ဆိုင်ကယ်ဂိုက်ပေါ်ထိုင်ကာ ရှေ့ဘီးထောင်ပြီး အမြန်နှုန်း(၁၂၅)mph ထိ မောင်းပြခဲ့တဲ့ ဆွီဒင်စတန့်ဆိုင်ကယ်သမား

 374

Pika (NP News) - ဇန်နဝါရီ ၁၇

ဆွီဒင်စတန့်ဆိုင်ကယ်သမားတစ်ဦးသည် ဆိုင်ကယ်ဂိုက်ပေါ်တွင်ထိုင်ပြီး ရှေ့ဘီးကိုထောင်ကာ အမြန်နှုန်း တစ်နာရီလျှင် (၁၂၅ ဒသမ ၉၃)မိုင်နှုန်းဖြင့် မောင်းပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အသက်(၅၁)နှစ်အရွယ် မက်ဂနက်ကာလ်ဆန်သည် ဆွီဒင်နိုင်ငံ Skövde လေဆိပ်တွင် ၎င်း၏ KTM 1290 Super Duke motorcycle ဖြင့် အဆိုပါစတန့်ကိုပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါစတန့်ကိုပြခဲ့ပြီးနောက် မက်ဂနက်ကာလ်ဆန်သည် ဆိုင်ကယ်ဂိုက်ပေါ်တွင်ထိုင်ပြီး ရှေ့ဘီးကိုထောင်ကာ အမြန်ဆုံးမောင်းပြခဲ့ခြင်းအတွက် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မက်ဂနက်ကာလ်ဆန်သည် အမြန်နှုန်း တစ်နာရီလျှင် (၁၂၅ ဒသမ ၉၃)မိုင် သို့မဟုတ် (၂၀၂ ဒသမ ၆၇)ကီလိုမီတာအထိရောက်ရှိခဲ့ပြီးနောက် (၂၀၀) kmph စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည့် ပထမဆုံးသူဖြစ်လာခဲ့ကြောင်း သိရသည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင် ဆောင်ထားသူသည် အမြန်နှုန်း တစ်နာရီလျှင် (၁၀၉ ဒသမ ၂၂၈)မိုင် သို့မဟုတ် (၁၇၅ ဒသမ၇၈၅)ကီလိုမီတာထိ ရောက်အောင်မောင်းပြခဲ့ခြင်းဖြစ်ပြီး (၂၀၂၀)ခုနှစ်တွင် စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မက်ဂနက်ကာလ်ဆန်က "ဆိုင်ကယ်လက်ကိုင်ပေါ်မှာထိုင်ပြီး စတန့်ပြတာက ကျွန်တော်အကြိုက်ဆုံးစတန့်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ အဲဒါက စတန့်ဆိုင်ကယ်သမားတစ်ဦးအနေနဲ့ ကျွန်တော့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွင်း အာရုံစိုက်မှုအများဆုံးစတန့်တွေထဲက တစ်ခုပါ။ ဆိုင်ကယ်လက်ကိုင်ပေါ်မှာ ထိုင်ပြီး ရှေ့ဘီးကိုထောင်တဲ့စတန့်ကို ကျွန်တော်စလုပ်ခဲ့တာက (၁၉၉၂)ခုနှစ်ကပါ။ သုံးနှစ်လောက်အကြာမှာ ဆွီဒင်နိုင်ငံ Skövde လေဆိပ်မှာ စံချိန်တင်ကြိုးပမ်းမှုတစ်ခုကို လုပ်ခဲ့ပါတယ်။ ပြီးတော့ စက်ဘီးနဲ့ အဲဒီစတန့်စံချိန်ကိုလည်း ချိုးဖျက်ချင်ပါသေးတယ်။ ပြီးတော့ ခုလိုမျိုး ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက်လည်း တကယ်ကိုဝမ်းသာမိပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
ဆိုင္ကယ္ဂိုက္ေပၚထိုင္ကာ ေရွ႕ဘီးေထာင္ၿပီး အျမန္ႏႈန္း(၁၂၅)mph ထိ ေမာင္းျပခဲ့တဲ့ ဆြီဒင္စတန္႔ဆိုင္ကယ္သမား
Pika (NP News) - ဇန္နဝါရီ ၁၇

