ရန်ကုန် - ဟားခါး နီးလျက်နဲ့ ဝေးသွားသလား

 936

သုတကျော် (NP News) - ဇန်နဝါရီ ၂၁

ယခင်က စိတ်အေးလက်အေးဖြင့် သွားခဲ့ရ သော မြန်မာနိုင်ငံ၏မြို့တော် ရန်ကုန်မှ ချင်းပြည် နယ်၏မြို့တော် ဟားခါးသို့ ခရီးစဉ်သည် ယခုအခါ နီးလျက်နှင့် ဝေးကွာသွားခဲ့ပြီ ဖြစ်သည်။
ရန်ကုန်မှ မနက်ပိုင်းထွက်လျှင် နောက်နေ့ မနက်၌ ဟားခါးမြို့သို့ ရောက်သော ခရီးသည် ယခု အခါ နှစ်ညအိပ်သုံးရက်အထိပင် ကြာညောင်းသွား ခဲ့သည်။ မိုင်ပေါင်း (၆၀ဝ) ကျော် ဝေးကွာသော ခရီးကို ယခင်က နီးသကဲ့သို့ခံစားခဲ့ကြရာမှ ယခုအခါ ဝေးလှသည်ဟု ခံစားချက် ဖြစ်စေသည်။ ခရီးသည် တင်ကားဖြင့်သာ အများဆုံး အသုံးပြုသွားလာကြသော အထက်ပါခရီးမှာ ရန်ကုန်မှ စထွက်ကာ မန္တလေး - စစ်ကိုင်း - ကျော - ဂန့်ဂေါ စသည်ဖြင့် လမ်းများကို ဖြတ်သန်းပြီး ဟားခါးအထိ သွားရခြင်းဖြစ်သည်။ ယခင်က မူ စိတ်လက်အေးချမ်းစွာ သွားလာနိုင်သည်။ ကားစီးရသောကြောင့်သာ အနည်းငယ် ကိုယ် လက် ကိုက်ခဲရုံမျှ ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။

