တူးမြောင်းတွေအပြင် ခရစ်ယာန်အထိမ်းအမှတ်နေရာတွေကြောင့် နာမည်ကြီးနေတဲ့ ယူထရက်မြို့
203
Pika (NP News) - ဇန်နဝါရီ ၁၇
ယူထရက် (Utrecht) မြို့သည် နယ်သာလန် နိုင်ငံတွင် စတုတ္တ မြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ယူထရက်ပြည်နယ်၏ မြို့တော်နှင့် လူဦးရေ အထူထပ်ဆုံးမြို့ တစ်မြို့ဖြစ်ကာ သစ်ပင်များတန်းစီ စိုက်ပျိုးထားသော တူးမြောင်းများ၊ ခရစ်ယာန်ဘာသာ အထိမ်းအမှတ်နေရာများကြောင့် နာမည် ကျော် ကြားသည်။ ယူထရက်မြို့၏ မြူနီစီပယ်သည် Randstadconurbation မြို့ရွာများရပ်ဝန်း၏ အရှေ့ဘက် ပိုင်းနှင့် နယ်သာလန်ပြည်မကြီး၏ ဗဟိုတို့တွင်တည်ရှိပြီး Haarzuilens ၊ Vleuten နှင့် De Meern မြို့ပြ ရွာတို့ဖြင့် ဖွဲ့စည်းထားသည်။(၂၀၂၁)ခုနှစ် ဒီဇင်ဘာလအထိ ယူထရက်မြို့၏ လူဦးရေမှာ (၃၆၁၆၉၉)ဦးသာ ရှိကြောင်းလည်းသိရသည်။ ယူထရက်၏ရှေးဟောင်းမြို့လယ်ခေါင်တွင် အဆောက်အအုံများစွာ ပါရှိ ပြီး အလယ်ခေတ်များတည်းကတည်ရှိခဲ့သည့် အဆောက်အအုံ များစွာပါဝင်ကြောင်းလည်းသိရသည်။ ယူထရက်မြို့သည် (၈)ရာစုကတည်းက နယ်သာလန်၏ ဘာသာ ရေးအချက်အချာနေရာတစ်ခု ဖြစ်ခဲ့ ပြီး(၁၅၇၉)ခုနှစ်တွင် ဒတ်ချ်ပြည်သူ့သမ္မတနိုင်ငံအတွက် အုတ်မြစ်ချရန် Union of Utrecht သဘောတူ စာချုပ်ကို ယူထရက်မြို့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ ယူထရက်မြို့သည် ဒတ်ချ် ရွှေ ခေတ် မတိုင်မီအချိန်အထိ နယ်သာလန်နိုင်ငံတွင် အရေးအကြီးဆုံးမြို့တစ်မြို့ဖြစ်ခဲ့ပြီး နိုင်ငံ၏ယဉ်ကျေး မှုအချက်အချာနေရာနှင့် လူဦးရေအများဆုံး မြို့တစ်မြို့အဖြစ် အမ်စတာဒမ်မြို့ကို ကျော်တက်ခဲ့ကြောင်း လည်း သိရသည်။ ထို့ပြင် ယူထရက်မြို့သည် နယ်သာလန်ရှိ အကြီးဆုံးတက္ကသိုလ်ဖြစ်သော ယူထရက် တက္ကသိုလ် နှင့် အခြားအဆင့်မြင့်ပညာရေးဆိုင်ရာ တက္ကသိုလ်များစွာ၏ နေအိမ်လည်းဖြစ်သည်။ နိုင်ငံ အတွင်းတွင် ၎င်း၏အချက်အချာကျသော အနေအထားကြောင့် ယူထရက်မြို့သည် ရထားလမ်းနှင့် လမ်း ပန်းဆက်သွယ်ရေးအတွက် အရေး ကြီးသော အချက်အချာနေရာတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံတွင်းတွင် အလုပ် အများဆုံးရထားဘူတာရုံ Utrecht Centraal လည်း တည်ရှိကြောင်းသိရ သည်။ ယူထရက်မြို့သည် အမ် စတာဒမ်မြို့ပြီးလျှင် နယ်သာလန်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာပွဲတော်များ ဒုတိယမြောက်အများဆုံး ရှိ သည့် မြို့တစ်မြို့လည်း ဖြစ်သည်။ (၂၀၁၂)တွင် Lonely Planet ကုမ္ပဏီက ထုတ်ဝေခဲ့သော ခရီးသွား လမ်းညွှန်စာအုပ်တွင် ယူထရက်မြို့သည် ကမ္ဘာပေါ်ရှိ အထင်ကရနေရာများ၏ ထိပ်တန်းနေရာ(၁၀)ခု စာရင်းတွင် ပါဝင်ခဲ့ကြောင်းလည်းသိရသည်။
၎င်း၏ဗဟိုတည်နေရာကြောင့် ယူထရက်မြို့သည် ကျန်ရှိနေသော နယ်သာလန်နိုင်ငံ၏ အစိတ် အပိုင်းများနှင့် ကောင်းစွာချိတ်ဆက်ထားပြီး ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်သော အများသူငှာသယ်ယူပို့ ဆောင်ရေးကွန်ရက်တစ်ခုလည်းရှိသည်။
Utrecht Centraal ဘူတာရုံသည် ယူထရက်မြို့၏ အဓိကမီးရထားဘူတာဖြစ်ပြီး နိုင်ငံတွင်း အကြီးဆုံး ရထားဘူတာရုံဖြစ်ကြောင်းသိရသည်။ Schiphol လေဆိပ်သို့ တိုက်ရိုက်ဝန်ဆောင်မှုများ အပါ အဝင် နယ်သာလန်နိုင်ငံတွင်းရှိ အဓိကမြို့ကြီး များအားလုံးသို့ ပုံမှန်အဝေးပြေးဝန်ဆောင်မှုများ ရှိ ကြောင်းသိရသည် ။ Utrecht Centraal ဘူတာရုံ သည် Schiphol လေဆိပ်၊ အမ်စတာဒမ်မြို့နှင့် ရော့ တာဒမ်မြို့တို့ကို သီတင်းပတ်တစ်ပတ်လျှင် ခုနစ်ရက်လုံးအထိ ညလုံးပေါက်ဝန်ဆောင်မှုပေးသည့် ဘူတာတစ်ခုလည်းဖြစ်သည်။ ထို့ပြင့် Utrecht Centraal ဘူတာရုံတွင် Arnhem မြို့ မှတဆင့် ဂျာမနီသို့ သွားသော International InterCity Express(ICE) မြန်နှုန်းမြင့် မီးရထားလမ်းစနစ် ဝန်ဆောင်မှုများ လည်းရှိပြီး ယူထရက်မြို့အနီးတစ် ဝိုက်ရှိ ဒေသအားလုံးသို့ သွားရောက်သော ပုံမှန်ပြည်တွင်း ရထားများ သည်လည်း Utrecht Centraal ဘူတာရုံမှ ထွက်ခွာကြောင်းသိရသည်။ ယူထရက်မြို့ အာဏာပိုင်များ သည် ဘူတာရုံဟောင်း Utrecht Maliebaan ကို (၁၉၃၉)ခုနှစ်တွင် ပိတ်ခဲ့ပြီး အဆိုပါ အချိန်မှစတင်ကာ ဒတ်ချ် မီးရထားပြတိုက်အဖြစ်သို့ ပြောင်းလဲခဲ့ကြောင်းလည်းသိရသည်။ ယူထရက်မြို့သည် နယ်သာ လန်ရှိ အကြီးဆုံးရထားလမ်းအော်ပ ရေတာဖြစ်သော Nederlandse Spoorwegen နှင့် နိုင်ငံပိုင် ရထား လမ်းအခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းမှုအတွက် တာဝန်ယူထားသည့် နိုင်ငံပိုင်ကုမ္ပဏီ ProRail တို့ တည်ရှိရာနေရာလည်းဖြစ်သည်။
ယူထရက်မြို့၏ အဓိကပြည်တွင်းနှင့်ဒေသဆိုင် ရာဘတ်စ်ကားဂိတ်သည့် Utrecht Centraal မီး ရထားဘူတာရုံ၏ အရှေ့နှင့်အနောက်ဝင်ပေါက်များနှင့် ကပ်လျက်တည်ရှိကြောင်းသိရသည်။ Utrecht Centraal မီးရထားဘူတာရုံတွင် အကြီးစားပြုပြင်မွမ်းမံခြင်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ လုပ် ဆောင်ခြင်းကြောင့် ယူထရက်မြို့၏ ဘတ်စ်ကားမှတ်တိုင်များကို မကြာခဏ ပြောင်းလဲရလေ့ရှိ ကြောင်း သိရသည်။ ယေဘုယျအားဖြင့် အနောက်ဘက်သို့ ထွက်ခွာသော ဘတ်စ်ကားများသည် ဘူတာရုံ အနောက်ဝင်ပေါက်ရှိ ဘတ်စ်ကားဂိတ်မှ ထွက်ခွာကြပြီး အခြားဘတ်စကား များသည် အရှေ့ဘက် ဘူတာမှထွက်ခွာကြသည်။ ထို့ပြင် ယူထရက်မြို့ရှိဒေသတွင်းဘတ်စ်ကားများ ကို Qbuzz ကုမ္ပဏီက လည်ပတ်ဆောင်ရွက်ပေးပြီး ၎င်း၏ဝန်ဆောင်မှုများတွင် Uithof တက္ကသိုလ် ခရိုင်သို့သွားသော ဝန် ဆောင်မှုတစ်ခု ပါဝင်ကြောင်း လည်းသိရသည်။ ဒေသတွင်းဘတ်စ်ကားယာဉ်စုသည် ယူရို-VI စံနှုန်းနှင့် ကိုက်ညီသော ဘတ်စ်ကားများသာ မက မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် လျှပ်စစ် ဘတ်စ်ကား များကိုပါ အသုံးပြုသည့် ဥရောပ၏ အကောင်းဆုံး ယာဉ်စုများထဲမှတစ်ခုဖြစ်ကြောင်း လည်းသိရသည်။ ယူထရက်မြို့မှ ဒေသဆိုင်ရာ ဘတ်စ် ကားများကို Arriva နှင့် Connexxion ကုမ္ပဏီ တို့က လည်ပတ် ဆောင်ရွက်ပေးခြင်းလည်းဖြစ်သည်။