ဆြီဒင္စတန္႔ဆိုင္ကယ္သမားတစ္ဦးသည္ ဆိုင္ကယ္ဂိုက္ေပၚတြင္ထိုင္ၿပီး ေရွ႕ဘီးကိုေထာင္ကာ အျမန္ႏႈန္း တစ္နာရီလွ်င္ (၁၂၅ ဒသမ ၉၃)မိုင္ႏႈန္းျဖင့္ ေမာင္းျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အသက္(၅၁)ႏွစ္အ႐ြယ္ မက္ဂနက္ကာလ္ဆန္သည္ ဆြီဒင္ႏိုင္ငံ Skövde ေလဆိပ္တြင္ ၎၏ KTM 1290 Super Duke motorcycle ျဖင့္ အဆိုပါစတန္႔ကိုျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။အဆိုပါစတန္႔ကိုျပခဲ့ၿပီးေနာက္ မက္ဂနက္ကာလ္ဆန္သည္ ဆိုင္ကယ္ဂိုက္ေပၚတြင္ထိုင္ၿပီး ေရွ႕ဘီးကိုေထာင္ကာ အျမန္ဆုံးေမာင္းျပခဲ့ျခင္းအတြက္ ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ မက္ဂနက္ကာလ္ဆန္သည္ အျမန္ႏႈန္း တစ္နာရီလွ်င္ (၁၂၅ ဒသမ ၉၃)မိုင္ သို႔မဟုတ္ (၂၀၂ ဒသမ ၆၇)ကီလိုမီတာအထိေရာက္ရွိခဲ့ၿပီးေနာက္ (၂၀၀) kmph စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့သည့္ ပထမဆုံးသူျဖစ္လာခဲ့ေၾကာင္း သိရသည္။ အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ ေဆာင္ထားသူသည္ အျမန္ႏႈန္း တစ္နာရီလွ်င္ (၁၀၉ ဒသမ ၂၂၈)မိုင္ သို႔မဟုတ္ (၁၇၅ ဒသမ၇၈၅)ကီလိုမီတာထိ ေရာက္ေအာင္ေမာင္းျပခဲ့ျခင္းျဖစ္ၿပီး (၂၀၂၀)ခုႏွစ္တြင္ စံခ်ိန္တင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မက္ဂနက္ကာလ္ဆန္က "ဆိုင္ကယ္လက္ကိုင္ေပၚမွာထိုင္ၿပီး စတန္႔ျပတာက ကြၽန္ေတာ္အႀကိဳက္ဆုံးစတန္႔တစ္ခုျဖစ္ပါတယ္။ ၿပီးေတာ့ အဲဒါက စတန႔္ဆိုင္ကယ္သမားတစ္ဦးအေနနဲ႔ ကြၽန္ေတာ့္အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းအတြင္း အာ႐ုံစိုက္မႈအမ်ားဆုံးစတန႔္ေတြထဲက တစ္ခုပါ။ ဆိုင္ကယ္လက္ကိုင္ေပၚမွာ ထိုင္ၿပီး ေရွ႕ဘီးကိုေထာင္တဲ့စတန္႔ကို ကြၽန္ေတာ္စလုပ္ခဲ့တာက (၁၉၉၂)ခုႏွစ္ကပါ။ သုံးႏွစ္ေလာက္အၾကာမွာ ဆြီဒင္ႏိုင္ငံ Skövde ေလဆိပ္မွာ စံခ်ိန္တင္ႀကိဳးပမ္းမႈတစ္ခုကို လုပ္ခဲ့ပါတယ္။ ၿပီးေတာ့ စက္ဘီးနဲ႔ အဲဒီစတန္႔စံခ်ိန္ကိုလည္း ခ်ိဳးဖ်က္ခ်င္ပါေသးတယ္။ ၿပီးေတာ့ ခုလိုမ်ိဳး ဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္လည္း တကယ္ကိုဝမ္းသာမိပါတယ္”ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.