“အရင်က လမ်းမကောင်းဘူးဆိုရင် ပခုက္ကူဘက်က ခရီးသည်တင်ကားတွေက သွားလိုက် တယ်။ ပခုက္ကူကနေပြီး ဂန့်ဂေါကို ပြန်ဖြတ်တယ်။ လမ်းမကောင်း၊ မကောင်းပေါ် မူတည်ပြီးအဆင်ပြေသလို သွားကြတာ” ဟု အထက်ပါ လမ်းခရီးကို ယခင်က အသုံးပြုခရီးသွားလာဖူးသူ ချင်းတိုင်းရင်းသား တစ်ဦးက ဆိုသည်။ အဆိုပါ လမ်းခရီးကို ယခုအကြိမ်တွင် ပြန်လည်စဉ်းစားပါက အိပ်မက်တစ်ခုပမာ ဖြစ်ပေတော့မည်။ ထိုစဉ်က ကားခမှာ ကျပ် သုံးသောင်းခန့် သာရှိခဲ့ပြီး ယခုကဲ့သို့ ဖြတ်သန်းရသောဂိတ်လည်း မများပေ။ ချင်းပြည်နယ်တွင် ချင်းလက်နက်ကိုင်များ ၏ တိုက်ပွဲဖော်ဆောင်မှုများရှိနေသည့်အပြင် နယ်မြေ ထိန်းချုပ်မှုများရှိသည်။ ထို့အတူ ခရီးလမ်း ဖြတ်သန်းရာ မကွေးတိုင်းဒေသကြီးတွင် PDF များရှိနေရာ လမ်းခရီးသည် ထင်သလောက် မချော့မွေ့တော့ပေ။ ထို့ကြောင့် ကားခသည်လည်း ရန်ကုန်မှ ဟားခါးသို့ ခရီးအတွက် ကျပ်တစ်သိန်းခွဲမှ ကျပ်တစ်သိန်း ခုနစ် သောင်းကြား အထိပင် ကျသင့်သွားသည်။ ထို့သို့ ပေးရပြီး စိတ်အေးလက်သာ သွားရသည်ဟုလည်း မဆိုသာပါ။ လမ်းခရီးအခြေအနေကိုလည်း ဂရုစိုက်ရ သေးသည်။ “ရန်ကုန်ကနေ မနက် (၇) နာရီ ထွက် တာ ညကိုတော့ မန္တလေးတောင်မှာ ဒါမှမဟုတ် စစ် ကိုင်းမှာ ညအိပ်တယ်။ နောက်တစ်ရက်ကို ဂန့်ဂေါ ဒါမှမဟုတ် ကျောမှာ ညအိပ်တယ်။ နောက်တစ်ရက် နေ့လယ်လောက်မှ ဟားခါးကိုရောက်တာပါ။ လမ်း ကြောင်း အခြေအနေကို မူတည်ပါတယ်” ဟု လမ်းခရီးအခြေအနေကို သိရှိသူတစ်ဦးကဆိုသည်။ အိပ် စက်ရန်အတွက် ခရီးသည်တင်ကားများကလည်း ထမင်းဆိုင် သို့မဟုတ် တည်းခိုခန်းများတွင် ရပ်တန့် ပေးတတ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် ရန်ကုန် - ဟားခါး ခရီးစဉ်တွင် စစ်ဆေးမှုများပြားခြင်းမှာ ခရီးသွားများအတွက် ပုံမှန် အခြေအနေဟုပင် ဆိုရမည့်ကိန်းဆိုက်နေသည်။ ပုံမှန်အခြေအနေဆိုသည်မှာ ယခင်အခြေအနေကို ပြောခြင်းမဟုတ်ပါ။ စစ်ဆေးမှုတင်းကြပ်သော အခြေအနေကို ဆိုလိုခြင်းဖြစ်၏။ သို့သော် ဂိတ်ချင်းက ကွဲပြားသေးသည်။ ရန်ကုန်မှသွားလျှင် တပ်မ တော် ၏ စစ်ဆေးရေးဂိတ်များကို ဦးစွာတွေ့ရမည်။ ထို့နောက် PDF ဂိတ်များကို ဖြတ်သန်းရမည်။ ထို့တွင် မပြီးသေးပေ။ ချင်းပြည်နယ်အတွင်း ချင်းလက် နက်ကိုင်ဂိတ်များကိုဖြတ်သန်းကာ ခရီးအဆုံး ဟားခါးမြို့သို့ ရောက်မည်ဖြစ်ရာ စစ်ဆေးခံရင်း သွားရင်း၊ စောင့်ကြည့်ရင်းဖြင့်ပင် တစ်မျှော်တစ်ခေါ် ခရီးရှည်ကြီး ဖြစ်သွားသည်။

“ကားသမားတွေက မှန်းလို့မရဘူး ဖြစ်သွားတယ်။ သူတို့ပြောတဲ့ ပုံအရတော့ ကလေး - ဂန့် ဂေါ - ဟားခါးမှာတော့ လူငယ်တွေ ထိန်းချုပ်တယ် ပေါ့။ CDF တွေရှိတယ်ပြောတယ်။ ဟားခါး အဝင်မှာတော့ တပ်ကစစ်ဆေးရေးဂိတ်ရှိတယ်” ဟု အ ထက်ပါ ချင်းတိုင်းရင်းသားက ဆိုသည်။ တပ်ဂိတ်သို့ ရောက် လျှင် မှတ်ပုံတင်သာ အများဆုံးစစ်ဆေးသည်။ ဖုန်းကို စစ်ဆေးသည်ဟုဆိုသော်လည်း ဂိမ်းတိုင်း မဟုတ်။ ထို့ကြောင့် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်မရှိဟုဆိုပါက စိတ်အေးလက်သာဖြင့် ကြည် ကြည်ဖြူဖြူ စစ်ဆေးခံပြီး စိတ်အေးချမ်းသာစွာ သွားလာနိုင်သည်။ သို့သော် အခြားလက်နက်ကိုင် အဖွဲ့များ၏ဂိတ်များတွင်မူ စစ်ဆေးမှုက ထူပြော သည်။ “လမ်းမှာက ဖုန်းတွေ ဘာတွေ စစ်တယ်။ ပစ္စည်းတွေ ဘာတွေစစ်တယ်။ ပစ္စည်းတွေမှာ အစိုးရ ဝန်ထမ်းဖြစ်ရင် အစိုးရဝန်ထမ်းနဲ့သက်ဆိုင်တာ မပါ အောင် ဂရုစိုက်ရမယ်။ သူတို့ (လက်နက်ကိုင်) တွေက စစ်ပြီးတွေ့သွားလို့ သူတို့ခေါ်ရင်နေခဲ့ရမှာ” ဟု အထက်ပါ ခရီးကိုသွားလာခဲ့ဖူးသူတစ်ဦးက ဆိုသည်။