နယ်သာလန်နိုင်ငံတွင်းရှိမြို့အများစုကဲ့သို့ပင် ယူထရက်မြို့တွင် စက်ဘီးလမ်းကြောင်းများ ကျယ် ကျယ်ပြန့်ပြန့်ရှိသောကြောင့် စက်ဘီးစီးခြင်းကို ဘေးကင်းစေပြီး လူကြိုက်များကြကြောင်းသိရသည်။ မြို့တွင်းခရီးများ၏ (၃၃)ရာခိုင်နှုန်းသည် စက်ဘီး ဖြင့်ဖြစ်ပြီး အခြားသော သယ်ယူပို့ဆောင်ရေး နည်းလမ်းများထက် ပိုများကြောင်းလည်းသိရသည်။ ယူထရက်မြို့တွင် စက်ဘီးများကို လူရွယ်၊ လူကြီး၊ တစ်ဦးချင်းစီနှင့် မိသားစုများအားလုံးက အသုံးပြုကြသည်။ အဆိုပါစက်ဘီးများသည် အများအားဖြင့် စတီးဖြင့်ပြုလုပ်ထားသော စက်ဘီးများဖြစ်ပြီး ဂီယာအနည်းငယ်သာရှိကာ ကုန်ခြောက်များ သို့မဟုတ် ကလေးငယ်များကို သယ်ယူရန်အတွက် ပုံးပါသည့် စက်ဘီးများလည်း ရှိကြောင်းသိရသည်။ ယူထရက် မြို့လူဦးရေ၏ (၁၀ဝ)ရာခိုင်နှုန်းသည် (၁၅)မိနစ်ခန့်သာသွားရသောမြို့တွင်းတွင်နေထိုင်ကြပြီး (၉၀) ရာခိုင်နှုန်းကျော်သည် ၎င်းတို့အလိုရှိ သောဦးတည်ရာနေရာများသို့ (၁၀)မိနစ်အတွင်း သွားလာနိုင်ကြ ကြောင်းသိရသည်။ (၂၀၁၄)ခုနှစ်တွင် ယူထရက်မြို့ကောင်စီသည် Centraal မီးရထားဘူတာ ရုံအနီးတွင် ကမ္ဘာ့အကြီးဆုံး စက်ဘီးရပ်နားစခန်းကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ အထပ် သုံးထပ် စက်ဘီးရပ်နားစခန်း ဆောက်လုပ်ရေး သည် ယူရိုသန်း (၃၀)ကျော်ကုန်ကျပြီး စက်ဘီးအစီး ရေ (၁၂၅၀ဝ) ခန့် ထားရှိနိုင်ကြောင်းလည်းသိရသည်။ စက်ဘီးရပ်နားစခန်းကို အဆင့်ဆင့်တည်ဆောက်ခဲ့ပြီး ပထမပိုင်း ကို (၂၀၁၇) ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့ကာ ကြန့်ကြာမှုအချို့ရှိခဲ့ပြီးနောက် နောက်ဆုံး အပိုင်းကို (၂၀၁၉) ခုနှစ် ဩဂုတ်လ (၁၉)ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ယူထရက်မြို့သည် ဒတ်ချ်လမ်းကွန်ရက်နှင့် ကောင်းမွန်စွာချိတ်ဆက်ထားသည့်မြို့တစ်မြို့လည်း ဖြစ်သည်။ ယူထရက်မြို့အတွက် အရေးအကြီးဆုံး လမ်းနှစ်လမ်း ဖြစ်သည့် A12 နှင့် A2 ကားလမ်းများ သည် အမ်စတာဒမ်၊ Arnhem ၊ The Hague နှင့် Maastricht မြို့တို့အပြင် ဘယ်လ်ဂျီယံ၊ ဂျာမနီနိုင်ငံ တို့နှင့်လည်း ဆက်သွယ်ပေးထားကြောင်းသိရသည်။ အဆိုပါဧရိယာအတွင်းရှိ အခြားသော အဓိက ကား လမ်းများမှာ Almere-BredaA27 နှင့် Utrecht-Groningen A28 တို့ဖြစ်သည်။ ယာဉ်ကြောပိတ်ဆို့မှု များ များပြားလာခြင်းနှင့် ရှေးဟောင်းမြို့သစ်စီမံကိန်း