ထိုင်း ကြက်ခြေနီပွဲတော်ဖွင့်ပွဲမှာ မီးရှူးမီးပန်းဖောက်လို့ ဆင်တစ်ကောင် လန့်ပြီး ထွက်ပြေး၊ လူ ၅ ဦး ဒဏ်ရာရ
131
ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ
ထိုင်းနိုင်ငံ၊ နောင်ဘူလန်ပူကြက်ခြေနီပွဲတော်မှာ မီးရူးမီးပန်းဖောက်ခြင်းကြောင့် ပွဲထဲမှာ အလှူငွေရှာဖို့ တရားမဝင် ခေါ်ယူလာတဲ့ ဆင်တစ်ကောင် ထိတ်လန့် ထွက်ပြေးသွားတဲ့အတွက် လူငါးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဖြစ်အပျက်ဟာ ဇန်နဝါရီ ၁၈ ရက် ည၊ ကြက်ခြေနီပွဲတော်ဖွင့်ပွဲအခမ်းအနား စတင်ချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ နဲ့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ ပွဲမှာရှိနေတဲ့ ဒေသခံတစ်ဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် Picky Phurada ကနေ ဖော်ပြခဲ့တဲ့ ဗီဒီယိုအတိုလေးထဲမှာ ဆင်က မီးရှုးမီးပန်းကြောင့် လန့်ပြီး ဘေးနားက သားအမိနှစ်ယောက်ကို မြေပြင်ပေါ် တွန်းချပစ်ခဲ့ကာ ခြေထောက်နဲ့ တက်နင်းတော့မလိုဖြစ်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီဆင်ကို ပွဲမှာ အလှူငွေ တောင်းဖို့ ပွဲထဲခေါ်ဆောင်လာခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ ဒဏ်ရာရရှိသူ ငါးဦးရှိပြီး အားလုံးကို ခရိုင်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ထွက်ပြေးသွားတဲ့ ဆင်ကိုတော့ ပွဲတော်မှ ၂ ကီလိုမီတာခန့် အကွာ တမွန်လပူမြို့နယ် ဘန်နာကကျေးရွာမှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဆင်ကိုပွဲထဲခေါ်လာတဲ့ ပိုင်ရှင်ကိုတော့ ဥပဒေအရ အရေးယူဖို့ လုပ်ဆောင်နေပြီး ပြစ်ဒဏ်ချမှတ်ခံရရင်တော့ ပိုင်ရှင်ဟာ အများဆုံး ထောင်ဒဏ် တစ်နှစ် (သို့) အမြင့်ဆုံး ဒဏ်ငွေ ဘတ် ၂၀,၀၀၀ ပေးဆောင်ရနိုင်တယ်လို့ သိရပါတယ်။
Zawgyi Version;
ထိုင္း ၾကက္ေျခနီပြဲေတာ္ဖြင့္ပြဲမွာ မီးရႉးမီးပန္းေဖာက္လို႔ ဆင္တစ္ေကာင္ လန႔္ၿပီး ထြက္ေျပး၊ လူ ၅ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ
ထိုင္းႏိုင္ငံ၊ ေနာင္ဘူလန္ပူၾကက္ေျခနီပြဲေတာ္မွာ မီး႐ူးမီးပန္းေဖာက္ျခင္းေၾကာင့္ ပြဲထဲမွာ အလႉေငြရွာဖို႔ တရားမဝင္ ေခၚယူလာတဲ့ ဆင္တစ္ေကာင္ ထိတ္လန႔္ ထြက္ေျပးသြားတဲ့အတြက္ လူငါးဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
အျဖစ္အပ်က္ဟာ ဇန္နဝါရီ ၁၈ ရက္ ည၊ ၾကက္ေျခနီပြဲေတာ္ဖြင့္ပြဲအခမ္းအနား စတင္ခ်ိန္မွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕ နဲ႔ ျပည္နယ္တာဝန္ရွိသူေတြက ေျပာပါတယ္။ ပြဲမွာရွိေနတဲ့ ေဒသခံတစ္ဦးရဲ႕ ေဖ့စ္ဘြတ္ခ္အေကာင့္ Picky Phurada ကေန ေဖာ္ျပခဲ့တဲ့ ဗီဒီယိုအတိုေလးထဲမွာ ဆင္က မီးရႈးမီးပန္းေၾကာင့္ လန႔္ၿပီး ေဘးနားက သားအမိႏွစ္ေယာက္ကို ေျမျပင္ေပၚ တြန္းခ်ပစ္ခဲ့ကာ ေျခေထာက္နဲ႔ တက္နင္းေတာ့မလိုျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။
အဲဒီဆင္ကို ပြဲမွာ အလႉေငြ ေတာင္းဖို႔ ပြဲထဲေခၚေဆာင္လာခဲ့တာျဖစ္တယ္လို႔ မ်က္ျမင္သက္ေသေတြက ဆိုပါတယ္။ ဒဏ္ရာရရွိသူ ငါးဦးရွိၿပီး အားလုံးကို ခ႐ိုင္ေဆး႐ုံ ပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ ထြက္ေျပးသြားတဲ့ ဆင္ကိုေတာ့ ပြဲေတာ္မွ ၂ ကီလိုမီတာခန႔္ အကြာ တမြန္လပူၿမိဳ႕နယ္ ဘန္နာကေက်း႐ြာမွာ ျပန္လည္ေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
ဆင္ကိုပြဲထဲေခၚလာတဲ့ ပိုင္ရွင္ကိုေတာ့ ဥပေဒအရ အေရးယူဖို႔ လုပ္ေဆာင္ေနၿပီး ျပစ္ဒဏ္ခ်မွတ္ခံရရင္ေတာ့ ပိုင္ရွင္ဟာ အမ်ားဆုံး ေထာင္ဒဏ္ တစ္ႏွစ္ (သို႔) အျမင့္ဆုံး ဒဏ္ေငြ ဘတ္ ၂၀,၀၀၀ ေပးေဆာင္ရႏိုင္တယ္လို႔ သိရပါတယ္။