်းသည်ဟုဆိုသော် လည်း(၂၀ဝ၈)ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ပြည်နယ်အစိုးရဖွဲ့စည်းစဉ်ကပင်လျှင် လွဲမှားနေသည်ကို တွေ့မြင်ရသည်။ ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော် အတည်ပြုသည်ဆိုသော်လည်း ဝန်ကြီးချုပ်မှာပြည်နယ်လွှတ်တော်မှရွေးချယ်ပေးသူ မဟုတ်သလို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကိုလည်း ပြည်နယ်လွှတ်တော်မှရွေးချယ်ခွင့်မရခဲ့ပေ။ ဝန်ကြီးချုပ်ကိုသမ္မတမှရွေး ချယ်ပေးသူ အား(သတ်မှတ်အရည်အချင်းပျက်ယွင်းသူမဟုတ်လျှင်)ပြည်နယ်လွှတ်တော်မှကန့်ကွက်နိုင် ခြင်းမရှိ၊ အတည်ပြုပေးရ သည်။ ထို့အတူဝန်ကြီးချုပ် မှရွေးချယ်တင်ပြလာသောသူများအားဝန်ကြီးအဖြစ် ပြည်နယ်လွှတ်တော်မှအတည်ပြု ပေးရသည်မှာ ပြည် သူများ၏ဆန္ဒကိုလုံးဝဆန့်ကျင်နေခြင်းပင်ဖြစ်သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည်လည်းကောင်း၊ မိမိတို့အားအတည်ပြုခန့်အပ်ပေးလိုက်သည့် လွှတ်တော်အားတာဝန်ခံရခြင်းမရှိဘဲ နိုင်ငံတော်သမ္မတကိုသာ တာဝန်ခံရ သဖြင့် ပြည်နယ် အစိုးရအဖွဲ့သည်သမ္မတ၏ အုပ်ချုပ်မှုအောက်တွင်လုံးလုံးလျားလျားကြီး ကျရောက်လျက်ရှိနေပေ သည်။
သို့ဖြင့်ပြည်နယ်၏အမြင့်ဆုံးစီမံခန့်ခွဲရသည့် အစိုးရအဖွဲ့မှာ ဗဟို၏ချုပ်ကိုင်မှုအောက်တွင်ရောက် ရှိနေသည်ကို တွေ့ရပေသည်။ ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်လွှတ်တော်ကိုတာဝန်ခံခြင်းမရှိသည် ကိုတွေ့ရှိခဲ့ရသည်။ အခြားတစ်ဖက်တွင်လည်း ပြည်နယ်တရားသူကြီးများကို ရွေးချယ်ရာတွင်လည်း ကောင်း၊ ပြည်နယ်ဥပဒေချုပ်ကို ရွေးချယ်ရာတွင် လည်းကောင်း၊ ပြည်နယ်စာရင်းစစ်ချုပ်ကိုရွေးချယ် ရာတွင်လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်မှ အမည် စာရင်းတင်သွင်းလာသူများကိုသာ လွှတ်တော်မှအ တည်ပြုပေးခဲ့ရသည်။ တရားစီရင်ရေး၊ စာရင်းစစ် ဆေးမှု စသည်များမှာ ဝန်ကြီးချုပ်ကိုတာဝန်ခံနေ ကြရသည်။ အစိုးရအဖွဲ့နှင့်ပြည်နယ်အစိုးရတို့ ပွတ်တိုက်မှုကို ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လက်ထက်တွင် တွေ့မြင်ကြားသိခဲ့ရသည်။ သင်ခန်းစာယူစရာလည်း ဖြစ်သည်။
တိုင်းဒေသကြီးများနှင့်ပြည်နယ်အစိုးရအဖွဲ့၏အတွင်းရေးမှူးမှာလည်း ပြည်သူ့ကိုယ်စားလှယ် မဟုတ်ဘဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ် အုပ်ချုပ်ရေးမှူးကို အတွင်းရေးမှူးတာဝန်ပေးခန့် အပ်ထားခြင်းဖြစ်လေရာ ပြည်နယ်အတွင်းရေး မှူး များသည် သက်ဆိုင်ရာပြည်နယ်များ၏မျိုးနွယ်စုဝင်များမဟုတ်ကြကြောင်း တွေ့ရသည်။
ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်သက်တမ်း ကာလတွင်ပြည်နယ်အစိုးရအဖွဲ့၌ လွှတ်တော်ကိုယ် စားလှယ် မဟုတ်သူများ (၃)ဦးကိုပြည်နယ်ဝန်ကြီးများ အဖြစ်တာဝန်ပေးခဲ့သည်ကိုတွေ့ရသည်။ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သဖြင့် လွှတ်တော်အစည်းအဝေးများသို့(မတက်ရောက်လျှင်လည်းရသဖြင့်)ပုံမှန် တက်ရောက်ခြင်း မပြုခဲ့ကြ သည်ကိုတွေ့ရသည်။ပြည် နယ်ဝန်ကြီးချုပ်ပင် လွှတ်တော်သက်တမ်း (၅) နှစ်အတွင်း (၃)ကြိမ်ခန့်သာ လွှတ်တော် အစည်းအဝေးသို့တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။
ထို့အတူဘဏ္ဍာငွေစီမံခန့်ခွဲပိုင်ခွင့်ကို အထိုက်အလျောက်ခွဲဝေပေးထားသည်ဆိုသော်လည်း ပြည် နယ်တိုင်းဒေ သအစိုးရအဖွဲ့သည် မိမိပြည်နယ်တွင်တာဝန်ယူဆောင်ရွက်နေသော ဌာနအားလုံး၏ဘဏ္ဍာ ငွေများကို ကြီးကြပ်စီမံနိုင် ခွင့်မရှိပေ။ဥပမာအားဖြင့် ရခိုင်ပြည်နယ်တွင် ဝန်ကြီးဌာနအသီးသီးမှတာဝန် ထမ်းဆောင်နေကြသော ဦးစီးဌာန အဖွဲ့အစည်း ပေါင်း (၈၀)ခန့်ရှိသော်လည်းယင်းတို့အနက်ဌာန (၂၀) ဝန်းကျင်ခန့်သာ စီမံခန့်ခွဲခွင့်ရရှိနေပေသည်။ ပညာရေး၊ ကျန်းမာရေး၊ ဆည်မြောင်း၊ သစ်တော၊ ဆောက်လုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေးဌာန ကြီးများ၏ ဘဏ္ဍာငွေသုံးစွဲမှုများ၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ပြည်နယ်အစိုးရအဖွဲ့မှကြီးကြပ်ဆောင် ရွက်နိုင်ခြင်းမရှိဘဲ ဗဟိုအစိုးရအဖွဲ့လက်အောက်ဦးစီးဌာနများက တိုက်ရိုက်စီမံခန့်ခွဲလျက်ရှိသည်ကို တွေ့ရပေသည်။ ဤသို့ဖြင့် အများပြည် သူနှင့်သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ ဆည်မြောင်းလုပ် ငန်းများတွင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်တိုက်ရိုက် ပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဗဟိုအစိုးရအဖွဲ့ (ဦးစီးဌာနများ)သို့တင်ပြခွင့်ပြုချက် တောင်းခံဆောင် ရွက်နေရခြင်းမှာ ဖက်ဒရယ်စနစ်နှင့် အံမဝင်လွဲချော် နေသည်ကိုတွေ့ရမည်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ပမှလုပ်ဆောင်မှု
(၁၉၇၄) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းဖြစ်ပေါ်ခဲ့သောပြည်နယ်/တိုင်းပြည်သူ့ကောင်စီများအနေဖြင့် ပညာရေးကဏ္ဍတွင် မိမိဒေသအတွက် အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများကို လည်းကောင်း၊ ကျန်းမာရေးဌာနတွင် တိုက်နယ်ဆေးရုံ၊ ကျန်းမာရေးဌာနများကို လည်းကောင်းဖွင့်လှစ်ရမည့် အရေအတွက်ကိုသာ ခွင်ပြုပြပေးခဲ့ပြီးနေရာ၊ ဒေသကို သက်ဆိုင်ရာပြည်နယ်၊ တိုင်း ပြည်သူ့ကောင်စီများကသာ ရွေးချယ် သတ်မှတ်ပေးခဲ့သည်။ သို့ရာတွင် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်ရာတွင်မူ ပညာရေး ဌာန၊ ကျန်းမာရေးဌာနများအနေဖြင့် ဗဟိုမှ တိုက်ရိုက်သတ်မှတ်ခွင့်ပြုပေးသည့်စနစ်ကိုကျင့်သုံးလာခဲ့ ကြသည်ကိုတွေ့ရ သည်။ ဒုတိယအကြိမ်ပြည် သူ့လွှတ်တော်သက်တမ်းကာလတွင် ပညာရေးဌာန၏အသုံးစရိတ်များအနက် အချို့ကို ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေမှကျခံသုံးစွဲခဲ့ရသည်။ ဤသို့သုံးစွဲရာတွင် တချို့နေရာများ အတွက် အဆောက်အအုံဆောက် လုပ်ခြင်းကို ပြည်နယ်ဘဏ္ဍာ မှကျခံသုံးစွဲခွင့်ပြုလိုက်သည့်တိုင် ပညာရေးဌာန (ရုံးချုပ်)မှလည်း အဆိုပါနေရာအတွက် ခွင့်ပြုငွေများ ထပ်မံချထားပေးခဲ့သဖြင့် ဘဏ္ဍာရေးအဟောသိကံ ဖြစ်မှုတွေရှိခဲ့ရသည်။ စာသင်ကျောင်းတွေအဆင့်တိုး မြှင့်ရေး၊ ကျောင်းသစ်တွေဖွင့်လှစ်ရေးအတွက်လည်း ပြည်နယ်လွှတ်တော်တွင်အဆိုတင်သွင်းအတည် ပြုပြီးမှ ပညာရေး ဌာန(ရုံးချုပ်)သို့ ဆက်လက်တင်ပြနေရသဖြင့်မကြန့်ကြာသင့်ဘဲကြန့်ကြာနေရသည် များရှိသလို ရုံးချုပ်မှတိုက်ရိုက်ခွ င့်ပြုပေးသည်များရှိခဲ့ရာ ပြည်နယ်ကိုယ်စားလှယ်များအနေဖြင့်မကျေမလည်မှုတွေရှိခဲ့ရသည်။
နိုင်ငံရေးတွင်တပ်မတော်မှပါဝင်မှု
(၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၊ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်များတွင် တပ်မတော် သားကိုယ်စားလှယ် (၂၅%)ပါဝင်စေလျက်ရှိသည်။ဤသို့ပါဝင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးတွင် အလွယ်တကူပြင်ဆင်ခြင်းမပြုနိုင်ရန် ဖြစ်သည်ဟုသာ အများကနားလည်ကြ သော်လည်း၊ အမှန်ကယ်တွင် လွှတ်တော်တွင်းတင်သွင်းသည့်အဆိုများ၊ မေးခွန်းများနှင့်ပတ်သက်၍ လိုအပ်ပါက ကြားဝင် ထိန်းညှိပေးနိုင်ရန်ဖြစ်သည်။ တပ်မတော်သား(၂၅%)ပါဝင်နေခြင်းသည် မတူကွဲပြားသော နိုင်ငံရေးပါတီ များရှိနေသည့် လွှတ်တော်များတွင်အကျိုးသက် ရောက်မှုရှိသည်ကို တွေ့ရသည်။ ဤအချက်ကို ဒုတိ ယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၌တွေ့ရှိခဲ့ရသည်။ ပထမအကြိမ်ပြည်နယ်လွှတ်တော်သက်တမ်းတွင် တပ်မတော်သား ကိုယ်စားလှယ်များသည် ပြည်နယ်အတွက်အကျိုးဖြစ်ထွန်းစေမည့် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး ဆိုင်ရာအဆိုများကိုတက်ကြွစွာအဆိုတင်သွင်းခဲ့သည်များရှိခဲ့ပြီး ပါဝင် ဆွေးနွေးခဲ့သည်များကိုလည်းတွေ့ခဲ့ရသည်။
ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်ကိုရ ခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် တပ်မတော်သား ကိုယ်စားလှယ်များပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။စတင်ဖွဲ့စည်းစဉ်က ရခိုင်အမျိုးသားပါတီသည် လွှတ်တော်ကိုယ်စားလှယ် (၂၂)ဦး ၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီမှ (၉) ဦး၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၃)ဦး၊ တစ်သီးပုဂ္ဂလိက ကိုယ်စားလှယ် တစ်ဦး၊ တပ်မတော်သားကိုယ်စားလှယ် (၁၂) ဦးပါဝင်ကာ ရခိုင်အမျိုးသားပါတီမှကိုယ်စား လှယ် အများဆုံးဖြစ်သည်။
