လုပ်ကြံသတ်ဖြတ်ခံရမှာ စိုးရိမ်မှုတွေ မြင့်တက်ခဲ့ဖူးတယ်လို့ အမေရိကန်သမ္မတ ဝန်ခံ
137
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၁၉
လာမယ့်ရက်ပိုင်းအတွင်း အမေရိကန်သမ္မတတာဝန်ကနေ အနားယူတော့မယ့် ဂျိုးဘိုင်ဒန်က ၎င်းဟာ လုပ်ကြံ သတ်ဖြတ်ခံရမှာ စိုးရိမ်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်း ယူကရိန်းနိုင်ငံကိုသွားရောက်ခဲ့ရာ အဲဒီခရီးစဉ်အတွင်း ယူကရိန်းအစွန်းရောက်အဖွဲ့တွေရဲ့လုပ်ကြံ သတ်ဖြတ်ခြင်းကို ရင်ဆိုင်ရမှာ စိုးရိမ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန်ဟာ လုပ်ကြံခံရမှာ စိုးရိမ်တဲ့အတွက် ယူကရိန်းနိုင်ငံကို လုံခြုံရေးအပြည့်နဲ့ လျှို့ဝှက်သွားရောက်ခဲ့ပြီးနောက်ပိုင်းမှာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ တယ်လို့ ဆိုပါတယ်။
ဂျိုးဘိုင်ဒန်ဟာ လုပ်ကြံခံရမှာ စိုးရိမ်ခဲ့ဖူးတဲ့အကြောင်းကို MSNBC သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလိုမျိုး ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ၎င်းကိုလုပ်ကြံဖို့ ခြိမ်းခြောက်သူတွေဟာ ရုရှားနိုင်ငံက မဟုတ်ဘဲ ယူကရိန်း အစွန်းရောက်အုပ်စုတွေဖြစ်ကြောင်း၊ အဲဒီအစွန်းရောက်တွေဟာ ရုရှားအစိုးရ နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိကြောင်း ဂျိုးဘိုင်ဒန်ကပြောပါတယ်။ ဂျိုးဘိုင်ဒန် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်အတွင်း ယူကရိန်းနဲ့ ရုရှားစစ်ပွဲ ဖြစ်လာခဲ့ပြီး စစ်ပွဲအဆုံးသတ်အောင် ကြားဝင်ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ ရုရှားကို ပစ်မှတ်ထား ပိတ်ဆို့ကာ ယူကရိန်းကို ကူညီပံ့ပိုးခဲ့ပါတယ်။
အမေရိကန်သမ္မတက "လုံခြုံရေးခြေနေတွေကြောင့် ကျွန်တော်ကို ယူကရိန်းနိုင်ငံကိုမသွားဖို့ ဝိုင်းဝန်းအကြံပေး ကြတယ်။ ဒါပေမယ့် ရုရှားသမ္မတပူတင်ဟာ အမေရိကန်သမ္မတတစ်ဦးကို လုပ်ကြံသတ်ဖြတ်ရတာကို နှစ်သက် မယ်လို့ ကျွန်တော်မထင်မိဘူး။ ဒါကြောင့် ယူကရိန်းကို သွားခဲ့တယ်။ အဲဒီလိုသွားတဲ့အချိန်မှာလည်း ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ ယူကရိန်းအစွန်းရောက်အုပ်စုတွေရဲ့လုပ်ကြံမှုကို ရင်ဆိုင်ရမှာ စိုးရိမ်ခဲ့တယ်" လို့ ပြောပါတယ်။
ဂျိုးဘိုင်ဒန်ဟာ ယူကရိန်းနိုင်ငံကို သွားရောက်ရမှာ လုံခြုံရေးအစီမံတွေကို အမေရိကန်နိုင်ငံက စတင်ထွက်ချိန် ကတည်းက တင်းကြပ်စွာချထားခဲ့ရကြောင်းအဲဒီ ခရီးစဉ်အတွင်း ယူကရိန်းသမ္မတကို ဒေါ်လာသန်း ၅၀၀ ထပ်မံ ကူညီပေးမယ့် ကတိအပြင် ရုရှားကိုပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်မယ့် ကတိကိုလည်းပေးခဲ့တယ်လို့ ဆိုပါတယ်။ လုံခြုံရေးစိုးရိမ်ရပေမယ့် အမေရိကန်ဟာ ယူကရိန်းနဲ့ အတူရပ်တည်နေကြောင်းပြသဖို့ သွားရောက်ခဲ့ ရတာမျိုးဖြစ်တယ်လို့ အမေရိကန်သမ္မတ က ပြောပါတယ်။