သို့ဆိုလျှင် ဟားခါးသို့ သွားရောက်ရန်အတွက် ကုန်းလမ်းတစ်ခုတည်းသာ ရွေးစရာရှိမည်လော ဟု မေးခွန်းထုတ်ဖွယ်ရာရှိသည်။ လေကြောင်းခရီးသည် ရွေးစရာတစ်ခုဖြစ်သော်လည်း လေယာဉ် လက်မှတ်ခနှင့် ခရီးကြန့်ကြာမှုက အဟန့်အတားဖြစ်စေပြန်သည်။ “လေယာဉ်ကနေ လမ်းကြောင်းက တော့ ရှိတယ်။ ကလေးကနေ ဖလမ်းသွားတယ်၊ တီးတိန် သွားတယ်ဆိုတာရှိတာပေါ့။ ဒါဆိုရင်တော့ လေယာဉ်က အဲဒီလမ်းကြောင်းရှိမှာ။ ဟားခါးက လူက လေယာဉ်စီးဖို့ဆိုရင် သီးသန့်ကြီး ပတ်ရမှာကိုး။ အရင်က ခေတ်ကောင်းတုန်းကဆိုရင် အစိုးရအဖွဲ့က ဟားခါး ကနေ ကလေးကို ဆင်း၊ ကလေးကနေပြီး ရဟတ်ယာဉ်နဲ့ လာ၊ လေယာဉ်နဲ့လာ သွားကြတာပေါ့။ သွားလို့တော့ ရတယ်။ ပိုက်ဆံတော့ အရမ်းကုန်သွားမှာပေါ့” ဟု အထက်ပါ ချင်းတိုင်းရင်းသားက ပြောသည်။