တစ်သီးပုဂ္ဂလကိုယ်စားလှယ်မှာနောင်တွင်ရခိုင် အမျိုးသားပါတီသို့ ပူးပေါင်းပါဝင်ခဲ့သဖြင့်ရခိုင် အမျိုးသားပါတီ သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၃) ဦးဖြင့် အင်အားအများဆုံးဖြစ်သည်။ သို့ရာ တွင်ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့အကွဲတွင် တချို့မှာရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် သို့ပါဝင်သွားခဲ့သည်။
ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်တွင် ဒုတိယဥက္ကဋ္ဌကွယ်လွန်အနိစ္စရောက်သွားခဲ့ပြီးဒုတိယဥက္ကဋ္ဌအား ရွေးချယ်တင်မြှောက်ရန်ဖြစ်လာခဲ့သည်။ရခိုင်အမျိုးသားပါတီသည် လွှတ်တော်တွင်းအင် အားအများဆုံးဖြစ်သဖြင့် မိမိပါတီမှကိုယ်စားလှယ် တစ်ဦးကို ဒုတိယဥက္ကဋ္ဌအဖြစ်လျာထားပေးခဲ့သော် လည်း ပါတီစည်းကမ်းဖောက်ဖျက်ကာ ပါတီတွင်းမှပုဂ္ဂိုလ်တစ်ဦးကအပြိုင်အရွေးခံခဲ့သည်။ ဤရွေးချယ် ပွဲကိုမဲအနည်းအများဖြင့်ဆုံးဖြတ်ခဲ့ရာ ပါတီမှလျာ ထားသူနှင့် အပြိုင်အရွေးခံသူမှာ တပ်မတော်သား ကိုယ်စားလှယ်များမဲ၊ ပါတီဘက်ပြောင်းသူများမဲ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မဲများဖြင့် ထက်ဝက် ကျော်မဲများရရှိကာ အနိုင်ရသွားခဲ့သည်။ ဤရွေးချယ်ပွဲတွင် တပ်မတော်သား ကိုယ်စားလှယ်များမဲ၏အရေးပါ မှုကိုတွေ့မြင်နိုင်သည်။
ဒုတိယတစ်ကြိမ်တွင်လည်း တပ်မတော်သား ကိုယ်စားလှယ်များ၏ဆန္ဒမဲရလဒ်ကြောင့် ရခိုင် ပြည်နယ် လွှတ်တော်၏ အခြေမလှမှုကိုကြုံကြိုက်ခဲ့ရသေးသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်စီမံဘဏ္ဍာ ဝန်ကြီးအား ရခိုင်ပြည်နယ်လွှတ်တော်မှဖွဲ့စည်းပုံအ ခြေခံဥပဒေပုဒ်မ (၂၆၃)တွင်ပြဋ္ဌာန်းထားသည့် ဥပဒေအရပေးအပ်သော တာဝန်များကို ကျေပွန်စွာမဆောင် ရွက်ကြောင်းစွပ်စွဲပြစ်တင်မှုပြုလုပ်ခဲ့သည်။ စွပ်စွဲပြစ် တင်မှုအား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာထောက်ခံမဲသုံးပုံနှစ်ပုံရရှိမှသာ စွပ်စွဲပြစ်တင်မှုမှန်ကန်ကြောင်း လွှတ်တော်မှဆုံးဖြတ်နိုင်မည်ဖြစ် သော်လည်း အမှန်တကယ်မဲခွဲသောအခါတပ်မတော်သားများ၏ထောက် ခံမဲကိုမရသဖြင့် ဝန်ကြီးအားလွှတ်တော်မှစွပ်စွဲ ပြစ်တင်မှုအဆိုရှုံးနိမ့်ခဲ့သည်။
ဥပဒေပြုရေး
ဥပဒေပြုရေးနှင့်ပတ်သက်၍ပြည်နယ်လွှတ် တော်အား အာဏာများခွဲဝေအပ်နှင်းထားသည်ကို တွေ့ရသော် လည်းနည်းပါးလှသေးသည်။ ဖွဲ့စည်းပုံအ ခြေခံဥပဒေအား ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ အရ ဥပဒေပြုရေးအခွင့် အာဏာများအချို့တိုးချဲ့ရရှိလာသော်လည်း ပြည်ထောင်စုမှပြဋ္ဌာန်းထားသော ဥပဒေများကိုမဆန့်ကျင်စေရဟူ သောထိန်းချုပ်ချက်များ ပါရှိနေသဖြင့် ပြည်နယ်လွှတ်တော်များကသွားလို သည့်အတိုင်းခရီးမပေါက်ခဲ့သည်ကို လည်း လက် တွေ့အားဖြင့် တွေ့မြင်ခဲ့ရပေသည်။
အခြေခံဥပဒေပြင်ဆင်ရေးနှင့်
(၂၀၂၀) အလွန်အခင်းအကျင်း
(၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအားတစ် စုံတစ်ခုအထိပြင်ဆင်ရေးအား စာရေးသူအနေဖြင့် ထောက်ခံရမည်ဖြစ်သည်။ ဗဟိုမှချုပ်ကိုင်ထားသောအခြေခံဥပဒေပါအချက်အလက်များအား ပြင်ဆင် ရန်လည်း လိုအပ်မည်ဖြစ်သည်။ (၂၀ဝ၈) ခုနှစ်ဥပဒေဘောင်အတွင်း ဆောင်ရွက်ရာတွင်ပြည်နယ်များ၊တိုင်းဒေသကြီးများ တွင်ဆောင်ရွက်ရာ၌ အံမဝင်ဂွင်မကျသည်များရှိနေသည်မှာအထင်အရှားပင်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်များ ကြောင့်ပြည်နယ်အစိုးရအဖွဲ့ရွေးချယ်တာဝန်ပေးရာတွင် တိုင်းရင်းသားပြည်သူများလိုလားသည့်မိမိဒေသခံများပါဝင်သည့်အစိုးရအဖွဲ့ကို လိုလားကြသော် လည်းမရရှိခဲ့သည့် အတွက် အားမလိုအားမရဖြစ်ခဲ့ကြရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှဖွဲ့စည်း တာဝန်ပေးအပ်သော ပြည်နယ်အစိုးရအဖွဲ့များတွင်လည်းသက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများဖြင့်ဖွဲ့ စည်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ပုံစံသွင်း ဆောင်ရွက်နိုင်မည်ဟုမျှော်လင့်ခဲ့ကြသော်လည်းမျှော်လင့် သလိုမဖြစ်ပေါ်သဖြင့် အားမလိုအားမရဖြစ်ခဲ့ကြရ သည်။