ကြောင့် ယာဉ်ကြောပိတ်ဆို့မှုသည် ယူထရက်မြို့ အနီး တစ်ဝိုက်တွင် ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်ရိုးဖြစ် စဉ်တစ်ခုဖြစ်ပြီး လေထုညစ်ညမ်းမှုအဆင့်ကို ပိုမို မြင့်မား လာစေခဲ့သည်။ အဆိုပါအချက်ကြောင့် ယူထရက်မြို့၏ လေထုအရည်အသွေးကို မြှင့်တင်ရန် အကောင်း ဆုံးနည်းလမ်းနှင့်ပတ်သက်ပြီး ငြင်းခုံမှုများစွာကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။
ယူထရက်မြို့တွင် Amsterdam Rijnkanaal တူးမြောင်း တွင်တည်ရှိသော စက်မှုဆိပ်ကမ်း တစ်ခု လည်းတည်ရှိသည်။ အဆိုပါ ကွန်တိန်နာ ဆိပ်ကမ်းဂိတ်သည် တစ်နှစ်လျှင် ကွန်တိန်နာ (၈၀ဝဝဝ)ကို လက်ခံ လျက်ရှိကြောင်းလည်း သိရ သည်။ (၂၀ဝ၃)ခုနှစ်တွင် အဆိုပါ ဆိပ်ကမ်းသည် ကုန်စည်တန်ချိန် လေးသန်းအထိ ပို့ဆောင်နိုင်ခဲ့ပြီး အများစုမှာ သဲ၊ ကျောက်စရစ်၊ ဓာတ်မြေဩဇာနှင့် အစားအစာများ ဖြစ်သည်။ ထို့ပြင် အချို့သော ကမ္ဘာလှည့်ခရီးသည် သင်္ဘောခရီးစဉ်များကို ယူထ ရက်မြို့တွင်းရှိ တူး မြောင်းများတွင် နေရာအမျိုးမျိုးမှ စီစဉ်ပေးထားပြီး ရေလွှဲပေါက်များမှတစ်ဆင့် ခရီးသွားသင်္ဘောလမ်းကြောင်းများနှင့် ချိတ်ဆက်ထား ကြောင်းလည်း သိရသည်။
ထုတ်လုပ်မှုလုပ်ငန်းသည် ယူထရက်မြို့၏စီးပွားရေး၏သေးငယ်သောအစိတ်အပိုင်းတစ်ခုဖြစ် သည်။ ယူထရက်မြို့ ၏စီးပွားရေးသည် မြို့တွင်းတွင် တည်ရှိသော ကြီးမားသောအဖွဲ့အစည်းများအပေါ် မှီခိုနေရကြောင်းလည်းသိရသည်။ ထို့ပြင် ယူထရက် မြို့သည် ဒတ်ချ်မီးရထားကွန်ရက်၏ အချက်အချာ နှင့် Nederlandse Spoorwegen မီးရထားအော်ပရေတာ ၏ ရုံးချုပ်တည်ရှိရာနေရာလည်းဖြစ်သည်။ ယူထရက်မြို့တွင် ဘဏ်ကြီးတစ်ခုဖြစ်သည့် Rabobank ၏ ရုံးချုပ် တည်ရှိကြောင်းလည်းသိရ သည်။ ယူထရက်မြို့ကို ဒတ်ချ်ဂိမ်းစက်မှုလုပ်ငန်း၏ “မြို့တော်” အဖြစ်လည်း သတ်မှတ်ထားကြပြီး (၂၀၂၃) ခုနှစ်တွင် ဥရောပဂိမ်းစက်မှုလုပ်ငန်းတစ်ခုလုံးအတွက် မြို့တော်များထဲမှ တစ်ခုအဖြစ် Business Finland အဖွဲ့အစည်းက အမည်တပ်ခဲ့ သည်။ အဆိုပါနယ်ပယ်တွင် ယူထရက်မြို့၏ ဩဇာ လွှမ်းမိုးမှု သည် (၂၀ဝ၂)ခုနှစ်တွင် စတင်ခဲ့သော ဥရောပရှိ ပထမဆုံးသော လမ်းကြောင်းများဖြစ်သည့် ၎င်း၏ တက္ကသိုလ်များရှိ ဗီဒီယိုဂိမ်းဆိုင်ရာ ဖန်တီးမှုလမ်းကြောင်းများကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ (၂၀ဝ၈)ခုနှစ်မှစတင်ပြီး ယူထရက်မြို့ သည် ဗီဒီယိုဂိမ်းစတူဒီယို incubator ပရိုဂရမ် Dutch Game Garden ၏ နေအိမ်လည်းဖြစ်ခဲ့ပြီး အဆိုပါပရိုဂရမ်သည် အလုပ်အကိုင်ပေါင်း(၂၀ဝ)ကို ဖန်တီးပေးနိုင်ခဲ့ ကြောင်းသိရသည်။ ထို့ပြင် ယူထရက်မြို့သည် Nixxes Software (Play Station Studios လုပ်ငန်းခွဲ) နှင့် ဗီဒီယိုဂိမ်း ဖန်တီးမှုစတူဒီယို Sokpop Collective တို့ တည်ရှိ ရာနေရာ တစ်ခုလည်းဖြစ်သည်။