ယခင်က ဟားခါးမြို့မှ နံနက်ပိုင်းထွက်ပါက ကလေးမြို့သို့ နေ့လယ်ပိုင်း (၂) နာရီခန့်တွင် ရောက်သော်လည်း ယခုအခါ လက်နက်ကိုင်အဖွဲ့များ ၏ စစ်ဆေးမှု ထူပြောသည့်အတွက် ကြန့်ကြာမှု များရှိကြောင်း ၎င်းကဆိုသည်။ “အများစုက လေယာဉ်နဲ့ မသွားကြဘူး။ လေယာဉ်နဲ့သွားမယ်ဆိုရင် ဥပမာ လေယာဉ်လက်မှတ်ကလည်း ဈေးမြင့်တယ်လေ။ ပြီးရင် တောင်ပေါ်ပြန်တက်ဖို့ကလည်း ကားခ က ရှိဦးမယ်လေ။ အဲဒီတော့ ပိုက်ဆံရှိတဲ့သူက ကားကို စီးလုံးပဲ ငှားသွားတော့တာလေ” ဟု ၎င်းက ဆို သည်။ လက်နက်ကိုင်အဖွဲ့များက စစ်ဆေးရာတွင် တစ်ဂိတ်နှင့် တစ်ဂိတ်မတူပါ။ ချင်းလက်နက်ကိုင် ဂိတ်တစ်ဂိတ်တွင် စစ်ဆေးခံရသည့်အတွေ့အကြုံ အကြောင်းကို NP News ၏ သတင်းရင်းမြစ် တစ်ဦး က ယခုကဲ့သို့ ပြောပြသည်။ “ကျွန် တော်တို့ဆီလာတာက လေးယောက်လာတယ်။ တောင်ကုန်းပေါ်တွေ မှာ ဒီကောင်တွေက ကတုတ် ကျင်းတွေ တူးထားတာ။ အပေါ်နားမှာ သုံးယောက်၊ အောက်ခြေမှာ နှစ် ယောက် သေနတ်တွေနဲ့ ပြီးတော့ စစ်တာမှာ ကားပေါ်ကနေ အကုန်ဆင်းခိုင်းတယ်။ ဆင်းလိုက်တာပေါ့။ မှတ်ပုံတင်ပါလား စစ်တယ်။ ကားကို အကုန် ပတ်စစ်တယ်။ အထုပ်တွေတော့ မဖွင့်ဘူး။ တပ်နဲ့ ပတ် သက်တဲ့သူပါလား၊ တပ် မိသားစု ပါလား၊ တပ်ပစ္စည်း ပါလား မေးတာပေါ့။ မပါ ပါဘူး။ ပြည်သူတွေ ပါပဲဆိုပြီး သွားသွားလုပ်တယ်။ နောက်တစ်ဂိတ်ကျတော့ င်္ဏီ ဂိတ်။ သူကတော့ မစစ်တော့ဘူး။ စကားပြောစက်တွေဘာတွေနဲ့ ကင်းထောက်နေတာပေါ့။ အဲဒီလိုလေးတော့ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ ဂိတ်များတွင် အများဆုံး အယောက်နှစ်ဆယ်မှ အနည်းဆုံး ဆယ့်ငါး ယောက်ခန့် ရှိနိုင်သည်ဟု ၎င်းကအခိုင်အမာ ဆိုသည်။ လက်ရှိ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု အတွင်း ဝေးကွာသွားသော လမ်းမှာ ရန်ကုန် - ဟားခါး လမ်းတစ်ခုတည်းသာ မဟုတ်သေးပေ။ ယခင်က လူသုံးများပြီး ကုန်စည်စီးဆင်းမှုများပြားရာ လမ်း တစ်ခုဖြစ်သော ပခုက္ကူ - မတူပီ လမ်းပိုင်းမှာ လုံးဝ သုံးမရအောင် အထိပင် ပိတ်သွားခဲ့ပြီဖြစ်သည်။ “ဆိုပါစို့ ပခုက္ကူ၊ ထီလင်းဘက်ကနေ ဘယ်လိုသွားသွား ဂန့်ဂေါရောက်သွားတယ်ပေါ့ဗျာ။ အဲဒီ ဂန့်ဂေါ ကနေ တောင်ပေါ်တက်တဲ့အခါ လမ်းခွဲမှာ တည့်တည့် ဆို ဟားခါးရောက်တယ်။ အဲဒီလမ်းခွဲကနေ ချိုးသွားရင် ဘယ်ရောက်လဲဆိုတော့ ရေဇွာရောက်သွားတယ်။ ရေဇွာက မတူပီ အပိုင်ထဲ ရောက်သွားတာပေါ့။ ရေဇွာ ကနေ မတူပီ ပြန်လာတယ်ဆိုတော့ အရင်လမ်းလို မဟုတ်ဘဲ နီးနီးလေးလမ်းခရီးကနေ တစ်ပတ်ကြီး ဖြစ်သွားတာပေါ့” ဟု ချင်းတိုင်းရင်းသားတစ်ဦးကဆို သည်။
ယခင်ကဆိုလျှင် ရန်ကုန်မှ ညဘက်ထွက်ပါက မနက်မိုးလင်းလျှင် ပခုက္ကူမြို့သို့ရောက်ပြီ ဖြစ် ကာ ထိုမှတစ်ဆင့် ကားစီးပါက ညနေတွင် မတူပီမြို့ သို့ ရောက်ပြီဖြစ်ကြောင်းလည်း ၎င်းကယခင် အချိန်များကို ပြန်လည်တွေးတောကာ ရှင်းပြသည်။ လက်နက်ကိုင်ပုန်ကန်ခြင်းနှင့် စစ်ပွဲများသည် ဆိုးလှပေ၏။

zawgyi version
ရန္ကုန္ - ဟားခါး နီးလ်က္နဲ႔ ေဝးသြားသလား
သုတေက်ာ္ (NP News) - ဇန္နဝါရီ ၂၁