တကယ်တော့ (၂၀ဝ၈) ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအားလက်ခံကျင့်သုံးခဲ့သည်မှာ (၁၆) နှစ်သို့ တိုင်ခဲ့ပြီဖြစ်သလို အစိုးရအဖွဲ့(၃)ဆက်တိုင်ရှိလာ ခဲ့ပြီဖြစ်သည်။ ပြောင်းလဲလာသောခေတ်အခြေအနေနှင့်အညီ ပြင်ဆင်သင့်သည် များကို ပြင်ဆင်ရန် လိုအပ်နေသည်မှာ ပကတိအရှိတရားလည်းဖြစ်သည်။ (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များအတိုင်း ပထမအကြိမ်နှင့်ဒုတိယအကြိမ် သက်တမ်းကာလများ၌အသုံးပြု ဆောင်ရွက်ခဲ့သည်။ တချို့ကိစ္စရပ် များတွင် လက်တွေ့၌လုပ်ကိုင်ရာတွင် ထိရောက်ခြင်းမရှိသည်များ၊ အံမဝင်ဂွင်မကျသည် များရှိနေသည်ကို လုပ်ကိုင် ဆောင်ရွက်နေသူများသာသိကြ သည်။
သို့ဖြစ်လေရာ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံပြင်ဆင် ရေးအား လက်တွေ့နှင့်ကိုက်ညီသည့် အနေအထားသို့ရော က်အောင်ပြင်ဆင်နိုင်ရေးမှာပြည်သူများ အတွက် အထူးသဖြင့် တိုင်းရင်းသားပြည်သူများ၏ မျှော် လင့်ချက်များလည်း ဖြစ်သည်။ ဖက်ဒရယ်ဒီမိုကရေစီ စံနှင့်ညီသော အခြေခံဥပဒေဖြစ်ပေါ်လာရေးမှာ တိုင်းရင်းသားပြည်သူများ၏ မျှော်မှန်း ချက်လည်း ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။
Zawgyi Version;
(၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပည္နယ္လႊတ္ေတာ္ႏွင့္ အစိုးရအဖြဲ႕ (၂)
ကြၽန္းသားငမန္း (NP News) - ဇန္နဝါရီ ၁၇
၂၀ဝ၈ ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒ
(၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲ ရာတြင္ပါဝင္ခြင့္မရေသာ္လည္း ျပည္လုံးကြၽတ္ဆႏၵ ခံယူပြဲျဖင့္ အတည္ျပဳရာတြင္မူ ေထာက္ခံမဲေပးျခင္း ျဖင့္တစ္တပ္တစ္အားပါဝင္ခဲ့သည္။ နီးစပ္သူမ်ားကိုလည္းေထာက္ခံ ၾကရန္ စည္း႐ုံးေဆာ္ဩေပးခဲ့သည္။ ႀကိဳက္ႏွစ္သက္လို႔ေတာ့မဟုတ္။ အထူးသျဖင့္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရ ဖြဲ႕စည္း ျခင္းကိစၥရပ္မ်ား၊ ႏိုင္ငံေတာ္အုပ္ခ်ဳပ္ရာတြင္ တပ္မေတာ္သား ကိုယ္စားလွယ္ (၂၅%)ပါဝင္သည့္ကိစၥရပ္မ်ားကို ဘဝင္မ က်ခဲ့။ သို႔ရာတြင္ (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအ ေျခခံဥပေဒကို အတည္ျပဳျခင္းမျပဳႏိုင္ခဲ့လွ်င္ စစ္ အာဏာရွင္တို႔ လက္ေအာက္ တြင္ဆက္လက္ရွင္သန္ ေနသြားၾကရဦးမည္။
အေျခခံဥပေဒသစ္တစ္ရပ္ေရးဆြဲဖို႔အခ်ိန္ေတြဘယ္ေလာက္ၾကာမည္လည္းမသိႏိုင္။ ထိုေၾကာင့္ စစ္အစိုးရ၏ စိတ္ႀကိဳက္ေရးဆြဲထားေသာ(၂၀ဝ၈) ခုႏွစ္အေျခခံဥပေဒ အတည္ျဖစ္ေရးကိုေထာက္ခံခဲ့ ျခင္းျဖစ္သည္။ (၂၀ဝ၈) ခုႏွစ္ဖြဲ႕ စည္းပုံအေျခခံဥပ ေဒအတည္ျဖစ္ၿပီး ဥပေဒႏွင့္အညီ အုပ္ခ်ဳပ္ေရးအဖြဲ႕ မ်ား ဖြဲ႕စည္းျဖစ္ေပၚလာသည့္တိုင္ ျပည္သူမ်ားလို လားေသာ ဒီမိုကေရစီအုပ္ခ်ဳပ္ေရးပီပီျပင္ျပင္ရရွိလာ ႏိုင္ဦးမည္ဟုကား စာေရးသူတို႔ေမွ်ာ္လင့္ထားျခင္းမရွိခဲ့။ အနည္းဆုံး အုပ္ခ်ဳပ္မႈ (၅)ႏွစ္သက္တမ္း ႏွစ္ႀကိမ္၊ သုံးႀကိမ္ခန႔္မွသာရရွိႏိုင္မည္ဟူ၍ေမွ်ာ္ လင့္ထားခဲ့ၾကသည္။ စာေရးသူ တို႔ေထာက္ခံမဲေပးခဲ့ေသာ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း တစ္စခ်င္းျပင္ဆင္ႏိုင္ မည္ဟုေမွ်ာ္လင့္ခဲ့ သည္။
စာေရးသူသည္ (၂၀၁၀)ျပည့္ႏွစ္တြင္ က်င္းပခဲ့သည့္ပါတီစုံဒီမိုကေရစီေ႐ြးေကာက္ပြဲတြင္ ထဲထဲဝင္ ဝင္ပါဝင္ခဲ့ သည္။ ထိုစဥ္က (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ဦးေဆာင္ေရးဆြဲခဲ့သူမ်ားႏွင့္လည္း ေတြ႕ဆုံျဖစ္ခဲ့ သည္။ ၎တို႔ကိုယ္တိုင္ကလည္းဖြဲ႕ စည္းပုံအေျခခံဥပေဒတြင္ အားနည္းခ်က္မ်ားရွိေၾကာင္း၊ ထိုေၾကာင့္ျပင္ဆင္ရန္ လိုအပ္ ေၾကာင္းျဖင့္ေျပာၾကားခဲ့ၾကသည္။
လက္ေတြ႕အေနအထား