Zawgyi Version;
အီရန္ႏိုင္ငံရဲ႕ထိပ္တန္းတရားသူႀကီးႏွစ္ဦး လူျမင္ကြင္းမွာလုပ္ႀကံခံရ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၁၉
လာမယ့္ရက္ပိုင္းအတြင္း အေမရိကန္သမၼတတာဝန္ကေန အနားယူေတာ့မယ့္ ဂ်ိဳးဘိုင္ဒန္က ၎ဟာ လုပ္ႀကံ သတ္ျဖတ္ခံရမွာ စိုးရိမ္ခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ အတြင္း ယူကရိန္းႏိုင္ငံကိုသြားေရာက္ခဲ့ရာ အဲဒီခရီးစဥ္အတြင္း ယူကရိန္းအစြန္းေရာက္အဖြဲ႕ေတြရဲ႕လုပ္ႀကံ သတ္ျဖတ္ျခင္းကို ရင္ဆိုင္ရမွာ စိုးရိမ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ လုပ္ႀကံခံရမွာ စိုးရိမ္တဲ့အတြက္ ယူကရိန္းႏိုင္ငံကို လုံၿခဳံေရးအျပည့္နဲ႔ လွ်ိဳ႕ဝွက္သြားေရာက္ခဲ့ၿပီးေနာက္ပိုင္းမွာ လူသိရွင္ၾကား ထုတ္ေဖာ္ေျပာဆိုခဲ့ တယ္လို႔ ဆိုပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ လုပ္ႀကံခံရမွာ စိုးရိမ္ခဲ့ဖူးတဲ့အေၾကာင္းကို MSNBC သတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ အခုလိုမ်ိဳး ထည့္သြင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။ ၎ကိုလုပ္ႀကံဖို႔ ၿခိမ္းေျခာက္သူေတြဟာ ႐ုရွားႏိုင္ငံက မဟုတ္ဘဲ ယူကရိန္း အစြန္းေရာက္အုပ္စုေတြျဖစ္ေၾကာင္း၊ အဲဒီအစြန္းေရာက္ေတြဟာ ႐ုရွားအစိုးရ နဲ႔ ပူးေပါင္းေဆာင္႐ြက္မႈရွိေၾကာင္း ဂ်ိဳးဘိုင္ဒန္ကေျပာပါတယ္။ ဂ်ိဳးဘိုင္ဒန္ အေမရိကန္သမၼတအျဖစ္ တာဝန္ယူခ်ိန္အတြင္း ယူကရိန္းနဲ႔ ႐ုရွားစစ္ပြဲ ျဖစ္လာခဲ့ၿပီး စစ္ပြဲအဆုံးသတ္ေအာင္ ၾကားဝင္ေဆာင္႐ြက္ေပးႏိုင္ျခင္းမရွိဘဲ ႐ုရွားကို ပစ္မွတ္ထား ပိတ္ဆို႔ကာ ယူကရိန္းကို ကူညီပံ့ပိုးခဲ့ပါတယ္။
အေမရိကန္သမၼတက "လုံၿခဳံေရးေျခေနေတြေၾကာင့္ ကြၽန္ေတာ္ကို ယူကရိန္းႏိုင္ငံကိုမသြားဖို႔ ဝိုင္းဝန္းအႀကံေပး ၾကတယ္။ ဒါေပမယ့္ ႐ုရွားသမၼတပူတင္ဟာ အေမရိကန္သမၼတတစ္ဦးကို လုပ္ႀကံသတ္ျဖတ္ရတာကို ႏွစ္သက္ မယ္လို႔ ကြၽန္ေတာ္မထင္မိဘူး။ ဒါေၾကာင့္ ယူကရိန္းကို သြားခဲ့တယ္။ အဲဒီလိုသြားတဲ့အခ်ိန္မွာလည္း ႐ုရွားနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈရွိတဲ့ ယူကရိန္းအစြန္းေရာက္အုပ္စုေတြရဲ႕လုပ္ႀကံမႈကို ရင္ဆိုင္ရမွာ စိုးရိမ္ခဲ့တယ္" လို႔ ေျပာပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ ယူကရိန္းႏိုင္ငံကို သြားေရာက္ရမွာ လုံၿခဳံေရးအစီမံေတြကို အေမရိကန္ႏိုင္ငံက စတင္ထြက္ခ်ိန္ ကတည္းက တင္းၾကပ္စြာခ်ထားခဲ့ရေၾကာင္းအဲဒီ ခရီးစဥ္အတြင္း ယူကရိန္းသမၼတကို ေဒၚလာသန္း ၅၀၀ ထပ္မံ ကူညီေပးမယ့္ ကတိအျပင္ ႐ုရွားကိုပိတ္ဆို႔မႈအသစ္ေတြ ထပ္မံခ်မွတ္မယ့္ ကတိကိုလည္းေပးခဲ့တယ္လို႔ ဆိုပါတယ္။ လုံၿခဳံေရးစိုးရိမ္ရေပမယ့္ အေမရိကန္ဟာ ယူကရိန္းနဲ႔ အတူရပ္တည္ေနေၾကာင္းျပသဖို႔ သြားေရာက္ခဲ့ ရတာမ်ိဳးျဖစ္တယ္လို႔ အေမရိကန္သမၼတ က ေျပာပါတယ္။