ယခင္က စိတ္ေအးလက္ေအးျဖ‌ေင့္ သြားခဲ့ရ ေသာ ျမန္မာႏိုင္ငံ၏ၿမိဳ႕ေတာ္ ရန္ကုန္မွ ခ်င္းျပည္ နယ္၏ၿမိဳ႕ေတာ္ ဟားခါးသို႔ ခရီးစဥ္သည္ ယခုအခါ နီးလ်က္ႏွင့္ ေဝးကြာသြားခဲ့ၿပီ ျဖစ္သည္။
ရန္ကုန္မွ မနက္ပိုင္းထြက္လွ်င္ ေနာက္ေန႔ မနက္၌ ဟားခါးၿမိဳ႕သို႔ ေရာက္ေသာ ခရီးသည္ ယခု အခါ ႏွစ္ညအိပ္သုံးရက္အထိပင္ ၾကာေညာင္းသြား ခဲ့သည္။ မိုင္ေပါင္း (၆၀ဝ) ေက်ာ္ ေဝးကြာေသာ ခရီးကို ယခင္က နီးသကဲ့သို႔ခံစားခဲ့ၾကရာမွ ယခုအခါ ေဝးလွသည္ဟု ခံစားခ်က္ ျဖစ္ေစသည္။ ခရီးသည္ တင္ကားျဖင့္သာ အမ်ားဆုံး အသုံးျပဳသြားလာၾကေသာ အထက္ပါခရီးမွာ ရန္ကုန္မွ စထြက္ကာ မႏၲေလး - စစ္ကိုင္း - ေက်ာ - ဂန႔္ေဂါ စသည္ျဖင့္ လမ္းမ်ားကို ျဖတ္သန္းၿပီး ဟားခါးအထိ သြားရျခင္းျဖစ္သည္။ ယခင္က မူ စိတ္လက္ေအးခ်မ္းစြာ သြားလာႏိုင္သည္။ ကားစီးရေသာေၾကာင့္သာ အနည္းငယ္ ကိုယ္ လက္ ကိုက္ခဲ႐ုံမွ် ျဖစ္ေကာင္း ျဖစ္ေပလိမ့္မည္။

“အရင္က လမ္းမေကာင္းဘူးဆိုရင္ ပခုကၠဴဘက္က ခရီးသည္တင္ကားေတြက သြားလိုက္ တယ္။ ပခုကၠဴကေနၿပီး ဂန႔္ေဂါကို ျပန္ျဖတ္တယ္။ လမ္းမေကာင္း၊ မေကာင္းေပၚ မူတည္ၿပီးအဆင္ေျပသလို သြားၾကတာ” ဟု အထက္ပါ လမ္းခရီးကို ယခင္က အသုံးျပဳခရီးသြားလာဖူးသူ ခ်င္းတိုင္းရင္းသား တစ္ဦးက ဆိုသည္။ အဆိုပါ လမ္းခရီးကို ယခုအႀကိမ္တြင္ ျပန္လည္စဥ္းစားပါက အိပ္မက္တစ္ခုပမာ ျဖစ္ေပေတာ့မည္။ ထိုစဥ္က ကားခမွာ က်ပ္ သုံးေသာင္းခန႔္ သာရွိခဲ့ၿပီး ယခုကဲ့သို႔ ျဖတ္သန္းရေသာဂိတ္လည္း မမ်ားေပ။ ခ်င္းျပည္နယ္တြင္ ခ်င္းလက္နက္ကိုင္မ်ား ၏ တိုက္ပြဲေဖာ္ေဆာင္မႈမ်ားရွိေနသည့္အျပင္ နယ္ေျမ ထိန္းခ်ဳပ္မႈမ်ားရွိသည္။ ထို႔အတူ ခရီးလမ္း ျဖတ္သန္းရာ မေကြးတိုင္းေဒသႀကီးတြင္ PDF မ်ားရွိေနရာ လမ္းခရီးသည္ ထင္သေလာက္ မေခ်ာ့ေမြ႕ေတာ့ေပ။ ထို႔ေၾကာင့္ ကားခသည္လည္း ရန္ကုန္မွ ဟားခါးသို႔ ခရီးအတြက္ က်ပ္တစ္သိန္းခြဲမွ က်ပ္တစ္သိန္း ခုနစ္ ေသာင္းၾကား အထိပင္ က်သင့္သြားသည္။ ထို႔သို႔ ေပးရၿပီး စိတ္ေအးလက္သာ သြားရသည္ဟုလည္း မဆိုသာပါ။ လမ္းခရီးအေျခအေနကိုလည္း ဂ႐ုစိုက္ရ ေသးသည္။ “ရန္ကုန္ကေန မနက္ (၇) နာရီ ထြက္ တာ ညကိုေတာ့ မႏၲေလးေတာင္မွာ ဒါမွမဟုတ္ စစ္ ကိုင္းမွာ ညအိပ္တယ္။ ေနာက္တစ္ရက္ကို ဂန႔္ေဂါ ဒါမွမဟုတ္ ေက်ာမွာ ညအိပ္တယ္။ ေနာက္တစ္ရက္ ေန႔လယ္ေလာက္မွ ဟားခါးကိုေရာက္တာပါ။ လမ္း ေၾကာင္း အေျခအေနကို မူတည္ပါတယ္” ဟု လမ္းခရီးအေျခအေနကို သိရွိသူတစ္ဦးကဆိုသည္။ အိပ္ စက္ရန္အတြက္ ခရီးသည္တင္ကားမ်ားကလည္း ထမင္းဆိုင္ သို႔မဟုတ္ တည္းခိုခန္းမ်ားတြင္ ရပ္တန႔္ ေပးတတ္ေၾကာင္းလည္း ၎က ဆိုသည္။