စာေရးသူသည္ (၁၉၇၄) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒျဖင့္ဖြဲ႕စည္းျဖစ္ေပၚခဲ့ေသာ ရခိုင္ျပည္နယ္ ျပည္သူ႔ ေကာင္စီတြင္ (၁၉၇၆)မွ(၁၉၈၄)ခုႏွစ္ထိ သုံးဆက္တိုင္တိုင္ ျပည္နယ္ျပည္သူ႔ေကာင္စီဥကၠ႒၏ကိုယ္ေရး အရာရွိတာဝန္ ျဖင့္ ျပည္နယ္၏အုပ္ခ်ဳပ္ေရး ယႏၲရားတြင္ ထဲထဲဝင္ဝင္ပတ္သက္သိရွိခြင့္ရခဲ့သည္။ထို႔အတူ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံ အေျခခံဥပေဒျဖင့္ဖြဲ႕စည္းျဖစ္ေပၚခဲ့သည့္ ပထမအႀကိမ္ရခိုင္ျပည္နယ္ လႊတ္ေတာ္ႏွင့္ဒုတိယအႀကိမ္ရခိုင္ျပည္နယ္လႊတ္ ေတာ္တို႔တြင္ဥပေဒေရးရာႏွင့္အျခားကိစၥရပ္မ်ားဆိုင္ရာအႀကံေပးအဖြဲ႕ဝင္အျဖစ္ပါဝင္ခြင့္ရခဲ့သည္။
ပထမအႀကိမ္ရခိုင္ျပည္နယ္လႊတ္ေတာ္သည္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွဦးစီးခဲ့ေသာလႊတ္ ေတာ္ျဖစ္ခဲ့ၿပီး ဒုတိယအႀကိမ္ရခိုင္ျပည္နယ္လႊတ္ေတာ္မွာ ရခိုင္အမ်ိဳးသားပါတီမွဦးစီးခ်ဳပ္ကိုင္ခဲ့ေသာ လႊတ္ေတာ္ျဖစ္ သည္။ လႊတ္ေတာ္ ႏွစ္ရပ္လုံးသည္ အယူအဆ၊ သေဘာမတူေသာလႊတ္ေတာ္ကိုယ္စား လွယ္မ်ားျဖင့္ဖြဲ႕စည္းခဲ့ျခင္း ျဖစ္သည္။ ပထမအႀကိမ္ ျပည္သူ႔လႊတ္ေတာ္သက္တမ္းတြင္ ျပည္နယ္အစိုးရအဖြဲ႕သည္လည္းေကာင္း၊ ျပည္နယ္လႊတ္ ေတာ္သည္ လည္းေကာင္း၊ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရး ပါတီမွျဖစ္ခဲ့သျဖင့္ပြတ္တိုက္မႈမ်ားမရွိခဲ့။ သို႔ရာတြင္ ဒုတိယ အႀကိမ္လႊတ္ေတာ္သက္တမ္းတြင္ ျပည္နယ္ အစိုးရအဖြဲ႕သည္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွျဖစ္ကာ ျပည္နယ္ လႊတ္ေတာ္မွာ ရခိုင္တိုင္းရင္း သားပါတီမွႀကီးစိုးလႊမ္းမိုးထားသျဖင့္ပြတ္တိုက္မႈမ်ားရွိခဲ့သည္။
စာေရးသူသည္ ေရးရာေကာ္မတီအဖြဲ႕ဝင္တစ္ဦး အျဖစ္ျဖင့္လည္းေကာင္း၊ ရခိုင္ျပည္နယ္လႊတ္ေတာ္မွ ထုတ္ေဝ ခဲ့သည့္ ရခိုင္လႊတ္ေတာ္ဂ်ာနယ္အယ္ဒီတာခ်ဳပ္တစ္ဦးအေနျဖင့္လည္းေကာင္း၊ လႊတ္ေတာ္အစည္းအေဝးမ်ားသို႔ တက္ ေရာက္ခြင့္ရခဲ့သျဖင့္ လႊတ္ ေတာ္ႏွင့္အစိုးရအဖြဲ႕ဆက္ဆံေရးမ်ားကို ထဲထဲဝင္ဝင္ သိခြင့္ရခဲ့သည္။
လက္ေတြ႕ေလ့လာဆန္းစစ္
(၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ပတ္သက္၍ ကြၽမ္းက်င္သူဥပေဒပညာရွင္မ်ားက ဤဥပေဒတြင္ ဖက္ဒရယ္စနစ္၊ သေဘာတရားမ်ားပါဝင္ေနေၾကာင္းေထာက္ျပေနၾကသည္မ်ားကို ေတြ႕ရသည္။ အေျခခံသေဘာ တရား အားျဖင့္ မွန္ခ်င္မွန္မည္။ သို႔ရာတြင္လက္ေတြ႕ေဆာင္႐ြက္ရာတြင္မည္ သို႔ရွိပါသနည္း။ အထူးသျဖင့္ ေအာက္ေျခ အဆင့္ (တိုင္းေဒသႀကီးမ်ားႏွင့္ျပည္နယ္အဆင့္)တြင္ ေဆာင္႐ြက္ခ်က္မ်ားကို လက္ေတြ႕အားျဖင့္ေလ့လာ ဆန္းစစ္ ၾကည့္ႏိုင္ရန္လိုသည္။ ယထဘူတက်က် ၾကည့္ျမင္တတ္ရန္လိုသည္။
တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္အဆင့္တြင္ ဗဟိုမွာကဲ့သို႔ဥပေဒျပဳေရးမ႑ိဳင္၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္ႏွင့္ တရားစီရင္ေရးမ႑ိဳင္မ်ားထားရွိကာ မ႑ိဳင္(၃) ရပ္အျပန္အလွန္ထိန္းေက်ာင္းသည္ဟုဆိုေသာ္ လည္း(၂၀ဝ၈)ဖြဲ႕စည္း ပုံအေျခခံဥပေဒအရ ျပည္နယ္အစိုးရဖြဲ႕စည္းစဥ္ကပင္လွ်င္ လြဲမွားေနသည္ကို ေတြ႕ျမင္ရသည္။ ဝန္ႀကီးခ်ဳပ္ကို ျပည္နယ္လႊတ္ေတာ္ အတည္ျပဳသည္ဆိုေသာ္လည္း ဝန္ႀကီးခ်ဳပ္မွာျပည္နယ္လႊတ္ေတာ္မွေ႐ြးခ်ယ္ေပးသူ မဟုတ္သလို၊ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားကိုလည္း ျပည္နယ္လႊတ္ေတာ္မွေ႐ြးခ်ယ္ခြင့္မရခဲ့ေပ။ ဝန္ႀကီးခ်ဳပ္ကိုသမၼတမွေ႐ြး ခ်ယ္ေပးသူ အား(သတ္မွတ္အရည္အခ်င္းပ်က္ယြင္းသူမဟုတ္လွ်င္)ျပည္နယ္လႊတ္ေတာ္မွကန႔္ကြက္ႏိုင္ ျခင္းမရွိ၊ အတည္ျပဳေပးရ သည္။ ထို႔အတူဝန္ႀကီးခ်ဳပ္ မွေ႐ြးခ်ယ္တင္ျပလာေသာသူမ်ားအားဝန္ႀကီးအျဖစ္ ျပည္နယ္လႊတ္ေတာ္မွအတည္ျပဳ ေပးရသည္မွာ ျပည္ သူမ်ား၏ဆႏၵကိုလုံးဝဆန႔္က်င္ေနျခင္းပင္ျဖစ္သည္။
ထို႔အတူ ျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ လည္းေကာင္း၊ ျပည္နယ္အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားသည္လည္းေကာင္း၊ မိမိတို႔အားအတည္ျပဳခန႔္အပ္ေပးလိုက္သည့္ လႊတ္ေတာ္အားတာဝန္ခံရျခင္းမရွိဘဲ ႏိုင္ငံေတာ္သမၼတကိုသာ တာဝန္ခံရ သျဖင့္ ျပည္နယ္ အစိုးရအဖြဲ႕သည္သမၼတ၏ အုပ္ခ်ဳပ္မႈေအာက္တြင္လုံးလုံးလ်ားလ်ားႀကီး က်ေရာက္လ်က္ရွိေနေပ သည္။