zawgyi version
တူးေျမာင္းေတြအျပင္ ခရစ္ယာန္အထိမ္းအမွတ္ေနရာေတြေၾကာင့္ နာမည္ႀကီးေနတဲ့ ယူထရက္ၿမိဳ႕
Pika (NP News) - ဇန္နဝါရီ ၁၇
ယူထရက္ (Utrecht) ၿမိဳ႕သည္ နယ္သာလန္ ႏိုင္ငံတြင္ စတုတၱ ေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ယူထရက္ျပည္နယ္၏ ၿမိဳ႕ေတာ္ႏွင့္ လူဦးေရ အထူထပ္ဆုံးၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ကာ သစ္ပင္မ်ားတန္းစီ စိုက္ပ်ိဳးထားေသာ တူးေျမာင္းမ်ား၊ ခရစ္ယာန္ဘာသာ အထိမ္းအမွတ္ေနရာမ်ားေၾကာင့္ နာမည္ ေက်ာ္ ၾကားသည္။ ယူထရက္ၿမိဳ႕၏ ျမဴနီစီပယ္သည္ Randstadconurbation ၿမိဳ႕႐ြာမ်ားရပ္ဝန္း၏ အေရွ႕ဘက္ ပိုင္းႏွင့္ နယ္သာလန္ျပည္မႀကီး၏ ဗဟိုတို႔တြင္တည္ရွိၿပီး Haarzuilens ၊ Vleuten ႏွင့္ De Meern ၿမိဳ႕ျပ ႐ြာတို႔ျဖင့္ ဖြဲ႕စည္းထားသည္။(၂၀၂၁)ခုႏွစ္ ဒီဇင္ဘာလအထိ ယူထရက္ၿမိဳ႕၏ လူဦးေရမွာ (၃၆၁၆၉၉)ဦးသာ ရွိေၾကာင္းလည္းသိရသည္။ ယူထရက္၏ေရွးေဟာင္းၿမိဳ႕လယ္ေခါင္တြင္ အေဆာက္အအုံမ်ားစြာ ပါရွိ ၿပီး အလယ္ေခတ္မ်ားတည္းကတည္ရွိခဲ့သည့္ အေဆာက္အအုံ မ်ားစြာပါဝင္ေၾကာင္းလည္းသိရသည္။ ယူထရက္ၿမိဳ႕သည္ (၈)ရာစုကတည္းက နယ္သာလန္၏ ဘာသာ ေရးအခ်က္အခ်ာေနရာတစ္ခု ျဖစ္ခဲ့ ၿပီး(၁၅၇၉)ခုႏွစ္တြင္ ဒတ္ခ်္ျပည္သူ႔သမၼတႏိုင္ငံအတြက္ အုတ္ျမစ္ခ်ရန္ Union of Utrecht သေဘာတူ စာခ်ဳပ္ကို ယူထရက္ၿမိဳ႕တြင္ လက္မွတ္ေရးထိုးခဲ့ေၾကာင္းသိရသည္။ ယူထရက္ၿမိဳ႕သည္ ဒတ္ခ်္ ေ႐ႊ ေခတ္ မတိုင္မီအခ်ိန္အထိ နယ္သာလန္ႏိုင္ငံတြင္ အေရးအႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ၿပီး ႏိုင္ငံ၏ယဥ္ေက်း မႈအခ်က္အခ်ာေနရာႏွင့္ လူဦးေရအမ်ားဆုံး ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ အမ္စတာဒမ္ၿမိဳ႕ကို ေက်ာ္တက္ခဲ့ေၾကာင္း လည္း သိရသည္။ ထို႔ျပင္ ယူထရက္ၿမိဳ႕သည္ နယ္သာလန္ရွိ အႀကီးဆုံးတကၠသိုလ္ျဖစ္ေသာ ယူထရက္ တကၠသိုလ္ ႏွင့္ အျခားအဆင့္ျမင့္ပညာေရးဆိုင္ရာ တကၠသိုလ္မ်ားစြာ၏ ေနအိမ္လည္းျဖစ္သည္။ ႏိုင္ငံ အတြင္းတြင္ ၎၏အခ်က္အခ်ာက်ေသာ အေနအထားေၾကာင့္ ယူထရက္ၿမိဳ႕သည္ ရထားလမ္းႏွင့္ လမ္း ပန္းဆက္သြယ္ေရးအတြက္ အေရး ႀကီးေသာ အခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့ၿပီး ႏိုင္ငံတြင္းတြင္ အလုပ္ အမ်ားဆုံးရထားဘူတာ႐ုံ Utrecht Centraal လည္း တည္ရွိေၾကာင္းသိရ သည္။ ယူထရက္ၿမိဳ႕သည္ အမ္ စတာဒမ္ၿမိဳ႕ၿပီးလွ်င္ နယ္သာလန္ႏိုင္ငံ၏ ယဥ္ေက်းမႈဆိုင္ရာပြဲေတာ္မ်ား ဒုတိယေျမာက္အမ်ားဆုံး ရွိ သည့္ ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္သည္။ (၂၀၁၂)တြင္ Lonely Planet ကုမၸဏီက ထုတ္ေဝခဲ့ေသာ ခရီးသြား လမ္းၫႊန္စာအုပ္တြင္ ယူထရက္ၿမိဳ႕သည္ ကမာၻေပၚရွိ အထင္ကရေနရာမ်ား၏ ထိပ္တန္းေနရာ(၁၀)ခု စာရင္းတြင္ ပါဝင္ခဲ့ေၾကာင္းလည္းသိရသည္။