ထို႔ျပင္ ရန္ကုန္ - ဟားခါး ခရီးစဥ္တြင္ စစ္ေဆးမႈမ်ားျပားျခင္းမွာ ခရီးသြားမ်ားအတြက္ ပုံမွန္ အေျခအေနဟုပင္ ဆိုရမည့္ကိန္းဆိုက္ေနသည္။ ပုံမွန္အေျခအေနဆိုသည္မွာ ယခင္အေျခအေနကို ေျပာျခင္းမဟုတ္ပါ။ စစ္ေဆးမႈတင္းၾကပ္ေသာ အေျခအေနကို ဆိုလိုျခင္းျဖစ္၏။ သို႔ေသာ္ ဂိတ္ခ်င္းက ကြဲျပားေသးသည္။ ရန္ကုန္မွသြားလွ်င္ တပ္မ ေတာ္ ၏ စစ္ေဆးေရးဂိတ္မ်ားကို ဦးစြာေတြ႕ရမည္။ ထို႔ေနာက္ PDF ဂိတ္မ်ားကို ျဖတ္သန္းရမည္။ ထို႔တြင္ မၿပီးေသးေပ။ ခ်င္းျပည္နယ္အတြင္း ခ်င္းလက္ နက္ကိုင္ဂိတ္မ်ားကိုျဖတ္သန္းကာ ခရီးအဆုံး ဟားခါးၿမိဳ႕သို႔ ေရာက္မည္ျဖစ္ရာ စစ္ေဆးခံရင္း သြားရင္း၊ ေစာင့္ၾကည့္ရင္းျဖင့္ပင္ တစ္ေမွ်ာ္တစ္ေခၚ ခရီးရွည္ႀကီး ျဖစ္သြားသည္။

“ကားသမားေတြက မွန္းလို႔မရဘူး ျဖစ္သြားတယ္။ သူတို႔ေျပာတဲ့ ပုံအရေတာ့ ကေလး - ဂန႔္ ေဂါ - ဟားခါးမွာေတာ့ လူငယ္ေတြ ထိန္းခ်ဳပ္တယ္ ေပါ့။ CDF ေတြရွိတယ္ေျပာတယ္။ ဟားခါး အဝင္မွာေတာ့ တပ္ကစစ္ေဆးေရးဂိတ္ရွိတယ္” ဟု အ ထက္ပါ ခ်င္းတိုင္းရင္းသားက ဆိုသည္။ တပ္ဂိတ္သို႔ ေရာက္ လွ်င္ မွတ္ပုံတင္သာ အမ်ားဆုံးစစ္ေဆးသည္။ ဖုန္းကို စစ္ေဆးသည္ဟုဆိုေသာ္လည္း ဂိမ္းတိုင္း မဟုတ္။ ထို႔ေၾကာင့္ အၾကမ္းဖက္သမားမ်ားႏွင့္ အဆက္အသြယ္မရွိဟုဆိုပါက စိတ္ေအးလက္သာျဖင့္ ၾကည္ ၾကည္ျဖဴျဖဴ စစ္ေဆးခံၿပီး စိတ္ေအးခ်မ္းသာစြာ သြားလာႏိုင္သည္။ သို႔ေသာ္ အျခားလက္နက္ကိုင္ အဖြဲ႕မ်ား၏ဂိတ္မ်ားတြင္မူ စစ္ေဆးမႈက ထူေျပာ သည္။ “လမ္းမွာက ဖုန္းေတြ ဘာေတြ စစ္တယ္။ ပစၥည္းေတြ ဘာေတြစစ္တယ္။ ပစၥည္းေတြမွာ အစိုးရ ဝန္ထမ္းျဖစ္ရင္ အစိုးရဝန္ထမ္းနဲ႔သက္ဆိုင္တာ မပါ ေအာင္ ဂ႐ုစိုက္ရမယ္။ သူတို႔ (လက္နက္ကိုင္) ေတြက စစ္ၿပီးေတြ႕သြားလို႔ သူတို႔ေခၚရင္ေနခဲ့ရမွာ” ဟု အထက္ပါ ခရီးကိုသြားလာခဲ့ဖူးသူတစ္ဦးက ဆိုသည္။