သို႔ျဖင့္ျပည္နယ္၏အျမင့္ဆုံးစီမံခန႔္ခြဲရသည့္ အစိုးရအဖြဲ႕မွာ ဗဟို၏ခ်ဳပ္ကိုင္မႈေအာက္တြင္ေရာက္ ရွိေနသည္ကို ေတြ႕ရေပသည္။ ျပည္နယ္အစိုးရအဖြဲ႕သည္ ျပည္နယ္လႊတ္ေတာ္ကိုတာဝန္ခံျခင္းမရွိသည္ ကိုေတြ႕ရွိခဲ့ရသည္။ အျခားတစ္ဖက္တြင္လည္း ျပည္နယ္တရားသူႀကီးမ်ားကို ေ႐ြးခ်ယ္ရာတြင္လည္း ေကာင္း၊ ျပည္နယ္ဥပေဒခ်ဳပ္ကို ေ႐ြးခ်ယ္ရာတြင္ လည္းေကာင္း၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္ကိုေ႐ြးခ်ယ္ ရာတြင္လည္းေကာင္း၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္မွ အမည္ စာရင္းတင္သြင္းလာသူမ်ားကိုသာ လႊတ္ေတာ္မွအ တည္ျပဳေပးခဲ့ရသည္။ တရားစီရင္ေရး၊ စာရင္းစစ္ ေဆးမႈ စသည္မ်ားမွာ ဝန္ႀကီးခ်ဳပ္ကိုတာဝန္ခံေန ၾကရသည္။ အစိုးရအဖြဲ႕ႏွင့္ျပည္နယ္အစိုးရတို႔ ပြတ္တိုက္မႈကို ဒုတိယအႀကိမ္ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕လက္ထက္တြင္ ေတြ႕ျမင္ၾကားသိခဲ့ရသည္။ သင္ခန္းစာယူစရာလည္း ျဖစ္သည္။
တိုင္းေဒသႀကီးမ်ားႏွင့္ျပည္နယ္အစိုးရအဖြဲ႕၏အတြင္းေရးမႉးမွာလည္း ျပည္သူ႔ကိုယ္စားလွယ္ မဟုတ္ဘဲ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးကို အတြင္းေရးမႉးတာဝန္ေပးခန႔္ အပ္ထားျခင္းျဖစ္ေလရာ ျပည္နယ္အတြင္းေရး မႉး မ်ားသည္ သက္ဆိုင္ရာျပည္နယ္မ်ား၏မ်ိဳးႏြယ္စုဝင္မ်ားမဟုတ္ၾကေၾကာင္း ေတြ႕ရသည္။
ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္သက္တမ္း ကာလတြင္ျပည္နယ္အစိုးရအဖြဲ႕၌ လႊတ္ေတာ္ကိုယ္ စားလွယ္ မဟုတ္သူမ်ား (၃)ဦးကိုျပည္နယ္ဝန္ႀကီးမ်ား အျဖစ္တာဝန္ေပးခဲ့သည္ကိုေတြ႕ရသည္။ လႊတ္ေတာ္ ကိုယ္စားလွယ္ မဟုတ္သျဖင့္ လႊတ္ေတာ္အစည္းအေဝးမ်ားသို႔(မတက္ေရာက္လွ်င္လည္းရသျဖင့္)ပုံမွန္ တက္ေရာက္ျခင္း မျပဳခဲ့ၾက သည္ကိုေတြ႕ရသည္။ျပည္ နယ္ဝန္ႀကီးခ်ဳပ္ပင္ လႊတ္ေတာ္သက္တမ္း (၅) ႏွစ္အတြင္း (၃)ႀကိမ္ခန႔္သာ လႊတ္ေတာ္ အစည္းအေဝးသို႔တက္ေရာက္ခဲ့သည္ကိုေတြ႕ရသည္။
ထို႔အတူဘ႑ာေငြစီမံခန႔္ခြဲပိုင္ခြင့္ကို အထိုက္အေလ်ာက္ခြဲေဝေပးထားသည္ဆိုေသာ္လည္း ျပည္ နယ္တိုင္းေဒ သအစိုးရအဖြဲ႕သည္ မိမိျပည္နယ္တြင္တာဝန္ယူေဆာင္႐ြက္ေနေသာ ဌာနအားလုံး၏ဘ႑ာ ေငြမ်ားကို ႀကီးၾကပ္စီမံႏိုင္ ခြင့္မရွိေပ။ဥပမာအားျဖင့္ ရခိုင္ျပည္နယ္တြင္ ဝန္ႀကီးဌာနအသီးသီးမွတာဝန္ ထမ္းေဆာင္ေနၾကေသာ ဦးစီးဌာန အဖြဲ႕အစည္း ေပါင္း (၈၀)ခန႔္ရွိေသာ္လည္းယင္းတို႔အနက္ဌာန (၂၀) ဝန္းက်င္ခန႔္သာ စီမံခန႔္ခြဲခြင့္ရရွိေနေပသည္။ ပညာေရး၊ က်န္းမာေရး၊ ဆည္ေျမာင္း၊ သစ္ေတာ၊ ေဆာက္လုပ္ေရး၊ လူဝင္မႈႀကီးၾကပ္ေရးဌာန ႀကီးမ်ား၏ ဘ႑ာေငြသုံးစြဲမႈမ်ား၊ ဝန္ထမ္းေရးရာ ကိစၥရပ္မ်ားကို ျပည္နယ္အစိုးရအဖြဲ႕မွႀကီးၾကပ္ေဆာင္ ႐ြက္ႏိုင္ျခင္းမရွိဘဲ ဗဟိုအစိုးရအဖြဲ႕လက္ေအာက္ဦးစီးဌာနမ်ားက တိုက္႐ိုက္စီမံခန႔္ခြဲလ်က္ရွိသည္ကို ေတြ႕ရေပသည္။ ဤသို႔ျဖင့္ အမ်ားျပည္ သူႏွင့္သက္ဆိုင္ေသာ ပညာေရး၊ က်န္းမာေရး၊ ဆည္ေျမာင္းလုပ္ ငန္းမ်ားတြင္ျပည္နယ္အစိုးရအဖြဲ႕အေနျဖင့္တိုက္႐ိုက္ ပါဝင္ေဆာင္႐ြက္ႏိုင္ျခင္းမရွိဘဲ ဗဟိုအစိုးရအဖြဲ႕ (ဦးစီးဌာနမ်ား)သို႔တင္ျပခြင့္ျပဳခ်က္ ေတာင္းခံေဆာင္ ႐ြက္ေနရျခင္းမွာ ဖက္ဒရယ္စနစ္ႏွင့္ အံမဝင္လြဲေခ်ာ္ ေနသည္ကိုေတြ႕ရမည္ျဖစ္သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ပမွလုပ္ေဆာင္မႈ
(၁၉၇၄) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဖြဲ႕စည္းျဖစ္ေပၚခဲ့ေသာျပည္နယ္/တိုင္းျပည္သူ႔ေကာင္စီမ်ားအေနျဖင့္ ပညာေရးက႑တြင္ မိမိေဒသအတြက္ အထက္တန္းေက်ာင္း၊ အလယ္တန္းေက်ာင္း၊ မူလတန္းေက်ာင္းမ်ားကို လည္းေကာင္း၊ က်န္းမာေရးဌာနတြင္ တိုက္နယ္ေဆး႐ုံ၊ က်န္းမာေရးဌာနမ်ားကို လည္းေကာင္းဖြင့္လွစ္ရမည့္ အေရအတြက္ကိုသာ ခြင္ျပဳျပေပးခဲ့ၿပီးေနရာ၊ ေဒသကို သက္ဆိုင္ရာျပည္နယ္၊ တိုင္း ျပည္သူ႔ေကာင္စီမ်ားကသာ ေ႐ြးခ်ယ္ သတ္မွတ္ေပးခဲ့သည္။ သို႔ရာတြင္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ေဆာင္႐ြက္ရာတြင္မူ ပညာေရး ဌာန၊ က်န္းမာေရးဌာနမ်ားအေနျဖင့္ ဗဟိုမွ တိုက္႐ိုက္သတ္မွတ္ခြင့္ျပဳေပးသည့္စနစ္ကိုက်င့္သုံးလာခဲ့ ၾကသည္ကိုေတြ႕ရ သည္။ ဒုတိယအႀကိမ္ျပည္ သူ႔လႊတ္ေတာ္သက္တမ္းကာလတြင္ ပညာေရးဌာန၏အသုံးစရိတ္မ်ားအနက္ အခ်ိဳ႕ကို ျပည္နယ္ဘ႑ာ ရန္ပုံေငြမွက်ခံသုံးစြဲခဲ့ရသည္။ ဤသို႔သုံးစြဲရာတြင္ တခ်ိဳ႕ေနရာမ်ား အတြက္ အေဆာက္အအုံေဆာက္ လုပ္ျခင္းကို ျပည္နယ္ဘ႑ာ မွက်ခံသုံးစြဲခြင့္ျပဳလိုက္သည့္တိုင္ ပညာေရးဌာန (႐ုံးခ်ဳပ္)မွလည္း အဆိုပါေနရာအတြက္ ခြင့္ျပဳေငြမ်ား ထပ္မံခ်ထားေပးခဲ့သျဖင့္ ဘ႑ာေရးအေဟာသိကံ ျဖစ္မႈေတြရွိခဲ့ရသည္။ စာသင္ေက်ာင္းေတြအဆင့္တိုး ျမႇင့္ေရး၊ ေက်ာင္းသစ္ေတြဖြင့္လွစ္ေရးအတြက္လည္း ျပည္နယ္လႊတ္ေတာ္တြင္အဆိုတင္သြင္းအတည္ ျပဳၿပီးမွ ပညာေရး ဌာန(႐ုံးခ်ဳပ္)သို႔ ဆက္လက္တင္ျပေနရသျဖင့္မၾကန႔္ၾကာသင့္ဘဲၾကန႔္ၾကာေနရသည္ မ်ားရွိသလို ႐ုံးခ်ဳပ္မွတိုက္႐ိုက္ခြ င့္ျပဳေပးသည္မ်ားရွိခဲ့ရာ ျပည္နယ္ကိုယ္စားလွယ္မ်ားအေနျဖင့္မေက်မလည္မႈေတြရွိခဲ့ရသည္။
ႏိုင္ငံေရးတြင္တပ္မေတာ္မွပါဝင္မႈ
(၂၀ဝ၈) ဖြဲ႕စည္းပုံအေျခခံဥပေဒအရ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ား၊ ျပည္သူ႔လႊတ္ ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္မ်ားတြင္ တပ္မေတာ္ သားကိုယ္စားလွယ္ (၂၅%)ပါဝင္ေစလ်က္ရွိသည္။ဤသို႔ပါဝင္ျခင္းသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ ဆင္ေရးတြင္ အလြယ္တကူျပင္ဆင္ျခင္းမျပဳႏိုင္ရန္ ျဖစ္သည္ဟုသာ အမ်ားကနားလည္ၾက ေသာ္လည္း၊ အမွန္ကယ္တြင္ လႊတ္ေတာ္တြင္းတင္သြင္းသည့္အဆိုမ်ား၊ ေမးခြန္းမ်ားႏွင့္ပတ္သက္၍ လိုအပ္ပါက ၾကားဝင္ ထိန္းညႇိေပးႏိုင္ရန္ျဖစ္သည္။ တပ္မေတာ္သား(၂၅%)ပါဝင္ေနျခင္းသည္ မတူကြဲျပားေသာ ႏိုင္ငံေရးပါတီ မ်ားရွိေနသည့္ လႊတ္ေတာ္မ်ားတြင္အက်ိဳးသက္ ေရာက္မႈရွိသည္ကို ေတြ႕ရသည္။ ဤအခ်က္ကို ဒုတိ ယအႀကိမ္ ရခိုင္ျပည္နယ္လႊတ္ေတာ္၌ေတြ႕ရွိခဲ့ရသည္။ ပထမအႀကိမ္ျပည္နယ္လႊတ္ေတာ္သက္တမ္းတြင္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားသည္ ျပည္နယ္အတြက္အက်ိဳးျဖစ္ထြန္းေစမည့္ က်န္းမာေရး၊ ပညာေရး၊ လမ္းပန္းဆက္သြယ္ေရး ဆိုင္ရာအဆိုမ်ားကိုတက္ႂကြစြာအဆိုတင္သြင္းခဲ့သည္မ်ားရွိခဲ့ၿပီး ပါဝင္ ေဆြးေႏြးခဲ့သည္မ်ားကိုလည္းေတြ႕ခဲ့ရသည္။
ဒုတိယအႀကိမ္ ရခိုင္ျပည္နယ္လႊတ္ေတာ္ကိုရ ခိုင္အမ်ိဳးသားပါတီ၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ၊ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီႏွင့္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားပါဝင္ဖြဲ႕စည္း ထားျခင္းျဖစ္သည္။စတင္ဖြဲ႕စည္းစဥ္က ရခိုင္အမ်ိဳးသားပါတီသည္ လႊတ္ေတာ္ကိုယ္စားလွယ္ (၂၂)ဦး ၊ အမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ပါတီမွ (၉) ဦး၊ ျပည္ေထာင္စုႀကံ့ခိုင္ ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီမွ (၃)ဦး၊ တစ္သီးပုဂၢလိက ကိုယ္စားလွယ္ တစ္ဦး၊ တပ္မေတာ္သားကိုယ္စားလွယ္ (၁၂) ဦးပါဝင္ကာ ရခိုင္အမ်ိဳးသားပါတီမွကိုယ္စား လွယ္ အမ်ားဆုံးျဖစ္သည္။
တစ္သီးပုဂၢလကိုယ္စားလွယ္မွာေနာင္တြင္ရခိုင္ အမ်ိဳးသားပါတီသို႔ ပူးေပါင္းပါဝင္ခဲ့သျဖင့္ရခိုင္ အမ်ိဳးသားပါတီ သည္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၂၃) ဦးျဖင့္ အင္အားအမ်ားဆုံးျဖစ္သည္။ သို႔ရာ တြင္ရခိုင္အမ်ိဳးသားပါတီ၊ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီတို႔အကြဲတြင္ တခ်ိဳ႕မွာရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ သို႔ပါဝင္သြားခဲ့သည္။
ဒုတိယအႀကိမ္ရခိုင္ျပည္နယ္လႊတ္ေတာ္တြင္ ဒုတိယဥကၠ႒ကြယ္လြန္အနိစၥေရာက္သြားခဲ့ၿပီးဒုတိယဥကၠ႒အား ေ႐ြးခ်ယ္တင္ေျမႇာက္ရန္ျဖစ္လာခဲ့သည္။ရခိုင္အမ်ိဳးသားပါတီသည္ လႊတ္ေတာ္တြင္းအင္ အားအမ်ားဆုံးျဖစ္သျဖင့္ မိမိပါတီမွကိုယ္စားလွယ္ တစ္ဦးကို ဒုတိယဥကၠ႒အျဖစ္လ်ာထားေပးခဲ့ေသာ္ လည္း ပါတီစည္းကမ္းေဖာက္ဖ်က္ကာ ပါတီတြင္းမွပုဂၢိဳလ္တစ္ဦးကအၿပိဳင္အေ႐ြးခံခဲ့သည္။ ဤေ႐ြးခ်ယ္ ပြဲကိုမဲအနည္းအမ်ားျဖင့္ဆုံးျဖတ္ခဲ့ရာ ပါတီမွလ်ာ ထားသူႏွင့္ အၿပိဳင္အေ႐ြးခံသူမွာ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားမဲ၊ ပါတီဘက္ေျပာင္းသူမ်ားမဲ၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္မဲမ်ားျဖင့္ ထက္ဝက္ ေက်ာ္မဲမ်ားရရွိကာ အႏိုင္ရသြားခဲ့သည္။ ဤေ႐ြးခ်ယ္ပြဲတြင္ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားမဲ၏အေရးပါ မႈကိုေတြ႕ျမင္ႏိုင္သည္။
