ဧရာမဖိနပ်ကြီးကို ဖန်တီးပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်ရန်ကြိုးပမ်းခဲ့သည့် ဖက်ရှင်ဒီဇိုင်နာ
164
Pika (NP News) - ဇန်နဝါရီ ၁၇
ဗြိတိန်-နိုင်ဂျီးရီးယား ဖက်ရှင်ဒီဇိုင်နာတစ်ဦးသည် အနံ(၁၀)ပေ နှင့် (၄ ဒသမ ၂)လက်မ၊ အလျား(၂၆)ပေ နှင့် (၈ ဒသမ ၈)လက်မရှိသော ကြီးမားသည့်ဖိနပ်ကို ဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။
လစ်ဇ်ဆန်ရာဆိုသည့်အမျိုးသမီးသည် နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်ပြည်နယ် လက်ကီမြို့ရှိ ပစ်ဆယ်ပန်းခြံတွင် ဧရာမဖိနပ်ပုံစံကိုဖန်တီးရန်အတွက် အချိန်(၇၂)နာရီကြာ အချိန်ယူခဲ့ရကြောင်းသိရသည်။ လစ်ဇ်ဆန်ရာသည် အဆိုပါဧရာမဖိနပ်ကြီးအား ဖန်တီးမှုကို ပြီးခဲ့သည့်ဇန်နဝါရီလ(၄)ရက်တွင် အပြီးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် လစ်ဇ်ဆန်ရာ၏ ဧရာမဖိနပ်ကြီးကို ကမ္ဘာ့အကြီးဆုံးဖိနပ်အဖြစ် တရားဝင်ခြင်းရှိ/မရှိ အဆုံးအဖြတ်ပေးရန်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ သက်သေအထောက်အထားများနှင့်အတူ တင်ပြထားပြီဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ မက္ကဆီကိုနိုင်ငံ Municipio De Sahauyo မြို့မှ လက်မှုပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါလက်မှုပညာရှင်အဖွဲ့သည် အနံ(၁၀)ပေ နှင့် (၁ ဒသမ ၆၅)လက်မနှင့် အလျား(၂၄)ပေ နှင့် (၅ ဒသမ ၃၁)လက်မရှိသော ရိုးရာဖိနပ်တစ်ခုကို ဖန်တီးခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
zawgyi version
ဧရာမဖိနပ္ႀကီးကို ဖန္တီးၿပီး ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ရန္ႀကိဳးပမ္းခဲ့သည့္ ဖက္ရွင္ဒီဇိုင္နာ
Pika (NP News) - ဇန္နဝါရီ ၁၇
ၿဗိတိန္-ႏိုင္ဂ်ီးရီးယား ဖက္ရွင္ဒီဇိုင္နာတစ္ဦးသည္ အနံ(၁၀)ေပ ႏွင့္ (၄ ဒသမ ၂)လက္မ၊ အလ်ား(၂၆)ေပ ႏွင့္ (၈ ဒသမ ၈)လက္မရွိေသာ ႀကီးမားသည့္ဖိနပ္ကို ဖန္တီးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ရန္ႀကိဳးပမ္းခဲ့ေၾကာင္း သိရသည္။
လစ္ဇ္ဆန္ရာဆိုသည့္အမ်ိဳးသမီးသည္ ႏိုင္ဂ်ီးရီးယားႏိုင္ငံ လာဂို႔စ္ျပည္နယ္ လက္ကီၿမိဳ႕ရွိ ပစ္ဆယ္ပန္းၿခံတြင္ ဧရာမဖိနပ္ပုံစံကိုဖန္တီးရန္အတြက္ အခ်ိန္(၇၂)နာရီၾကာ အခ်ိန္ယူခဲ့ရေၾကာင္းသိရသည္။ လစ္ဇ္ဆန္ရာသည္ အဆိုပါဧရာမဖိနပ္ႀကီးအား ဖန္တီးမႈကို ၿပီးခဲ့သည့္ဇန္နဝါရီလ(၄)ရက္တြင္ အၿပီးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ လစ္ဇ္ဆန္ရာ၏ ဧရာမဖိနပ္ႀကီးကို ကမာၻ႔အႀကီးဆုံးဖိနပ္အျဖစ္ တရားဝင္ျခင္းရွိ/မရွိ အဆုံးအျဖတ္ေပးရန္အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ သက္ေသအေထာက္အထားမ်ားႏွင့္အတူ တင္ျပထားၿပီျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ မကၠဆီကိုႏိုင္ငံ Municipio De Sahauyo ၿမိဳ႕မွ လက္မႈပညာရွင္အဖြဲ႕တစ္ဖြဲ႕ျဖစ္ေၾကာင္းလည္း သိရသည္။ အဆိုပါလက္မႈပညာရွင္အဖြဲ႕သည္ အနံ(၁၀)ေပ ႏွင့္ (၁ ဒသမ ၆၅)လက္မႏွင့္ အလ်ား(၂၄)ေပ ႏွင့္ (၅ ဒသမ ၃၁)လက္မရွိေသာ ႐ိုးရာဖိနပ္တစ္ခုကို ဖန္တီးခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။