၎၏ဗဟိုတည္ေနရာေၾကာင့္ ယူထရက္ၿမိဳ႕သည္ က်န္ရွိေနေသာ နယ္သာလန္ႏိုင္ငံ၏ အစိတ္ အပိုင္းမ်ားႏွင့္ ေကာင္းစြာခ်ိတ္ဆက္ထားၿပီး ေကာင္းမြန္စြာဖြံ႕ၿဖိဳးတိုးတက္ေသာ အမ်ားသူငွာသယ္ယူပို႔ ေဆာင္ေရးကြန္ရက္တစ္ခုလည္းရွိသည္။
Utrecht Centraal ဘူတာ႐ုံသည္ ယူထရက္ၿမိဳ႕၏ အဓိကမီးရထားဘူတာျဖစ္ၿပီး ႏိုင္ငံတြင္း အႀကီးဆုံး ရထားဘူတာ႐ုံျဖစ္ေၾကာင္းသိရသည္။ Schiphol ေလဆိပ္သို႔ တိုက္႐ိုက္ဝန္ေဆာင္မႈမ်ား အပါ အဝင္ နယ္သာလန္ႏိုင္ငံတြင္းရွိ အဓိကၿမိဳ႕ႀကီး မ်ားအားလုံးသို႔ ပုံမွန္အေဝးေျပးဝန္ေဆာင္မႈမ်ား ရွိ ေၾကာင္းသိရသည္ ။ Utrecht Centraal ဘူတာ႐ုံ သည္ Schiphol ေလဆိပ္၊ အမ္စတာဒမ္ၿမိဳ႕ႏွင့္ ေရာ့ တာဒမ္ၿမိဳ႕တို႔ကို သီတင္းပတ္တစ္ပတ္လွ်င္ ခုနစ္ရက္လုံးအထိ ညလုံးေပါက္ဝန္ေဆာင္မႈေပးသည့္ ဘူတာတစ္ခုလည္းျဖစ္သည္။ ထို႔ျပင့္ Utrecht Centraal ဘူတာ႐ုံတြင္ Arnhem ၿမိဳ႕ မွတဆင့္ ဂ်ာမနီသို႔ သြားေသာ International InterCity Express(ICE) ျမန္ႏႈန္းျမင့္ မီးရထားလမ္းစနစ္ ဝန္ေဆာင္မႈမ်ား လည္းရွိၿပီး ယူထရက္ၿမိဳ႕အနီးတစ္ ဝိုက္ရွိ ေဒသအားလုံးသို႔ သြားေရာက္ေသာ ပုံမွန္ျပည္တြင္း ရထားမ်ား သည္လည္း Utrecht Centraal ဘူတာ႐ုံမွ ထြက္ခြာေၾကာင္းသိရသည္။ ယူထရက္ၿမိဳ႕ အာဏာပိုင္မ်ား သည္ ဘူတာ႐ုံေဟာင္း Utrecht Maliebaan ကို (၁၉၃၉)ခုႏွစ္တြင္ ပိတ္ခဲ့ၿပီး အဆိုပါ အခ်ိန္မွစတင္ကာ ဒတ္ခ်္ မီးရထားျပတိုက္အျဖစ္သို႔ ေျပာင္းလဲခဲ့ေၾကာင္းလည္းသိရသည္။ ယူထရက္ၿမိဳ႕သည္ နယ္သာ လန္ရွိ အႀကီးဆုံးရထားလမ္းေအာ္ပ ေရတာျဖစ္ေသာ Nederlandse Spoorwegen ႏွင့္ ႏိုင္ငံပိုင္ ရထား လမ္းအေျခခံအေဆာက္အအုံမ်ား ေဆာက္လုပ္ျခင္းႏွင့္ ျပဳျပင္ထိန္းသိမ္းမႈအတြက္ တာဝန္ယူထားသည့္ ႏိုင္ငံပိုင္ကုမၸဏီ ProRail တို႔ တည္ရွိရာေနရာလည္းျဖစ္သည္။
ယူထရက္ၿမိဳ႕၏ အဓိကျပည္တြင္းႏွင့္ေဒသဆိုင္ ရာဘတ္စ္ကားဂိတ္သည့္ Utrecht Centraal မီး ရထားဘူတာ႐ုံ၏ အေရွ႕ႏွင့္အေနာက္ဝင္ေပါက္မ်ားႏွင့္ ကပ္လ်က္တည္ရွိေၾကာင္းသိရသည္။ Utrecht Centraal မီးရထားဘူတာ႐ုံတြင္ အႀကီးစားျပဳျပင္မြမ္းမံျခင္းႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား လုပ္ ေဆာင္ျခင္းေၾကာင့္ ယူထရက္ၿမိဳ႕၏ ဘတ္စ္ကားမွတ္တိုင္မ်ားကို မၾကာခဏ ေျပာင္းလဲရေလ့ရွိ ေၾကာင္း သိရသည္။ ေယဘုယ်အားျဖင့္ အေနာက္ဘက္သို႔ ထြက္ခြာေသာ ဘတ္စ္ကားမ်ားသည္ ဘူတာ႐ုံ အေနာက္ဝင္ေပါက္ရွိ ဘတ္စ္ကားဂိတ္မွ ထြက္ခြာၾကၿပီး အျခားဘတ္စကား မ်ားသည္ အေရွ႕ဘက္ ဘူတာမွထြက္ခြာၾကသည္။ ထို႔ျပင္ ယူထရက္ၿမိဳ႕ရွိေဒသတြင္းဘတ္စ္ကားမ်ား ကို Qbuzz ကုမၸဏီက လည္ပတ္ေဆာင္႐ြက္ေပးၿပီး ၎၏ဝန္ေဆာင္မႈမ်ားတြင္ Uithof တကၠသိုလ္ ခ႐ိုင္သို႔သြားေသာ ဝန္ ေဆာင္မႈတစ္ခု ပါဝင္ေၾကာင္း လည္းသိရသည္။ ေဒသတြင္းဘတ္စ္ကားယာဥ္စုသည္ ယူ႐ို-VI စံႏႈန္းႏွင့္ ကိုက္ညီေသာ ဘတ္စ္ကားမ်ားသာ မက ၿမိဳ႕တြင္းသယ္ယူပို႔ေဆာင္ေရးအတြက္ လွ်ပ္စစ္ ဘတ္စ္ကား မ်ားကိုပါ အသုံးျပဳသည့္ ဥေရာပ၏ အေကာင္းဆုံး ယာဥ္စုမ်ားထဲမွတစ္ခုျဖစ္ေၾကာင္း လည္းသိရသည္။ ယူထရက္ၿမိဳ႕မွ ေဒသဆိုင္ရာ ဘတ္စ္ ကားမ်ားကို Arriva ႏွင့္ Connexxion ကုမၸဏီ တို႔က လည္ပတ္ ေဆာင္႐ြက္ေပးျခင္းလည္းျဖစ္သည္။
နယ္သာလန္ႏိုင္ငံတြင္းရွိၿမိဳ႕အမ်ားစုကဲ့သို႔ပင္ ယူထရက္ၿမိဳ႕တြင္ စက္ဘီးလမ္းေၾကာင္းမ်ား က်ယ္ က်ယ္ျပန႔္ျပန႔္ရွိေသာေၾကာင့္ စက္ဘီးစီးျခင္းကို ေဘးကင္းေစၿပီး လူႀကိဳက္မ်ားၾကေၾကာင္းသိရသည္။ ၿမိဳ႕တြင္းခရီးမ်ား၏ (၃၃)ရာခိုင္ႏႈန္းသည္ စက္ဘီး ျဖင့္ျဖစ္ၿပီး အျခားေသာ သယ္ယူပို႔ေဆာင္ေရး နည္းလမ္းမ်ားထက္ ပိုမ်ားေၾကာင္းလည္းသိရသည္။ ယူထရက္ၿမိဳ႕တြင္ စက္ဘီးမ်ားကို လူ႐ြယ္၊ လူႀကီး၊ တစ္ဦးခ်င္းစီႏွင့္ မိသားစုမ်ားအားလုံးက အသုံးျပဳၾကသည္။ အဆိုပါစက္ဘီးမ်ားသည္ အမ်ားအားျဖင့္ စတီးျဖင့္ျပဳလုပ္ထားေသာ စက္ဘီးမ်ားျဖစ္ၿပီး ဂီယာအနည္းငယ္သာရွိကာ ကုန္ေျခာက္မ်ား သို႔မဟုတ္ ကေလးငယ္မ်ားကို သယ္ယူရန္အတြက္ ပုံးပါသည့္ စက္ဘီးမ်ားလည္း ရွိေၾကာင္းသိရသည္။ ယူထရက္ ၿမိဳ႕လူဦးေရ၏ (၁၀ဝ)ရာခိုင္ႏႈန္းသည္ (၁၅)မိနစ္ခန႔္သာသြားရေသာၿမိဳ႕တြင္းတြင္ေနထိုင္ၾကၿပီး (၉၀) ရာခိုင္ႏႈန္းေက်ာ္သည္ ၎တို႔အလိုရွိ ေသာဦးတည္ရာေနရာမ်ားသို႔ (၁၀)မိနစ္အတြင္း သြားလာႏိုင္ၾက ေၾကာင္းသိရသည္။ (၂၀၁၄)ခုႏွစ္တြင္ ယူထရက္ၿမိဳ႕ေကာင္စီသည္ Centraal မီးရထားဘူတာ ႐ုံအနီးတြင္ ကမာၻ႔အႀကီးဆုံး စက္ဘီးရပ္နားစခန္းကို တည္ေဆာက္ရန္ ဆုံးျဖတ္ခဲ့သည္။ အဆိုပါ အထပ္ သုံးထပ္ စက္ဘီးရပ္နားစခန္း ေဆာက္လုပ္ေရး သည္ ယူ႐ိုသန္း (၃၀)ေက်ာ္ကုန္က်ၿပီး စက္ဘီးအစီး ေရ (၁၂၅၀ဝ) ခန႔္ ထားရွိႏိုင္ေၾကာင္းလည္းသိရသည္။ စက္ဘီးရပ္နားစခန္းကို အဆင့္ဆင့္တည္ေဆာက္ခဲ့ၿပီး ပထမပိုင္း ကို (၂၀၁၇) ခုႏွစ္ ဩဂုတ္လတြင္ ဖြင့္လွစ္ခဲ့ကာ ၾကန႔္ၾကာမႈအခ်ိဳ႕ရွိခဲ့ၿပီးေနာက္ ေနာက္ဆုံး အပိုင္းကို (၂၀၁၉) ခုႏွစ္ ဩဂုတ္လ (၁၉)ရက္တြင္ ဖြင့္လွစ္ခဲ့ေၾကာင္းသိရသည္။
ယူထရက္ၿမိဳ႕သည္ ဒတ္ခ်္လမ္းကြန္ရက္ႏွင့္ ေကာင္းမြန္စြာခ်ိတ္ဆက္ထားသည့္ၿမိဳ႕တစ္ၿမိဳ႕လည္း ျဖစ္သည္။ ယူထရက္ၿမိဳ႕အတြက္ အေရးအႀကီးဆုံး လမ္းႏွစ္လမ္း ျဖစ္သည့္ A12 ႏွင့္ A2 ကားလမ္းမ်ား သည္ အမ္စတာဒမ္၊ Arnhem ၊ The Hague ႏွင့္ Maastricht ၿမိဳ႕တို႔အျပင္ ဘယ္လ္ဂ်ီယံ၊ ဂ်ာမနီႏိုင္ငံ တို႔ႏွင့္လည္း ဆက္သြယ္ေပးထားေၾကာင္းသိရသည္။ အဆိုပါဧရိယာအတြင္းရွိ အျခားေသာ အဓိက ကား လမ္းမ်ားမွာ Almere-BredaA27 ႏွင့္ Utrecht-Groningen A28 တို႔ျဖစ္သည္။ ယာဥ္ေၾကာပိတ္ဆို႔မႈ မ်ား မ်ားျပားလာျခင္းႏွင့္ ေရွးေဟာင္းၿမိဳ႕သစ္စီမံကိန္း ေၾကာင့္ ယာဥ္ေၾကာပိတ္ဆို႔မႈသည္ ယူထရက္ၿမိဳ႕ အနီး တစ္ဝိုက္တြင္ ျဖစ္ေလ့ျဖစ္ထရွိေသာ ျဖစ္႐ိုးျဖစ္ စဥ္တစ္ခုျဖစ္ၿပီး ေလထုညစ္ညမ္းမႈအဆင့္ကို ပိုမို ျမင့္မား လာေစခဲ့သည္။ အဆိုပါအခ်က္ေၾကာင့္ ယူထရက္ၿမိဳ႕၏ ေလထုအရည္အေသြးကို ျမႇင့္တင္ရန္ အေကာင္း ဆုံးနည္းလမ္းႏွင့္ပတ္သက္ၿပီး ျငင္းခုံမႈမ်ားစြာကို ျဖစ္ေပၚေစခဲ့ေၾကာင္းလည္း သိရသည္။
ယူထရက္ၿမိဳ႕တြင္ Amsterdam Rijnkanaal တူးေျမာင္း တြင္တည္ရွိေသာ စက္မႈဆိပ္ကမ္း တစ္ခု လည္းတည္ရွိသည္။ အဆိုပါ ကြန္တိန္နာ ဆိပ္ကမ္းဂိတ္သည္ တစ္ႏွစ္လွ်င္ ကြန္တိန္နာ (၈၀ဝဝဝ)ကို လက္ခံ လ်က္ရွိေၾကာင္းလည္း သိရ သည္။ (၂၀ဝ၃)ခုႏွစ္တြင္ အဆိုပါ ဆိပ္ကမ္းသည္ ကုန္စည္တန္ခ်ိန္ ေလးသန္းအထိ ပို႔ေဆာင္ႏိုင္ခဲ့ၿပီး အမ်ားစုမွာ သဲ၊ ေက်ာက္စရစ္၊ ဓာတ္ေျမဩဇာႏွင့္ အစားအစာမ်ား ျဖစ္သည္။ ထို႔ျပင္ အခ်ိဳ႕ေသာ ကမာၻလွည့္ခရီးသည္ သေဘၤာခရီးစဥ္မ်ားကို ယူထ ရက္ၿမိဳ႕တြင္းရွိ တူး ေျမာင္းမ်ားတြင္ ေနရာအမ်ိဳးမ်ိဳးမွ စီစဥ္ေပးထားၿပီး ေရလႊဲေပါက္မ်ားမွတစ္ဆင့္ ခရီးသြားသေဘၤာလမ္းေၾကာင္းမ်ားႏွင့္ ခ်ိတ္ဆက္ထား ေၾကာင္းလည္း သိရသည္။
ထုတ္လုပ္မႈလုပ္ငန္းသည္ ယူထရက္ၿမိဳ႕၏စီးပြားေရး၏ေသးငယ္ေသာအစိတ္အပိုင္းတစ္ခုျဖစ္ သည္။ ယူထရက္ၿမိဳ႕ ၏စီးပြားေရးသည္ ၿမိဳ႕တြင္းတြင္ တည္ရွိေသာ ႀကီးမားေသာအဖြဲ႕အစည္းမ်ားအေပၚ မွီခိုေနရေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ယူထရက္ ၿမိဳ႕သည္ ဒတ္ခ်္မီးရထားကြန္ရက္၏ အခ်က္အခ်ာ ႏွင့္ Nederlandse Spoorwegen မီးရထားေအာ္ပေရတာ ၏ ႐ုံးခ်ဳပ္တည္ရွိရာေနရာလည္းျဖစ္သည္။ ယူထရက္ၿမိဳ႕တြင္ ဘဏ္ႀကီးတစ္ခုျဖစ္သည့္ Rabobank ၏ ႐ုံးခ်ဳပ္ တည္ရွိေၾကာင္းလည္းသိရ သည္။ ယူထရက္ၿမိဳ႕ကို ဒတ္ခ်္ဂိမ္းစက္မႈလုပ္ငန္း၏ “ၿမိဳ႕ေတာ္” အျဖစ္လည္း သတ္မွတ္ထားၾကၿပီး (၂၀၂၃) ခုႏွစ္တြင္ ဥေရာပဂိမ္းစက္မႈလုပ္ငန္းတစ္ခုလုံးအတြက္ ၿမိဳ႕ေတာ္မ်ားထဲမွ တစ္ခုအျဖစ္ Business Finland အဖြဲ႕အစည္းက အမည္တပ္ခဲ့ သည္။ အဆိုပါနယ္ပယ္တြင္ ယူထရက္ၿမိဳ႕၏ ဩဇာ လႊမ္းမိုးမႈ သည္ (၂၀ဝ၂)ခုႏွစ္တြင္ စတင္ခဲ့ေသာ ဥေရာပရွိ ပထမဆုံးေသာ လမ္းေၾကာင္းမ်ားျဖစ္သည့္ ၎၏ တကၠသိုလ္မ်ားရွိ ဗီဒီယိုဂိမ္းဆိုင္ရာ ဖန္တီးမႈလမ္းေၾကာင္းမ်ားေၾကာင့္ ျဖစ္ေပၚလာျခင္း ျဖစ္သည္။ (၂၀ဝ၈)ခုႏွစ္မွစတင္ၿပီး ယူထရက္ၿမိဳ႕ သည္ ဗီဒီယိုဂိမ္းစတူဒီယို incubator ပ႐ိုဂရမ္ Dutch Game Garden ၏ ေနအိမ္လည္းျဖစ္ခဲ့ၿပီး အဆိုပါပ႐ိုဂရမ္သည္ အလုပ္အကိုင္ေပါင္း(၂၀ဝ)ကို ဖန္တီးေပးႏိုင္ခဲ့ ေၾကာင္းသိရသည္။ ထို႔ျပင္ ယူထရက္ၿမိဳ႕သည္ Nixxes Software (Play Station Studios လုပ္ငန္းခြဲ) ႏွင့္ ဗီဒီယိုဂိမ္း ဖန္တီးမႈစတူဒီယို Sokpop Collective တို႔ တည္ရွိ ရာေနရာ တစ္ခုလည္းျဖစ္သည္။