သို႔ဆိုလွ်င္ ဟားခါးသို႔ သြားေရာက္ရန္အတြက္ ကုန္းလမ္းတစ္ခုတည္းသာ ေ႐ြးစရာရွိမည္ေလာ ဟု ေမးခြန္းထုတ္ဖြယ္ရာရွိသည္။ ေလေၾကာင္းခရီးသည္ ေ႐ြးစရာတစ္ခုျဖစ္ေသာ္လည္း ေလယာဥ္ လက္မွတ္ခႏွင့္ ခရီးၾကန႔္ၾကာမႈက အဟန႔္အတားျဖစ္ေစျပန္သည္။ “ေလယာဥ္ကေန လမ္းေၾကာင္းက ေတာ့ ရွိတယ္။ ကေလးကေန ဖလမ္းသြားတယ္၊ တီးတိန္ သြားတယ္ဆိုတာရွိတာေပါ့။ ဒါဆိုရင္ေတာ့ ေလယာဥ္က အဲဒီလမ္းေၾကာင္းရွိမွာ။ ဟားခါးက လူက ေလယာဥ္စီးဖို႔ဆိုရင္ သီးသန႔္ႀကီး ပတ္ရမွာကိုး။ အရင္က ေခတ္ေကာင္းတုန္းကဆိုရင္ အစိုးရအဖြဲ႕က ဟားခါး ကေန ကေလးကို ဆင္း၊ ကေလးကေနၿပီး ရဟတ္ယာဥ္နဲ႔ လာ၊ ေလယာဥ္နဲ႔လာ သြားၾကတာေပါ့။ သြားလို႔ေတာ့ ရတယ္။ ပိုက္ဆံေတာ့ အရမ္းကုန္သြားမွာေပါ့” ဟု အထက္ပါ ခ်င္းတိုင္းရင္းသားက ေျပာသည္။

ယခင္က ဟားခါးၿမိဳ႕မွ နံနက္ပိုင္းထြက္ပါက ကေလးၿမိဳ႕သို႔ ေန႔လယ္ပိုင္း (၂) နာရီခန႔္တြင္ ေရာက္ေသာ္လည္း ယခုအခါ လက္နက္ကိုင္အဖြဲ႕မ်ား ၏ စစ္ေဆးမႈ ထူေျပာသည့္အတြက္ ၾကန႔္ၾကာမႈ မ်ားရွိေၾကာင္း ၎ကဆိုသည္။ “အမ်ားစုက ေလယာဥ္နဲ႔ မသြားၾကဘူး။ ေလယာဥ္နဲ႔သြားမယ္ဆိုရင္ ဥပမာ ေလယာဥ္လက္မွတ္ကလည္း ေဈးျမင့္တယ္ေလ။ ၿပီးရင္ ေတာင္ေပၚျပန္တက္ဖို႔ကလည္း ကားခ က ရွိဦးမယ္ေလ။ အဲဒီေတာ့ ပိုက္ဆံရွိတဲ့သူက ကားကို စီးလုံးပဲ ငွားသြားေတာ့တာေလ” ဟု ၎က ဆို သည္။ လက္နက္ကိုင္အဖြဲ႕မ်ားက စစ္ေဆးရာတြင္ တစ္ဂိတ္ႏွင့္ တစ္ဂိတ္မတူပါ။ ခ်င္းလက္နက္ကိုင္ ဂိတ္တစ္ဂိတ္တြင္ စစ္ေဆးခံရသည့္အေတြ႕အႀကဳံ အေၾကာင္းကို NP News ၏ သတင္းရင္းျမစ္ တစ္ဦး က ယခုကဲ့သို႔ ေျပာျပသည္။ “ကြၽန္ ေတာ္တို႔ဆီလာတာက ေလးေယာက္လာတယ္။ ေတာင္ကုန္းေပၚေတြ မွာ ဒီေကာင္ေတြက ကတုတ္ က်င္းေတြ တူးထားတာ။ အေပၚနားမွာ သုံးေယာက္၊ ေအာက္ေျခမွာ ႏွစ္ ေယာက္ ေသနတ္ေတြနဲ႔ ၿပီးေတာ့ စစ္တာမွာ ကားေပၚကေန အကုန္ဆင္းခိုင္းတယ္။ ဆင္းလိုက္တာေပါ့။ မွတ္ပုံတင္ပါလား စစ္တယ္။ ကားကို အကုန္ ပတ္စစ္တယ္။ အထုပ္ေတြေတာ့ မဖြင့္ဘူး။ တပ္နဲ႔ ပတ္ သက္တဲ့သူပါလား၊ တပ္ မိသားစု ပါလား၊ တပ္ပစၥည္း ပါလား ေမးတာေပါ့။ မပါ ပါဘူး။ ျပည္သူေတြ ပါပဲဆိုၿပီး သြားသြားလုပ္တယ္။ ေနာက္တစ္ဂိတ္က်ေတာ့ ဏႌ ဂိတ္။ သူကေတာ့ မစစ္ေတာ့ဘူး။ စကားေျပာစက္ေတြဘာေတြနဲ႔ ကင္းေထာက္ေနတာေပါ့။ အဲဒီလိုေလးေတာ့ ေတြ႕ရတယ္” ဟု ၎က ဆိုသည္။

