ရေငုတ်ပြရာမှ ပြန်ပေါ်မလာဘဲ သေဆုံးသွားသော အသက်(၁၃)နှစ်အရွယ်ကျောင်းသား၏ အလောင်းကို (၂)နာရီ ခန့် ရှာဖွေပြီးနောက် ပြန်လည်တွေ့ရှိ

 202

ချယ်ရီ (NP News) - ဇန်နဝါရီ ၂ဝ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ရေငုတ်ပြရာမှ ပြန်ပေါ်မလာတော့ဘဲ သေဆုံးသွားသော အသက်(၁၃)နှစ်အရွယ် ကျောင်းသား၏ အလောင်းကို (၂)နာရီခန့်ရှာပြီး ပြန်လည်တွေ့ရှိခဲ့ကြောင်း ဂရုဏာရှင် နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၉ ရက်)၊ နေ့လယ်ပိုင်း (၁)နာရီဝန်းကျင်အချိန်ခန့်က ညောင်ဦးမြို့၊ အမှတ် (၁) ရပ်ကွက်၊ ရုံးညောင်ပင်ရပ်ရှိ ဧရာဝတီမြစ်ရေချိုးဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က သူငယ်ချင်း(၃)ယောက် ရေလာချိုးတယ်လို့ပြောတယ်။ သူငယ်ချင်း(၃)ယောက် ရေလာချိုးရင်းနဲ့ သူ့တို့ အဲဒီမှာ ရေဆော့ရင်းဆော့ရင်းနဲ့ အဲဒီတစ်ယောက်က ရေနစ်တယ်ပေါ့။ ကျန်တဲ့နှစ်ယောက်ကလည်း ဆင်းတော့ ကယ်တော့ကယ်ပေးတယ်။ ကလေးတွေက အရမ်းငယ်နေတော့ နောက်ပိုင်းကျ ဟိုကလေးက ပျောက်သွား တာပေါ့။ သူတို့က အော်လည်းမအော်ဘူးပေါ့။ နောက်ပိုင်းကျတော့ အဲဒီမှာ မြင်တဲ့လူတွေရှိလို့ လိုက်ဆယ်တာ ဆယ်လို့ မရတော့ဘူး။ ကလေးက မြုပ်သွားပြီ” ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။
အသက်(၁၃)နှစ်အရွယ်ရှိ Grade - 6 ကျောင်းသားဖြစ်သူ မောင်ခန့်ခန့်ဦးသည် ၎င်း၏ သူငယ်ချင်းယောက်ျားလေး (၂)ယောက်နှင့်အတူ ရေချိုးဆင်းရင်းဖြင့် ရေငုတ်ပြမည်ဟုဆိုကာ ရေငုတ်ပြရာမှ ရေနစ်ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ကနဦးသတင်းထုတ်ပြန်ချက်အရ သိရသည်။
“ကျန်တဲ့ကလေးတွေကလည်း အဲဒီအရွယ် တစ်ရွယ်တည်းလေးတွေ။ ကျောင်းသားလေးတွေပဲ။ ရေစီးနှုန်းက မြစ်က ဧရာဝတီမြစ်လေ။ နစ်တာက (၁)နာရီဝန်းကျင် (၂)နာရီကျော်လောက် ရှိမယ်။ သိတာက ညနေ(၄)နာရီ ကျော်လောက် တွေ့တာဗျ” ဟု ၎င်းက ဆိုသည်။
ထို့နောက် ညနေ(၄)နာရီခွဲအချိန်ခန့်တွင် အဆိုပါကျောင်းသားငယ်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရာ ညောင်ဦးမြို့ရှိ ဂရုဏာရှင် နာရေးအခမဲ့ကူညီမှုအသင်းမှ ညောင်ဦးခရိုင်၊ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

Zawgyi Version;
ေရငုတ္ျပရာမွ ျပန္ေပၚမလာဘဲ ေသဆုံးသြားေသာ အသက္(၁၃)ႏွစ္အ႐ြယ္ေက်ာင္းသား၏ အေလာင္းကို (၂)နာရီ ခန႔္ ရွာေဖြၿပီးေနာက္ ျပန္လည္ေတြ႕ရွိ
ခ်ယ္ရီ (NP News) - ဇန္နဝါရီ ၂ဝ

