မဟာဗန္ဓုလတံတားပေါ်တွင် အမျိုးသမီး (၂) ဦးကားတိုက်ခံရ၍ ပွဲချင်းပြီးသေဆုံးကာ တိုက်သည့်ကားမှာ မောင်းပြေးသွား

 1257

နာမူ (NP News) - ဇန်နဝါရီ ၂ဝ

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတားပေါ်တွင် အမျိုးသမီး (၂) ဦးကားတိုက်ခံရ၍ ပွဲချင်းပြီး သေဆုံးကာ တိုက်သည့်ကားမှာမောင်းပြေးသွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၉ ရက်)၊ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က ဒေါပုံမြို့နယ်၊ မဟာဗန္ဓုလတံတား ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အလောင်းကိုတော့ တံတားပေါ်မှာ တွေ့တာ။ ကျွန်တော်တို့ကိုပြောပြချက်အရတော့ ဘယ်ကမှန်းမသိသေးဘူး ပေါ့နော်။ အဓိက အခုလောလောဆယ်တော့ ပိုင်ရှင်မဲ့အနေအထားနဲ့ ကျွန်တော်တို့ဆေးရုံပို့ထားတယ်ဗျ။ သူ့အိမ်က လူတွေ အဆက်အသွယ် သတင်းတော့ မရသေးဘူး” ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၂၀)ဝန်းကျင်နှင့် အသက်(၃၀)ဝန်းကျင် အမျိုးးသမီး(၂)ဦးတွင် ထိခိုက် ဒဏ်ရာများရရှိကာ အခင်း ဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။
“ပိန်ပိန်နဲ့တစ်ယောက်ကတော့ ဒဏ်ရာနည်းနည်းများတယ်။ နောက်စေ့ပွင့်သွားတယ်။ နောက်ပြီးတော့ အသားလန်တဲ့ ဒဏ်ရာမျိုးတွေတော့ ရှိတယ်။ ဒဏ်ရာကတော့ နည်းနည်း ပျင်းတယ်။ ဒုတိယတစ်ယောက် အဲဒီ ဝဝနဲ့ တစ်ယောက်ကျတော့လည်း အဲဒီလိုပဲနောက်စေ့ ပွင့်သွားပြီးတော့ သူက အတွင်းကြေဒဏ်ရာရတဲ့ အနေ အထားပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် တိုက်သည့်ကားမှာလည်း မောင်းနှင်ထွက်ပြေးသွားသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်း စစ်ဆေးမှုများဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ကားက တိုက်ပြီး ပြေးသွားတာဆိုတော့ ကားနဲ့ပက်သက်တဲ့ အတိုအစတွေနည်းနည်းပါးပါးတော့ ကျန်နေခဲ့တာ ပေါ့နော်။ ကျွန်တော်တို့ အခုချိန်မှာတော့ ကားနဲ့ပက်သက်လို့ ဆက်သွယ်တာတော့ မရှိသေးဘူးဗျ။ အမြန်ဆုံး ဒီအမှုကို ဖော်ထုတ်နိုင်ရင်တော့ ကောင်းတာပေါ့။ ကျွန်တော်တို့ ယာဉ်ထိန်းရဲတွေ ပြောပြချက်အရ ပြောပြရမယ် ဆိုရင်‌တော့ စီစီတီဗီ ရီကော့ဒ်တွေကြည့်ပြီး အမှုပြန်လိုက်မယ်လို့ ကျွန်တော်တို့ကို ဖြစ်တဲ့နေရာမှာတော့ ပြောသွား တယ်” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် သေဆုံးသူအမျိုသမီး(၂)ဦး ရုပ်အလောင်းများကို လမ်းမတော်မြို့နယ်ရှိ အထွေထွေရောဂါကုဆေးရုံ ကြီးသို့ ပို့ဆောင်ပေးထားပြီး မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိရန် လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
မဟာဗႏၶဳလတံတားေပၚတြင္ အမ်ိဳးသမီး (၂) ဦးကားတိုက္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးကာ တိုက္သည့္ကားမွာ ေမာင္းေျပးသြား
နာမူ (NP News) - ဇန္နဝါရီ ၂ဝ

ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္ရွိ မဟာဗႏၶဳလတံတားေပၚတြင္ အမ်ိဳးသမီး (၂) ဦးကားတိုက္ခံရ၍ ပြဲခ်င္းၿပီး ေသဆုံးကာ တိုက္သည့္ကားမွာေမာင္းေျပးသြားခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၁၉ ရက္)၊ ညေန ၆ နာရီ ၂၀ မိနစ္အခ်ိန္ခန႔္က ေဒါပုံၿမိဳ႕နယ္၊ မဟာဗႏၶဳလတံတား ေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အေလာင္းကိုေတာ့ တံတားေပၚမွာ ေတြ႕တာ။ ကြၽန္ေတာ္တို႔ကိုေျပာျပခ်က္အရေတာ့ ဘယ္ကမွန္းမသိေသးဘူး ေပါ့ေနာ္။ အဓိက အခုေလာေလာဆယ္ေတာ့ ပိုင္ရွင္မဲ့အေနအထားနဲ႔ ကြၽန္ေတာ္တို႔ေဆး႐ုံပို႔ထားတယ္ဗ်။ သူ႔အိမ္က လူေတြ အဆက္အသြယ္ သတင္းေတာ့ မရေသးဘူး” ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ အသက္(၂၀)ဝန္းက်င္ႏွင့္ အသက္(၃၀)ဝန္းက်င္ အမ်ိဳးးသမီး(၂)ဦးတြင္ ထိခိုက္ ဒဏ္ရာမ်ားရရွိကာ အခင္း ျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
“ပိန္ပိန္နဲ႔တစ္ေယာက္ကေတာ့ ဒဏ္ရာနည္းနည္းမ်ားတယ္။ ေနာက္ေစ့ပြင့္သြားတယ္။ ေနာက္ၿပီးေတာ့ အသားလန္တဲ့ ဒဏ္ရာမ်ိဳးေတြေတာ့ ရွိတယ္။ ဒဏ္ရာကေတာ့ နည္းနည္း ပ်င္းတယ္။ ဒုတိယတစ္ေယာက္ အဲဒီ ဝဝနဲ႔ တစ္ေယာက္က်ေတာ့လည္း အဲဒီလိုပဲေနာက္ေစ့ ပြင့္သြားၿပီးေတာ့ သူက အတြင္းေၾကဒဏ္ရာရတဲ့ အေန အထားေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ျပင္ တိုက္သည့္ကားမွာလည္း ေမာင္းႏွင္ထြက္ေျပးသြားသည့္အတြက္ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက စုံစမ္း စစ္ေဆးမႈမ်ားဆက္လက္ လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
“ကားက တိုက္ၿပီး ေျပးသြားတာဆိုေတာ့ ကားနဲ႔ပက္သက္တဲ့ အတိုအစေတြနည္းနည္းပါးပါးေတာ့ က်န္ေနခဲ့တာ ေပါ့ေနာ္။ ကြၽန္ေတာ္တို႔ အခုခ်ိန္မွာေတာ့ ကားနဲ႔ပက္သက္လို႔ ဆက္သြယ္တာေတာ့ မရွိေသးဘူးဗ်။ အျမန္ဆုံး ဒီအမႈကို ေဖာ္ထုတ္ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့။ ကြၽန္ေတာ္တို႔ ယာဥ္ထိန္းရဲေတြ ေျပာျပခ်က္အရ ေျပာျပရမယ္ ဆိုရင္‌ေတာ့ စီစီတီဗီ ရီေကာ့ဒ္ေတြၾကည့္ၿပီး အမႈျပန္လိုက္မယ္လို႔ ကြၽန္ေတာ္တို႔ကို ျဖစ္တဲ့ေနရာမွာေတာ့ ေျပာသြား တယ္” ဟု အထက္ပါသတင္းရင္းျမစ္က ေျပာသည္။
လက္ရွိတြင္ ေသဆုံးသူအမ်ိဳသမီး(၂)ဦး ႐ုပ္အေလာင္းမ်ားကို လမ္းမေတာ္ၿမိဳ႕နယ္ရွိ အေထြေထြေရာဂါကုေဆး႐ုံ ႀကီးသို႔ ပို႔ေဆာင္ေပးထားၿပီး မိသားစုဝင္မ်ားႏွင့္ အဆက္အသြယ္ရရွိရန္ လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။

Picture

di lahtaw

20/01/2025 17:59

ဘယ်လိုဖြစ်တာလဲ?

Related news

© 2021. All rights reserved.