ခ်င္းျပည္နယ္အတြင္းရွိ ဂိတ္မ်ားတြင္ အမ်ားဆုံး အေယာက္ႏွစ္ဆယ္မွ အနည္းဆုံး ဆယ့္ငါး ေယာက္ခန႔္ ရွိႏိုင္သည္ဟု ၎ကအခိုင္အမာ ဆိုသည္။ လက္ရွိ အၾကမ္းဖက္သမားမ်ား၏ တိုက္ခိုက္မႈ အတြင္း ေဝးကြာသြားေသာ လမ္းမွာ ရန္ကုန္ - ဟားခါး လမ္းတစ္ခုတည္းသာ မဟုတ္ေသးေပ။ ယခင္က လူသုံးမ်ားၿပီး ကုန္စည္စီးဆင္းမႈမ်ားျပားရာ လမ္း တစ္ခုျဖစ္ေသာ ပခုကၠဴ - မတူပီ လမ္းပိုင္းမွာ လုံးဝ သုံးမရေအာင္ အထိပင္ ပိတ္သြားခဲ့ၿပီျဖစ္သည္။ “ဆိုပါစို႔ ပခုကၠဴ၊ ထီလင္းဘက္ကေန ဘယ္လိုသြားသြား ဂန႔္ေဂါေရာက္သြားတယ္ေပါ့ဗ်ာ။ အဲဒီ ဂန႔္ေဂါ ကေန ေတာင္ေပၚတက္တဲ့အခါ လမ္းခြဲမွာ တည့္တည့္ ဆို ဟားခါးေရာက္တယ္။ အဲဒီလမ္းခြဲကေန ခ်ိဳးသြားရင္ ဘယ္ေရာက္လဲဆိုေတာ့ ေရဇြာေရာက္သြားတယ္။ ေရဇြာက မတူပီ အပိုင္ထဲ ေရာက္သြားတာေပါ့။ ေရဇြာ ကေန မတူပီ ျပန္လာတယ္ဆိုေတာ့ အရင္လမ္းလို မဟုတ္ဘဲ နီးနီးေလးလမ္းခရီးကေန တစ္ပတ္ႀကီး ျဖစ္သြားတာေပါ့” ဟု ခ်င္းတိုင္းရင္းသားတစ္ဦးကဆို သည္။
ယခင္ကဆိုလွ်င္ ရန္ကုန္မွ ညဘက္ထြက္ပါက မနက္မိုးလင္းလွ်င္ ပခုကၠဴၿမိဳ႕သို႔ေရာက္ၿပီ ျဖစ္ ကာ ထိုမွတစ္ဆင့္ ကားစီးပါက ညေနတြင္ မတူပီၿမိဳ႕ သို႔ ေရာက္ၿပီျဖစ္ေၾကာင္းလည္း ၎ကယခင္ အခ်ိန္မ်ားကို ျပန္လည္ေတြးေတာကာ ရွင္းျပသည္။ လက္နက္ကိုင္ပုန္ကန္ျခင္းႏွင့္ စစ္ပြဲမ်ားသည္ ဆိုးလွေပ၏။

© 2021. All rights reserved.