မႏၲေလးတိုင္းေဒသႀကီး၊ ေညာင္ဦးၿမိဳ႕တြင္ ေရငုတ္ျပရာမွ ျပန္ေပၚမလာေတာ့ဘဲ ေသဆုံးသြားေသာ အသက္(၁၃)ႏွစ္အ႐ြယ္ ေက်ာင္းသား၏ အေလာင္းကို (၂)နာရီခန႔္ရွာၿပီး ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း ဂ႐ုဏာရွင္ နာေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ဇန္နဝါရီလ ၁၉ ရက္)၊ ေန႔လယ္ပိုင္း (၁)နာရီဝန္းက်င္အခ်ိန္ခန႔္က ေညာင္ဦးၿမိဳ႕၊ အမွတ္ (၁) ရပ္ကြက္၊ ႐ုံးေညာင္ပင္ရပ္ရွိ ဧရာဝတီျမစ္ေရခ်ိဳးဆိပ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သူတို႔က သူငယ္ခ်င္း(၃)ေယာက္ ေရလာခ်ိဳးတယ္လို႔ေျပာတယ္။ သူငယ္ခ်င္း(၃)ေယာက္ ေရလာခ်ိဳးရင္းနဲ႔ သူ႔တို႔ အဲဒီမွာ ေရေဆာ့ရင္းေဆာ့ရင္းနဲ႔ အဲဒီတစ္ေယာက္က ေရနစ္တယ္ေပါ့။ က်န္တဲ့ႏွစ္ေယာက္ကလည္း ဆင္းေတာ့ ကယ္ေတာ့ကယ္ေပးတယ္။ ကေလးေတြက အရမ္းငယ္ေနေတာ့ ေနာက္ပိုင္းက် ဟိုကေလးက ေပ်ာက္သြား တာေပါ့။ သူတို႔က ေအာ္လည္းမေအာ္ဘူးေပါ့။ ေနာက္ပိုင္းက်ေတာ့ အဲဒီမွာ ျမင္တဲ့လူေတြရွိလို႔ လိုက္ဆယ္တာ ဆယ္လို႔ မရေတာ့ဘူး။ ကေလးက ျမဳပ္သြားၿပီ” ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။
အသက္(၁၃)ႏွစ္အ႐ြယ္ရွိ Grade - 6 ေက်ာင္းသားျဖစ္သူ ေမာင္ခန႔္ခန႔္ဦးသည္ ၎၏ သူငယ္ခ်င္းေယာက္်ားေလး (၂)ေယာက္ႏွင့္အတူ ေရခ်ိဳးဆင္းရင္းျဖင့္ ေရငုတ္ျပမည္ဟုဆိုကာ ေရငုတ္ျပရာမွ ေရနစ္ေပ်ာက္ဆုံးသြားျခင္း ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕၏ ကနဦးသတင္းထုတ္ျပန္ခ်က္အရ သိရသည္။
“က်န္တဲ့ကေလးေတြကလည္း အဲဒီအ႐ြယ္ တစ္႐ြယ္တည္းေလးေတြ။ ေက်ာင္းသားေလးေတြပဲ။ ေရစီးႏႈန္းက ျမစ္က ဧရာဝတီျမစ္ေလ။ နစ္တာက (၁)နာရီဝန္းက်င္ (၂)နာရီေက်ာ္ေလာက္ ရွိမယ္။ သိတာက ညေန(၄)နာရီ ေက်ာ္ေလာက္ ေတြ႕တာဗ်” ဟု ၎က ဆိုသည္။
ထို႔ေနာက္ ညေန(၄)နာရီခြဲအခ်ိန္ခန႔္တြင္ အဆိုပါေက်ာင္းသားငယ္၏ ႐ုပ္အေလာင္းကို ျပန္လည္ေတြ႕ရွိခဲ့ရာ ေညာင္ဦးၿမိဳ႕ရွိ ဂ႐ုဏာရွင္ နာေရးအခမဲ့ကူညီမႈအသင္းမွ ေညာင္ဦးခ႐ိုင္၊ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ကူညီပို႔ေဆာင္ေပးခဲ့ ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.