နိုင်ဂျီးရီးယားနိုင်ငံမှာ လောင်စာဆီတင် ထရပ်ကားတစ်စီး တိမ်းမှောက်ပေါက်ကွဲခဲ့ပြီး အနည်းဆုံးလူ(၇၀)ဦးသေဆုံး
211
Pika (NP News) - ဇန်နဝါရီ ၁၉
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းမှာ ဇန်နဝါရီလ(၁၈)ရက်က လောင်စာဆီသယ်ထရပ်ကားတစ်စီး တိမ်းမှောက် ပေါက်ကွဲခဲ့ရာ ဆီဖြည့်ဖို့စောင့်ဆိုင်းနေတဲ့ လူ(၇၀)ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားလမ်းဘေးကင်းရေးအာဏာပိုင် အဖွဲ့က ပြောကြားခဲ့ပါတယ်။ အမျိုးသားလမ်းဘေးကင်းရေးအာဏာပိုင်အဖွဲ့အကြီးအကဲ ကူမာဆက်ဝမ်က "လက်ရှိအချိန်အထိတော့ သေဆုံးတဲ့လူဦးရေက (၇၀)ဦးရှိပါတယ်" လို့ ပြောခဲ့ပါတယ်။
လောင်စာဆီလီတာ(၆)သောင်းတင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးဟာ ဇန်နဝါရီလ(၁၈)ရက် နံနက်(၁၀)နာရီ အချိန်မှာ အဘူဂျာမြို့နဲ့ ကာဒူနာမြို့တို့ကို ဆက်သွယ်ထားတဲ့ ဒိုက်ကိုလမ်းဆုံမှာ တိမ်းမှောက်ခဲ့ပြီး ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကူမာဆက်ဝမ် "အဲဒီပေါက်ကွဲမှုအတွင်း မီးလောင်သေဆုံးသွားခဲ့တဲ့သူတွေဟာ ဘယ်သူ ဖြစ်တယ်ဆိုတာကို လက်ရှိအချိန်အထိ မဖော်ထုတ်နိုင်သေးပါဘူး။ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှင်းလင်းမှုတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်" လို့ ပြောခဲ့ပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာ ဆိုးရွားတဲ့စီးပွားရေးအကျပ်အတည်းကြောင့် အချိန်(၁၈)လအတွင်း လောင်စာဆီဈေးနှုန်းဟာ (၅)ဆတိုးမြင့်လာခဲ့ပြီး လူအများအပြားဟာ လောင်စာဆီရရှိဖို့အတွက် လမ်းမတော်တဆမှုတွေအတွင်းမှာ ၎င်းတို့ရဲ့အသက်တွေကို စွန့်စားနေရတယ်လို့လည်း သိရပါတယ်။ အဲဒီပေါက်ကွဲမှုဟာ စိုးရိမ်စရာ၊ ကြေကွဲစရာနဲ့ ကံမကောင်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ နိုင်ဂျာပြည်နယ်အုပ်ချူပ်ရေးမှူး ယူမာရုဘဂိုးက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အခြားလူအများအပြားဟာ မီးလောင်မှုဒဏ်ရာအမျိုးမျိုးကို ရရှိခဲ့တယ်လို့လည်း ၎င်းက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလတုန်းက ဂျီဂါဝါပြည်နယ်မှာ အလားတူဖြစ်ရပ်မျိုးဖြစ်ပွားခဲ့ချိန်အတွင်း လူပေါင်း(၁၇၀)ကျော် သေဆုံးခဲ့ဖူးတယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ေလာင္စာဆီတင္ ထရပ္ကားတစ္စီး တိမ္းေမွာက္ေပါက္ကြဲခဲ့ၿပီး အနည္းဆုံးလူ(၇၀)ဦးေသဆုံး