ဒုတိယတစ္ႀကိမ္တြင္လည္း တပ္မေတာ္သား ကိုယ္စားလွယ္မ်ား၏ဆႏၵမဲရလဒ္ေၾကာင့္ ရခိုင္ ျပည္နယ္ လႊတ္ေတာ္၏ အေျခမလွမႈကိုႀကဳံႀကိဳက္ခဲ့ရေသးသည္။ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ဝင္စီမံဘ႑ာ ဝန္ႀကီးအား ရခိုင္ျပည္နယ္လႊတ္ေတာ္မွဖြဲ႕စည္းပုံအ ေျခခံဥပေဒပုဒ္မ (၂၆၃)တြင္ျပ႒ာန္းထားသည့္ ဥပေဒအရေပးအပ္ေသာ တာဝန္မ်ားကို ေက်ပြန္စြာမေဆာင္ ႐ြက္ေၾကာင္းစြပ္စြဲျပစ္တင္မႈျပဳလုပ္ခဲ့သည္။ စြပ္စြဲျပစ္ တင္မႈအား လႊတ္ေတာ္တြင္ မဲခြဲဆုံးျဖတ္ရာေထာက္ခံမဲသုံးပုံႏွစ္ပုံရရွိမွသာ စြပ္စြဲျပစ္တင္မႈမွန္ကန္ေၾကာင္း လႊတ္ေတာ္မွဆုံးျဖတ္ႏိုင္မည္ျဖစ္ ေသာ္လည္း အမွန္တကယ္မဲခြဲေသာအခါတပ္မေတာ္သားမ်ား၏ေထာက္ ခံမဲကိုမရသျဖင့္ ဝန္ႀကီးအားလႊတ္ေတာ္မွစြပ္စြဲ ျပစ္တင္မႈအဆိုရႈံးနိမ့္ခဲ့သည္။
ဥပေဒျပဳေရး
ဥပေဒျပဳေရးႏွင့္ပတ္သက္၍ျပည္နယ္လႊတ္ ေတာ္အား အာဏာမ်ားခြဲေဝအပ္ႏွင္းထားသည္ကို ေတြ႕ရေသာ္ လည္းနည္းပါးလွေသးသည္။ ဖြဲ႕စည္းပုံအ ေျခခံဥပေဒအား ဒုတိယအႀကိမ္ျပင္ဆင္သည့္ဥပေဒ အရ ဥပေဒျပဳေရးအခြင့္ အာဏာမ်ားအခ်ိဳ႕တိုးခ်ဲ႕ရရွိလာေသာ္လည္း ျပည္ေထာင္စုမွျပ႒ာန္းထားေသာ ဥပေဒမ်ားကိုမဆန႔္က်င္ေစရဟူ ေသာထိန္းခ်ဳပ္ခ်က္မ်ား ပါရွိေနသျဖင့္ ျပည္နယ္လႊတ္ေတာ္မ်ားကသြားလို သည့္အတိုင္းခရီးမေပါက္ခဲ့သည္ကို လည္း လက္ ေတြ႕အားျဖင့္ ေတြ႕ျမင္ခဲ့ရေပသည္။
အေျခခံဥပေဒျပင္ဆင္ေရးႏွင့္
(၂၀၂၀) အလြန္အခင္းအက်င္း
(၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအားတစ္ စုံတစ္ခုအထိျပင္ဆင္ေရးအား စာေရးသူအေနျဖင့္ ေထာက္ခံရမည္ျဖစ္သည္။ ဗဟိုမွခ်ဳပ္ကိုင္ထားေသာအေျခခံဥပေဒပါအခ်က္အလက္မ်ားအား ျပင္ဆင္ ရန္လည္း လိုအပ္မည္ျဖစ္သည္။ (၂၀ဝ၈) ခုႏွစ္ဥပေဒေဘာင္အတြင္း ေဆာင္႐ြက္ရာတြင္ျပည္နယ္မ်ား၊တိုင္းေဒသႀကီးမ်ား တြင္ေဆာင္႐ြက္ရာ၌ အံမဝင္ဂြင္မက်သည္မ်ားရွိေနသည္မွာအထင္အရွားပင္ျဖစ္သည္။
ဖြဲ႕စည္းပုံအေျခခံဥပေဒ၏ အားနည္းခ်က္မ်ား ေၾကာင့္ျပည္နယ္အစိုးရအဖြဲ႕ေ႐ြးခ်ယ္တာဝန္ေပးရာတြင္ တိုင္းရင္းသားျပည္သူမ်ားလိုလားသည့္မိမိေဒသခံမ်ားပါဝင္သည့္အစိုးရအဖြဲ႕ကို လိုလားၾကေသာ္ လည္းမရရွိခဲ့သည့္ အတြက္ အားမလိုအားမရျဖစ္ခဲ့ၾကရသည္။ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွဖြဲ႕စည္း တာဝန္ေပးအပ္ေသာ ျပည္နယ္အစိုးရအဖြဲ႕မ်ားတြင္လည္းသက္ဆိုင္ရာ တိုင္းရင္းသားလူမ်ိဳးမ်ားျဖင့္ဖြဲ႕ စည္းကာ ဖက္ဒရယ္ဒီမိုကေရစီစနစ္ကို ပုံစံသြင္း ေဆာင္႐ြက္ႏိုင္မည္ဟုေမွ်ာ္လင့္ခဲ့ၾကေသာ္လည္းေမွ်ာ္လင့္ သလိုမျဖစ္ေပၚသျဖင့္ အားမလိုအားမရျဖစ္ခဲ့ၾကရ သည္။
တကယ္ေတာ့ (၂၀ဝ၈) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒအားလက္ခံက်င့္သုံးခဲ့သည္မွာ (၁၆) ႏွစ္သို႔ တိုင္ခဲ့ၿပီျဖစ္သလို အစိုးရအဖြဲ႕(၃)ဆက္တိုင္ရွိလာ ခဲ့ၿပီျဖစ္သည္။ ေျပာင္းလဲလာေသာေခတ္အေျခအေနႏွင့္အညီ ျပင္ဆင္သင့္သည္ မ်ားကို ျပင္ဆင္ရန္ လိုအပ္ေနသည္မွာ ပကတိအရွိတရားလည္းျဖစ္သည္။ (၂၀ဝ၈) ဖြဲ႕စည္းပုံအေျခခံဥပေဒပါျပ႒ာန္း ခ်က္မ်ားအတိုင္း ပထမအႀကိမ္ႏွင့္ဒုတိယအႀကိမ္ သက္တမ္းကာလမ်ား၌အသုံးျပဳ ေဆာင္႐ြက္ခဲ့သည္။ တခ်ိဳ႕ကိစၥရပ္ မ်ားတြင္ လက္ေတြ႕၌လုပ္ကိုင္ရာတြင္ ထိေရာက္ျခင္းမရွိသည္မ်ား၊ အံမဝင္ဂြင္မက်သည္ မ်ားရွိေနသည္ကို လုပ္ကိုင္ ေဆာင္႐ြက္ေနသူမ်ားသာသိၾက သည္။
သို႔ျဖစ္ေလရာ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံျပင္ဆင္ ေရးအား လက္ေတြ႕ႏွင့္ကိုက္ညီသည့္ အေနအထားသို႔ေရာ က္ေအာင္ျပင္ဆင္ႏိုင္ေရးမွာျပည္သူမ်ား အတြက္ အထူးသျဖင့္ တိုင္းရင္းသားျပည္သူမ်ား၏ ေမွ်ာ္ လင့္ခ်က္မ်ားလည္း ျဖစ္သည္။ ဖက္ဒရယ္ဒီမိုကေရစီ စံႏွင့္ညီေသာ အေျခခံဥပေဒျဖစ္ေပၚလာေရးမွာ တိုင္းရင္းသားျပည္သူမ်ား၏ ေမွ်ာ္မွန္း ခ်က္လည္း ျဖစ္ေၾကာင္း ေရးသားလိုက္ရေပသည္။