Pika (NP News) - ဇန္နဝါရီ ၁၉
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အလယ္ပိုင္းမွာ ဇန္နဝါရီလ(၁၈)ရက္က ေလာင္စာဆီသယ္ထရပ္ကားတစ္စီး တိမ္းေမွာက္ ေပါက္ကြဲခဲ့ရာ ဆီျဖည့္ဖို႔ေစာင့္ဆိုင္းေနတဲ့ လူ(၇၀)ဦး ေသဆုံးခဲ့တယ္လို႔ အမ်ိဳးသားလမ္းေဘးကင္းေရးအာဏာပိုင္ အဖြဲ႕က ေျပာၾကားခဲ့ပါတယ္။ အမ်ိဳးသားလမ္းေဘးကင္းေရးအာဏာပိုင္အဖြဲ႕အႀကီးအကဲ ကူမာဆက္ဝမ္က "လက္ရွိအခ်ိန္အထိေတာ့ ေသဆုံးတဲ့လူဦးေရက (၇၀)ဦးရွိပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ေလာင္စာဆီလီတာ(၆)ေသာင္းတင္ေဆာင္လာတဲ့ ထရပ္ကားတစ္စီးဟာ ဇန္နဝါရီလ(၁၈)ရက္ နံနက္(၁၀)နာရီ အခ်ိန္မွာ အဘူဂ်ာၿမိဳ႕နဲ႔ ကာဒူနာၿမိဳ႕တို႔ကို ဆက္သြယ္ထားတဲ့ ဒိုက္ကိုလမ္းဆုံမွာ တိမ္းေမွာက္ခဲ့ၿပီး ေပါက္ကြဲခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ ကူမာဆက္ဝမ္ "အဲဒီေပါက္ကြဲမႈအတြင္း မီးေလာင္ေသဆုံးသြားခဲ့တဲ့သူေတြဟာ ဘယ္သူ ျဖစ္တယ္ဆိုတာကို လက္ရွိအခ်ိန္အထိ မေဖာ္ထုတ္ႏိုင္ေသးပါဘူး။ အခင္းျဖစ္ပြားတဲ့ေနရာမွာ ရွင္းလင္းမႈေတြကို ဆက္လက္လုပ္ေဆာင္ေနပါတယ္" လို႔ ေျပာခဲ့ပါတယ္။
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ဆိုး႐ြားတဲ့စီးပြားေရးအက်ပ္အတည္းေၾကာင့္ အခ်ိန္(၁၈)လအတြင္း ေလာင္စာဆီေဈးႏႈန္းဟာ (၅)ဆတိုးျမင့္လာခဲ့ၿပီး လူအမ်ားအျပားဟာ ေလာင္စာဆီရရွိဖို႔အတြက္ လမ္းမေတာ္တဆမႈေတြအတြင္းမွာ ၎တို႔ရဲ႕အသက္ေတြကို စြန႔္စားေနရတယ္လို႔လည္း သိရပါတယ္။ အဲဒီေပါက္ကြဲမႈဟာ စိုးရိမ္စရာ၊ ေၾကကြဲစရာနဲ႔ ကံမေကာင္းတဲ့ျဖစ္ရပ္တစ္ခုျဖစ္တယ္လို႔ ႏိုင္ဂ်ာျပည္နယ္အုပ္ခ်ဴပ္ေရးမႉး ယူမာ႐ုဘဂိုးက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အျခားလူအမ်ားအျပားဟာ မီးေလာင္မႈဒဏ္ရာအမ်ိဳးမ်ိဳးကို ရရွိခဲ့တယ္လို႔လည္း ၎က ေျပာၾကားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂ဝ၂၄ ခုႏွစ္ ေအာက္တိုဘာလတုန္းက ဂ်ီဂါဝါျပည္နယ္မွာ အလားတူျဖစ္ရပ္မ်ိဳးျဖစ္ပြားခဲ့ခ်ိန္အတြင္း လူေပါင္း(၁၇၀)ေက်ာ္ ေသဆုံးခဲ့ဖူးတယ္လို႔လည္း သိရပါတယ္။